By Maun Writer
December 18, 2020
ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းတွေ မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မလေးရှားနိုင်ငံကို ပို့ပေး မယ်လို့ ဆိုပြီး စည်းရုံးပြောဆိုကာ လူကုန်ကူးမှုတွေ ရှိနေတယ်လို့ AFP သတင်း ဌာန က စုံစမ်းဖော်ထုတ်ခဲ့ ပါတယ်။
ဘင်္ဂလားဒေ့ရှ် စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မလေးရှားကို ပို့ဆောင်ပေးတဲ့ လူကုန်ကူးမှုဟာ ဆန်း ပြား ရှုပ်ထွေးပြီး စခန်းတွင်းက လူတွေ အဓိက ပါဝင်ပတ်သတ်နေတဲ့ ဒေါ်လာ သန်းချီတဲ့ လုပ်ငန်းဖြစ်တယ်လို့ AFP သတင်းမှာ ဖော်ပြထား ပါတယ်။
လူ ၁,၀၀၀ ဆန့်တဲ့ ထိုင်း မှတ်ပုံတင် ငါးဖမ်း သင်္ဘောတွေ ၊ ထောက်ပံ့ရေး ရေယာဉ်ငယ်၊ ဘင်္ဂလားဒေရှ့်စခန်း တွေနဲ့ အရှေ့တောင် အာရှ တလွှားက လာဘ်စားတဲ့ အာဏာပိုင်တွေဟာ ဒီကွန်ယက်ကြီးထဲမှာ ပါဝင် ပတ် သက်နေပါတယ်။
လူမှောင် ခို သမားတွေ က မလေးရှားမှာ ပညာသင်ယူဖို့ နဲ့ အလုပ်အကိုင်အခွင့် အလမ်းမယ်လို့ စည်းရုံး ကာ ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့လည်း လူကုန်ကူးခံရသည့် အသက် ၁၉ နှစ်အရွယ် Enamul Hasan က ပြောခဲ့ပါတယ်။
လူကုန် ကူးသူတွေ ဟာ ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည် စခန်းတွေရဲ့ အစောင့်တွေကို ငွေပေးပြီး ဒုက္ခသည် တွေ ကို စည်းရုံး ကာ သုံးဘီးတွေ နဲ့ တင်ဆောင်ပြီး ဆိပ်ကမ်းမှ တဆင့် ပို့တာ ဖြစ်ပါတယ်။
ထိုသို့ ပို့ဆောင်နေခြင်း ဖြစ်ကြောင်း လည်း Enamul Hasan က ထပ်လောင်း ပြောပါတယ်။ဘင်္ဂလားဒေ့ရှ် က ဒုက္ခသည် စခန်းတွေရဲ့ သံဆူးကြိုး ကာထားတဲ့ အစောင့်ဂိတ်တွေကို အလွယ်ဖြတ်နိုင်တဲ့ သုံးဘီးကားလေးတွေ ရဲ့ ယာဉ်မောင်းတွေဟာဆိုရင် ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူကုန်ကူးတဲ့ ရှုပ်ထွေးလှတဲ့ ကွန်ရက်ကြီးနဲ့ ပတ် သက်နေတာပါ။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ် လက်ခံမယ်လို့ မြန်မာဘက်က ပြော ထားပေမယ့် အခုအချိန်ထိ ဌာနေပြန်ရေး အကောင်အထည် မပေါ်သေးပါဘူး။
စခန်းတွေတွင်းမှာလည်း ဒုက္ခသည်တွေ ပြည့်ကြပ်နေပြီး လူမှောင်ခို သမားတွေ လည်း ခြေရှုပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်များဆိုင်ရာ ဒုတိယ မဟာမင်းကြီး Shamzoud Douza ကပြောပါတယ်။
ရိုဟင်ဂျာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် အတွက် အလုပ်လုပ်ပေးနေသူလို့ ဆိုတဲ့ အသက် ၂၅ နှစ် အရွယ် မိုဟာမက်ကတော့ ၂ နှစ် အတွင်း မလေးရှားသွားလိုသူ အနည်းဆုံး ၂၀၀ လောက် စုဆောင်းပေးခဲ့ကြောင်း၊ လူရှာပေးတဲ့ အတွက် တလကို ဒေါ်လာ ၅၅၀ လောက်ရကြောင်း AFP ကို ပြောပါတယ်။
ဒါပေမဲ့လည်း လူကုန်ကူးမှုမှာ ပတ်သက်သူ တဦးဖြစ်တဲ့ အသက် ၃၄ နှစ် အရွယ် Mohammad Taher ကေ တာ့ သုံးဘီးကားနဲ့ လူတွေကို ခေါ် စစ်ဆေးရေးဂိတ်တွေ ဖြတ်ပြီး လှေငယ်တွေဆီ လိုက်ပို့သူပါ။ ငရဲခန်းနဲ့ တူ တဲ့ စခန်းကနေ ထွက်ချင်သူတွေ အတွက် အကိုတယောက် အနေနဲ့ ထွက်ပေါက်ကို ပြဖို့ တာဝန်ရှိတယ်လို့ ခံယူထားကြောင်း ပြောပါတယ်။
လူမှောင်ခိုကူးသူတွေကို ဟန့်တားနိုင်ရေး ဘင်္ဂလားဒေရှ့် လုံခြုံရေး အဖွဲ့တွေ အနေနဲ့လည်း အခက်အခဲ ရှိ ပါတယ်။ ဒုက္ခသည်စခန်းတွင်းက ရဲတပ်ဖွဲ့ရဲ့ တပ်မှူး Hemayetul Islam က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက အင်ဒိုနီးရှား နိုင်ငံ အာချေးမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ လောက်လိုက်ပါလာတဲ့ လှေ ကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ကယ်တင်ခဲ့တာလို့ ကနဦး ပြောဆိုခဲ့ကြပေမယ့် အဖြစ်မှန်ကတော့ လူ ကုန်ကူး ကွန် ရက်နဲ့ ပေါင်းပြီး ကြံခဲ့တာ ဖြစ်တယ်လို့ အာချေး ရဲဌာနရဲ့ မှုခင်းဌာန ညွှန်ကြားရေးမှူးချုပ် Sony Sanjaya က ပြောပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာ စစ်တပ် ပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒီလိုလုပ်ရပ် ဟာ လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက် ပါတယ်လို့ ကုလ သမဂ္ဂက ထုတ်ပြန်ပြောဆို ထားပါတယ်။
ဒီလုပ်ရပ် အတွက် မြန်မာ အစိုးရ နဲ့ တပ်မတော် ကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာ နိုင်ငံ က တရား စွဲဆိုထားပါတယ်။
ခုလို ရိုဟင်ဂျာထောင်ပေါင်းများစွာ လူကုန်ကူးခံနေရတာ ဟာလည်း မြန်မာ စစ်တပ်နဲ့ အစိုးရ မှာ တစ်စိတ်တစ်ပိုင်းတာဝန်ရှိနေပါတယ်။
ထွက်ပြေး တိမ်းရှောင် ခဲ့ရတဲ့ ရိုဟင်ဂျာ လူမျိုးတွေဟာ ယနေ့ချိန်ထိ နေရပ် ပြန်နိုင်ခြင်း မရှိဘဲ ဘင်္ဂလားဒေရှ့် အစိုးရ က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ကျွန်းတွေဆီပြောင်းရွှေ့ဖွင့်လှစ်နေပါတယ်။
Link : Here
No comments:
Post a Comment