" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 22, 2023

ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

ဧရာဝတီ
ကိုဦး
22 November 2023
သူ့အတွေး သူ့အမြင်

ရခိုင်ပြည်နယ်သည် မြစ်ချောင်းပေါများသည့် ကမ်းရိုးတန်းဒေသဖြစ်ရာ အခြားဒေသများထက် ရေတပ်အသုံးပြုရန်နှင့် ဖြတ်လေးဖြတ် ပြုလုပ်ရန် လွယ်ကူသည်

၂၀၁၉၊ ၂၀၂၀ တွင် ရခိုင်ပြည်နယ်၌ စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အပစ်ရပ်ခဲ့ကြ၏။ တဖန် ၂၀၂၂ ခုနှစ်ထဲတွင် တကျော့ပြန်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြန်လည် အပစ် ရပ်ခဲ့ကြ၏။ ယခု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်၍ စစ်ပွဲဖြစ်ပွားသည်ကို တွေ့ရ၏။

၂၀၂၂ ခုနှစ်တွင် ဖြစ်ပွားသည့် စစ်ပွဲမှာ အကန့်အသတ်နှင့်ဖြစ်သည့် စစ်ပွဲဖြစ်၏။ ရခိုင်မြို့ပြများအထိ လက်တံ ရှည်လာသည့် ရက္ခိုင့်တပ်တော် (AA) ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တယားများကို ဟန့်တားရန်ကြိုးစားလာ သည့် စစ်ကောင်စီတပ်ကို AA တပ်ဖွဲ့က တုန့်ပြန်သည့် စစ်ပွဲဖြစ်၏။

စစ်ကောင်စီတပ်ဘက်ဆိုလျှင် ပြည်တွင်း၌ အခြားစစ်မျက်နှာများ ဖွင့်ထားရ၍ AA ကို အကန့်အသတ်နှင့်ခံစစ်ဖြင့် ခုခံသည့် စစ်ပွဲဖြစ်၏။ AA ဘက်ကလည်း ၎င်းတို့တပ်ဖွဲ့ ပြန်လည်စုဖွဲ့ခြင်း၊ လက်နက်ခဲယမ်း ပြန်လည်စုပုံခြင်း၊ ဒေသအုပ်ချုပ်ရေးယန္တယားများ တည်ဆောက်ခြင်း တို့ပြုလုပ်နေချိန်ဖြစ်၍ အကန့်အသတ်ဖြင့် တုန့်ပြန်ခဲ့သည် ကို တွေ့ရ၏။ နှစ်ဖက်လုံးက အကန့်အသတ်ဖြင့်တိုက်သည့် စစ်ပွဲဖြစ်၍ အချိန်တိုတွင်း ပြန်လည် အပစ်ရပ်သွား ခဲ့ကြ၏။

၂၀၂၃ ခုနှစ် ရခိုင်စစ်ပွဲမှာမူ AA ဖက်က စနစ်တကျပြင်ဆင်ပြီး တိုက်ခိုက်သည့်တိုက်ပွဲ ဖြစ်၏။ ၂၀၂၂ခုနှစ်အောက် တိုဘာလကတည်းက လိုင်ဇာ၊ နန်ဆန်ယန်ဒေသ တိုက်ပွဲများတွင် AA ပါဝင် တိုက်ခိုက်နေသည်ဟု အတိအလင်း စတင်ဖော်ပြခဲ့သည်ကို တွေ့ရ၏။ ထို့နောက် ၁၀၂၇ စစ်ဆင်ရေးတွင် AA တပ်ရင်း ၁၀ ရင်း ပါဝင်တိုက်ခိုက်နေ သည်ဟုအတိအလင်းဖော်ပြခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပန်လုံ၊ ကွမ်းလုံ စသည့်အရေးကြီးသည့် ဗျူဟာကုန်းများကို AA က အဓိက တာဝန်ယူ တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။ စစ်ကိုင်းတိုင်းတွင် AA တပ်များ ဝင်ရောက် တိုက်ခိုက်နေပြီဟု ထုတ်ပြန်ခဲ့၏။

သို့သော်လည်း ယခင်က AA ကို အမြစ်ဖြုတ်မည်ဆိုခဲ့သည့်၊ ရခိုင်မှာရော၊ လိုင်ဇာမှာပါ AAရပ်တည်ခွင့်မရှိဟု ခပ် မာမာဆိုခဲ့ဖူးသည့် စစ်တပ်သည် ရခိုင်ရှိ AA အား စတင် တိုက်ခိုက်ရန် မဆိုထားနှင့် AA နှင့် ပတ်သက်၍ လေသံ ပင် မဟပေ။ စစ်တပ်သည် လက်ရှိအချိန်တွင် ရခိုင်တွင် စစ်မျက်နှာတခု မဖွင့်လိုဘဲ ရှောင်ရှားလိုသည်မှာ သိသာ ထင်ရှား၏။

ဤအကြိမ် ရခိုင်စစ်ပွဲသည် ယခင်အကြိမ်များနှင့် မတူဘဲ မြောက်ပိုင်းသုံးဖွဲ့နှင့်အတူ ပူးတွဲပြုလုပ်သည့် စစ်ဆင်ရေးဖြစ်သကဲ့သို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF တို့နှင့် ပူးတွဲ၍ ဟန်ချက်ညီပြုလုပ်သည့် စစ်ဆင်ရေးဖြစ်သည်ကို တွေ့ရ၏။
သို့သော်လည်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဖြင့် ကွမ်းလုံအား သိမ်းပိုက်ပြီး နောက် တရက် နိုဝင်ဘာ ၁၃ တွင် ရခိုင်စစ်ပွဲစတင်၏။ ဤအကြိမ် ရခိုင်စစ်ပွဲသည် ယခင်အကြိမ်များနှင့် မတူဘဲ မြောက် ပိုင်းသုံးဖွဲ့နှင့်အတူ ပူးတွဲပြုလုပ်သည့် စစ်ဆင်ရေးဖြစ်သကဲ့သို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုး သားညီညွတ်ရေးအစိုးရ (NUG)၊ PDF တို့နှင့် ပူးတွဲ၍ ဟန်ချက်ညီပြုလုပ်သည့် စစ်ဆင်ရေးဖြစ်သည်ကို တွေ့ရ၏။
ယနေ့ ရခိုင်စစ်မျက်နှာကို သုံးသပ်ပါက ယခင်ကကဲ့သို့ အထီးတည်း ကြည့်မြင်သုံးသပ်၍ မရနိုင်တော့ပေ။ အခြား စစ်မျက်နှာများနှင့် ဆက်စပ်သုံးသပ်ရန် လိုအပ်ပါသည်။

ရခိုင်စစ်မျက်နှာနှင့် ဖြတ်တောက်ပိတ်ဆို့မှုများ

ရက္ခိုင့်တပ်တော် (AA) ၏ တပ်ဖွဲ့ဝင်များ / DMG

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ပိုင်း၌ ဆက်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မော်တော်ကားလမ်းများကို ဖြတ်တောက်ပိတ်ဆို့သည်မှာ မဟာမိတ်ညီနောင်သုံးဖွဲ့ ဖြစ်သော်လည်း ရခိုင်တွင် မော်တော်ကားလမ်းများကို ပိတ်ဆို့ဖြတ်တောက်သည်မှာ စစ်ကောင်စီတပ် ဖြစ်၏။ ရခိုင်တွင် ရေတပ်အသုံးပြုနိုင်သော စစ်ကောင်စီတပ်က ၎င်းတို့၏ ထောက်ပို့လမ်းကို ရေကြောင်း၊ လေကြောင်းဖြင့် အသုံးပြုနိုင်သဖြင့် မော်တော်ကားလမ်း ပိတ်ဆို့မှု အား ရဲရဲတင်းတင်း ပြုလုပ်သည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ရခိုင်ရှိ မြို့ဝင်မြို့ထွက်ဂိတ်များအား ပိတ်ဆို့ပြီး တမြို့နှင့်တမြို့ ဆက်သွယ်သည့် ကားလမ်းကြောင်းများကိုပါ ပိတ်ထားသည်ကို တွေ့ရ၏။ လူထုကိုပါ ပိတ်ဆို့ဖြတ်တောက်ခြင်း ဖြစ်၏။ ယခင် ဖြတ်လေးဖြတ်ဆိုသည်က လက်နက်ကိုင်တပ်ဖွဲ့များကိုသာ ဖြတ်တောက်ခြင်း ဖြစ်သော်လည်း ယခု ရခိုင်စစ် မျက် နှာတွင် စစ်ကောင်စီတပ်က ရခိုင်လူထုကိုပါ ပြုလုပ်ခြင်းဖြစ်၏။

ဤကဲ့သို့ ဖြတ်တောက်မှုမျိုးကို ၂၀၂၂ ခုနှစ် စစ်ပွဲကာလကလည်း ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ ရခိုင်ပြည်နယ် တ ခုလုံးရှိ တရွာနှင့်တရွာ၊ တမြို့နှင့်တမြို့၊ အသွားအလာ ခွင့်မပြုဘဲ ပိတ်ဆို့ထားသည့်အပြင် လူထုအတွက် ရိက္ခာ ဆေးဝါး သယ်ယူမှုပါ ဖြတ်တောက်ပိတ်ဆို့ခဲ့ကြ၏။

ဖြတ်တောက်ပိတ်ဆို့မှုကို စစ်ပွဲစတင်သည်နှင့် ချက်ချင်းပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ ရခိုင် မြောက်ပိုင်းတွင်သာမက ရခိုင်တောင်ပိုင်းကိုပါ ပိတ်ဆို့မှုပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ရခိုင်နှင့် ပြည်မ ဆက်သွယ်သည့် လမ်းကြောင်းသုံးခု ဖြစ်သော အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြားလမ်းနှင့် ဂွ- ငါးသိုင်းချောင်း ကားလမ်းတို့ကိုပါ ဖြတ်တောက်ပိတ်ဆို့ခဲ့၏။
ဤအကြိမ်တွင်လည်း ဤသို့ဖြတ်တောက်ပိတ်ဆို့မှုကို စစ်ပွဲစတင်သည်နှင့် ချက်ချင်းပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ ရခိုင်မြောက်ပိုင်းတွင်သာမက ရခိုင်တောင်ပိုင်းကိုပါ ပိတ်ဆို့မှုပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ရခိုင်နှင့် ပြည်မ ဆက်သွယ်သည့် လမ်းကြောင်းသုံးခုဖြစ်သော အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြားလမ်းနှင့် ဂွ- ငါး သိုင်းချောင်း ကားလမ်းတို့ကိုပါ ဖြတ်တောက်ပိတ်ဆို့ခဲ့၏။ ရခိုင်တပြည်နယ်လုံးအား ပြည်မနှင့်လည်းကောင်း၊ ရခိုင်ပြည်နယ်တွင်းရှိ တမြို့နှင့်တမြို့ကိုလည်းကောင်း ရိက္ခာ၊ ဆေးဝါး၊ အဆက်အသွယ် အားလုံးဖြတ်တောက် ရန် စတင်ခဲ့သည်ကို တွေ့ရ၏။

တဖက်ကလည်း စစ်တပ်က ထိန်းချုပ်ထားသည်ဆိုသည့်မြို့မှ အပြင်ထွက်သည်နှင့် AA ထိန်းချုပ်နယ်မြေ ဖြစ် သွားပြီး စစ်ကောင်စီတပ်စခန်း တခုနှင့်တခုအား ပြန်လည် ဖြတ်တောက်ထား၏။ စစ်တွေ၊ အမ်းကားလမ်း တ လျှောက်လုံးတွင်လည်း AA တပ်များက ပြန်လည် ထိန်းချုပ်ထားသည်။ ထို့ပြင် နိုဝင်ဘာ ၁၃ ရက် AA ၏ စစ်ဆင် ရေး စသည်နှင့် အတိုက်ခံရ၊ အသိမ်းခံရနိုင်သည့် စခန်းငယ် အတော်များများကို ပူပေါင်းလိုက်ရရာ စခန်း ၄၀ ခန့် ရုပ်သိမ်းလိုက်သည်ဟု သိရ၏။ သို့ဖြစ်ရာ AA တပ်ဖွဲ့ လှုပ်ရှားထိန်းချုပ်နိုင်သည့်နယ်မြေ ပိုကျယ်ပြန့်လာ၏။

စစ်ကောင်စီတပ်ကမူ မြို့များရှိစခန်းများ၊ စစ်ရေးအရ ဗျူဟာကျသည့် တောင်ကုန်းများတွင် အသေထိုင်ထားပြီး ခံစစ်ပြင်ထား၏။ စစ်ကောင်စီတပ်၏ စခန်းများသည်လည်း AA တပ်ဖွဲ့၏ အပြန်အလှန် အဝိုင်းခံထားရ၏။ မြေ ပြင်မှ စစ်ကူလာလမ်းကို ပြန်လည် ဖြတ်တောက်ခံထားရ၏။ စစ်ကောင်စီတပ်ကလည်း ရေလမ်းနှင့်လေကြောင်း ကသာ စစ်ကူ၊ လက်နက်၊ ခဲယမ်းပို့ရန် ပြင်ထား၏။ သို့နှင့် ရခိုင်စစ်မျက်နှာ၌ တဖက်နှင့်တဖက် အပြန်အလှန် ပိတ်ဆို့ဖြတ်တောက်မှုဖြင့် စစ်ပွဲကိုစတင်သည်။

သို့သော် ယခုအကြိမ်တွင် စစ်ကောင်စီတပ်က အလွယ်တကူ တိုက်ခိုက်သိမ်းပိုက်ခံရနိုင်သည့် စခန်းငယ်များကို ရုပ်သိမ်းလိုက်ရသဖြင့် AA အတွက် လှုပ်ရှားနိုင်သည့် နယ်မြေက ပိုကျယ်ပြန့်လာပြီး တရွာနှင့်တရွာကြား ပိတ်ဆို့ မှုများ လျော့ကျသွား၏။ စစ်ကောင်စီတပ်၏ ပိတ်ဆို့မှုကို ကျော်လွှားနိုင်သည့် အားသာချက်ရှိ၏။ တဖက်က လည်း စစ်ကောင်စီ တပ်စခန်းများသည် အင်အားများသော စခန်းများသာ ကျန်တော့ရာ စခန်းသိမ်းတိုက်ပွဲများ တိုက်ရာတွင် AA အတွက် ပိုခက်ခဲလာ၏။

ရခိုင် ဖြတ်လေးဖြတ်နှင့် ဂျီနိုဆိုက်

၂၀၂၃ ခုနှစ် မေလအတွင်း ဆိုင်ကလုန်းမိုခါ တိုက်ခတ်အပြီး တွေ့ရသော ပေါက်တောမြို့

စစ်ကောင်စီတပ်သည် ဤသို့ ပိတ်ဆို့ဖြတ်တောက်မှု ပြုလုပ်သည်နှင့် တချိန်တည်းတွင် ပြည်မမှ ရခိုင်သို့၊ ရခိုင် ပြည်နယ်အတွင်း တမြို့မှတမြို့သို့ ရိက္ခာ၊ ဆေးဝါးကုန်သွယ်မှု၊ သယ်ဆောင်မှုများ ဖြတ်တောက်ခဲ့သည်။ သို့ဖြစ် ရာ ရခိုင်ပြည်နယ်တွင်း ကုန်ပစ္စည်းများ ပြတ်တောက်ခြင်း၊ ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်လာ သည်ကို တပတ်အတွင်း ရခိုင်လူထု ကြုံရတော့သည်။

ဖြတ်လေးဖြတ် ပြုလုပ်ခြင်းအား ၂၀၁၉၊ ၂၀၂၀ ရခိုင်စစ်ပွဲကာလက မတွေ့ရဘဲ ၂၀၂၂ ခုနှစ် တကျော့ပြန် စစ်ပွဲကာလတွင် စတင်တွေ့ရသည်။ ယခု ၂၀၂၃ ခုနှစ် စစ်ပွဲများ ပြန်စတင်လာ သောအခါ ၂၀၂၂ ထက် ပို၍ တင်းတင်းကြပ်ကြပ် ဖြတ်လေးဖြတ် ပြုလုပ်လာသည်ကို တွေ့ရ၏။
ဗိုလ်နေဝင်းခေတ်က ဖြတ်လေးဖြတ်ဆိုသည်မှာလက်နက်ကိုင်တော်လှန်ပုန်ကန်သည့်တပ်ဖွဲ့များကိုဖြတ်တောက် ခြင်း ဖြစ်သည်။ ယခု စစ်ကောင်စီတပ်၏ ရခိုင် ဖြတ်လေးဖြတ်က ရခိုင်ပြည်သူလူထု အားလုံးကို ဖြတ်လေးဖြတ် ပြုလုပ်ခြင်းဖြစ်၏။ ဤသို့ဖြတ်လေးဖြတ် ပြုလုပ်ခြင်းအား ၂၀၁၉၊ ၂၀၂၀ ရခိုင်စစ်ပွဲကာလက မတွေ့ရဘဲ ၂၀၂၂ ခုနှစ် တကျော့ပြန် စစ်ပွဲကာလတွင် စတင်တွေ့ရသည်။ ယခု ၂၀၂၃ ခုနှစ် စစ်ပွဲများ ပြန်စတင်လာသောအခါ ၂၀၂၂ ထက် ပို၍ တင်းတင်းကြပ်ကြပ် ဖြတ်လေးဖြတ် ပြုလုပ်လာသည်ကို တွေ့ရ၏။

ထို့ပြင် စစ်ကောင်စီတပ်သည် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များတွင် အရပ်ဘက် ပစ် မှတ်များဖြစ်သည့် ကျေးရွာများအား လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ အရပ်သားလူထုအား အကြောင်းမဲ့ ဖမ်းဆီး ပြီး လူသားဒိုင်း ပြုလုပ်ခြင်းများ ကျူးလွန်နေသည်ကို တွေ့ရ၏။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီတပ် သည် ရခိုင်လူထုအား ရည်ရွယ်ပြီး ဖြတ်လေးဖြတ် ပြုလုပ်ထားသကဲ့သို့ စစ်တပ်၏ စစ်ရေးပစ်မှတ်သည် ရခိုင်လူ ထုဖြစ်နေသည်ကို တွေ့ရ၏။

လက်ရှိအချိန်အထိ ရခိုင်တွင် စစ်ရှိန်မြင့်လာခြင်း မရှိသေးသော်လည်း စစ်တပ်သည် အရပ်သားပစ်မှတ်များဖြစ် သည့် ရခိုင်လူထုအား ရိက္ခာ၊ ဆေးဝါး ဖြတ်တောက်ထားသည့်အပြင် စစ်ရေးပစ်မှတ်အဖြစ် သဘောထား တိုက် ခိုက် နေသည်ကို ရှင်းလင်းစွာတွေ့ရ၏။

စစ်တပ်သည် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ မွတ်စလင်များအပေါ် ကျူးလွန်ခဲ့သည့် ဂျီနိုဆိုက် ခေါ် လူမျိုးတုံးသတ် ဖြတ်မှုထက် ပို၍ အတိုင်းအတာကြီးမားသည့် လူမျိုးတုံးသတ်ဖြတ်မှုအား ရခိုင်လူမျိုးများအပေါ် ကျူးလွန်ရန် ကြံရွယ်နေသည်ကို တွေ့ရ၏။

စစ်တပ်က အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား ရခိုင်တွင်သာ ပြုမူသည် မဟုတ်ပေ။ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ စစ်မျက်နှာတွင်ပါ တွေ့ရ၏။ သို့သော် ရှမ်းပြည် နယ်မြောက်ပိုင်း တရုတ်နယ်စပ်တွင်မူ စစ်တပ်က အထူးသတိထားသည်ကို တွေ့ရ၏။

ထိုအရပ်ဒေသများတွင် တရုတ်လူမျိုးများ နေထိုင်သည်ဖြစ်ရာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ် ခတ် မှုတို့ကြောင့် မြန်မာပြည်ဘက်ခြမ်းကဖြစ်စေ တရုတ်လူမျိုးများ သေဆုံးပါက တရုတ်အစိုးရက ကန့်ကွက်လေ့ရှိ သဖြင့် စစ်တပ်သည် အကန့်အသတ်ဖြင့် ပြုလုပ်သည်ကို တွေ့ရ၏။ ကျန်ဒေသများတွင်တော့ အကန့်အသတ် မထားဘဲ အရပ်သားပစ်မှတ်များအား ဦးတည် တည်ခိုက်တော့သည်ကို တွေ့ရ၏။

ရခိုင်၏ ထူးခြားချက်

နိုဝင်ဘာလ ၁၇ ရက် စစ်ပွဲကြားမှ လွတ်မြောက်ရာထွက်ပြေးကြသော ပေါက်တောမြို့ခံများ/DMG

ရခိုင်ပြည်နယ်သည် မြစ်ချောင်းပေါများသည့် ကမ်းရိုးတန်းဒေသဖြစ်ရာ အခြားဒေသများထက် ရေတပ်အသုံးပြု ရန်နှင့် ဖြတ်လေးဖြတ် ပြုလုပ်ရန် လွယ်ကူသည်။ သို့ဖြစ်ရာ ဖြတ်လေးဖြတ်ဒဏ်ကို အခြားဒေသများထက် ပိုခံ ရ၏။ ထိုအားသာချက်ကို စစ်တပ်က အသုံးချသည်။

တဖက်ကလည်း စခန်းငယ်များကို စွန့်လွှတ်ပြီး စခန်းကြီးများအဖြစ် စုစည်းထားသည်။ သို့ဖြစ်ရာ စခန်းတခုချင်း အား တိုက်ခိုက်သိမ်းပိုက်ရန် ပို၍ခက်ခဲသည်။ သို့သော်လည်း စခန်းငယ်များစွာကို ရုပ်သိမ်းလိုက်ရသဖြင့် AA အတွက် လွတ်လပ်စွာ လှုပ်ရှားနိုင်သည့်နယ်‌မြေ ပိုကျယ်လာသည်။ ထို့ကြောင့် မြို့များကိုသာ ဖြတ်တောက်နိုင် ရွာများကို ဖြတ်တောက်နိုင်မှု အားနည်းသည်။

စစ်ကောစစ်င်စီတပ်၏ ဖြတ်လေးဖြတ်ဗျူဟာအား ပြန်လည် ရင်ဆိုင်နိုင်သည့် နည်းဗျူဟာများ ပြင်ဆင်ရန် လိုအပ်သကဲ့သို့ စစ်ဆင်ရေးပုံစံများ ပြောင်းလဲရန်လို၏။ တချိန်တည်းတွင် စစ်တပ် သည် ဖြတ်လေးဖြတ် ပြုလုပ်သည်နှင့် တပြိုင်တည်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ် ရေး ပျက်ပြားသွားသည်ဖြစ်ရာ ထိုအားနည်းချက်ကို အသုံးချရန်လို၏။
ထို့သို့ လှုပ်ရှားနယ်‌မြေ ကျယ်လာသည့်အ‌ချက်ကို အသုံးချပြီး စစ်ကောင်စီတပ်၏ ဖြတ်လေးဖြတ်ဗျူဟာအား ပြန်လည် ရင်ဆိုင်နိုင်သည့် နည်းဗျူဟာများ ပြင်ဆင်ရန် လိုအပ်သကဲ့သို့ စစ်ဆင်ရေးပုံစံများ ပြောင်းလဲရန်လို၏။ တချိန်တည်းတွင် စစ်တပ်သည် ဖြတ်လေးဖြတ် ပြုလုပ်သည်နှင့် တပြိုင်တည်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ပျက်ပြားသွားသည်ဖြစ်ရာ ထိုအားနည်းချက်ကို အသုံးချရန်လို၏။ တဖက်ကလည်း ဖြတ်လေးဖြတ် ကြောင့် ရခိုင်လူထု စားဝတ်နေရေးပို၍ ခက်ခဲကြပ်တည်းအောင် စစ်တပ်က ရည်ရွယ်သည်ကို ရင်ဆိုင်ကျော်လွှား ရန် လိုသည်။

စစ်ပွဲကို ဦးစီးသူများအနေဖြင့် မိမိအားသာချက်၊ အားနည်းချက်၊ ရန်သူ၏အားနည်းချက်၊ အားသာချက်ကို မှန်မှန် ကန်ကန် ကြည့်မြင်ပြီး အခြေအနေနှင့်ကိုက်ညီသည့် စစ်ဗျူဟာများ ရေးဆွဲနိုင်မှသာ ရန်သူ့ထိုးနှက်မှုကို ကြံ့ကြံ့ ခံနိုင်ပြီး ရန်သူကို အနိုင်ယူနိုင်ပေလိမ့်မည်။

တိကျစွာပြောရလျှင် AA တပ်ဖွဲ့သည် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ အဖွဲ့ဝင်ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး အား အတူတကွ ဆင်နွှဲကြသည်။ သို့သော်လည်း ရှမ်းမြောက်တွင် အသုံးပြုသည့် စစ်ဗျူဟာ အခင်းအကျင်းအား နယ်မြေအနေအထား မတူသည့်၊ စစ်မြေပြင် အခင်းအကျင်းမတူသည့် ရခိုင်ပြည်နယ်တွင် ပုံတူအသုံးပြုရန် မဖြစ် နိုင်ပေ။ ရခိုင်စစ်မျက်နှာ အခြေအနေနှင့် ကိုက်ညီသည့် စစ်ဗျူဟာအခင်းအကျင်းကို ကျင့်သုံးရန် လိုအပ်ပေ လိမ့် မည်။

(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */