Saturday, October 10, 2020

မြန်မာစစ်တပ်နဲ့ ဆက်စပ်နေသူတွေ ကိုင်တွယ်တဲ့ ဖေ့ဘွတ် ခ် အကောင့်တွေ ဖယ်ရှားခံရ

B B C 

ဘီဘီစီ မြန်မာပိုင်း 
2020.10.10

 
ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေဘွတ်ခ်က ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေ

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဒေါ်အောင် ဆန်းစုကြည်ကို ဝေဖန်ပြီး စစ်တပ်အသိုင်းအဝိုင်းနဲ့ ဆက်နွှယ်မှုရှိသူတွေ ကိုင်တွယ်တယ်လို့ဆိုတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာတွေနဲ့ အကောင့်တချို့ကို ဖေ့ဘွတ်ခ် ကုမ္ပဏီဘက်က ဖယ်ရှားလိုက်ပါတယ်။

ဖေ့ဘွတ်ခ်ကုမ္ပဏီဘက်က ချမှတ်ထားတဲ့ စည်းကမ်းနဲ့ မူဝါဒတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ဖယ်ရှားလိုက်တဲ့ အထဲမှာ ဖေ့ဘွတ်ခ် စာမျက်နှာ ၁၇ ခု ၊ အကောင့် ၅၀ နဲ့ အင်စတာဂရမ် အကောင့် ၆ ခုတို့ ပါဝင်ပါတယ်။

ဒီထဲမှာ တပ်မတော်မီဒီယာ ဂရုလို တပ်မတော်ရဲ့ လုပ်ဆောင်မှုတွေတင်တဲ့ စာမျက်နှာအပါအဝင် လူထုဟစ် တိုင်၊ ပြည်သူ့အသံ၊ ဒို့တပ်မတော် စတဲ့ သတင်းအချက်အလက်မျှဝေတဲ့ ပေ့ခ်ျတွေလည်း ပါဝင်ပါတယ်။

ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖေ့ဘွတ်ခ် ပေါ်ကနေ ဖယ်ရှားခံရမှာကို ရှောင်တိမ်းပြီး သတင်းအ ချက် အလက်တွေ မျှဝေနိုင်အောင် အစစ်အမှန် မဟုတ်တဲ့ အကောင့်တွေ၊ ပုံမှားရိုက်ထားတဲ့ အကောင့်တွေ နဲ့ အကောင့်တုတွေ ပေါင်းပြီး ဖေ့ဘွတ်ခ် ပေ့ခ်ျတွေကို ကိုင်တွယ်တာတွေကို ဖေ့ဘွတ်ခ် ကုမ္ပဏီဘက်က သတိ ပြု မိခဲ့တာပါ။

ဒီအကောင့်တွေဟာ အမျိုးသမီး ပုံတွေ၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ လူမှုကွန်ရက်မှာ လူသိများ အောင်မြင်သူ တွေရဲ့ ဓာတ်ပုံတွေကို သုံးပြီး သူတို့ ဖေ့ဘွတ်ခ် ပရိုဖိုင်းအဖြစ် တင်ထားကြတယ်လို့ ဖေ့ဘွတ်ခ် ဘက်က ပြော ပါတယ်။

ဒေသတွင်း သတင်းတွေ၊ တပ်မတော်ရဲ့ လှုပ်ရှားမှုတွေ၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဆောင်ရွက်ချက် တွေ၊ မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကို တုံ့ပြန်ဆောင်ရွက်မှုတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒေါ် အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုတွေ စတဲ့ လတ်တလောဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေ သာမက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဆန့်ကျင်ရေး တချို့ကိုလည်း အဲဒီအကောင့်တွေမှာ မြန်မာလို အဓိက ရေးပြီး ဖေ့ ဘွတ်ခ်ပေါ်မှာ တင်ထားကြတယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ဖေ့ဘွတ်ခ်ပေါ်မှာ အကောင့်တုတွေ၊ သတင်းတု သတင်း မှားတွေ၊ အမုန်းတရားဖြန့်ဝေတဲ့ ဖေ့ဘွတ်ခ် ပေ့ခ်ျတွေကို ကြိုတင်ကာကွယ် ဟန့်တားတဲ့အနေနဲ့ ဒေသခံ ပြည် သူလူထုရဲ့ တိုင်ကြားချက်တွေကို ပြန်လည်သုံးသပ်ပြီး ဖေ့ဘွတ်ခ်ဘက်က စုံစမ်းစစ်ဆေးမှုတွေ စလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး အကောင့်တုတွေကို သုံးပြီး ဝါဒဖြန့်မှုတွေရဲ့ နောက်ကွယ်က လူတွေဟာ သူတို့ ဘယ်သူဘယ်ဝါ လဲ ဆိုတာ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီလူတွေဟာ တပ်မတော် အသိုင်းအဝိုင်းနဲ့ ဆက်နွှယ်သူတွေ ဖြစ်တယ်ဆို တာကို စုံစမ်းစစ်ဆေးမှု လုပ်စဉ်မှာ တွေ့ရှိခဲ့တယ်လို့ ဖေ့ဘွတ်ခ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေ
ဓာတ်ပုံ ရင်းမြစ်,FACEBOOK


ဖေ့ဘွတ်ခ်အကောင့်ပေါင်း ၅၃၈,၀၀၀ လောက်ဟာ လက်ရှိ ဖယ်ရှားလိုက်တဲ့ ဖေ့ဘွတ်ခ် ပေ့ခ်ျ တခု ဒါမှမ ဟုတ် တခုထပ်ပိုပြီး ဖော်လို လုပ်ထားကြတယ်လို့လည်း ဆိုပါတယ်။

အင်စတာဂရမ် အသုံးပြုသူ ၈၀၀ လောက်ကလည်း အဲဒီအကောင့်တွေထဲက တခု ဒါမှမဟုတ် တခုထပ်ပိုပြီး ဖော်လို လုပ်ထားကြတာပါ။

ဖေ့ဘွတ်ခ်မှာ ကြော်ငြာတွေ ထည့်ဖို့အတွက် ဒီအကောင့်တွေဟာ အမေရိကန် ဒေါ်လာ ၁၈၅၀ လောက်ကို လည်း သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်း အမုန်းတရားတွေ ဖြန့်ဝေမှုတွေကို တားဆီးတဲ့အနေနဲ့ရော ဖေ့ဘွတ်ခ် ဘက်က ချမှတ်ထားတဲ့ မူဝါဒ သတ်မှတ်တွေနဲ့ မကိုက်ညီတာကြောင့်လို့ဆိုကာ ၂၀၁၈ ခုနှစ်တုန်းကလည်း တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့ဘွတ်ခ် ပေ့ခ်ျအပါအဝင်၊ မြဝတီသ တင်းပြန်ကြားရေး ဖေ့ဘွတ်ခ် ပေ့ခ်ျနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ အကောင့်တချို့ကို ဖယ်ရှားခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲနဲ့ သတင်းတု၊သတင်းမှား

ကမ္ဘာတစ်ဝန်းက သတင်းတု၊ သတင်းမှားတွေကို စောင့်ကြည့်ဖယ်ရှားဖို့ ဘီဘီစီ နဲ့ မီဒီယာ ကုမ္ပဏီကြီးတွေ၊ ဖေ့စ်ဘွတ်ခ်၊ မိုက်ခရိုဆော့ဖ်၊ ဂူဂယ်လ်နဲ့ တွစ်တာ နည်းပညာ ကုမ္ပဏီကြီးတွေက ယုံကြည်စိတ်ချရတဲ့ သတင်း အစီအစဉ် TNI (Trusted News Initiative) ကို သီးခြားပြုလုပ်နေပါတယ်။

မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း အဲဒီအစီအစဉ်ကနေ သတင်းတု၊ သတင်းမှားတွေ ဖယ်ရှားရေးကို ပြုလုပ်မှာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာ ဘီဘီစီမြန်မာပိုင်းနဲ့ မီဒီယာအက်ရှင်တို့လည်း ပူးတွဲပါဝင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */