Tuesday, September 12, 2023

ICJ တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သော မြန်မာစစ်တပ်ကို တရားစွဲဆိုထားမှုတွင် တရားလို ဂမ်ဘီယာ နိုင်ငံဘက်မှ ပြင်သစ် ရပ်တည်ပါဝင်မည်

ခေတ်သစ်မီဒီယာ
By Yangon Khit Thit News Agency

September 12, 2023


ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ်သို့ စက်တင်ဘာလ ၁၀ ရက်နေ့က ရောက်ရှိခဲ့သည့် ပြင်သစ်သမ္မတ ။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သော မြန်မာစစ်တပ်ကို တရား စွဲ ဆိုထားမှုတွင် တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ်နိုင်ငံက ပါဝင်ရပ်တည်မည်ဖြစ်ကြောင်း ပြင်သစ် သမ္မတ Emmanuel Macron က ကြေညာသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ပြင်သစ်သမ္မတ Emmanuel Macron က ဘင်္ဂလားဒေ့ရှ် ဝန်ကြီး ချုပ် Sheikh Hasina နှင့် တွေ့ဆုံအပြီး ထိုသို့ ကြေညာခဲ့ခြင်းဖြစ်သည်။


“တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရန် နိုင်ငံတကာ ကြိုးပမ်းမှုကို ထောက်ခံသောအားဖြင့် ဂမ်ဘီယာနှင့် မြန်မာ အမှု ကို နိုင်ငံတကာ တရားရုံးရှေ့မှောက်တွင် ကြားဝင်စွက်ဖက်ရန် ပြင်သစ်က ၎င်း၏ ဆုံးဖြတ်ချက်ကို ကြေ ညာခဲ့သည်” ဟု ပြင်သစ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပူးတွဲကြေညာချက်ဖော်ပြထားသည်။

ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သော မြန်မာစစ်တပ်အပေါ် နိုင်ငံတကာတရားရုံးကအမှုကိုကြား နာစစ်ဆေးလျက်ရှိနေပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင် သန်းချီကို ရွှေ့ပြောင်းစေခဲ့ပြီး အကြမ်းဖက်သတ် ဖြတ် မှုများကို ၂၀၁၇ ခုနှစ် သြဂုတ်လက ရက်စက်ကြမ်းကြုတ်စွာ ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့ကြခြင်း ဖြစ် သည်။

ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူမျိုးသုဉ်းသုတ်သင်မှုများကို ကုလသမဂ္ဂက ရှုတ်ချရန်ကုလ သမဂ္ဂ လုံခြုံရေးကောင်စီတွင် မိတ်ဖက်များနှင့်အတူ ပြင်သစ်နိုင်ငံမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတက ပြောဆိုသည်။

နှစ်များအတွင်း မြန်မာနိုင်ငံမှ အတင်းအဓမ္မ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည့် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်က ကူညီ ခဲ့မှုအပေါ် ပြင်သစ်နိုင်ငံက ချီးမွမ်းခဲ့ပြီး ရိုဟင်ဂျာများ နေရပ်သို့ လူဂုဏ်သိက္ခာနှင့်အညီပြန်နိုင်ရေးအတွက်ပြင်သစ် က တိုက်တွန်း တောင်းဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ လှုပ်ရှားမှုများအတွက် ယူရို ၁ သန်း (ဒေါ်လာ ၁.၀၇ သန်း) လှူဒါန်းကြောင်း ပြင်သစ်က ကြေညာသည်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်ကမူ ပြင်သစ်က ဂမ်ဘီယာဘက်မှ ရပ်တည်မည်ဟု ကြေညာမှု ကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ICJ က Rohingya Genocide case ကို ဝင် join မယ်လို့ ကြေညာထားတာ ၅ နိုင်ငံရှိတယ်။ ပြင်သစ်ကို join ဖို့ နိုင် ငံတကာအဖွဲ့အစည်းတွေကလည်း တိုက်တွန်းနေတာရှိတယ်။ ပြင်သစ်သမ္မတ G20 ညီလာခံ မသွားခင် သူ့ရဲ့ အကြံ ပေးအဖွဲ့နဲ့ ကျွန်တော်စကားပြောတုန်းကလည်း ဒီကိစ္စကို အမြန်ဆုံး ဆုံးဖြတ်ပြီး ကြေညာပေးပါလို့ တောင်းဆိုခဲ့ တယ်။ အဓိက ဘင်္ဂလားဒေ့ရှ်သွားနေတာဆိုတော့ ရိုဟင်ဂျာကျောင်းသားတစ်ချို့ကို ပြင်သစ်ခေါ် လာပြီး ပညာသင် ပေးဖို့နဲ့ ဒီကိစ္စကို တောင်းဆိုခဲ့တာပါ။ ပြင်သစ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်တော့ အခု UN ရဲ့တရားရုံး ဖြစ်တဲ့ ICJ က Rohingya Genocide case မှာ ဝင် join မယ်လို့ ကြေညာတာကဒီအမှု့အတွက် ပိုအင်အားကောင်းသွားတယ်။ UK က မနှစ်က ကြေညာထားတော့ ဒီအမှု့မှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံရဲ့ တ ရားဝင် ပူးပေါင်းမှုရှိနေပြီ” ဟု ရိုနေဆန်းလွင်က ဆိုသည်။

ပြင်သစ်သမ္မတက မြန်မာစစ်တပ်အနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်ကြောင်း ၂၀၁၇ ခုနှစ်တွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

“၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေကို မတရားသဖြင့် ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်၊ အိမ်မီးရှို့၊ အမျိုးသမီးတွေ ကို မုဒိမ်းကျင့်ပြီး ရက်စက်နေတဲ့အချိန်မှာ ပြင်သစ်သမ္မတ Macron က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ် ဖြတ်မှု (Genocide) ကျူးလွန်နေတယ်လို့ ထုတ်ဖော်ပြောဖူးတယ်။ အခုလို ICJ မှာ ပါဝင်အင်အားဖြည့်ဖို့ တရား ဝင် ကြေ ညာလိုက်တာက ကျွန်တော်တို့အတွက် မျှော်လင့်ချက်တစ်ခု ပိုတိုးလာသလိုပါပဲ။ အားရဝမ်းသာကြို ဆို ပါ တယ်။ ပြင်သစ်နိုင်ငံနဲ့ သမ္မတကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟု ရိုနေဆန်းလွင်က သုံးသပ်ပြောဆို သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */