" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 10, 2024

၂၀၂၄ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်ရှေ့မျှော် လင့်ချက်

VOA
ဆုမွန်
၁၀ ဇန်နဝါရီ၊ ၂၀၂၄ 

၂၀၂၃ခုနှစ် တနှစ်လုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခြေခံစားနပ်ရိက္ခာ တွေဖြတ် တောက်ခံရတာ-စခန်းတွင်းမှာပဲ လုံခြုံရေးအထူးစိုးရိမ်စရာ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ရင်ဆိုင်ရတာ နေရပ် ပြန်ရေး အစီအစဉ်တွေကလည်း ဖြစ်မြောက်မလာတာ စခန်းတွေကနေစွန့်ခွာပြီး ပင်လယ်ပြင်ကိုဖြတ်ကျော် ဘဝ သစ်ထူထောင်ဖို့ကြိုးပမ်းမှုတွေကလည်း မအောင်မြင်တာလို ကုန်ဆုံးသွားခဲ့တဲ့ ၂၀၂၃က အခက်အခဲစိန်ခေါ်မှုတွေ ကနေ ဒီနှစ်၂၀၂၄ ခုနှစ်အတွက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်မျှော်လင့်ချက်အလားအလာတွေဘယ် လိုရှိ နိုင်ပါသလဲဆိုတာ ရိုဟင်ဂျာတွေရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ် ရခိုင်မြောက်ပိုင်းမှာ ARSA အစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်း နယ်ခြားစောင့်တပ်နဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေသတ်ဖြတ်မှုတွေ ကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို သိန်းချီတဲ့ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသက်လု ထွက်ပြေးတိမ်းရှောင်ခိုလှုံလာခဲ့ကြတာ အခုဆိုရင် ခြောက်နှစ်ကျော်လာပြီဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေ ထဲ မှာ ပဲ သဘာဝဘေးအန္တရာယ် စားနပ်ရိက္ခာ ကျန်းမာရေးစောင့်ရှောက်မှု နေရာထိုင်ခင်းအစစအရာရာ အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ပြီး ကျပ်ကျပ်တည်းတည်း နေထိုင်ရှင်သန်ခဲ့ကြရတဲ့ ရိုဟင်ဂျာတွေအတွက် ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်- နှစ်ဆန်းကတည်းကစလို့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဖြတ်တောက်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်လာခဲ့ရတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးတဲ့အကူအညီတွေနဲ့ စားနပ်ရိက္ခာဖိုးတွေကို ဆက်တိုက် ဆို သလို ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီးက တဖြေးဖြေးချင်း ဖြတ်တောက်လာရတဲ့အချိန်မှာ ကိုယ့်အတွက် ကိုယ့် အားကိုယ်ကိုးနိုင်အောင် အသက်မွေးဝမ်းကျောင်းနိုင်လောက်တဲ့ ကျွမ်းကျင်မှုတွေ ရရှိဖို့ ဒုက္ခသည်တွေ အနေနဲ့ သင်တန်းတွေတက် အသက်မွေးဝမ်းကျောင်းအတတ်ပညာတွေ သင်ကြားကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင် ရာ ဒုတိယမဟာမင်းကြီး က တိုက်တွန်း ဆော်သြထားပါတယ်။

ဒါပေမဲ့လည်း ကန့်သတ်ပိတ်ပင်မှုတွေ များလွန်းလှတဲ့ဒုက္ခသည်စခန်းတွေထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ ရေရှည်ဘဝရပ်တည်နေနိုင်ရေးဆိုတာကလည်း ဘာမျှော်လင့်ချက် ဘယ်လို အားကိုးမှုမျိုးမှ မရရှိခဲ့ပါဘူး။ ဒါကြောင့် လူကုန်ကူးသူတွေ ငွေကြေးအဆမတန်ပေးဆောင်ရတဲ့ ဝန်ဆောင်မှု တွေ ကနေတဆင့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ ရရာလမ်းကြောင်းအသီးသီးကနေ ပင်လယ်ပြင်ကိုဖြတ်ကျော်ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားလို ပြည်ပနိုင်ငံတွေဆီကို အသက်စွန့်ပြီး ဘဝသစ်ကို ထူထောင်ဖို့ကြိုးပမ်းခဲ့ကြ ရပြန်ပါ တယ်။

ဒီနှစ် ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်း ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းမှာကို ပင်လယ်ပြင်ကိုဖြတ်ကျော် အသက်လုပြီး ထွက်ခွာ လာ တဲ့ ထောင်ချီတဲ့ ရိုဟင်ဂျာဒုက္ခသည် အစုလိုက်အပြုံလိုက် အင်ဒိုနီးရှားနိုင်ငံ အာချေးကျွန်းဆွယ်ဘက်မှာ သောင်တင်ခဲ့ကြရပြန်ပါတယ်။ အင်ဒိုနီးရှားဘက်ကို သောင်တင်လာကြတဲ့ရိုဟင်ဂျာတွေကလည်း ဒေသခံတွေ ဘက်က မလိုလားတဲ့အတွက် ဆန္ဒပြမှုတွေ အကြမ်းဖက်ဟန့်တားမှုတွေ မောင်းထုတ်တာတွေနဲ့လည်း ရင်ဆိုင် နေ ကြရပါတယ်။ ဒီလိုကမ်းမမြင် လမ်းမမြင် အတိဒုက္ခရောက်နေကြရတဲ့ဒုက္ခသည်တွေအတွက် များစွာ ထိတ် လန့် စိတ်မကောင်းဖြစ်ရကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ကလည်း ပြော ဆို ထားပေမဲ့ သူတို့ရဲ့ အနာဂတ်အရေးကို ထိရောက်တဲ့ကူညီကယ်ဆယ်မှုတွေနဲ့ မဆောင်ရွက်ပေးနိုင်သေးပါဘူး။

ဒီလိုအခြေအနေမှာ ပင်လယ်ပြင်လည်း စွန့်ခွာထွက်ပြေးလို့မရ စခန်းတွင်းမှာလည်း နေ့စဉ်လို အကြမ်း ဖက်သတ် ဖြတ်တာ ပြန်ပေးဆွဲတာလို အစွန်းရောက်အဖွဲ့တချို့ရဲ့ ရန်လိုတိုက်ခိုက်မှု ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကြားနေ့ ခင်းကြောင်တောင် စခန်းအလည် လူမြင်ကွင်းမှာ မိမိတို့ခိုလှုံတဲ့နေအိမ်ခန်းထဲမှာတောင် စိတ်ချရတဲ့ အသက်အန္တ ရာယ်လုံခြုံမှု စခန်းတာဝန်ခံတွေဘက်က မပေးနိုင်တဲ့အခြေအနေနဲ့လည်း ရိုဟင်ဂျာဒုက္ခသည်တွေ နေ့စဉ် လိုရင် ဆိုင်နေကြရပြန်ပါတယ်။ စခန်းတွင်းမှာလည်း နေလို့မဖြစ်နိုင်တဲ့ ရိုဟင်ဂျာတွေအတွက် သူတို့ရဲ့နေရပ်ရင်း ရခိုင် မြောက်ပိုင်းဘက်ကို ပြန်သွားနိုင်မယ့်အခွင့်အရေးကရော ဖြစ်နိုင်ခြေရှိပါမလား။

၂၀၃နှစ်ဆန်းပိုင်းကနေစလို့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဘက်က ဒုက္ခသည်တထောင်ကို အစမ်းစီမံကိန်း အ နေနဲ့ပြန်ခေါ်ဆောင်မယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ကိုသွားလေ့လာ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်မြောက်ပိုင်း ကိုသွား ကြည့်ရှု့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်မြောက်ပိုင်းကို လူးလာခေါက်တုံ့ နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန် ဆွေးနွေးနေခဲ့ကြပေမဲ့ ၂၀၂၃ခုနှစ်တနှစ်လုံးမှာတော့ ရိုဟင်ဂျာဒုက္ခသည် တဦးတယောက်ကိုမှ ပြန်လည်ပို့ဆောင် နိုင်ခြင်း ခေါ်ဆောင်နိုင်ခြင်းမရှိဘဲ လိပ်ခဲတည်းလည်း အခြေအနေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ကမ္တာတဝန်းမှာ ယူကရိန်း-ရုရှား ကျုးကျော်စစ်- အစ္စရေး ပါလက်စတိုင်း တိုက်ခိုက်မှု စစ်ရေးတင်းမာလာတဲ့ အ ခြေအနေတွေကြောင့် ရန်ပုံငွေ မလုံလောက်လို့အတိဒုက္ခရောက်နေကြရတဲ့ကမ္ဘာ့ဒုက္ခသည်သန်းချီအတွက်အရေး ပေါ်ရန်ပုံငွေကလည်း လိုအပ်ချက်တွေ များလာတဲ့အခြေအနေမှာ ရန်ပုံငွေဖြတ်တောက်ခံရလို့တချိန်တည်း က ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းလို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် တသန်းကျော်ရဲ့ စားဝတ်နေရေး လုံခြုံရေး ကျန်းမာရေးစောင့်ရှောက်မှု အဘက်ဘက်က ခက်ခဲကြမ်းတမ်း ကျပ် တည်းလွန်းလှတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်ရှေ့မျှော်လင့်ချက်တွေက ဘယ်လိုမျှော်လင့် ချက် တွေရှိပါ သလဲ။ ရိုဟင်ဂျာဒုက္ခသည်တွေက ၂၀၂၄ခုနှစ်အတွက် သူတို့ရဲ့ လိုလားတဲ့တောင်းဆုတွေကို ဗွီအိုအေမြန် မာပိုင်း ကို အခုလို အသီးသီးပေးပို့လာပါတယ်။ -မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း မိမိတို့ရဲ့ နေရပ်ရင်းတွေကနေ စစ်ရေးပဋိပက္ခတွေ ဖမ်းဆီးသတ်ဖြတ် ညှင်းပမ်းနှိပ် စက်မှုတွေကြောင့် အသက်ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ရင်ဆိုင် နေ ရ တဲ့စိန်ခေါ်မှုပြဿနာတွေအရေး အထူးအလေးပေး ဆောင်ရွက်ပေးကြဖို့ နဲ့ အစုလိုက်အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ်မှုအထိ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာတရားခုံရုံးတွေကနေတ ဆင့် နစ်နာခဲ့ရသူတွေအတွက် စစ်မှန်တဲ့ တရားမျှတမှုရရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြပါ သူတို့ ကို မမေ့လျော့ပစ်လိုက်ကြပါနဲ့လို့ ဒုက္ခသည်တွေဘက်က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ ကမ္ဘာတဝန်း က ပြည်သူတွေထံကို မေတ္တာရပ်ခံ တိုက်တွန်းတောင်းဆိုနေကြတာဖြစ်ပါတယ်။
 
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */