Friday, March 14, 2025

ရိုဟင်ဂျာတွေအတွက် အရေးတကြီး အကူအညီလိုအပ်ကြောင်း ကုလအကြီးအကဲ ပြောကြား

RFA
RFA Burmese
2025.03.14
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းတွင် မိန့်ခွန်းပြောကြားနေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) အား ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။Mohammad Ponir Hossain/Reuters
 
ရိုဟင်ဂျာတွေကို နိုင်ငံတကာက မေ့လျော့နေတာ လက်မခံနိုင်ဘဲ အထောက်အပံ့တွေ အရေးတကြီး ပိုလိုအပ်နေတဲ့အကြောင်း ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းပြောကြားသွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က မတ် ၁၄ ရက်က ပြောကြားလိုက်ပါတယ်။

ကုလအကြီးအကဲဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ဒုက္ခသည်စခန်းကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အသေအချာ ပြန်တည်ဆောက်ဖို့ နိုင်ငံတကာက အလုံးစုံဆောင်ရွက်ဖို့ မုချလိုအပ်ကြောင်းနဲ့ ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးက မြန်မာနိုင်ငံမှာ ရှာဖွေရမယ်လို့ ပြောကြားပါတယ်။

ဒီမှာရှိတဲ့ ဒုက္ခသည်အားလုံး မိမိသဘောဆန္ဒအလျောက် လုံခြုံစိတ်ချစွာပြန်နိုင်တဲ့ အခြေအနေတွေ မရမချင်း ကျွန်တော်တို့ လက်မလျှော့ပါဘူးလို့လည်း အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။

လာမယ့်လမှာ ဒုက္ခသည်အတွက် ပေးနေတဲ့ ရိက္ခာထက်ဝက်လျှော့မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ် (WFP) က ကြေညာပြီးနောက် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

အမေရိကန်ကပေးနေတဲ့ အကူအညီ ရပ်ဆိုင်းလိုက်ပြီးနောက် ရန်ပုံငွေအလုံအလောက် မရတော့တဲ့အတွက် ဧပြီလကစလို့ ရိုဟင်ဂျာတစ်ယောက်အတွက် တစ်လ အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာခွဲ ပေးနေရာက ခြောက်ဒေါ်လာပဲ ပေးနိင်ဖွယ်ရှိပါတယ်။

၂၀၂၄ ခုနှစ် WFP ရသုံးခန့်မှန်းခြေ ငွေစာရင်းဘတ်ဂျက်က အမေရိကန်ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံရှိပြီး အမေရိကန်ပြည်ထောင်စုက ၄ ဒသမ ၄ ဘီလီယံ ဖြည့်ဆည်းပေးခဲ့တာပါ။ မကြာခင်အထိ အမေရိကန်ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အများဆုံးလှူဒါန်းခဲ့ပါတယ်။

ဆက်နွယ်သောသတင်းများ 
 


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */