" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 14, 2022

မသန်စွမ်းရိုဟင်ဂျာဒုက္ခသည်တွေရင်ဆိုင်နေရတဲ့အခက်အခဲ

VOA
ဗွီအိုအေမြန်မာပိုင်း
သိင်္ဂီထိုက်
၁၄ ဒီဇင်ဘာ၊ ၂၀၂၂

 


ဘင်္ဂလားဒေရှ့် နိုင်ငံ၊ ကောဇ့်ဘဇားက စခန်းတွေမှာ နေထိုင်နေကြတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရဲ့ ၁၂ ရာခိုင်နှုန်းဟာ မသန်စွမ်းတွေ ဖြစ်ကြောင်း ပြီးခဲ့တဲ့ နှစ် အတွင်း လေ့လာချက်မှာ ဖော်ပြပါတယ်။ မသန်စွမ်း တွေ အတွက် စခန်းတွင်း သွားရေး လာရေး အခက်တွေ့နေကြသလို ဒုက္ခသည်တွေ အတွက် ပေးတဲ့ ဝန်ဆောင်မှု တွေ ကိုလည်း လက်လှမ်းမမီ ဖြစ်ကြရပါတယ်။ UNiFeed သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြော ပြပေးမှာပါ။

ဆွစ်ဇာလန် အခြေစိုက် REACH အဖွဲ့ရဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ပထမဆုံးကောက် ယူခဲ့တဲ့ ဆန်းစစ်ချက်မှာ အခုလို ဖော်ပြတာ ဖြစ်ပါတယ်။ ဒီ အရေအတွက်က ဖြစ်နိုင်ဖွယ် ရှိတယ်လို့ မသန်စွမ်း တွေ ကို ကူညီပေးနေသူတွေကလည်း ယူဆကြပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ၂၀၁၇ ခုနှစ်က အကြမ်း ဖက် မှု တွေကနေ ထွက်ပြေးလာကြရသူတွေထဲမှာ အသက်အရွယ်စုံ မသန်စွမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် Farida က အခုလို ပြောပါတယ်။

"သူတို့ကို ခက်ခက်ခဲခဲ ခေါ်လာခဲ့ရတာပါ။ လမ်းတလျှောက် သူ့ကို သယ်ပိုးပြီး ခေါ်လာဖို့ အတွက် ကျမ ခင်ပွန်း သည် မှာ သူများတွေကိုလည်း အကူအညီ တောင်းခဲ့ရပါတယ်။ ကျမလည်း အခုထိ အကြွေးတွေ ဆပ်နေရတုံးပါ။"

၂၀၁၇ ခုနှစ်မှာ စတင် ရောက်လာကြတဲ့ မသန်စွမ်းတွေကို စခန်းတွင်းမှာ ကူညီဆောင်ရွက်ပေးသူတွေ ရှိကြောင်း ရိုဟင်ဂျာ ဒုက္ခသည် ဦးမောင်မောင်က ဗွီအိုအေကို ပြောပါတယ်။

“ အိပ်ယာက မထနိုင်တဲ့သူတွေ ရှိတယ်။ လမ်းလျှောက်လု့ိ မရတဲ့သူတွေလည်း ရှိသေးတယ်။ မျက်စိ မမြင်တဲ့သူ တွေလည်း ရှိသေးတယ်။ NGO တွေက သူတို့ကို ကူနေတာတွေ ရှိတယ်။ ဒါပေမယ့် လုံလောက်တဲ့ ဆေးကုသမှု တွေ မရနိုင်ဘူး။ ”
ရိုဟင်ဂျာ ဒုက္ခသည် တဦး ဖြစ်တဲ့ Farida ကလည်း"ဘီးတပ် ကုလားထိုင် မသုံးဖို့ သူ့ အဖေက ကျမ ကို ပြောပါ တယ်။ ခြေနင်းက မကောင်းတော့ပါဘူး။ မနေ့က ဆို သူ ပြုတ်ကျပါတယ်။ "မသန်စွမ်းတွေနဲ့ ဆက်သွယ် ဆောင် ရွက် နိုင်မယ့် နည်းလမ်းတွေနဲ့ ရှက်ရွံ့သိမ်ငယ်မှု မဖြစ်စေရေး အသိပညာ ပေးမှုတွေ အပါအဝင် အကူအညီပေး သူတွေကိုလည်း လေ့ကျင့် သင်ကြားပေးနေကြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် Frida ကတော့"ပိုပြီး ကောင်းလာပါ တယ်။ နေ့တိုင်း လေ့ကျင့်ခန်း လုပ်တာက အကျိုးရှိပါတယ်။"


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး UNHCR နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေ၊ အထူးသဖြင့် Handicap International – Humanity & Inclusion – HI အဖွဲ့က မသန်စွမ်းသူတွေ သူတို့ကိုယ်တိုင် သွားလာလှုပ်ရှားနိုင် ရေး အတွက် ပြန်လည်ထူထောင်ရေး၊ အထောက်အကူ ပစ္စည်း ကိရိယာတွေနဲ့ တခြားသော ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေကြပါတယ်။ María Carolina Rubio ဟာ ဆိုရင် ကောဇ့်ဘဇားက Humanity & Inclusion အကူအညီပေးရေး အဖွဲ့ရဲ့ အကြီးတန်း စီမံကိန်း မန်နေဂျာ ဖြစ်ပါတယ်။


"မသန်းစွမ်းတွေကို အလေးပေးမှု နည်းပြီး အကူအညီ အလိုအပ်ဆုံး ဖြစ်နေဆဲပါ။ မသန်စွမ်းတွေ အတွက် ဆောင် ရွက်ပေးတဲ့ အဖွဲ့အစည်းတွေက သိပ်ပြီး နည်းပါသေးတယ်။ UNHCR ကို ကျေးဇူးတင်ပါတယ်။ အလိုအပ်ဆုံးသူ တွေ ကို တကယ်ကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ရန်ပုံငွေ ပြတ်သွားရင်တော့ မသန်စွမ်းတွေ အတွက် ထိခိုက်ရပါလိမ့်မယ်။ "

တောင်ကုန်း တောင်စောင်းတွေ များပြီး ရွှံ့နွံ ထူတဲ့ လမ်းတွေကြောင့် မသန်စွမ်းတွေနဲ့ သက်ကြီးပိုင်း လူတွေ အ တွက် သွားရေး လာရေး အခက်တွေ့စေပြီး ဝန်ဆောင်မှုတွေ ရရှိရေး အတွက်လည်း အခက်အခဲ ဖြစ်စေပါတယ်။ မသန်စွမ်း တဦး ဖြစ်တဲ့ မိုဟာမက် ဆိုရင် တနေရာကနေ တနေရာကို သွားဖို့ အချိန် အတော်ယူရတယ်လို့ ပြော ပြပါတယ်။

"ဒီကို ရောက်ဖို့ တနာရီ ကြာပါတယ်။ ကျနော်က စာသင်ခန်းတွေ၊ ဆေးရုံတွေ ဘယ်နေရာမှာ ရှိလဲ ဆိုတာကို တခြားသူတွေကို ပြောပြ ကူညီနေတာပါ။ သူတို့ လိပ်စာ မသိဘူးဆိုရင်ပေါ့လေ။ ကျနော် မြန်မာပြည် ပြန်ရောက် ရင်လည်း တခြားသူတွေကို ကူညီပေးမှာပါ။ "

ဆွစ်ဇာလန် အခြေစိုက် REACH အဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် အတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ပထမဆုံးကောက် ယူခဲ့တဲ့ ဆန်းစစ်ချက်မှာတော့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွင်းက မသန်စွမ်းတွေ အနေနဲ့ ခိုလှုံရေး စခန်းတွင်း အ ရွှေ့ အပြောင်း၊ စခန်းတွင်း သွားရေးလာရေး၊ နောက် အိမ်သာ အသုံးပြုမှုနဲ့ ရေချိုးတာတွေမှာပါ အခက်အခဲတွေ ဖြစ်နေကြကြောင်း၊ ဒါ့အပြင် ဒုက္ခသည် စခန်းတွင်းက ဝန်ဆောင်မှုတွေကို ရယူ အသုံးပြုနိုင်ရေး အတွက်လည်း အခက်အခဲ ဖြစ်ကြရကြောင်း ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */