RFA
RFA Burmese
2024.11.25
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကနေ အခုနှစ် မတ်လနဲ့ မေလမှာ ရိုဟင်ဂျာ ဒုက္ခသည် နှစ်ထောင်ခန့်ဟာ ငွေကြေး၊ အမျိုးသားရေးဝါဒီနဲ့ သွေးဆောင်မှု၊ မမှန်ကန်တဲ့ ကတိစကားတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ စစ်တိုက်ဖို့ စုဆောင်းခံခဲ့ရတယ်လို့ ရိုက်တာက နိုဝင်ဘာ ၂၅ ရက်က ဖော်ပြပါတယ်။
အခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်မှုနဲ့ လူသစ်စုဆောင်းတာတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။
စစ်သားစုဆောင်းခံရသူတွေဟာ အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်နေတဲ့ ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ (RSO) နဲ့ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) တွေဆီကို ဝင်ရောက်ကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကလည်း ရိုဟင်ဂျာတွေကို အဓမ္မ စစ်သားစုဆောင်းတာတွေရှိနေပြီး လက်နက်၊ စစ်သင်တန်းနဲ့ ငွေကြေးထောက်ပံပေးနေသလို နိုင်ငံသားကတ်ပါထုတ်ပေးဖို့ ကမ်းလှမ်းတာရှိတယ်လို့ ဖော်ပြပါတယ်။ လူသစ်စုဆောင်းခံရသူအများစုကတော့ အဓမ္မခေါ်ယူခံရတာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တွေတောင် ပါဝင်တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေပြီး အခုနှစ်အတွင်း အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၆၀ ခန့် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေကို အဓမ္မ စစ်သားစုဆောင်းတာနဲ့ ပတ်သက်ပြီး ရိုက်တာရဲ့ သတင်းဖော်ပြချက်တွေကို စစ်ကောင်စီကတော့ ငြင်းဆိုထားတယ်လို့ ဖော်ပြပါတယ်။
ကိုယ့်ရပ်ကိုယ်ရွာကို ကာကွယ်ဖို့အတွက် တောင်းဆိုမှုအရ အခြေခံစစ်သင်တန်းပေးတာဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ထားတယ်လို့ ဆိုပါတယ်။
ဆက်နွယ်သောသတင်းများ

- ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အဆင့်မြင့်ညီလာခံ ကျင်းပမည်
- ဧရာဝတီတိုင်းမှာ လှေမြုပ်လို့ ရိုဟင်ဂျာ ၁၇၄ ဦး သေဆုံးခဲ့ကြောင်း BROUK အဖွဲ့ပြော
- ရေဖြူမှာ စစ်မှုထမ်း သင်တန်းဆင်းတချို့ PDF ထံ ထွက်ပြေးခိုလှုံ
- ဟင်္သာတမှာ စစ်မှုထမ်း အကျုံးဝင်သူတွေ လစဉ်ကြေးပေးနေရ
- တရားမဝင်ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၇၀ ကို ထိုင်း ဖမ်းဆီး
No comments:
Post a Comment