7DAY NEWS
By ကျော်သူမောင်, မြင့်ကျော်လှိုင်
Saturday, October 10, 2020
မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်မှုရှိနေ သည် ဟုဆိုသော ဖေ့စ်ဘွတ်ခ်စာ မျက်နှာ ၁၇ ခု၊ ဖေ့စ် ဘွတ်ခ်အ ကောင့် ၅၀ နှင့် Instagram အ ကောင့်ငါးခုတို့မှာ ဖေ့စ်ဘွတ်ခ်၏ မူဝါဒကို ချိုးဖောက်သဖြင့် ဖယ် ရှားလိုက်ကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ လုံခြုံရေးမူဝါဒအကြီး အကဲ Mr. Nathaniel Gleicher က အောက်တို ဘာ ၈ ရက် တွင် ပြောကြားသည်။
- တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အပါအဝင် ၅၁ ဦး နယ်ခြားစောင့်ရဲတပ်ရင်းသို့ ပြောင်းရွှေ့
- နှင်းဆီပါတီ အ တွက် သုံးစွဲသည့် ငွေကြေး၊ ဦးကျော်မြင့်၏ စီးပွားရေးလုပ်ငန်း၊ မှတ်ပုံတင်ကိစ္စတို့ကို သီးသန့်အဖွဲ့ဖြင့် စစ်ဆေးနေ
အဓိကအားဖြင့် မြန်မာဘာ သာဖြင့် ရေးသားဖော်ပြီး စစ်ရေးလှုပ်ရှားမှုများ၊ ပြည်ခိုင်ဖြိုးပါတီ အကြောင်း၊ အစိုးရ ၏ ပြည်တွင်းCOVID-19 ရောဂါတုံ့ပြန်မှု၊ NLD ပါတီနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကို ဝေဖန်ခြင်းအပြင် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား) ဆန့်ကျင်ရေးဖော်ပြ ချက်များကဲ့သို့ အကြောင်းအရာ များအပါအဝင် လတ်တလော ဖြစ်ရပ်များနှင့် ပြည်တွင်းသတင်း များကို ဖော်ပြလေ့ရှိကြောင်း ထုတ်ပြန်ထားသည်။
ဖေ့စ်ဘွတ်ခ်က ဖယ်ရှားခဲ့ သည့် ပေ့ချ်များအနက် ပြည်သူ့အသံ၊ ဒို့တပ်မတော်၊ လူထုဟစ် တိုင်၊ Tatmadaw Media Groupပေ့ချ်တို့၏ ရေးသားဖော်ပြချက်တို့ သည် စံနှုန်းသတ်မှတ်ချက် ကို ချိုး ဖောက်ခဲ့ကြောင်း Screen Shotသက်သေနှင့်အတူ ဘာသာပြန်ပြီး ထုတ်ပြန်ထားသည်။ ယင်းစာမျက်နှာများနှင့် မိတ်ဆွေလုပ် ထား(Friend)သော အကောင့် ၅၃၈,ဝဝဝ ရှိပြီး အင်စတာဂရမ် အကောင့်များနှင့် ချိတ်ဆက်ထား သော အေ ကာင့်ပေါင်း ၈ဝဝ ကျော်ရှိသည်။ ယင်းစာမျက်နှာ များနှင့် အကောင့်များသည် ဖေ့စ် ဘွတ်ခ်ပေါ်တွင် ကြော်ငြာ များအ တွက် ကန်ဒေါ်လာ ၁,၈၅ဝ သုံးစွဲ ခဲ့ပြီး ဒေါ်လာဖြင့် ပေးဆောင် ထားခြင်းဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ် က ထုတ်ပြန်ထားသည်။
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ တာဝန်ရှိသူ ဗိုလ် ချုပ်ဇော် မင်းထွန်းထံ ယမန်နေ့က တယ်လီဖုန်းခေါ်ဆိုခဲ့သော်လည်း လက်ခံ ဖြေကြားခဲ့ခြင်းမရှိပေ။
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီသည် ၂၀၁၈ ဩဂုတ်ကစတင်ကာ မြန်မာစစ်တပ် အဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွှယ်မှုရှိ ခဲ့သည့် ပေ့ချ်နှင့် အကောင့်များကို ရာ ဂဏန်းနှင့်ချီကာ ကွန်ရက်ပေါ်မှ ဖယ်ရှားပစ်ခဲ့သည်။
ထို့အပြင် ၂၀၂၀ ဖေဖော် ဝါရီတွင်လည်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ အစုရှယ်ယာ များပါဝင်သော မိုင် တဲလ်နှင့်ပတ် သက်ဆက်နွှယ်သည့် အကောင့် ၁၃ ခုနှင့် ပေ့ချ် ၁၀ ခုကိုလည်း ကွန်ရက်ပေါ်မှ ဖယ်ရှားခဲ့သည်။
Link : Here
No comments:
Post a Comment