" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 28, 2023

မြေပုံတွေကပြောပြတဲ့ ပိတ်ဆို့ခံ ဂါဇာဒေသခံတွေရဲ့ဘဝ

BBC
October 28' 2023 


လူပေါင်း ၂ ဒသမ ၂ သန်းနေထိုင်ရာ ဂါဇာကမ်းမြောင်ဟာ လူဦးရေသိပ်သည်းတဲ့ ကုန်းတွင်းပိတ် အရပ်ဖြစ်ပါတယ်။


၄၁ ကီလိုမီတာ(၂၅ မိုင်)ရှည်ပြီး အကျယ်က ၁၀ ကီလိုမီတာရှိတဲ့ အဲဒီဒေသကို တစ်ဖက်မှာ မြေထဲပင် လယ်နဲ့ တစ်ဖက်ခြမ်းမှာ အစ္စရေးရဲ့ စည်းရိုးခြားနေပြီး နောက် အီဂျစ်နဲ့ နယ်စပ်ချင်းထိစပ်နေပါတယ်။

အောက်တိုဘာလ ၇ ရက်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်မှုအပေါ် တုံ့ ပြန်ဖို့ အစ္စရေးဟာ ဂါဇာကို ‘‘လုံးဝပိတ်ဆို့မှု’’ စတင်ခဲ့ပြီး အစ္စရေးကာကွယ်ရေးဝန်ကြီးက ‘‘ဘာလျှပ် စစ်မှလည်း မပေးဘူး။ အစားအစာနဲ့ ရေလည်းရှိလာမှာမဟုတ်ဘူး’’ လို့ ကြေညာပါတယ်။


အစ္စရေးရဲ့ အခုလုပ်ရပ်ကြောင့် စုစုပေါင်း လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း နိုင်ငံတကာအကူအညီ လိုအပ်နေ တဲ့ ဂါဇာမှာ လူစားချင်းစာနာမှုအကူအညီအရေးပေါ် လိုအပ်မှုကို ပိုဆိုးရွားစေခဲ့ပါတယ်။

ဂါဇာကို အုပ်ချုပ်တဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား ပြင်းထန်တဲ့ပဋိပက္ခဖြစ်ပြီးတဲ့နောက် ဂါဇာကို ဟားမတ်စ်အဖွဲ့က ထိန်းချုပ်ထားတာ ၂၀၀၇ ခုနှစ်က တည်းက ဖြစ်ပါတယ်။

အရင်က အီဂျစ်သိမ်းပိုက်ခံ ဂါဇာကို အစ္စရေးက ၁၉၇၆ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲမှာ သိမ်းခဲ့ပါ တယ်။

အစ္စရေးဟာ သူ့ရဲ့တပ်ဖွဲ့တွေနဲ့ အခြေချနေထိုင်သူ ၇,၀၀၀ နီးပါးကို ၂၀၀၅ ခုနှစ်မှာ ဂါဇာကနေ ပြန် ရုပ် သိမ်းခဲ့ပေမဲ့ လက်ရှိပိတ်ဆို့မှု မတိုင်ခင်တုန်းကတောင် ဂါဇာထဲက လူအဝင် အထွက်နဲ့ ကုန်စည် စီး ဆင်းမှုကို ကန့်သတ်ခဲ့ပါတယ်။

ရွှေ့ပြောင်းခိုင်းတဲ့အမိန့်

ဟားမတ်စ် တိုက်ခိုက်မှုကို တုံ့ပြန်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးစစ်တပ်က လုပ်လာနိုင်တဲ့ စီးနင်း တိုက်ခိုက်မှုမတိုင်ခင်မှာ ဂါဇာမှာရှိတဲ့ ဝါဒီဂါဇာမြစ်ကမ်းရပ်မှာနေထိုင်သူတွေကို ရွှေ့ပြောင်းဖို့ အစ္စရေး ဘက်က ပြောခဲ့ပါတယ်။

ရွှေ့ပြောင်းခိုင်းတဲ့နေရာထဲမှာ ဂါဇာကမ်းမြောင်မှာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ဂါဇာမြို့လည်း ပါဝင် ပါတယ်။

အစ္စရေးထဲကို ဝင်နိုင်တဲ့ အီရတ်ဇ် နယ်စပ်ဖြတ်စခန်းကို ပိတ်လိုက်တာကြောင့် ရွှေ့ပြောင်းခိုင်း တဲ့အ ရပ်မှာ နေထိုင်သူတွေဟာ ဂါဇာထဲက ထွက်ဖို့ရာ မဖြစ်နိုင်ဘဲ ဂါဇာတောင်ပိုင်းခရိုင်တွေဆီကို ရွေးချယ် စရာမရှိ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

ရွှေ့ပြောင်းခိုင်းတဲ့အရပ်ပြမြေပုံ

ကမ်းမြောင် ကုန်းမြေကျဥ်းကျဥ်းလေးတစ်ခုမှာ နေထိုင်သူအရေအတွက်က ၂ ဒသမ ၂ သန်းအထိ ရှိ တာကြောင့် ဂါဇာဟာ ကမ္ဘာမှာ လူဦးရေသိပ်သည်းမှုအမြင့်မားဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

အကြီးမားဆုံးမြို့ပြအရပ်ကတော့ တောင်ပိုင်းက ခန်ယွန်းနစ်ဖြစ်ပါတယ်။

ဒါပေမဲ့ ဂါဇာမြို့တစ်ဝက်စာလောက်ပဲရှိတဲ့ ခန်ယွန်းနစ်ဟာ မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင် လာ တဲ့ ပါလက်စတိုင်း ၁ သန်းနီးပါးအရေးကို ပခုံးထမ်းထားရပါတယ်။

ပျမ်းမျှအနေနဲ့ ဂါဇာမှာ တစ်စတုရန်းကီလိုမီတာမှာ လူပေါင်း ၅,၇၀၀ ကျော် နေထိုင်ပါတယ်။ ဒါဟာ လန်ဒန်မြို့မှာနေထိုင်တဲ့လူသိပ်သည်းဆနဲ့အတူတူဖြစ်ပါတယ်။

ဒါပေမဲ့ ဂါဇာကမ်းမြောင်မှာ လူဦးရေအထူးထပ်ဆုံးဖြစ်တဲ့ ဂါဇာမြို့မှာတော့ တစ်စတုရန်းကီလိုမီတာ မှာ လူ ၉,၀၀၀ အထိနေထိုင်ပါတယ်။

လူဦးရေသိပ်သည်းမှုများတဲ့ဂါဇာမြို့

ကုလသမဂ္ဂရဲ့ အပြောအရဆိုရင် ရွှေ့ပြောင်းခိုင်းတဲ့ အမိန့်အပြီးမှာ နေရပ်ရွှေ့ပြောင်းသူ အရေအ တွက်ဟာ မြန်မြန်ဆန်ဆန်တိုးလာနေပြီး အခုဆိုရင် အိုးအိမ်စွန့်ခွာသူအရေအတွက်ဟာ ၁ သန်း အ ထိ ရောက်လာပြီ ဖြစ်ပါတယ်။ 

အခြေခံအဆောက်အအုံတွေ ပျက်စီး

ဟားမတ်စ်အဖွဲ့ရဲ့ အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့  ဂါဇာမှာအစ္စရေးရဲ့ လေ ကြောင်း တိုက်ခိုက်မှုတွေဟာ အဆောက်အဦတွေနဲ့ အခြေခံအဆောက်အအုံတွေကို ပျက်စီးမှု ကြီး ကြီးမားမားဖြစ်ပွားစေခဲ့ပါတယ်။

အောက်က မြေပုံမှာ ပြထားတဲ့ နေရာတွေဟာ CUNY Graduate Center က ကော်ရီဆက်ချာနဲ့ အော်ရီဂွန်ပြည်နယ်တက္ကသိုလ်က ဂျာမွန် ဗန် ဒန် ဟို့ခ်တို့ လေ့လာထားတဲ့ ဂြိုဟ်တုအချက်အလက် အခြေခံ ဆန်းစစ်မှုကနေ ထွက်ပေါ်လာတဲ့ ပျက်စီးမှု အတိုင်းအဆဖြစ်ပါတယ်။

ဂါဇာမြောက်ပိုင်းမှာတင် အ‌ဆောက်အအုံ ၅,၀၀၀ ကျော် လုံးလုံးပျက်စီးတာ ဒါမှမဟုတ် အတိုင်းအတာ တစ်ခုအထိ ပျက်စီးခဲ့ပြီး ဒါဟာ ဒေသအတွင်းက အဆောက်အအုံအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်တယ် လို့ လူသားချင်းစာနာမှုအကျပ်အတည်းတွေဖြစ်တဲ့အခါ ဂြိုဟ်တုအချက်အလက် ဆန်းစစ်မှုတွေကို ထောက်ပံ့ပေးလေ့ရှိတဲ့ Unosat ရဲ့ ကနဦးအစီရင်ခံစာတွေအရ သိရပါတယ်။ 

ဘေ့ဟာနွန်းအရပ်ဟာ အစ္စရေး အရှေ့မြောက်ပိုင်းမှာရှိပြီး ပဋိပက္ခစတင်ကတည်းက ပျက်စီးမှုကြီးကြီး မားမားကြုံထားရပါတယ်။ စာသင်ကျောင်းဝန်းတစ်ခုအပါအဝင် အဆောက်အအုံ ဒါဇင်နဲ့ချီ ပျက်စီးပါ တယ်။

ဘေ့ဟာနွန်းအရပ်မှာ နေထိုင်သူတွေဟာ အစ္စရေးက ရွှေ့ပြောင်းဖို့ အမိန့်ထုတ်တဲ့အခါသူတို့ရဲ့အိုးအိမ် တွေကို ပထမဆုံး စွန့်ခွာရတဲ့သူတွေဖြစ်ပါတယ်။ အစ္စရေးလေယာဥ်ဟာ အဲဒီနေရာကို ဆက်တိုက်ဆို သလို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားပြီး အစ္စရေးတပ်ဖွဲ့(IDF) ရဲ့ အပြောအရ ဆိုရင် အဲဒီနေ ရာဟာ ဟားမတ်စ်တို့ရဲ့ အချက်အခြာဖြစ်သလို ‘‘အဲဒီနေရာကနေ အစ္စရေးကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ တာ’’ လို့ ဆိုပါတယ်။

ဘေ့ ဘိုင်ဟီယာ၊ ဂျာဘာလီယာနဲ့ ကမ္ဘာပေါ်မှာ လူဦးရေသိပ်သည်းမှု အထူထပ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ ဂါဇာမြို့ထဲက နေရာတွေမှာရှိတဲ့ လူနေအရပ်တွေ၊ ကျောင်းအဆောက်အအုံတွေနဲ့ ဗလီ တွေ ပျက်စီးခဲ့တယ်ဆိုတာကိုဂြိုဟ်တု အချက်အလက်လေ့လာချက်တွေကလည်း ပြသနေပါတယ်။

Unosat ကတော့ ဒါဇင်နဲ့ချီတဲ့ ပြိုကျ ပျက်စီးသွားတဲ့ဖန်လုံအိမ်စိုက်ပျိုးရေးယာခင်းတွေ၊ လက်နက်ကျ ရောက်တာကြောင့်ဖြစ်သွားတဲ့ ချိုင့်တွေဟာ မြင်သာတဲ့အခြေအနေလို့ ပြောပါတယ်။ လမ်းအပိုင်း ၂၇၀ ကျော်ဟာလည်း အဲဒီချိုင့်တွေနဲ့ အပျက်အစီးတွေကြောင့် ပျက်စီးသွားတဲ့ပုံပေါ်တယ် လို့လည်း ဆိုပါတယ်။

အစ္စရေးဟာ ဂါဇာမြောက်ပိုင်းကနေ ရွှေ့ပြောင်းဖို့ ပါလက်စတိုင်းတွေကို အမိန့်ပေးခဲ့ပြီးရွှေ့ပြောင်းခိုင်း တဲ့နေရာဟာ တောင်ပိုင်းက ဝါဒီဂါဇာဆိုတဲ့အရပ်ကို ဖြစ်ပါတယ်။ ဒါပေမဲ့ ဂြိုဟ်တုအချက်အ လက် လေ့ လာချက်တွေအရဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေဟာ အဲဒီက အဆောက်အအုံတွေအပြင် ခန်ယွန်းနစ်၊ ရာဖာနဲ့ အရှေ့တောင်နယ်စပ်အနီးကျေးလက်အရပ်တွေမှာလည်း အပျက်အစီးတွေရှိနေတယ်ဆိုတာ ပြသနေပါတယ်။

လူကြပ်ကြပ်နေအိမ်တွေ

ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ အစ္စရေးကြား ထပ်ချည်းတလဲလဲဖြစ်နေတဲ့ပဋိပက္ခတွေဟာ ဂါဇာက လူအများစုကို လုံလောက်တဲ့အိမ်ယာနဲ့နေထိုင်စရာမရှိဖြစ်စေပါတယ်။

သားမြေးတွေနဲ့မိသားစုတွေဟာ အရည်အသွေးညံ့ညံ့ မလုံမခြုံအဆောက်အအုံတွေမှာ ကြပ်ကြပ် တည်း တည်းနေထိုင်ကြရပြီး နော်ဝေဒုက္ခသည်ကောင်စီအဖွဲ့ရဲ့အပြောအရဆိုရင် လူပေါင်း ၁၂၀,၀၀၀ ကျော်ဟာ ပြတင်းပေါက်မရှိ၊ လုံခြုံတဲ့ခေါင်မရှိ၊ အမိုးမရှိတဲ့နေရာတွေမှာ နေထိုင်နေကြရတယ်လို့ ဆို ပါတယ်။


ပါလက်စတိုင်းအာဏာပိုင်တွေကတော့ လက်ရှိ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိမ်အ လုံးရေ တစ်ထောင်နီးပါး ပြိုကျပျက်စီးခဲ့ပြီး ၂၀၁၄ ခုနှစ်ကတည်းက ဆိုရင် အရင်က ပဋိပက္ခတွေ ကြောင့် ပြန်လည်တည်ဆောက်ရမယ့်နေအိမ်တွေပါဆိုရင် ၂,၂၀၀ အထိရှိလာတယ်လို့ ဆိုပါတယ်။

နောက်ထပ် ပျက်စီးသွားတဲ့နေအိမ် ၇၂,၀၀၀ ဟာလည်း ပြန်လည်ပြုပြင်ဖို့ဘယ်လိုငွေကြေးအထောက် အကူမှ မရထားပါဘူး။

ဒီလိုအိမ်တွေဆုံးရှုံးတာတွေပေါင်းကြည့်ရင် ဂါဇာမှာ အိုးအိမ်လိုအပ်ချက်မြင့်တက်လာနေပါတယ်။ Global Shelter Cluster ကတော့ လူတိုင်းအမိုးအကာအောက်နေနိုင်ဖို့ဆိုရင် ဂါဇာမှာ အိမ်အ လုံးရေ ၁၂၀၀၀၀ အထိဆောက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေ 

ဂါဇာလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၁.၇ သန်းဟာ ရွှေ့ပြောင်းခိုင်းတဲ့အမိန့်မတိုင်ခင်မှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားပြီးဖြစ်တယ်လို့ ကုလသမဂ္ဂအချက်အလက်တွေအရ သိရပါတယ်။

ကုလသမဂ္ဂက ပါလက်စတိုင်း ဒုက္ခသည်တွေကို ‘’၁၉၄၈ ခုနှစ်စစ်ပွဲကြောင့် နေအိမ်ဆုံးရှုံး၊ အသက်မွေး ဝမ်းကျောင်းမှုလည်း ဆုံးရှုံးခဲ့ပြီး ၁၉၄၆ ခုနှစ်၊ ဇွန်လ ၁ ရက်ကနေ ၁၉၄၈ ခုနှစ်၊ မေလ ၁၅ ရက်အတွင်း နေထိုင်သူတွေဟာ ပါလက်စတိုင်းလို့ အဓိပ္ပါယ်သတ်မှတ်ပါတယ်။ ပါလက်စတိုင်း ဒုက္ခသည်တွေရဲ့ က လေးတွေဟာလည်း ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်ရမှာဖြစ်ပါတယ်။

အဲဒီဒုက္ခသည်တွေထဲက အယောက် ၅၀၀,၀၀၀ ကျော်ဟာ ကမ်းမြောင်တစ်လျှောက်က လူဦးရေကြပ် တဲ့ ဒုက္ခသည်စခန်း ၈ ခုမှာ နေထိုင်နေခဲ့ကြတာဖြစ်ပါတယ်။

ဂျာဘာလီယာနဲ့ ရှာတီ ဒုက္ခသည်စခန်းနှစ်ခုဟာ ရွှေ့ပြောင်းဇုန်ဖြစ်ခဲ့တာကြောင့် ဒီအခြေအနေဟာ

ကျန်နေတဲ့ဒုက္ခသည်စခန်း ၆ ခုကို ဝန်ပိုဖြစ်စေပြီး အများစုဟာ လေဟာပြင်မှာ ညအိပ်ရတဲ့အခြေ စိုက် ခဲ့ရပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုတွေ 

ဂါဇာမှာ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးရုံ ပိတ်သွားပြီး အစ္စရေးကနေ ပေးဝေနေတဲ့ လျှပ် စစ်လည်း ဆိုင်းငံ့လိုက်ပြီဖြစ်လို့ ဂါဇာမှာ လျှပ်စစ်မီး မရှိဖြစ်နေပါတယ်။

ဒီယာအယ်ဘလာ မှာရှိတဲ့ ဂါဇာဓာတ်အားပေးစက်ရုံဟာ ရွှေ့ပြောင်းခိုင်းတဲ့အရပ်ရဲ့တောင်ပိုင်းမှာ ရှိ ပြီး လောင်စာဆီ ကုန်သွားပြီဖြစ်လို့ အောက်တိုဘာလ ၁၁ ရက်ကတည်းက ပိတ်သွားပြီဖြစ်ပါတယ်။

လက်ရှိ ပဋိပက္ခ မဖြစ်ခင်တုန်းကတောင် ဂါဇာမှာ လျှပ်စစ်မီးပြတ်တောက်မှုဟာ နေ့တိုင်းဖြစ်ပွား နေခဲ့ တာပါ။ ပျမ်းမျှအနေနဲ့ နေအိမ်တွေဟာ တစ်နေ့ကို လျှပ်စစ်မီး ၁၃ နာရီပဲရကြတယ်လို့ ကုလသမဂ္ဂ အ ချက်အလက်တွေအရ သိရပါတယ်။

အကျပ်ဆိုက်နေတဲ့ဆေးရုံတွေ 

ဆေးရုံတွေလို အရေးပါတဲ့နေရာတွေဟာ မီးစက်သုံးနေကြရပေမဲ့ အစ္စရေးဘက်က ပိတ်ဆို့မှုကြောင့် လက်ရှိ စက်ဆုံးဆီကုန်ရင် နောက်ထပ် ဆီရဖို့မဖြစ်နိုင်တဲ့အခြေအနေပါ။

နိုင်ငံကတာ ကြက်ခြေနီအဖွဲ့(ICRC) ကတော့ ဂါဇာ ဆေးရုံတွေမှာ လျှပ်စစ်မီးမရဘူးဆိုရင် ဆေးရုံ တွေဟာ ‘‘ရင်ခွဲရုံတွေ ဖြစ်နိုင်တဲ့အထိ စိုးရိမ်ရတယ်’’ လို့ ပြောပါတယ်။

ဂါဇာက အယ် အလီအာရပ်ဆေးရုံမှာ လူရာချီသေဆုံးနိုင်တဲ့အထိ စိုးရိမ်ရတဲ့ အောက်တိုဘာလ ၁၇ ရက် ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း အာဏာပိုင်တွေ ဘက် က အစ္စရေးကို အပြစ်ဖို့ခဲ့ပါတယ်။ အစ္စရေးဘက်ကတော့ ဒီဖြစ်ရပ်ဟာ သူတို့နဲ့မသက်ဆိုင်ဘူးလို့ ငြင်း ဆိုပါတယ်။ 

ဒါပေမဲ့ မြောက်ပိုင်းက ရွှေ့ပြောင်းဇုန်မှာရှိတဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံအများစုဟာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကတော့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအဆောက်အအုံတွေ တိုက် ခိုက်ခံရမှု အကြိမ်ရေ ၁၀၀ ကျော်အထိရှိခဲ့ပြီး ဂါဇာမှာရှိတဲ့ဆေးရုံအများစုဟာ အပြည့်အဝလည် ပတ်နိုင်တာမရှိတော့ဘူးလို့ ဆိုပါတယ်။ 

အနောက်ဘက်ကမ်း ဒါမှမဟုတ် အရှေ့‌ဂျေရုစလင် ဆေးရုံတွေမှာ အသက်ရှူစက် လိုနေတဲ့လူနာ တွေနဲ့ ပိုကြီးကြပ်စောင့်ရှောက်မှုလိုတဲ့လူနာတွေဟာ ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ ထောက်ခံမှုလို အပ်ပြီး အဲဒီနောက်မှာ အစ္စရေးအာဏာပိုင်တွေက ခွင့်ပြုချက်ပေးပါတယ်။

၂၀၀၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိဆိုရင် လူပေါင်း ၇၀,၀၀၀ ကျော် ဒါမှမဟုတ် လူနာသုံးပုံတစ်ပုံ ခန့် ရဲ့ ခွင့်ပြုချက်လျှောက်ထားမှုဟာ နှောင့်နှေးတာနဲ့ အငြင်းခံရတာတွေရှိခဲ့ပါတယ်။ လူနာအချို့ဟာ သူတို့ခွင့်ပြုချက်လျှောက်ထားတဲ့ တုံ့ပြန်ချက်ကို ရဖို့စောင့်ရင်း ဆုံးပါးခဲ့ကြပါတယ်။

ရေရရှိမှုနည်းပါးလာနေ

ဂါဇာမှာ ရေပိုက်ခေါင်းကကျတဲ့ရေဟာ ငံပြီး ညစ်ညမ်းတာကြောင့် သောက်သုံးဖို့မသင့်တဲ့ရေအဖြစ် မှတ်ယူထားပါတယ်။ အခုတော့ အစ္စရေးက ဂါဇာကို ထောက်ပံ့ပေးနေတဲ့ ရေသန့်ထောက်ပံ့မှုကို ဖြတ် တောက်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရဆိုရင် လူတစ်ယောက်ဟာ သောက်ဖို့၊ လျှော်ဖွတ်ဖို့၊ ချက်ပြုတ်ဖို့နဲ့ ချိုးဖို့ ဆိုရင် ရေလီတာ ၁၀၀ နေ့စဥ် လိုအပ်ပါတယ်။ ပဋိပက္ခမဖြစ်ခင်တုန်းကဆိုရင် ဂါဇာမှာ ပျှမ်းမျှ ရေ သုံးစွဲမှုဟာ ၈၄ လီတာရှိပေမဲ့ အဲဒီထဲက ၂၇ လီတာလောက်ဟာ လူသုံးစွဲလို့မသင့်တဲ့ရေအဖြစ် မှတ် ယူထားပါတယ်။

လက်ရှိမှာတော့ ဂါဇာမှာ လူတစ်ဦး ရေသုံးနှုန်းဟာ ၃ လီတာပဲ ရှိတယ်လို့ခန့်မှန်းပါတယ်။

ရေဓာတ်ခမ်းခြောက်ပြီး ရေကနေတဆင့်ကူးစက်တဲ့ရောဂါတွေအတွက် စိုးရိမ်စရာအခြေအနေ မြင့် တက်လာတယ်လို့ ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည် အေဂျင်စီ UNRWA ကတော့ ‘’ရေမရဘူးဆို ရင် လူတွေသေဆုံးလာနိုင်တယ်’’ လို့ သတိပေးပါတယ်။

ဂါဇာကို ဖြန့်ဝေနေတဲ့ပင်မရေဂိတ် ၃ ခုထဲက ၁ ခုပဲ ဖွင့်ထားပေးပြီး တောင်ပိုင်းက ခန်ယွန်းနစ်ကိုသာ သောက်ရေဖြည့်ဆည်းပေးနေပါတယ်။

ရေတင်စက်တွေနဲ့ ရေဆိုးမြောင်းစနစ်တွေလည်ပတ်ဖို့ဆိုရင် လောင်စာဆီလိုအပ်ပါတယ်အကျိုးဆက် ကတော့ ရေဆိုးစနစ်ကနေ ရေပြန်ထုတ်တဲ့စက်ရုံတွေ ရပ်သွားပြီး စွန့်ပစ်ညစ်ညမ်းရေ ဂါလံသန်းဆယ် ချီ ဟာ ပင်လယ်ထဲကို နေ့စဥ် စီးဝင်နေပါတယ်။

ဒီအတောအတွင်းမှာပဲ ရေတွင်း ၆ ခုထက်မနည်း၊ ရေတင်စက်ရုံ ၃ ရုံ၊ ဆည် ၁ ခုနဲ့ ရေငံကနေ ရေချို ထုတ်စက်ရုံတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ပြီး လူငါးသိန်းကျော် အတွက် ရေရ ရှိမှု ပြတ်တောက်သွားပါတယ်။

နယ်စပ်တွေ ပိတ်ထား

ပဋိပက္ခကနေ လွတ်မြောက်ရေး ဂါဇာကနေထွက်ဖို့ အရပ်သားတွေအတွက် မျှော်လင့်ချက်နည်း နေ ပါတယ်။

ဟားမတ်စ်တိုက်ခိုက်မှုမတိုင်ခင်မှာ ဂါဇာကို အဝင်အထွက်လုပ်ဖို့ ခွင့်ပြုတဲ့ နယ်စပ်ဖြတ်နေရာ ၂ နေ ရာပဲရှိပြီး အများစုဟာ ပိတ်ထားတာနှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။


ပါလက်စတိုင်းတွေဟာ အစ္စရေးကထုတ်ထားတဲ့ ခွင့်ပြုချက်မရဘူးဆိုရင် အစ္စရေးကိုဖြတ်ပြီး ဂါဇာက နေ ထွက်ခွာတာကို တားမြစ်ထားပါတယ်။ နေ့စဥ်လုပ်သားတွေ၊ စီးပွားရေးလုပ်သူတွေ၊ လူနာတွေနဲ့ လူနာစောင့်တွေ၊ အကူအညီပေးရေးလုပ်သားတွေကိုတော့ ခွင့်ပြုချက်ကို အကန့်အသတ်နဲ့ ထုတ် ပေး ပါတယ်။

အစ္စရေးနဲ့ဆက်နေတဲ့ ၆၀ ကီလိုမီတာရှည်တဲ့နယ်စပ်တစ်ခုလုံးဟာ ‘’မသွားရ’’နယ်မြေအဖြစ်ခြံစည်းရိုး ခတ်၊ အဲဒီစည်းရိုးကနေ မီတာ ၁၀၀ အထိကိုလည်း မသွားရနယ် သတ်မှတ်ထားပြီး မီတာ ၃၀၀ အထိ ကိုတောင် စိုက်ပျိုးရေးလုပ်သူတွေကိုပဲ သွားခွင့်ပေးထားပါတယ်။ 

ရာဖာနယ်စပ်ကိုဖြတ်ပြီး အီဂျစ်ကနေတဆင့် ဂါဇာက ထွက်ခွာချင်သူတွေဟာလည်း ပါလက်စတိုင်း အာဏာပိုင် တွေကို သီတင်းပတ်ချီ ကြိုတင်မှတ်ပုံတင်ရသလို အီဂျစ်မှာလည်း လျှောက်ထားရပါတယ်။ အီဂျစ်ဘက်ကလည်း အရေအတွက် ကန့်သတ်ပြီး လုံခြုံရေးတင်းကြပ်တာတွေ ပြုလုပ်ပါတယ်။

အခုတော့ အစ္စရေးဟာ အီရတ်ဇ်နယ်စပ်ဖြတ်စခန်းကို အကန့်အသတ်မရှိပိတ်လိုက်ပြီး အီဂျစ်ဘက် ခြမ်းက ရာဖာနယ်စပ်ဖြတ်စခန်းဟာလည်း ပါလက်စတိုင်းဘက်ခြမ်းကို အစ္စရေးက လေကြောင်းတိုက် တာကြောင့် အီဂျစ်ဘက်က ပိတ်ထားပါတယ်။

အဲဒီဘက်အခြမ်းမှာ အီဂျစ်ကနေ ဂါဇာထဲကိုဖြတ်ကျော်ဝင်ရောက်မယ် အစားအသောက်၊ ဆေးဝါးနဲ့ ရေ အပါအဝင် လူသားချင်းစာနာမှုအကူအညီ ဟန့်တားခံရပါတယ်။ ပဋိပက္ခစတင်တဲ့ သီတင်း ၂ ပတ် အတွင်းမှာ ပထမဆုံးအကြိမ် အကူအညီအချို့ ပြီးခဲ့တဲ့ရက်က ဝင်ခွင့်ရပါတယ်။ အစ္စရေးဟာ ဂါဇာထဲ ကို အစားအသောက်၊ ရေနဲ့ဆေးဝါး အကူအညီကား အစီး ၂၀ ဝင်ခွင့်ပေးခဲ့ပေမဲ့ လောင်စာ ဆီတော့ ဝင်ခွင့်မပေးခဲ့ပါဘူး။

ဒီလိုပိတ်ဆို့မှုကို ရှောင်ရှားဖို့ ဟားမတ်စ်အဖွဲ့ဟာ အီဂျစ်ကနေ ကမ်းမြောင်ထဲကို စားသောက်ကုန်တွေ သွင်းဖို့အတွက် ဥမင်ကွန်ရက်တွေကို တည်ဆောက်ပြီး မြေအောက် ကွပ်ကဲရေး စင်တာတစ်ခုကိုလည်း တည်ဆောက်ပါတယ်။

အစ္စရေးဘက်ကတော့ စစ်သွေးကြွတွေဟာ အဲဒီဥမင်တွေကို လက်နက်တွေမှောင်ခိုကူးဖို့နဲ့ လူမမြင် အောင်ရှောင်ဖို့ သုံးတယ်လို့ ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း မကြာခဏလုပ် ပါ တယ်။


လူငယ်လူဦးရေ

ဂါဇာဟာ ကမ္ဘာမှာ လူငယ်လူဦးရေအများဆုံးနေရာတွေထဲက တစ်ခုဖြစ်ပြီး လူဦးရေ ၆၀ ရာခိုင်နှုန်းနီး ပါး ဟာ အသက် ၂၅ နှစ်အောက် လူငယ်တွေလို့ ပါလက်စတိုင်း ဗဟိုစာရင်းအင်းဗျူရိုရဲ့ အချက်အ လက် တွေအရ သိရပါတယ်။

ဂါဇာမှာ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲမွဲတေမှုနဲ့နေထိုင်နေကြရပါတယ်။ ကမ္ဘာမှာ အလုပ် လက် မဲ့နှုန်းအမြင့်ဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ၄၅ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */