" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 15, 2023

သန္ဓေမမှန်သည့် ရိုဟင်ဂျာနေရပ်ပြန်ဖော်ဆောင်ရေး (ဆောင်းပါး)

လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ပီတာ၊
June 19, 2023

စစ်တပ်ကြောင့် မြန်မာနိုင်ငံမှ အသက်လု ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာများကို နေရပ်ပြန်ခေါ်ရေး အစီ အစဥ်များ အဆက်မပြတ်လုပ်ဆောင်နေသူမှာ လက်ရှိအာဏာသိမ်းစစ်တပ်ပင်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းအသီးသီးမှ ရိုဟင်ဂျာ ၁၂၀၀ ခန့်ကို စမ်းသပ်အနေဖြင့် ပြန်လည် ခေါ်ယူရေး ညှိနှိုင်းမှုများကို လုပ်ဆောင်နေကြောင်း စစ်ကောင်စီက ကြေညာထားသည်။

ရှေ့ပြေးစီးမံကိန်းအဖြစ် ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ ကျော်အား ပြန်လည်ခေါ်ဆောင်ပြီးနောက် မောင် တောမြို့နယ်အတွင်းရှိ တောင်ပြိုလက်ဝဲ၊ အမှတ် (၂) ငါးခူရနှင့် လှဖိုးခေါင်စခန်းတို့တွင် နေရာချထား ပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ရှေ့ပြေးစီမံကိန်းအား အယုံအကြည်မရှိဘဲ နေရပ်ပြန်ရမည်ကို ရိုဟင်ဂျာဒုက္ခသည်များ စိုးရိမ်နေကြောင်း ရိုဟင်ဂျာအရေးကူညီလုပ်ဆောင်နေသူများက ဆိုသည်။

နေရပ်ပြန်နိုင်ရေးစစ်ကောင်စီ၏ လုပ်ဆောင်မှုများ

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် မောင်းတောဒေသရှိ ရဲကင်းစခန်းများကို ARSA အဖွဲ့က တိုက်ခိုက်မှု ကြောင့် စစ်တပ်က စစ်သွေးကြွများကို ချေမှုန်းသည်ဟုဆိုကာ ရိုဟင်ဂျာအရပ်သားများအပေါ်ဖိနှိပ် ခဲ့မှု ကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသည်ဟု နိုင်ငံတကာက ပြော ထားသည်။

သို့သော်လည်း စစ်ကောင်စီဘက်က ရိုဟင်ဂျာ ၅ သိန်းခန့်သာရှိကြောင်း ပြန်လည်ငြင်းဆိုထားပြီး အာ ဏာသိမ်းကာလအတွင်း ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေးလုပ်ဆောင်ပေးမည်ဟု ပြောဆိုနေသည်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှ စတင်ကာ ရိုဟင်ဂျာများ နေရပ်ပြန်ရေး ကို စစ်ကောင်စီမှ ပြန်လည်အာရုံစိုက်လာပြီး အကောင်အထည်ဖော်ရန်ကြိုးစားလာတော့သည်။

ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦး ဦးဆောင်သော ၁၇ ဦးပါ ကိုယ်စား လှယ်အဖွဲ့ သည် ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကော့ဘဇားက ဒုက္ခသည်စခန်းအမှတ် ၂၆ ကို သွားရောက်ခဲ့ပြီး နေရပ်ပြန်ရန် သဘောတူထားသည့် ဒုက္ခသည် ၃၀၀ နီးပါးနှင့် သုံးနာရီကြာတွေ့ဆုံခဲ့ ကြ သည်။

တွေ့ဆုံစဥ်အတွင်း စစ်ကောင်စီက နေရပ်ပြန်လာသူများအား မောင်တောမြို့မြောက်ဘက်ရှိ ကျေးရွာ ၁၅ ခုတွင်နေရာချထားပေးမည်ဖြစ်ကြောင်း၊ ဒုက္ခသည်များအတွက် အသက်မွေးဝမ်းကျောင်း ကိစ္စရပ် များနှင့် ပညာရေး၊ ကျန်းမာရေး စသည့် အခြေခံလိုအပ်ချက်များကိုလည်း ပြင်ဆင်ထားကြောင်း ပြော ဆိုခဲ့သည်ဟု သိရသည်။

သို့ရာတွင် စစ်ကောင်စီသည် ရိုဟင်ဂျာဒုက္ခသည်များ၏ မေးမြန်းမှုများကိုအဖြေပြန်မပေးနိုင်ခဲ့ပဲ တစ် ဖက်စောင်းနင်းသာ ၎င်းတို့၏အစီအစဥ်များကို မိတ်ဆက်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီ၏ နေရပ်ပြန်ရေးအစီအစဥ်သည် နိုင်ငံတကာဖိအားလျော့နည်းစေရန် လုပ်ဆောင်မှုတစ် ခုသာဖြစ်ကြောင်း NUG၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကဆိုသည်။

“နေရပ်ပြန်တယ်ဆိုတာက ကိုယ့်စိတ်နဲ့ကိုယ်၊ ဂုဏ်သရေရှိရှိနဲ့ ကိုယ့်နေရပ်ကို ပြန်ရတာဖြစ်တယ်။ ဒါပေမယ့် အခုစစ်ကောင်စီက သူတို့လုပ်နေတာက ရိုဟင်ဂျာတွေကို ဘာမှအာမခံချက်မပေးပဲနဲ့ နိုင် ငံ တကာဖိအားလျော့အောင် ဟန်ပြ အတင်းအဓမ္မလုပ်ဖို့ ကြိုးစားတာလို့မြင်ပါတယ်။ ကုလသမဂ္ဂ က လည်း ပြောထားတယ်။ ဒါက သူတို့နဲ့တိုင်ပင်ညှိနှိုင်းပြီးလုပ်တာ မဟုတ်ဘူးဆိုတာကို လည်းပေါ့ နော်” ဟု မှတ်ချက်ပြုသည်။

အဖွဲ့ဝင် ၁၇ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ နယ်စပ်မြို့ တက်ခ်နက်သို့ ငါးရက်ကြာ ရောက်ရှိပြီးနောက် ပြန်လည်လက်ခံမည့် ဒုက္ခသည်စာရင်းကို တိုက်ဆိုင် စစ်ဆေးကြည့်ရှုခဲ့ကြသည်။

ယင်းနောက် မေလ ၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ဝင် ၇ ဦးနှင့် ရိုဟင်ဂျာ ဒုက္ခသည် ၂၀ ဦးခန့်က နေရပ်ပြန်ရေးအတွက် စစ်ကောင်စီ၏ ပြင်ဆင်ထားမှုများကို မြန်မာနိုင်ငံသို့ လာရောက်ကြည့် ရှုခဲ့ကြသည်။

တရုတ်က ကြိုးကိုင်နေသည့် ရိုဟင်ဂျာနေရပ်ပြန်ရေး

မြန်မာနိုင်ငံသို့ ထောင်နှင့်ချီသော ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်ပို့ဆောင်နိုင်ရေး ဘင်္ဂလားဒေ့ရှ်ကို ကူညီမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဥ် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ပြောဆိုခဲ့ဖူးသည်။

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ပို့ရေး ကြိုတင်ပြင်ဆင်မှုအဖြစ် မြန်မာ-ဘင်္ဂလားဒေ့ရှ်တရုတ်သုံးပွင့် ဆိုင် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံကူမင်းမြို့တွင်ပြုလုပ် ခဲ့ သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြာရေးအတွင်းဝန် မာဆွတ်ဘင်မိုမင်နှင့် မြန်မာစစ်ကောင်စီဘက်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ရိုဟင်ဂျာနေရပ်ပြန်ပို့ရေးဆွေးနွေးရန် တရုတ်နိုင်ငံ ကူမင်းမြို့၌ တရုတ်နိုင်ငံ က ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတွင်းသတင်းစာများက ဖော်ပြသည်။

လက်ရှိ စစ်ကောင်စီမှ နေရပ်ပြန်ခေါ်ရန်ပြင်ဆင်ထားသည့် အဆောက်အဦးများသည်လည်း တရုတ်မှ တည်ဆောက်ပေးထားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများမှ ပြန်လာမည့် ရိုဟင်ဂျာများအတွက် ရခိုင်ပြည်နယ်တွင် အိမ် အ လုံး ၃ဝဝဝ ဆောက်လုပ်ပေးထားပြီးဖြစ်ကြောင်း ၂၀၂၂ ခုနှစ်က တရုတ်မှ ဘင်္ဂလားဒေ့ရှ်အစိုးရသို့ ပြောကြားခဲ့သည်။

၎င်းပြင် ဒုက္ခသည်များ ပြန်လည်ရောက်ရှိလာပါက ကနဦးပိုင်းတွင် ရိက္ခာအကူအညီပေးရန်လည်း တ ရုတ် နိုင်ငံမှ စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

သို့ရာတွင် ယခုအခေါက် မတိုင်ခင်က တရုတ်အနေဖြင့် ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် ၂ ကြိမ် တိုင်ကြိုးစားခဲ့မှုများရှိခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

စစ်ကောင်စီ၏ ရိုဟင်ဂျာ လက်ခံရေး အစီအစဉ်သည် တရုတ်၏ဖိအားအပြင် နိုင်ငံတကာတရားရုံး (ICJ) ကြားနာမှုမတိုင်မီ ဖိအားလျှော့ချရန် ကြိုးစားမှုသာဖြစ်ကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ် ရှားသူ ရိုနေဆန်းလွင်က ပြောသည်။

“အခုပြန်ခေါ်လာဖို့ လုပ်တယ်ဆိုတာက ပြန်ခေါ်လာချင်စိတ်ရှိလို့ ခေါ်လာဖို့ ကြိုးစားနေတာ မဟုတ် ဘူး။ တရုတ်အစိုးရရဲ့ ဖိအားနဲ့ နိုင်ငံတကာတရားရုံးတွေမှာ ရင်ဆိုင်နေရတဲ့အမှုတွေကြောင့်ပါ။ စစ် မှန်တဲ့ စေတနာလုံးဝ မရှိပါဘူး။ ICC အမှုကို ရင်ဆိုင်နေတာမရှိပေမယ့်လည်း တရားရုံးမှာ စွဲချက် တင်ခံထားရတာက ရိုဟင်ဂျာတွေကို အတင်းအဓမ္မနှင်ထုတ်မှု၊ ပြန်ခေါ်လာနိုင်ရင် ဒီအမှုကတစ်မျိုး ပြောင်းသွားနိုင်တယ်လို့ ယူဆနေပုံရတယ်။တရုတ်အစိုးရရဲ့ဖိအားကတော့မီဒီယာပေါ်မှာတောင် ပေါ်ပေါ်တင်တင် မြင်ရတယ်။ တစ်ဖက်မှာ ICJ မှာ တင်ရမယ့်ထုချေလွှာက ရှိနေတယ်။ ICJ မှာ တော့ ကျွန်တော်တို့ ပြန်ခေါ်လာနေတယ်။ အခုတောင် တစ်ထောင်ကျော်ခေါ်လာထားတယ်။နောက် လည်း ခေါ်လာဖို့ စီစဥ်နေတယ်။ ကျွန်တော်တို့မှာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး ဆို တာမျိုးတင်ချင်လို့ အခုလို ကြိုးစားနေတာပါ။ ဘယ်လိုလုပ်လုပ် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့ တဲ့ ရာဇဝတ်မှုတွေက လျော့သွားမှာ မဟုတ်သလို၊ အမှုရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားစေမှာမျိုး တော့ မဟုတ်ဘူး”

စစ်ကောင်စီသည် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ICJ တွင် ထုချေလွှာပေးရန် နောက် ၃ လ အချိန်ရရှိထားပြီး ယခု နေရပ်ပြန်ခေါ်မှုသည် အဆိုပါထုချေလွှာနှင့် ဆက်စပ်နိုင်ကြောင်း ဝေဖန်မှု များ ရှိနေကြသည်။

နာဇီအကျဥ်စခန်းဟု တင်စားလောက်သည်

လက်ရှိ ဒုက္ခသည်ရိုဟင်ဂျာများနေထိုင်ရန် စစ်ကောင်စီပြင်ဆင်ပေးထားသည့် အဆောက်အဦးများကို နာဇီအကျဥ်းစခန်းဟု ရိုဟင်ဂျာဒုက္ခသည်များက တင်စားကြသည်။

စစ်ကောင်စီသည် အလျား ၁၄ ပေ၊အနံ ၁၈ ပေရှိ အဆောင်များတွင် ရိုဟင်ဂျာဒုက္ခသည်များကို မိသား စုလိုက်ပေးနေရန်စီစဥ်လျက်ရှိကြောင်း ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဆောင်ရွက်နေ သူများကဆို သည်။

“စစ်ကောင်စီက နာဇီအကျဥ်းစခန်းလို အကျဥ်းစခန်းတွေ ဆောက်လုပ်ထားပြီး ပြန်လာမယ့် ရိုဟင် ဂျာတွေကို အဲလိုအကျဥ်းစခန်းတွေမှာ အကျဥ်းချထားဖို့ စီစဥ်ထားတယ်။ အဲဒီတော့ ပြန်ခေါ်ပြီး ထောင်ထက်ဆိုးတဲ့ အကျဥ်းစခန်းမှာထားမှာဆိုတော့ အဆင်မပြေမှုကို အထူးတလည် ပြောဖို့တော့ လိုမယ်မထင်ဘူး။ ရိုဟင်ဂျာဒုက္ခသည်တွေ အများစုက ဘယ်လိုအခြေအနေမျိုးကို ရင်ဆိုင်ရမယ် ဆိုတာ သိထားပြီးသားပါ။ အများစုက ဘယ်လိုအခြေအနေမှ ပြန်လို့ရမယ်ဆိုတာ သိကြပါတယ်။ သူတို့အတွက် လိုအပ်ချက်ဘာတွေရှိနေလဲ၊ ဘာတွေတောင်းဆိုရမယ်ဆိုတာ သိကြပါတယ်” ဟု ရိုနေဆန်းလွင်မှ အဆောက်အဦးများနှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။

စစ်ကောင်စီသည် နေရပ်ပြန်ရိုဟင်ဂျာများအား အစောင့်အကြပ်များဖြင့်ထားရှိမည်ဖြစ်ပြီး ရိုဟင်ဂျာ များ က လွတ်လပ်စွာသွားလာခွင့်၊ မွေးရာပါနိုင်ငံသားအခွင့်အရေးရရှိရေး၊ မူလနေထိုင်ခဲ့သည့် ရပ်ရွာ များတွင်နေထိုင်နိုင်ရေးနှင့် နိုင်ငံသားအဖြစ်အသိအမှတ်ပြုရေးကို တောင်းဆိုနေကြသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင်ခိုလှုံနေသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်တင် သည် လည်း အဆိုပါအခွင့်အရေးများမရရှိပါက နေရပ်ပြန်မည်မဟုတ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့မှ မူလရရှိခဲ့တဲ့ မွေးရာပါနိုင်ငံသား တန်းတူအခွင့်အရေးရရှိခွင့်၊ မူလနေထိုင် ခဲ့ကြ သည့် မြို့နယ်အလိုက် ကျေးရွာအုပ်စုအလိုက် ရွာစဉ်အလိုက်နေထိုင်ခွင့်နှင့် ယခင်ပိုင်ဆိုင်ခဲ့ကြသည့် လယ်မြေ ၊ ကန်ပိုင်ဆိုင်မှုများ စသည်ပြန်လည်ရရှိခြင်းကို စစ်ကောင်စီက ပေးမယ်ဆိုပြီး ကတိက ဝတ်မပေးမချင်း ကာလအထိ ပြန်နိုင်ရေး စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ကပင် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုထားခြင်းမရှိသောကြောင့် ရိုဟင်ဂျာများအနေ ဖြင့် ဘက်ပေါင်းစုံမှ ဖိအားများရှိနေကြောင်း ရိုနေဆန်းလွင်က ရှင်းပြသည်။

“နိုင်ငံတွင်းမှာ ရင်ဆိုင်နေရတဲ့အခက်အခဲတွေက ၄ သိန်းခွဲကျော်ရိုဟင်ဂျာတွေကအမိုးပွင့်အကျဥ်း ထောင်ထဲမှာ နေနေရတာ ဆယ်စုနှစ်သုံးခု ကျော်နေပြီ။ ၁၃၀၀၀၀ ကျော် ရိုဟင်ဂျာတွေက နာဇီအ ကျဥ်းစခန်းလို အကျဥ်းစခန်းထဲမှာ နေနေရတာ ၁၁ နှစ်ရှိပြီ။ အခြေအနေက အကျဥ်းသားတွေနဲ့ အတူတူပဲ။ နိုင်ငံပြင်ပမှာ တရားဝင် ဒုက္ခသည်လို့ အသိအမှတ်မပြုခံရသူတိုင်းက ဒုက္ခမျိုးစုံကို ရင် ဆိုင်နေကြရတယ်။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ဒုက္ခသည်လို့ တရားဝင်အသိအမှတ်မပြုဘူး။ ခိုလှုံခွင့် ရထားပေမယ့် စိန်ခေါ်မှုပေါင်းစုံ ရင်ဆိုင်နေရတယ်။ အနောက်နိုင်ငံတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ လောက်သာ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိကြတယ်” ဟု သူက ပြောသည်။

နေရပ်ပြန်နိုင်မည်လား

တရုတ်၏ကြားဝင်စေ့စပ်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ နယ် စပ်အထိရောက်ခဲ့သော်လည်း မြန်မာဘက်မှ မလာရောက်သည့်အတွက် နေရပ်ပြန်ပို့ဆောင်ရေး ပျက် ပြယ်ခဲ့သည့်ဖြစ်စဥ်များရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် မြန်မာစစ်ကောင်စီတို့ကြား ပူးပေါင်းလုပ်နေကြသည့်ရိုဟင်ဂျာများနေရပ်ပြန် ပို့ ရေး အစီအစဉ်ကို ရပ်ဆိုင်းဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှလည်း မေလ ၈ ရက်နေ့ တွင် တိုက်တွန်းထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်လည်း ရိုဟင်ဂျာဒုက္ခသည်များကို မူရင်းဒေသ မြန်မာနိုင်ငံကို အဓမ္မပြန် လည်ပို့ဆောင်မည် မဟုတ်ဟု ကတိပေးထားကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိတစ်ဦးက ပြော ဆိုထားသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ဒုတိယမဟာမင်းကြီး Kelly Clements ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လေးရက်ကြာ သွားရောက်လေ့လာခဲ့ပြီးနောက် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပြန်လည်လက်ခံရေးအစီအစဥ်မှာ ရိုဟင်ဂျာများကို နှစ်ရှည်ပိတ်လှောင်ထားရန်သာဖြစ် ကြောင်း Arakan Rohingya Society for Peace & Human Rights (ARSPH )အဖွဲ့မှ ရိုအောင်နိုင်စိုးက ပြောသည်။

“စစ်ကောင်စီရဲရှေးပြေးစီမံကိန်း၏လုပ်ဆောင်ချက်များအားလုံးကိုရိုဟင်ဂျာတွေကသိရှိတားပြီး

ဖြစ်တဲ့ အတွက်စိုးရိမ်နေကြတာပါဘာလဲဆိုရင်စစ်ကောင်စီကဘဂ်လာဒေ့ရှ့်ခိုလှုံနေထိုင်ကြတယ်ရိဟင်ဂျာ

တွေ ကိုစစ်တွေမြို့မှရှိနေသည်IDPစခန်းကရိုဟင်ဂျာကဲ့သို့အကျဉ်းစခန်းပုံစံမျိုရေရှည်ပိတ်လောင်တား

နိုင်ရေး စီမံချက်ဖြစ်တယ်။ အခုပြန်ခေါ်ရေးမှမယ်သို့အခွင့်အရေးမရှိပါဘူး”

စစ်ကောင်စီနှင့်အတူ ပြန်လည်နေရာချထားရေးစခန်းများကိုလိုက်လံကြည့်ရှုခဲ့သည့် ၂၇ ဦးမှာလည်း စစ်ကောင်စီ၏ အစီအစဥ်ကို လက်မခံနိုင်သလို မယုံကြည်နိုင်ကြောင်းပြောဆိုခဲ့သည်ဟု သိရသည်။

တစ်ဘက်တွင်လည်း ဘင်္ဂလားဒေ့ရှ်အမျိုးသားထောက်လှမ်းရေးအဖွဲ့မှ ရိုဟင်ဂျာများ နေရပ်ပြန်ရန် ခြိမ်းခြောက်မှုများရှိနေကြောင်း သိရသည်။

“မပြန်ရင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရတယ်၊ ရိက္ခာကဒ်ပြားသိမ်းခံရမယ်၊ ကမ့်ထဲမှာ နေလို့မ ရ စေရဘူး .. စသဖြင့် ခြိမ်းခြောက်တာမျိုးတွေပါ။ အဲ့တာကြောင့်နေရပ်ပြန်မယ့်သူအနည်းအကျင်း တော့ရှိနေတာမှန်တယ်” ဟု ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၈ သိန်းအပါအဝင် ရိုဟင်ဂျာ ၁.၂၅ သန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ယူခီယာ နဲ့ တက်ကနက်ဖ်ခရိုင်များမှ စခန်း ၃၃ ခုတွင် ခိုလှုံလျက်ရှိပြီး ထွက်ပြေးခဲ့သည့် ၆ နှစ်အတွင်း ရိုဟင်ဂျာ များ နေရပ်ပြန်အစီအစဥ်ဖြင့် တစ်ဦးမျှ ပြန်နိုင်ခြင်းမရှိခဲ့သေးပေ။

ရိုဟင်ဂျာဒုက္ခသည်များ ပြန်လာရန်ဆန္ဒမရှိသော်လည်း စစ်ကောင်စီမှ ဆက်တိုက်လုပ်ဆောင် နေသည့် အတွက် ရိုဟင်ဂျာများ ရှေ့ပြေးစီမံကိန်းဖြင့် နေရပ်ပြန်နိုင်ရေး အစီအစဥ် အောင်မြင်နိုင်၊ မအောင်မြင် နိုင်ကို နိုင်ငံတကာမှ စောင့်ကြနေဆဲ ဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */