BBC မြန်မာ
၂၅ နိုဝင်ဘာ ၂၀၂၄
၂၅ နိုဝင်ဘာ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေး မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန်
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(အေအေ)ရဲ့ ထိန်းချုပ်မှုကို ထည့်သွင်းမစဉ်းစားရင် ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေး မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန် က ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံလို့မရပေမဲ့ ရိုဟင်ဂျာအရေးမှာ “အေအေကို လျစ်လျူရှုတာက လက်တွေ့မဆန်ဘူး” လို့ သူက ဆက်ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာနဲ့ မဟာဗျူဟာလေ့လာရေးအင်စတီကျု(BIISS)မှာ နိုဝင်ဘာ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာမူဝါဒဆိုင်ရာဆွေးနွေးပွဲမှာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။
အေအေနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဆက်သွယ်ရေးလမ်းကြောင်းတည်ဆောက်သင့်တဲ့အကြောင်း မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန် က အခုလပိုင်းထဲဆက်တိုက်တိုက်တွန်းနေခဲ့တာပါ။
ရိုဟင်ဂျာတွေ လုံလုံခြုံခြုံနဲ့ သိက္ခာရှိရှိနေရပ်ပြန်နိုင်ဖို့အရေး မြန်မာအနေနဲ့ စေ့စပ်ညှိနှိုင်းရေးကို လာရောက်ရမှာဖြစ်ပြီး အဲဒီလိုစိတ်ဆန္ဒ မရှိဘူးဆိုရင်တော့ အကျိုးဆက်တွေရှိမယ်ဆိုတာ နားလည်ဖို့လည်း လိုအပ်တယ်လို့ သူက ထည့်ပြောပါတယ်။
ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အမျိုးသားရေးသဘောတူညီချက်လိုအပ်နေတဲ့အကြောင်း ဒီပွဲမှာ ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်ရော မြန်မာနိုင်ငံတဝန်းမှာပါဖြစ်ပွားနေတဲ့ ပြည် တွင်း စစ်ကြောင့် ဖြေရှင်းဖို့ ပိုပြီးရှုပ်ထွေးလာတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကစလို့ အေအေနဲ့ စစ်ကောင်စီတပ်ကြားက တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရိုဟင်ဂျာအပါအဝင် အခြားတိုင်းရင်းသားတွေပါအပါ မြန်မာအရေအတွက် ၅ သောင်းကျော် စစ်ရှောင်လာ ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့အချက်အလက်တွေအရ သိရပါတယ်။

- “ကျွန်တော့်မိသားစု မျက်စိရှေ့တင် သေဆုံးခဲ့ကြတယ်’’ - မြန်မာက အစုလိုက်သတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတွေရဲ့ပြောပြချက်
- နှစ်ပတ်သင်တန်းတက်ပြီး ပြည်တွင်းစစ်ထဲဝင်တိုက်ရတဲ့ရိုဟင်ဂျာတွေ
No comments:
Post a Comment