SRA မှာ ဘယ်တပ်တွေပါလဲ၊ ဘယ်သူတွေဦးဆောင်မလဲ
SRA မဟာမိတ်တပ်ပေါင်းစုမှာ ပါဝင်တဲ့ တပ်ဖွဲ့တချို့
SRA တပ်ပေါင်းစုမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့အပြင် တခြားဒေသအခြေစိုက်တပ် စုစုပေါင်းတပ် ၁၉ တပ်ပါဝင်ပါတယ်။
SRA တပ်ပေါင်းစု ပေါ်ပေါက်လာဖို့ တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့ကနေ ပြီးခဲ့တဲ့မေလမှာ စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြတယ်လို့ SRA က သူတို့ရဲ့ထုတ်ပြန်ချက်မှာ ပြောပါတယ်။
၂၀၂၅ နိုဝင်ဘာလမှာ တပ်ဖွဲ့ ၁၄ ဖွဲ့နဲ့ ကနဦး တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့ပြီး အဲဒီတွေ့ဆုံမှုတွေကနေ ဘုံသဘော တူညီချက်တွေ ရခဲ့တယ်လို့ သိရှိရပါတယ်။
အဲဒီနောက် တပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံကို လွတ်မြောက်နယ်မြေတစ်နေရာမှာ နိုဝင်ဘာလအတွင်း ၃ ရက် တာပြုလုပ်ခဲ့ပြီး အဲဒီညီလာခံမှာပဲ SRA တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းနိုင်ခဲ့တယ်လို့ SRA ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
လက်ရှိမှာ SRA တပ်ပေါင်းစုတစ်ခုလုံးကို ထိန်းညှိဖို့ တပ်ဖွဲတွေရဲ့ကိုယ်စားလှယ်အသီးသီးပါဝင်တဲ့ ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းထားတယ်လို့ SRA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ဘီဘီစီကိုပြောပါတယ်။
အဲဒီကော်မတီကနေ "တပ်ပေါင်းစုရဲ့ လုပ်ငန်းစဉ်တွေ၊ စစ်ဆင်ရေးတွေ နဲ့ စီမံချက်တွေကို အဓိက ဦးဆောင်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်တယ်" သူက ရှင်းပြပါတယ်။
ကော်မတီတစ်ရပ်မှာ တပ်ပေါင်းစုံက အဖွဲ့ဝင်အားလုံးပါအောင် ဖွဲ့စည်းရတာကလည်း "တရားမျှတမှု၊ လွတ်လပ်မှုရှိတဲ့ တပ်ပေါင်းစုဖြစ်လာစေချင်တာကြောင့်ပါ" လို့ နောက်ထပ် SRA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဘီဘီစီက SRA ကို မေးမြန်းကြည့်ရာမှာတော့ ကော်မတီရဲ့ဖွဲ့စည်းပုံနဲ့ တာဝန်ခွဲဝေယူမှုတွေကို အကျယ်တဝင့်ထုတ်ပြန်ဖို့ စောသေးတယ်လို့ ကိုမင်းဟန်ထက်က တုံ့ပြန်ဖြေပါတယ်။
တစ်ဖက်မှာလည်း နွေဦးတော်လှန်ရေးတပ်ပေါင်းစု(SRA)ဆိုပြီး သီးခြား ထွက်ပေါ်လာတာကြောင့် တော်လှန်ရေးအင်အားစုတွေကြား ကွဲပြားမှုတွေနဲ့ မြေပြင်မှာ အားပြိုင်မှုတွေ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ဝေဖန်ပြောဆိုချက်တွေလည်း ထွက်လာပါတယ်။
SRA မှာ ပါတဲ့တပ်ဖွဲ့တစ်ခုကတော့ SRA တပ်ပေါင်းစုမှာ NUG ရဲ့ ကွပ်ကဲမှုအောက်က တပ်ရင်းတွေ မပါဝင်ပေမယ့် ဒေသအလိုက် စစ်ရေးလှုပ်ရှားမှုတွေမှာ SRA က ပူးပေါင်းသွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။
SRA ကတော့ တပ်ပေါင်းစု ဖြစ်မလာခင် အကြိုညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ဖြစ်မြောက်ရေးညီလာခံတွေမှာ အမျိုး သားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့ လည်း တွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။
"NUG ကလည်း ဒီတပ်ပေါင်းစုဖွဲ့စည်းမှုအပေါ် ကြိုဆိုတယ်" လို့ ကိုမင်းဟန်ထက်က ပြောပါတယ်။
တစ်ဖက်မှာလည်း NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ SRA တပ်ပေါင်းစု ထွက်ပေါ်လာတဲ့အပေါ် ကြိုဆိုတယ်လို့ သူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေ မှတ်ချက်ပြုပါတယ်။
"စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသူတွေအချင်းချင်းကြား ကွဲတာမကောင်းဘူး။ စုတာကောင်းတယ်၊ ကြိုဆိုပါတယ်" လို့ သူက ရေးသားထားတာပါ။
SRA တပ်ပေါင်းစုထဲမှာ NUG ရဲ့ ကွပ်ကဲမှုအောက်က တပ်တွေ မပါဝင်လာတဲ့အပေါ် SRA နဲ့ နီးစပ်တဲ့ သတင်း ရင်း မြစ်ကတော့ အမိန့်ပေးကွပ်ကဲမှုကြောင့်လို့ ပြောပါတယ်။
"အမိန့်ပေးကွပ်ကဲမှု-Change of command(COC)ပေါ့။ SRA အနေနဲ့ COC ကို သီးသန့်ပဲ သွားချင်တဲ့သဘောရှိတာကြောင့်" လို့ သူက ရှင်းပြပါတယ်။
"တော်လှန်ရေးကို အုပ်စု ၃ စုခွဲရမယ်ဆိုရင် EAO( တိုင်းရင်းသားလက်နက်ကိုင်)အုပ်စု၊ NUG အုပ်စု၊ တပ်ပေါင်းစု(SRA) သက်သက်စီ ခွဲလိုက်တဲ့သဘောပေါ့"လို့ သူက ဆက်ပြောပါတယ်။
အလားတူ SRA တပ်ပေါင်းစုအနေနဲ့ မူဝါဒသတ်မှတ်ချက်တွေနဲ့အညီ တခြားတော်လှန်ရေးအင်အားစုတွေကို ဖိတ်ခေါ်သွားမယ်လို့ အသိပေးပါတယ်။ ဒါပေမဲ့ ဘယ်လိုမူဝါဒသတ်မှတ်ချက်တွေလဲဆိုတာကိုတော့ SRA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ မရှိပါဘူး။
အသိပေးချက်- SRA တပ်ပေါင်းစုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF ) ပါဝင် မှုမရှိတဲ့အတွက် ထပ်မံစိစစ်ပြီး ပြင်ဆင်ဖော်ပြထားပါတယ်။
SRA တပ်ပေါင်းစုမှာ ပါဝင်တဲ့တပ်ဖွဲ့ ၁၉ ဖွဲ့ 96 Soilders PDF
ဗမာ့တပ်တော်(BA)
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)
ချင်းညီနောင်(CB)
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)
ထိုင်း- မြန်မာနယ်စပ်မှာ လှုပ်ရှားပြီး ဒရုန်းတပ်ဖွဲ့လို့ သိကြတဲ့ Force for Federal Democracy(FFD)
Generation Z Army(GZA)
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
ကလေးဒေသတော်လှန်ရေးတပ်(KRF)
မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MAGWAY PDF)
မွန်ပြည်တော်လှန်ရေးတပ်(MSRF)
အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)
ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါင်မ်) (PNDF-KK)/ (PPDF-KD)
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(SAGAING PDF)
ကျောင်းသားလက်ရုံးတပ်တော်(SAF)
ယောတပ်တော်(YA)
ယောကာကွယ်ရေးတပ်(YDF)
SRA မှာပါတဲ့ အေအေ မဟာမိတ်တပ်တွေ
အညာတပ်ခွဲ 96 Soldiers - PDF တည်ထောင်မှု ၄ နှစ်ပြည့်အခမ်းအနားနဲ့ စစ်ပညာသင်တန်းဆင်းပွဲကို အေအေထိန်းချုပ်နယ်မြေထဲမှာ အောက်တိုဘာလတုန်းက ကျင်းပခဲ့ပါတယ်။
SRA တပ်ပေါင်းစုမှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ လက်နက်ကိုင်တပ်တွေ ပါဝင်နေပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ကတော့ အာဏာသိမ်းအလွန်ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်တွေထဲ အေအေက လက်နက်ရိက္ခာနဲ့ စစ်သင်တန်းစတဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုတွေ ရနေတဲ့ တော်လှန်ရေးအဖွဲ့ ၂၃ ဖွဲ့ကို ၂၀၂၅ ခုနှစ် ဩဂုတ်လထဲမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီ ၂၃ ဖွဲ့ထဲက ၁၀ ဖွဲ့အပြင် ချင်းညီနောင်(CB) စတဲ့တပ်ဖွဲ့တွေ SRA တပ်ပေါင်းစုမှာ ပါဝင်နေတာ တွေ့ရပါတယ်။
SRA မှာပါတဲ့ အေအေရဲ့မဟာမိတ်တပ်တွေကတော့
• 96 Soilders PDF
• ဗမာ့တပ်တော်(BA)
• ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)
• ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)
• ချင်းညီနောင်(CB)
• Generation Z Army(GZA)
• ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
• ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)
• ကျောင်းသားလက်ရုံးတပ်တော်(SAF)
• ယောတပ်တော်(YA)
• ယောကာကွယ်ရေးတပ်(YDF) တို့ ဖြစ်ကြပါတယ်။
ISP ကတော့ အေအေရဲ့ အထောက်အပံ့ရနေတဲ့ မဟာမိတ်တပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်မြို့နယ်အပါအဝင် မြို့ပေါင်း ၆၁ မြို့နယ်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားနေတယ်လို့ပြောပါတယ်။
SRA တပ်ပေါင်းစုမှာ အေအေရဲ့ မဟာမိတ်တပ် ၁၀ ဖွဲ့ထက်မနည်း ပါဝင်လာတာကြောင့် စစ်တပ်စစ်ဆင်ရေးဆက်လုပ်မယ်လို့ ပြောထားတဲ့ ရခိုင်ပြည်နယ်ထဲက အေအေထိန်းချုပ်နယ်မြေတွေ လက်မလွှတ်ရရေးအတွက် စစ်ရေးအထောက်ပံ့ပိုရလာနိုင်တယ်လို့ ရခိုင်စစ်ရေးလေ့သာသုံးသပ်သူက မှတ်ချက်ပြုပါတယ်။
တရုတ်ဖိအား ရှောင်ထွက်ဖို့လား

KNDF တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)
တရုတ်ဖိအားကြောင့် ရပ်ရတဲ့ စစ်ပွဲတွေကို အဆုံးသတ်ချင်တာကြောင့် SRA တပ်ပေါင်းစု ဖြစ်လာရတာလို့ SRA တပ်ပေါင်းစုထဲမှာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ဒီဇင်ဘာ ဒုတိယအပတ်က တည်းက ပြောထားပါတယ်။
"တရုတ်က ရပ်ဆိုရင်ရပ်ရတဲ့တိုက်ပွဲတွေ ပြီးဆုံးချင်ပြီ။ တရုတ်ဖိအားကိုလည်း လျှော့ချချင်ပြီ" လို့ ဆိုပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း နှစ်ပိုင်းကို ဥပမာပေးပြီးပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနှစ်ပိုင်းလုံး ဖော်ဆောင်ပြီး ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ မြောက်ပိုင်းညီနောင်၃ ဖွဲ့ထဲမှာ ၂ ဖွဲ့ကတော့ ၂၀၂၅ ခုနှစ်ထဲမှာ စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီခဲ့ပါတယ်။
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲမှာ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA) နဲ့ အာရက္ခတပ်တော်(အေအေ) တို့ပါဝင်ပါတယ်။
ကိုးကန့်တပ်ကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ တရုတ်ကြားဝင်မှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်ရှိတဲ့ မြို့တော် လားရှိုးကို စစ်တပ်လက်ထဲ ပြန်လွှဲပေးခဲ့ရပါတယ်။
TNLA ကတော့ အောက်တိုဘာလကုန်ပိုင်းမှာ တရုတ်ဖိအားပေးမှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ခဲ့ပြီး တအာင်းဒေသတွေကို လေကြောင်းဗုံးမကြဲဖို့ စစ်တပ်နဲ့ ညှိနှိုင်းခဲ့ပါတယ်။
အပစ်ရပ်သဘောတူညီချက်အရ TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ပြန်ရခဲ့ပါတယ်။
ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ မပါဝင်တဲ့ SRA တပ်ပေါင်းစုဟာ "ဒီ(တရုတ်)ဖိအားတွေကနေ တဖြည်းဖြည်းချင်းရှောင်ထွက်နိုင်မယ့် စုဖွဲ့မှုတစ်ခုလို့ ပြောနိုင်တယ်"လို့ SRA ထဲမှာ ပါဝင်တဲ့ တပ်ဖွဲ့တစ်ခုက ဘီဘီစီကို ဖြေဆိုပါတယ်။
၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ၂၀၂၄ ဇွန်လမှာ စတင်ခဲ့တဲ့ "ရှမ်း-မန်းစစ် ဆင်ရေး"လို့ ခေါ်တဲ့ ၁၀၂၇ ဒုတိယပိုင်းမှာပါ မြောက်ပိုင်းညီနောင်တပ်တွေကပဲ ဦးဆောင်လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။
SRA တပ်ပေါင်းစုမှာ ၁၀၂၇ စစ်ဆင်ရေးတွေအတွင်း ကိုးကန့်တပ်ဖွဲ့စည်းခဲ့ခဲ့တဲ့ မြောက်ပိုင်းညီနောင်တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသားတပ်မဟာ ၆၁၁ က တပ်တချို့ ပါဝင်နေပါတယ်။
၆၁၁ တပ်မဟာထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ တခြားတပ်ဖွဲ့တွေလည်းပါဝင်ပါတယ်။
BPLA ဟာ ၁၀၂၇ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး ၂၀၂၄ နှောင်းပိုင်းမှာတော့ အညာဒေသတွေမှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားမယ့်အကြောင်း တရားဝင်ထုတ်ပြောခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ မြောက်ပိုင်းစစ်ရေးအကဲခတ်တစ်ဦးကတော့ "ပြည်မနဲ့ တိုင်းရင်းသားနယ်မြေတွေအထိ ဖြန့်ကြက်ထားတဲ့တပ်တွေ တစ်စုတည်းဖြစ်သွားတာကြောင့် စစ်ရေးလှုပ်ရှားမယ့် ဘောင်ပိုကျယ်လာမယ်" လို့ သုံးသပ်ပြောကြားပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ကတော့ SRA တပ်ပေါင်းစုထဲမှာ ပါဝင်တာမျိုး မရှိပေမယ့် SRA နဲ့ပူးပေါင်းမှုတွေ လုပ်သွားမယ်လို့ ဘီဘီစီကီု ဖြေဆိုပါတယ်။
"အပြည့်အဝ ပါဝင်တာတော့ မဟုတ်ပေမယ့် အလုပ်တွေ တွဲလုပ်ဖို့ရှိပါတယ်။ တူတာတွဲမယ်၊ မတူတာတွေ ခွဲလုပ်မယ်" လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် နီနီကျော်က ဘီဘီစီကို ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
မြန်မာ့နိုင်ငံရေးမှာ သက်တမ်းအရင့်ဆုံး ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PLA က တော့ စစ်ကိုင်းနဲ့ တနင်္သာရီအပါအဝင် တအာင်းတပ်နဲ့ ကိုးကန့်တပ်ထိန်းချုပ်နယ်မြေဖြစ်တဲ့နေရာတွေမှာ စစ်ဒေသတွေ ဖွဲ့စည်းပြီးတော်လှန်နေတာဖြစ်ပါတယ်။
SRA တပ်ပေါင်းစုအတွက် စစ်ကိုင်းနဲ့ မကွေးစတဲ့ အညာဒေသတွေ အပါအဝင် မတူညီတဲ့ ဒေသတွင်းအခြေစိုက်တပ်တွေကိုပါ ကမ်းလှမ်းပြီး စုဖွဲ့ခဲ့တယ်လို့ SRA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းကာလ ၅ နှစ်အတွင်း "နယ်မြေတချို့မှာ ဘယ်အဖွဲ့အောက်မှာမှ မဝင်ဘဲ တစစီကွဲနေတဲ့ အဖွဲ့တွေကို ပြန်စုစည်းပြီး အားတစ်ခု ဖြစ်လာအောင်"ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ်းလှမ်းပြီး စုဖွဲ့ခဲ့တာလို့ သူက ဆိုပါတယ်။
SRA တပ်ပေါင်းစုမှာ NUG တပ်တွေ မပါဝင်ပေမယ့် NUG ကွပ်ကဲမှုအောက်က တပ်ဖွဲ့တချို့ကိုတော့ SRA ဘက်က ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်လို့ ကမ်းလှမ်းခံရတဲ့ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"ဒီအဖွဲ့က ဘာလို့ဖွဲ့တာလဲ။ ဘယ်လိုဖွဲ့စည်းထားလဲ။ ဘယ်သူတွေက ကြိုးကိုင်မလဲ။ စစ်ရေးရည်မှန်းချက်နဲ့ ဘယ်အဖွဲ့က ပြုပြင်ပြောင်းလဲမှုတွေကို ဦးစားပေးလုပ်နိုင်မလဲ ဆိုတဲ့ အချက်တွေကို စဉ်းစားသုံးသပ်ပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်'' လို့ ကမ်းလှမ်းခံရတဲ့တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အစောပိုင်းမှာ ပြောထားပါတယ်။
လက်ရှိ SRA တပ်ပေါင်းစုမှာ စစ်ရေးအတွေ့အကြုံများပြီး စစ်ဗျူဟာပိုင်းကျွမ်းကျင်တဲ့ တပ်ဖွဲ့အသီး သီးရဲ့ ဗိုလ်ချုပ်အဆင့်ရှိသူတွေကပဲ စစ်ရေးပိုင်းကို ဦးဆောင်ကွပ်ကဲမယ်လို့ SRA နဲ့နီးစပ်တဲ့ သတင်း ရင်းမြစ်က ဆိုပါတယ်။
"စစ်သင်တန်းပေးတာတွေ၊ စစ်ဗျူဟာဖော်တာတွေ စနစ်တကျဖြစ်လာမယ်" လို့ သူက ရှင်းပြပါတယ်။
မြေပြင်က စစ်ရေးကွပ်ကဲမှုတွေကိုတော့ သက်ငယ်ပိုင်းနဲ့ သတ်လတ်ပိုင်း လူငယ်တွေကိုပဲ အဓိကအားထားပြီး လှုပ်ရှားစေမယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
"မြေပြင်တိုက်ပွဲတွေမှာ အသက် ၂၂ နှစ်ကနေ ၃၅ နှစ်ကြား အရည်အချင်းရှိသူတွေရဲ့ ဦးဆောင်ကွပ်ကဲမှုတွေကို မြင်လာရမှာဖြစ်တယ်" လို့ SRA ရဲ့ စီမံချက်တွေကို သူက ပြောပါတယ်။
နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို စုစည်းညီညွတ်မှုအားနဲ့ အကောင်အထည်ဖော်မယ်လို့ SRA က ကြေညာပါတယ်။

အညာတပ်ခွဲ 96 Soldiers - PDF တည်ထောင်မှု ၄ နှစ်ပြည့်အခမ်းအနားနဲ့ စစ်ပညာသင်တန်းဆင်းပွဲကို အေအေထိန်းချုပ်နယ်မြေထဲမှာ အောက်တိုဘာလတုန်းက ကျင်းပခဲ့ပါတယ်။SRA တပ်ပေါင်းစုမှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ လက်နက်ကိုင်တပ်တွေ ပါဝင်နေပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ကတော့ အာဏာသိမ်းအလွန်ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်တွေထဲ အေအေက လက်နက်ရိက္ခာနဲ့ စစ်သင်တန်းစတဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုတွေ ရနေတဲ့ တော်လှန်ရေးအဖွဲ့ ၂၃ ဖွဲ့ကို ၂၀၂၅ ခုနှစ် ဩဂုတ်လထဲမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီ ၂၃ ဖွဲ့ထဲက ၁၀ ဖွဲ့အပြင် ချင်းညီနောင်(CB) စတဲ့တပ်ဖွဲ့တွေ SRA တပ်ပေါင်းစုမှာ ပါဝင်နေတာ တွေ့ရပါတယ်။
SRA မှာပါတဲ့ အေအေရဲ့မဟာမိတ်တပ်တွေကတော့
• 96 Soilders PDF
• ဗမာ့တပ်တော်(BA)
• ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)
• ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)
• ချင်းညီနောင်(CB)
• Generation Z Army(GZA)
• ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
• ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)
• ကျောင်းသားလက်ရုံးတပ်တော်(SAF)
• ယောတပ်တော်(YA)
• ယောကာကွယ်ရေးတပ်(YDF) တို့ ဖြစ်ကြပါတယ်။
ISP ကတော့ အေအေရဲ့ အထောက်အပံ့ရနေတဲ့ မဟာမိတ်တပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်မြို့နယ်အပါအဝင် မြို့ပေါင်း ၆၁ မြို့နယ်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားနေတယ်လို့ပြောပါတယ်။
SRA တပ်ပေါင်းစုမှာ အေအေရဲ့ မဟာမိတ်တပ် ၁၀ ဖွဲ့ထက်မနည်း ပါဝင်လာတာကြောင့် စစ်တပ်စစ်ဆင်ရေးဆက်လုပ်မယ်လို့ ပြောထားတဲ့ ရခိုင်ပြည်နယ်ထဲက အေအေထိန်းချုပ်နယ်မြေတွေ လက်မလွှတ်ရရေးအတွက် စစ်ရေးအထောက်ပံ့ပိုရလာနိုင်တယ်လို့ ရခိုင်စစ်ရေးလေ့သာသုံးသပ်သူက မှတ်ချက်ပြုပါတယ်။
- ရှမ်းမြောက်ပြန်တပ်တွေ အညာကိုဝင်လာတဲ့အခါ ဘယ်လိုအခင်းအကျင်းဖြစ်လာနိုင်မလဲ
- ၁၀၂၇ စစ်ဆင်ရေးနဲ့အတူအောင်မြင်လာတဲ့ နွေဦးတော်လှန်ရေးတပ်တွေ
တရုတ်ဖိအား ရှောင်ထွက်ဖို့လား

KNDF တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)
တရုတ်ဖိအားကြောင့် ရပ်ရတဲ့ စစ်ပွဲတွေကို အဆုံးသတ်ချင်တာကြောင့် SRA တပ်ပေါင်းစု ဖြစ်လာရတာလို့ SRA တပ်ပေါင်းစုထဲမှာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ဒီဇင်ဘာ ဒုတိယအပတ်က တည်းက ပြောထားပါတယ်။
"တရုတ်က ရပ်ဆိုရင်ရပ်ရတဲ့တိုက်ပွဲတွေ ပြီးဆုံးချင်ပြီ။ တရုတ်ဖိအားကိုလည်း လျှော့ချချင်ပြီ" လို့ ဆိုပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း နှစ်ပိုင်းကို ဥပမာပေးပြီးပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနှစ်ပိုင်းလုံး ဖော်ဆောင်ပြီး ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ မြောက်ပိုင်းညီနောင်၃ ဖွဲ့ထဲမှာ ၂ ဖွဲ့ကတော့ ၂၀၂၅ ခုနှစ်ထဲမှာ စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီခဲ့ပါတယ်။
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲမှာ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA) နဲ့ အာရက္ခတပ်တော်(အေအေ) တို့ပါဝင်ပါတယ်။
ကိုးကန့်တပ်ကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ တရုတ်ကြားဝင်မှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်ရှိတဲ့ မြို့တော် လားရှိုးကို စစ်တပ်လက်ထဲ ပြန်လွှဲပေးခဲ့ရပါတယ်။
TNLA ကတော့ အောက်တိုဘာလကုန်ပိုင်းမှာ တရုတ်ဖိအားပေးမှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ခဲ့ပြီး တအာင်းဒေသတွေကို လေကြောင်းဗုံးမကြဲဖို့ စစ်တပ်နဲ့ ညှိနှိုင်းခဲ့ပါတယ်။
အပစ်ရပ်သဘောတူညီချက်အရ TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ပြန်ရခဲ့ပါတယ်။
ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ မပါဝင်တဲ့ SRA တပ်ပေါင်းစုဟာ "ဒီ(တရုတ်)ဖိအားတွေကနေ တဖြည်းဖြည်းချင်းရှောင်ထွက်နိုင်မယ့် စုဖွဲ့မှုတစ်ခုလို့ ပြောနိုင်တယ်"လို့ SRA ထဲမှာ ပါဝင်တဲ့ တပ်ဖွဲ့တစ်ခုက ဘီဘီစီကို ဖြေဆိုပါတယ်။
၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ၂၀၂၄ ဇွန်လမှာ စတင်ခဲ့တဲ့ "ရှမ်း-မန်းစစ် ဆင်ရေး"လို့ ခေါ်တဲ့ ၁၀၂၇ ဒုတိယပိုင်းမှာပါ မြောက်ပိုင်းညီနောင်တပ်တွေကပဲ ဦးဆောင်လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။
SRA တပ်ပေါင်းစုမှာ ၁၀၂၇ စစ်ဆင်ရေးတွေအတွင်း ကိုးကန့်တပ်ဖွဲ့စည်းခဲ့ခဲ့တဲ့ မြောက်ပိုင်းညီနောင်တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသားတပ်မဟာ ၆၁၁ က တပ်တချို့ ပါဝင်နေပါတယ်။
၆၁၁ တပ်မဟာထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ တခြားတပ်ဖွဲ့တွေလည်းပါဝင်ပါတယ်။
BPLA ဟာ ၁၀၂၇ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး ၂၀၂၄ နှောင်းပိုင်းမှာတော့ အညာဒေသတွေမှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားမယ့်အကြောင်း တရားဝင်ထုတ်ပြောခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ မြောက်ပိုင်းစစ်ရေးအကဲခတ်တစ်ဦးကတော့ "ပြည်မနဲ့ တိုင်းရင်းသားနယ်မြေတွေအထိ ဖြန့်ကြက်ထားတဲ့တပ်တွေ တစ်စုတည်းဖြစ်သွားတာကြောင့် စစ်ရေးလှုပ်ရှားမယ့် ဘောင်ပိုကျယ်လာမယ်" လို့ သုံးသပ်ပြောကြားပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ကတော့ SRA တပ်ပေါင်းစုထဲမှာ ပါဝင်တာမျိုး မရှိပေမယ့် SRA နဲ့ပူးပေါင်းမှုတွေ လုပ်သွားမယ်လို့ ဘီဘီစီကီု ဖြေဆိုပါတယ်။
"အပြည့်အဝ ပါဝင်တာတော့ မဟုတ်ပေမယ့် အလုပ်တွေ တွဲလုပ်ဖို့ရှိပါတယ်။ တူတာတွဲမယ်၊ မတူတာတွေ ခွဲလုပ်မယ်" လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် နီနီကျော်က ဘီဘီစီကို ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
မြန်မာ့နိုင်ငံရေးမှာ သက်တမ်းအရင့်ဆုံး ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PLA က တော့ စစ်ကိုင်းနဲ့ တနင်္သာရီအပါအဝင် တအာင်းတပ်နဲ့ ကိုးကန့်တပ်ထိန်းချုပ်နယ်မြေဖြစ်တဲ့နေရာတွေမှာ စစ်ဒေသတွေ ဖွဲ့စည်းပြီးတော်လှန်နေတာဖြစ်ပါတယ်။
SRA တပ်ပေါင်းစုအတွက် စစ်ကိုင်းနဲ့ မကွေးစတဲ့ အညာဒေသတွေ အပါအဝင် မတူညီတဲ့ ဒေသတွင်းအခြေစိုက်တပ်တွေကိုပါ ကမ်းလှမ်းပြီး စုဖွဲ့ခဲ့တယ်လို့ SRA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းကာလ ၅ နှစ်အတွင်း "နယ်မြေတချို့မှာ ဘယ်အဖွဲ့အောက်မှာမှ မဝင်ဘဲ တစစီကွဲနေတဲ့ အဖွဲ့တွေကို ပြန်စုစည်းပြီး အားတစ်ခု ဖြစ်လာအောင်"ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ်းလှမ်းပြီး စုဖွဲ့ခဲ့တာလို့ သူက ဆိုပါတယ်။
SRA တပ်ပေါင်းစုမှာ NUG တပ်တွေ မပါဝင်ပေမယ့် NUG ကွပ်ကဲမှုအောက်က တပ်ဖွဲ့တချို့ကိုတော့ SRA ဘက်က ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်လို့ ကမ်းလှမ်းခံရတဲ့ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"ဒီအဖွဲ့က ဘာလို့ဖွဲ့တာလဲ။ ဘယ်လိုဖွဲ့စည်းထားလဲ။ ဘယ်သူတွေက ကြိုးကိုင်မလဲ။ စစ်ရေးရည်မှန်းချက်နဲ့ ဘယ်အဖွဲ့က ပြုပြင်ပြောင်းလဲမှုတွေကို ဦးစားပေးလုပ်နိုင်မလဲ ဆိုတဲ့ အချက်တွေကို စဉ်းစားသုံးသပ်ပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်'' လို့ ကမ်းလှမ်းခံရတဲ့တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အစောပိုင်းမှာ ပြောထားပါတယ်။
လက်ရှိ SRA တပ်ပေါင်းစုမှာ စစ်ရေးအတွေ့အကြုံများပြီး စစ်ဗျူဟာပိုင်းကျွမ်းကျင်တဲ့ တပ်ဖွဲ့အသီး သီးရဲ့ ဗိုလ်ချုပ်အဆင့်ရှိသူတွေကပဲ စစ်ရေးပိုင်းကို ဦးဆောင်ကွပ်ကဲမယ်လို့ SRA နဲ့နီးစပ်တဲ့ သတင်း ရင်းမြစ်က ဆိုပါတယ်။
"စစ်သင်တန်းပေးတာတွေ၊ စစ်ဗျူဟာဖော်တာတွေ စနစ်တကျဖြစ်လာမယ်" လို့ သူက ရှင်းပြပါတယ်။
မြေပြင်က စစ်ရေးကွပ်ကဲမှုတွေကိုတော့ သက်ငယ်ပိုင်းနဲ့ သတ်လတ်ပိုင်း လူငယ်တွေကိုပဲ အဓိကအားထားပြီး လှုပ်ရှားစေမယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
"မြေပြင်တိုက်ပွဲတွေမှာ အသက် ၂၂ နှစ်ကနေ ၃၅ နှစ်ကြား အရည်အချင်းရှိသူတွေရဲ့ ဦးဆောင်ကွပ်ကဲမှုတွေကို မြင်လာရမှာဖြစ်တယ်" လို့ SRA ရဲ့ စီမံချက်တွေကို သူက ပြောပါတယ်။
နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို စုစည်းညီညွတ်မှုအားနဲ့ အကောင်အထည်ဖော်မယ်လို့ SRA က ကြေညာပါတယ်။
- မိုးကုတ် မိုးမိတ် ဘယ်သို့ ဘယ်ပုံ
- တအာင်းတပ်(TNLA) ရင်ဆိုင်နေရတဲ့ စစ်ရေး၊ နိုင်ငံရေးဖိအားနဲ့ စိန်ခေါ်ချက်တွေ
၂၀၂၅ ဇူလိုင်တုန်းက စစ်တပ် နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် ထုတ်ပြန်ခဲ့တဲ့ပုံ
SRA တပ်ပေါင်းစုပေါ်လာတဲ့ ၂၀၂၅ ခုနှစ်ဟာ တော်လှန်ရေးတပ်တွေအတွက်လည်း စစ်ရေးနယ်မြေပိုင်ဆိုင်မှု အရွေ့အပြောင်းတွေကို မျက်ဝါးထင်ထင်ကြုံလိုက်ရတဲ့ နှစ်ဖြစ်ပါတယ်။
ရှမ်းတောင်ပိုင်းနဲ့ ကယား(ကရင်နီ)ဒေသကို ချိတ်ဆက်ထားပြီး ပင်လောင်း-လွိုင်ကော်လမ်းမကြီးပေါ်က စစ်ရေးအရအရေးပါတဲ့ မိုးဗြဲမြို့ကိုလည်း ပြီးခဲ့တဲ့ဇူလိုင်လမှာ တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ခဲ့ရပါတယ်။
မန္တလေးတိုင်းထဲက ရွှေလုပ်ကွက်တွေရှိတဲ့ သပိတ်ကျင်းမြို့အပါအဝင် ရှမ်းမြောက်က နယ်မြေတော်တော်များများကို ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ပြန်ထိန်းချုပ်ထားပါတယ်။
စစ်ရေးအကဲခတ်တချို့ကတော့ စစ်တပ် တော်လှန်ရေးနယ်မြေတွေ ပြန်ရယူနိုင်တာဟာ တရုတ်ကြားဝင်မှု၊ သာလွန်တဲ့ စစ်ဘက်ဆိုင်ရာနည်းပညာနဲ့ စစ်အင်အားတွေကြောင့်လို့ ထောက်ပြပါတယ်။
SRA ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စုစည်းညီညွတ်မှုအားကို အခြေပြုပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဗျူဟာမြောက် ခုခံတွန်းလှန်နိုင်ဖို့ ကတိပြုတယ်လို့ ဒီဇင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ ချိတ်ဆက်မှု အားနည်းချက်တွေကို ပြင်ဆင်ပြီး ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုအနေနဲ့ရပ်တည်ပြီး ထိရောက်အားကောင်းတဲ့ ကွပ်ကဲမှုယန္တရားတစ်ရပ်ပေါ်ပေါက်အောင် လုပ်ဆောင်သွားမယ်လို့လည်း SRA က ဆိုပါတယ်။
"တော်လှန်ရေးတပ်ဖွဲ့တွေက ခြေသံလုံလုံနဲ့ ညီလာခံအစည်းအဝေးပွဲတွေကတဆင့် သဘောတူညှိနှိုင်းမှုရတဲ့အထိ ဆွေးနွေးခဲ့ကြတဲ့ ရလဒ်"ကြောင့် SRA တပ်ပေါင်းစု ပေါ်လာတာလို့ ဘီဘီစီ သတင်းရင်းမြစ်က ပြောပါတယ်။
ချိတ်ဆက်မှုအားနည်းချက်တွေကို ပြင်ဆင်ပြီး ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုအနေနဲ့ ရပ်တည်မယ် - SRA

BPLA ရဲ့ အမှတ်(၃၀၈) အညာစစ်ဒေသက တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)
SRA တပ်ပေါင်းစုအနေနဲ့ ဆုံးရှုံးထားတဲ့ နယ်မြေတွေအပြင် လက်ရှိစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတချို့မှာပါ စစ်ဆင်ရေးကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင်သွားဖို့ရှိတယ်လို့ SRA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
"နယ်မြေစိုးမိုးမှု ခိုင်မာဖို့က အဓိကပေါ့။ နယ်မြေ မစိုးမိုးနိုင်ရင် စစ်တပ်ထောက်တိုင်ဖြစ်တဲ့ ကပစ၊ လေတပ်တွေရှိနေတော့ မြို့သိမ်းနိုင်လည်း ထိန်းနိုင်ဖို့ မလွယ်တာကြောင့်" လို့ သူက ရှင်းပြပါတယ်။
ဒါပေမဲ့ တိုက်ပွဲရှိတဲ့နေရာတွေကို စစ်ရေးဖော်ဆောင်မှုနဲ့ စစ်ဆင်ရေးနယ်မြေတွေအလိုက် ပူးပေါင်းလုပ်ဆောင်မယ့် အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်းသိရတာမရှိပါဘူး။
စစ်ရေးဖော်ဆောင်ဖို့အတွက် SRA တပ်ပေါင်းစုအနေနဲ့ စစ်ဒေသတွေ သတ်မှတ်ပြီး တပ်တွေကို နေရာချပေးတာမျိုး လုပ်လာနိုင်တယ်လို့ SRA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကတော့ ပြောပါတယ်။
တပ်ပေါင်းစုထဲက တပ်ဖွဲ့ အသီးသီး အခြေစိုက်လှုပ်ရှားတဲ့ နယ်မြေဒေသအလိုက် နီးစပ်ရာမှာရှိတဲ့ တပ်တွေချိတ် ဆက်ပြီး စစ်ရေးဖော်ဆောင်တာတွေ ရှိလာနိုင်တယ်လို့ သူက သုံးသပ်ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း ဝေဟင်မြေပြင်စစ်ဆင်ရေးတွေကို ဘက်ညီညီသုံးနိုင်ပြီး စစ်ရေးအသာစီးရလာတာကြောင့် SRA အနေနဲ့လည်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး နည်းပညာတွေကို မြှင့်တင်သွားဖို့ရှိတဲ့အကြောင်း သူက ဖြည့်စွက်ပြောပါတယ်။
"နည်းပညာပိုင်းအတွက် တိုင်းရင်းသားလက်နက်ကိုင်တချို့က ကူညီပေးမှုတွေရှိတယ်"

No comments:
Post a Comment