" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 16, 2020

လက်နက်များစွာသည်ရိုဟင်ဂျာစခန်းမှမည်သည့်နေရာမှရောက်ရှိခဲ့သနည်း။

H20U
Date : 14 October 2020
နိုင်ငံခြားသေနတ်များကိုင်ဆောင်ထားသောလက်နက်ကိုင်ရိုဟင်ဂျာများသည်လည်း လူမှုမီဒီယာများမှတစ်ဆင့် ၎င်းတို့၏ တည်ရှိမှုကိုဖော်ပြရန်ရုပ်ပုံများဖြင့်စည်းရုံးကြသည်။

နိုင်ငံခြားသေနတ်များကိုင်ဆောင်ထားသောလက်နက်ကိုင်ရိုဟင်ဂျာများသည်လည်း လူမှုမီဒီယာများမှတစ်ဆင့် ၎င်းတို့၏ တည်ရှိမှုကိုဖော်ပြရန်ရုပ်ပုံများဖြင့်စည်းရုံးကြသည်။

အောက်တိုဘာ ၁၀-ရက် စနေနေ့နံနက် အူခီယာမြို့နယ် ဆွန်နာပရာနှင့် ဘလွတ်ခါလီ စစ်ဆေးရေးဂိတ်တို့၌ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် တိုက်ခိုက်မှုကျူးလွန်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူ ဒုက္ခသည် ရိုဟင်ဂျာများကို လက်နက်များနှင့်တကွ သီးခြားစီ ဖမ်းဆီးရမိကြောင်း Ukhia News ( Oct.10,2020 ) က ရေးသားသည်။

 ဖမ်းဆီးခံရသူများမှာ ဒုက္ခသည်စခန်းအတွင်း တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင် နေသူများဖြစ်ကြောင်း ကော့ခ်ဘဇား အမှတ် ၁၆ ရဲသေနတ်ကိုင်တပ်ရင်း ရဲမှူး မိုဟာမက်ဟီမာရီတာရာမန်က အတည်ပြု ပြောဆိုသည်။  

တဖန် UKhia News ၌ပင် တက္ကနဖ်သတင်းထောက် အဗ္ဗဒူရာမန်က အောက်တိုဘာ ၁၄-ရက်နေ့တွင် “ဒုက္ခသည် ရိုဟင်ဂျာစခန်းအတွင်းသို့ လက်နက်အမြောက်တို့ မည်သည့်နေရာမှ ရောက်ရှိလာပါသနည်း” ခေါင်းစဉ် ဖြင့် ၎င်းဖြစ်ရပ်၏ အဆက်ဟု ဆိုနိုင်သော သတင်းဆောင်းပါးတစ်ပုဒ် ရေးသားသည်ကို တွေ့ရှိရသည်။

ဒုက္ခသည်စခန်းများတွင် မူးယစ်ဆေးဝါးကုန်ကူးခြင်း၊ ငွေညှစ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဆိုင်ဖောက်ထွင်းကြရာတွင် တရားမဝင်လက်နက်များ ကိုင်ဆောင်လျှက် သွားလာလှုပ်ရှားမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ဒုက္ခသည် ရိုဟင် ဂျာ အကြမ်းဖက်သမားများသည် စခန်းအတွင်း သြဇာအာဏာဖြန့်ကျက်ရန် လက်နက်ငယ်များကို အသုံးပြုနေ သည် ဟု အစချီရေးသားထားသည်။

အောက်တိုဘာ ၁ ရက်မှ ၆ ရက်အကြား အကြီးဆုံး ခိုလှုံစရာနေရာဖြစ်သော ကူတူပါလောင်ဒုက္ခသည်စခန်း၌ ဒုက္ခသည်ရိုဟင်ဂျာစစ်သွေးကြွအုပ်စု ၂-စုတို့ အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၈- ဦး သေဆုံးခဲ့ရသည်။ ၎င်းနောက်ပိုင်း ပူးတွဲစစ်ဆင်ရေးပြုလုပ်လျှက် ငြိမ်ဝပ်ပိပြားစေရန် ဆောင်ရွက်ခဲ့သော်လည်း တိုက်ခိုက်နေကြခြင်းများ ရပ်တန့်မသွားခဲ့ပါ။ ဤတွင် တောင်တန်းများပေါ်ရှိ ဒုက္ခသည်များ ခိုလှုံလျှက်ရှိ ရာနေရာသို့ ထိုမျှများပြားသော လက်နက်ခဲယမ်းမီးကျောက်အမြောက်အများတို့ မည်သည့်နေရာမှ ရောက်ရှိ လာပါသနည်း၊ ၎င်းတို့တွင် ခေတ်မီအဆင့်မြင့် လက်နက်များလည်းပါဝင်နေသည်။  

ဒုက္ခသည်ရိုဟင်ဂျာတို့သည် ( ၁၉၇၁-ခုနှစ် ) လွတ်လပ်ရေးမတိုင်မီကပင် ( ဘင်္ဂလားဒေ့ရှ် ) နိုင်ငံသို့ စီးပွား ရေး လုပ်ကိုင်ရန် သွားလာ ဝင်ထွက်နေကြသည်။ သို့သော်လည်း ထောင်နှင့်ချီသော ဒုက္ခသည်ရိုဟင်ဂျာတို့ သည် မြန်မာ့တပ်မတော်၏ ဖိနှိပ်မှုများကြောင့်ဘင်္ဂလားဒေ့ရ်ှသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

၂၀၁၇ မတိုင် မီက ဒုက္ခသည်ရိုဟင်ဂျာအနည်းဆုံး ၃ သိန်းခွဲခန့် ဘင်္ဂလားဒေ့ရ်ှသို့ ရောက်ရှိနေခဲ့သည်။ မြန်မာ့ တပ်မတော်က ရက်စက်ညှင်းပန်းမှုများ စတင်သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ တွင် လူသားချင်းစာနာ ထောက်ထားမှုအရ ၎င်းတို့အား ဘင်္ဂလားဒေ့ရ်ှက ခိုလှုံခွင့်ပြုရန်သဘောတူခဲ့သည်။

ထိုအချိန်တွင် ဒုက္ခသည် ၇သိန်းခွဲတို့မှာလည်း တစ်နှစ်အတွင်းရောက်ရှိလာခဲ့ရာ ရှိနှင့်ပြီးသူတို့နှင့် ပေါင်းထားရ သည်။ ဤသို့ဖြင့် စုစုပေါင်းလူဦးရေ ၁.၁-သန်း တို့သည် ကော့ခ်ဘဇားခရိုင် အူခီယာနှင့် တက္ကနတ်ရှိ အသိအ မှတ်ပြု ဒုက္ခသည်စခန်းပေါင်း ၃၄ ခုတွင် ခိုလှုံလျှက်ရှိကြသည်။ လူသားချင်းစာနာထောက်ထားသောအားဖြင့် ဒုက္ခသည်များအား အမိုးအကာပေးသည့်အခါ ၎င်းတို့နှင့် အတူပါလာသော ပစ္စည်းအားလုံးကို အသေးစိတ် စစ် ဆေးရန် မဖြစ်နိုင်ပါ။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ၎င်းတို့အား မြန်မာ့တပ်မတော်၏ရန်မှ အကာအကွယ်ပေးရန် အ တွက်သာ အလေးထားခဲ့သည်။ ယခုမူကား ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် ခေါင်းကိုက်စရာ အ ကြောင်းရင်းဖြစ်လာသည်။

သူတို့အား ပြန်ပို့ရန် သံတမန်ရေးအရ အမျိုးမျိုး ကြိုးပမ်းခဲ့သော်လည်း အောင်မြင်သည်ဟူ၍ မရှိသေးဘဲ အူခီ ယာနှင့် တက္ကနဖ်၏ ငြိမ်းချမ်းသော သဘာဝဝန်းကျင်သာ ဖျက်ဆီးနေကြသည်။ ဒုက္ခသည်စခန်းများ ဝန်းကျင် တွင် လက်နက်စွဲကိုင် တိုက်ခိုက်မှုများကြောင့် သွေးထွက်သံယိုမှုများမှာ လပေါင်းများစွာ ဖြစ်လာခဲ့သည်။

  လေ့လာသုံးသပ်သူများက ပြောကြားရာတွင်မူ ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၇- ခုနှစ်သြဂုတ်လတွင် ဒုက္ခသည် ရိုဟင်ဂျာများ ယူဆောင်လာသည့် အိတ်များအားလုံးကို လူသားချင်းစာနာမှုရှုထောင့်မှ ကြည့်ရှုစစ်ဆေးမှု မရှိ ခဲ့ခြင်းကို ထောက်ပြကြသည်။ အဆိုပါ အချိန်သမယမျိုးတွင် သာမန်ဒုက္ခသည်နှင့်အတူ လက်နက်ကိုင် များ လည်း ရောနှောပါဝင်လာနိုင်သည်။ ထို ထင်မြင်ချက်မှန်ကန်ကြောင်း စခန်းများအတွင်း ပထမတစ်နှစ်မပြည်မီ လက် နက်ကိုင် လှုပ်ရှားမှုများ မြင်တွေရခြင်းက သက်သေခံပြလျှက်ရှိသည်။ ယခုတော့ ထိုသူတို့သည်လုယက် ခြင်းနှင့် လူကုန်ကူးရာတွင် ၎င်းလက်နက်များကို သုံးနေကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အတော်လေး ရှင်းရှင်းလင်းလင်း သိနိုင်ပါပြီ။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်ပြည်မကြီးအတွင်း၌လည်း ရံဖန်ရံခါဆိုသလိုလုယက်မှုများ ကျူးလွန်လာခြင်းဖြင့် နိုင်ငံ၏လုံခြုံရေးကိုခြိမ်းခြောက်လာခဲ့သည်။ ဘင်္ဂလားဒေ့ရှ် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတို့ သည် ကနဦး ပထမတည်းက ၎င်းတို့ကို နှိမ်နင်းရန် ကြိုးစားခဲ့ပါသည်။ သို့သော် စောင့်ရှောက် ကာ ကွယ်ပေးနိုင်မှုတို့သည် အူခီယာနှင့် တက္ကနဖ်တောတောင်များအတွင်း နည်းလမ်းပေါင်းစုံဖြင့်ပျောက်ကွယ် သွားကြသည်။

အူခီယာနှင့် တက္ကနဖ်ရှိ တောင်ထူထပ်သောဒေသများတွင် ဒုက္ခသည်ရိုဟင်ဂျာလက်နက်ကိုင်များ ဆက်လက် လှုပ်ရှားနေဆဲဖြစ်သည်။ ထိုအတွက် ၎င်းတို့အနေဖြင့် လက်နက်များ ရရှိသည့် အရင်းအမြစ်ကို စစ်ဆေးရန် လို အပ်သည်။ ဒုက္ခသည်စခန်းအတွင်း တင်းမာမှုနှင့် ပဋိပက္ခများ လုံးချာလိုက်နေအောင် မြန်မာနိုင်ငံအတွင်းရှိ အုပ်စု တစ်စုစုက လျှို့ဝှက်စွာ လက်နက်ထောက်ပံ့နေခြင်း ရှိ-မရှိ စစ်ဆေးရန်လည်း အရေးကြီးပါသည်။

အိန္ဒိယ၊ မြန်မာတို့နှင့် ထိစပ်လျှက်ရှိသော ဘင်္ဂလားဒေ့ရ်ှနယ်ခြားနေရာများစွာတို့တွင် အကာအကွယ် မဲ့နေဆဲ ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးအရာရှိများက ပြောဆိုသည်။ ဒုက္ခသည်ရိုဟင်ဂျာတို့အတွက် လက်နက်များ သည် ထိုနိုင်ငံ ၂-နိုင်ငံအနီး အဆိုပါ ဟာကွက်များ၌ ဖြစ်နိုင်သည်။ ထို့နောက် နည်းလမ်းဗျူဟာအမျိုးမျိုးတို့ဖြင့် ဒုက္ခသည်စခန်းသို့ ရောက်လာကြသည်။ သို့သော် ဤလက်နက်များ၏ အဓိကအရင်းအမြစ်မှာ မြန်မာနိုင်ငံ ဖြစ် သည်။ ထို့ပြင် တရားမဝင် လက်နက်စက်ရုံများကို တောင်တန်းဒေသခံ မသိနားမလည်သူများ၏ အကူအညီ ဖြင့် တည်ထောင်ပြီး လုပ်သေနတ်များထုတ်လုပ်ခြင်းအပြင် ဒေသတွင်း လက်နက်အမျိုးမျိုးကိုလည်း စုဆောင်းနေကြသည်။

လွန်ခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့ နံနက်စောစောတွင် တက္ကနဖ်နယ်မြေ ရှမ်လာပူရေပြင်တွင် ငါးဖမ်းသမား များအား ပြန်ပေးဆွဲရန်ကြိုးပမ်းသော မြန်မာဒါးပြ ၁-ဦးအပါဝင် လူ ၁၀-ဦးကို တရားဥပဒေစိုးမိုးရေးဆောင် ရွက် သူများက ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့နှင့်အတူ သေနတ် ၄-လက်ကိုလည်း သိမ်းဆည်းခဲ့သည်။ ယခု အောက် တို ဘာ ၁ ရက်မှ ၁၂ ရက်အတွင်း ကော့ခ်ဘဇားခရိုင် အူခီယာနှင့် တက္ကနဖ်စခန်းများအပါဝင် တောင် တန်းဒေသတို့မှ ပစ္စတိုသေနတ်တစ်လက်၊ လုပ်သေနတ် ၂၁-လက်နှင့် ကျည်ဆန် ၅၀ ကျော်ကို ရှာဖွေသိမ်း ယူနိုင်ခဲ့ပြီး ဒုက္ခ သည်ရိုဟင်ဂျာများအပါအဝင် ဒါးပြ ၄၀ တို့အား ဖမ်းဆီးရမိသည်။ ယခုနှစ် နောက်ဆုံး ၉ -လ အတွင်း လက်နက် ၉၀ ကို ရှာဖွေတွေ့ရှိပြီး အမှု့ပေါင်း ၈-မှုကို ရဲစခန်း ၂-ခုတို့၌ အမှုဖွင့်လှစ်ထားသည်။ ဤ ကိန်းဂဏန်းများမှစခန်း များအတွင်း၌ တရားမဝင်လက်နက် အသုံးပြုမှု မည်မျှ တိုးပွားလာသည်ကို ပြသေ နသည်။

အဆိုပါလက်နက်များမှာ မူးယစ်ဆေးဝါးတို့နှင့်အတူ မြန်မာနိုင်ငံမှ ရောက်ရှိလာကြောင်း သေချာသည်ဟု နယ် စပ်နှင့် ဒုက္ခသည်စခန်းများတွင် တာဝန်ထမ်းဆောင်နေသော အစိုးရအဆင့်မြင့်အရာရှိတဦးက ပြောဆိုသည်။ မူးယစ်ရာဇာတို့သည် မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြုရန် ကုန်ကူးသူများအား လက်နက်များ လွှဲ ပြောင်းပေးသည်။ တစ်ဖန် များစွာသောသူတို့သည် ဒုက္ခသည်ရိုဟင်ဂျာများအား မူးယစ်ဆေးသယ်ဆောင်သူ များအဖြစ် အသုံးပြုနေကြသည်။ ဤသည်မှာ ဒုက္ခသည်စခန်းအတွင်း လှုပ်ရှားမှုများ၌ တရားမဝင်လက်နက် များ အသုံးပြုနေကြပုံဖြစ်ပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ဒုက္ခသည်စခန်းများအတွင်း ပဋိပက္ခများ ဖြစ်ရခြင်းမှာ မူးယစ်ဆေးဝါး အပါအဝင် တရားမဝင် ကုန်ကူးမှုကဏ္ဍ အသီးသီး တွင် လွှမ်းမိုးချုပ်ကိုင်လိုခြင်းကြောင့်ဖြစ်ကြောင်း နယ်မြေခံများက ပြောဆိုပါသည်။ မြန်မာနိုင်ငံ သည် ဤအဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု အချို့က အခိုင်အမာ ဆိုကြသည်။ အဆိုပါကိစ္စ၌ မီးလောင် ရာ လေပင့်သည့်အတွက် မြန်မာ့တပ်မတော်အား အပြစ်တင်ကြသည်။ ဒုက္ခသည်ရိုဟင်ဂျာအကြမ်းဖက်အုပ်စုမျာအတွက် မြန်မာသည် အဓိက လက်နက် ထောက်ပံ့သူဖြစ်ကြောင်း စွပ်စွဲကြသည်။

  လွန်ခဲ့သော သုံးနှစ်က ဘင်္ဂလားဒေ့ရ်ှသို့ရောက်ရှိလာခဲ့သည့် ဒုက္ခသည်ရိုဟင်ဂျာများသည် လက်နက်မည်မျှ ရရှိ ခဲ့သနည်း။ ထိုစဉ် မြန်မာပြည်မှ ရောက်လာစ ၎င်းတို့တွင် ယာဘစိတ်ကြွဆေးနှင့် လက်နက်များးပါ လာ ကြောင်း စခန်း၏ လက်ရှိအခြေအနေကို ကြည့်၍ သိနိုင်သည်ဟု ဒုက္ခသည်စခန်းနေ အတော်တော်များ များစု က မှတ်ယူသည်။  

အမည်မဖော်လိုသူ အချို့သောဒုက္ခသည်ရိုဟင်ဂျာခေါင်းဆောင်များကမူ စခန်းအများစုမှာ တောင်ကုန်းများ ပေါ် တွင် ရှိကြောင်း၊ ၎င်းတို့တွင် အကြမ်းဖက်သမားတို့အတွက် လက်နက်သိုလှောင်ရုံလည်းရှိနေကြောင်း၊ ညအချိန်တွင် ဓားပြမှုနှင့် လူသတ်မှု ကျူးလွန်ရန် ရွာသို့ဆင်းလာလေ့ရှိကြောင်း၊ ကျွမ်းကျင်သပ်ယပ်စွာ လူ သတ်ပြီးလျှင် ပြန်သွားလေ့ရှိကြောင်း၊ အချို့ဆိုလျှင်တစ်ဦးတည်းပင် သေနတ် ၁၀-လက်ပိုင်ကြောင်း၊ ပြည် တွင်း ပြည်ပထုတ် တရားမဝင် အဆင့်မြင့် လက်နက်အချို့မှာ ယခုအခါ စခန်းအတွင်းရှိ အကြမ်းဖက် သမား များ လက်ဝယ် ရောက်ရှိနေပြီဖြစ်ကြောင်း၊ အချို့ဒေသခံများမှာလည်း ၎င်းတို့နှင့် ဆက်နွယ်ပတ်သက်လျှက် ရှိကြောင်း ပြောဆိုသည်။

လျှပ်တစ်ပြက်တိုက်ခိုက်ရေးအထူးရဲတပ်ဖွဲ့ RAB နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB တို့၏ သတင်း အ ချက် အလက်များအရ ယခုနှစ်နောက်ဆုံး ၉-လအတွင်း ကော့ဘဇားဒေသ နယ်စပ်စခန်းအပါအဝင် ဒုက္ခ သည် ရိုဟင်ဂျာများနေထိုင်ရာ နယ်မြေများတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့ကြောင်း၊ ပြည်တွင်းနှင့် ပြည်ပလုပ် သေနတ် ၁၀၀ ခန့်နှင့် ကျည် ၂၁၁- တောင့်ကို သိမ်းဆည်းရမိကြောင်း၊ ၎င်းတို့တွင် လုပ်သေနတ် ၅၃-လက်၊ ၉ မီလီမီတာ ပစ္စတိုနှင့်၊ ခြောက်လုံးပြူးသေနတ်၊ SSBL ယမ်းတောင့်နှင့် ရိုင်ဖယ်သေနတ်တို့ပါဝင်ကြောင်း၊ ၁၀၀ ခန့်ရှိမည့် ဒုက္ခသည်ရိုဟင်ဂျာ ဒါးပြတို့အနက် ထက်ဝက်ခန့်ကို လက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း၊ အများစုမှာ ဒုက္ခသည်စခန်းတွင် နေထိုင်သူများဖြစ်ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် နှစ်ကလည်း RAB သည် အဆိုပါ ဒုက္ခသည်စခန်းများအတွင်း ဝင်ရောက်စီးနင်းခဲ့ရာ ပြည်ပလုပ်နှင့် ပြည်တွင်းဖြစ် လုပ်သေနတ် ၂၆-လက်နှင့် ကျည် ၁၃၇-တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီးဖြစ်သည်။

#ဒုက္ခသည်ရိုဟင်ဂျာအကြမ်းဖက်အုပ်စု #ကော့ခ်ဘဇား_ကူတူပါလောင်_အူခီယာ_တက္ကနဖ်


((( Ukhia News., 10-10-2020,” Clash at Kutupalong camp: 16 Rohingyas arrested with arms.” နှင့် 14-10-2020 နေ့ထုတ် ၎င်းသတင်းစာမှ Abdur Rahman ရေး “ Where did so many weapons come from in the Rohingya camp? “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာ ပြန်ဆိုသည်။ )))

http://en.ukhiyanews.com/clash-at-kutupalong-camp-16-rohingyas-arrested-with-arms/

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */