မြန်မာဌာန | သတင်းများ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့ည ၁၀ နာရီလောက်က ဆိုင်ကယ်နဲ့လာတဲ့ မွတ်စလင်ရိုဟင်ဂျာလူငယ် နှစ်ဦးကို တွင်းမြောင်ရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရဲတပ်ဖွဲ့လုံခြုံရေးဂိတ်ကနေ သေနတ်နဲ့ လှမ်းပစ်လိုက်လို့ တစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရင်ဘတ်ကို ကျည်ဖောက်ဝင်ပြီး ပွဲချင်းပြီး သေဆုံးသွားသူဟာ သက္ကယ်ပြင်ကျေးရွာက အသက် ၃၀ ခန့်အ ရွယ် ကိုလူလာယာဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရသူကတော့ ရာဘာကွင်းဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အ သက် ၃၂ နှစ်ခန့်အရွယ် ကိုအာဘူဆီးတီး ဆိုသူဖြစ်တယ်လို့ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူ ဒေသခံမွတ်စလင် ရိုဟင်ဂျာတစ်ဦးက သူတို့နှစ် ယောက်ဟာ ဆိုင်ကယ်နဲ့သွားနေစဉ် ပစ်ခတ်ခံရတာလို့ ပြောပါတယ်။
“ဆိုင်ကယ်နဲ့ သွားတဲ့အချိန်မှာ ပစ်တယ်လို့ပြောတယ်။ ပစ်တဲ့အခါ အဲဒီနှစ်ယောက် မှာ ကျည်ဆန်ကျပါ တယ်။ တစ်ယောက်က အဲဒီကွန်ကရစ်လမ်းမှာပဲ ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်မှာက ခေါင်းနောက်ကဝင်ပြီး မျက်စိက ထွက်သွားပါတယ်။ အဲဒါကိုသူကိုယ်တိုင်ပြောပါတယ်။ အဲဒီအချိန်က သူစ ကားပြောလို့ရပါတယ်။ သူကိုယ်တိုင်ရွာသားတွေကို ပြောတာပါ”
မနေ့က သူတို့နှစ်ယောက်ဟာ သံထော်လီရွာကနေ အလည်လာတဲ့ သူငယ်ချင်းနှစ်ယောက်ကို ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့ရင်း ည ၉ နာရီလောက်မှာ ဒါးပိုင်၊ သက္ကယ်ပြင်ရွာဘက်ကို ပြန်လာကြတာလို့ ဆိုပါတယ်။
အဲဒီအချိန်မှာ မင်းဂံရဲတပ်ဖွဲ့ လုံခြုံရေးဂိတ်ကို ပထမဆုံးဖြတ်စဉ်မှာ ရဲတပ်ဖွဲ့ကဟန့်တားတာကို မရပ်တန့် ဘဲ ဆိုင်ကယ်ကို ဆက်လက်မောင်းနှင်ခဲ့ကြပြီး တွင်းမြောင်ရွာအနီးက ဒုတိယမြောက် ရဲလုံခြုံရေးဂိတ် အ နီးကို ရောက်တဲ့အချိန်မှာတော့ ပစ်ခတ်ခံရတာလို့ မျက်မြင်တွေ့ရှိသူ နောက်ထပ်ဒေသခံတစ်ဦး ကပြော ပါတယ်။
ကိုလူယာက အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး မျက်လုံးကို သေနတ်ဖောက်ဝင် ဒဏ်ရာရသွားတဲ့ ကိုအာဘူဆီးတီးဟာ တွင်းမြောင်ရွာထဲကို ပြေးဝင်ပြီး ရွာသားတွေကို အကူအညီ တောင်းခဲ့တယ်လို့ သိရ ပါတယ်။
နောက်ထပ်အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက မနေ့က သေနတ်သံ တစ်ချက်ထွက်ပေါ်တာကို သူ့နားနဲ့ ကြားလိုက်ရပြီးနောက် အခုလိုသေဆုံးဒဏ်ရာရ သတင်းကို သိခဲ့ရတာလို့ပြောပါတယ်။
“မနေ့က ၁၀နာရီကျော်လောက်က သေနတ်အသံတစ်ခုကြားပါတယ်။ ၁၀မိနစ် ၁၅ မိနစ်အကြာမှာ တစ် ယောက်သေဆုံးပြီးတော့ တစ်ယောက်ဒဏ်ရာရတယ်လို့ သတင်းကြားတယ်။ သူတို့ဟာ ကိုယ့်အိမ်ကို ကိုယ်ပြန်လာကြတာလို့ကြားတယ်။ ဦးအဘူစီးတီးဟာ ဒါးပိုင်ဒုက္ခသည်စခန်း လူနာဆေးရုံဆေးခန်းပို့ပေးတဲ့ Hijack ကားသမားတစ်ယောက်ဖြစ်တယ်”
ဒဏ်ရာရသူ ကိုအာဘူဆီးတီးကို စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
မနေ့က ရဲလုံခြုံရေးဂိတ်က ပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပြည်နယ်အစိုးရနဲ့ ပြည်နယ်ရဲတပ်ဖွဲ့က လက်မခံကြပါဘူး။
ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း သေနတ်ပစ်ဒဏ်ရာမဟုတ်ဘဲ အ ချင်း ချင်း ဓားနဲ့ခုတ်ရာကနေ ရရှိတဲ့ဒဏ်ရာတွေလို့ ပြောပါတယ်။
“သေနတ်ဒဏ်ရာမဟုတ်ပါဘူး။ ဓားခုတ်ခံရတာ။ ဓားခုတ်တာက သူတို့လုပ်နေကြတာမျိုးလေ။ ဟာလာ သဘောမျိုးပေါ့။ အဲလိုမျိုး သူတို့အချင်းချင်းပြောတာပဲ။ သေနတ်ဒဏ်ရာမဟုတ်ဘူး။ အခုတစ်ယောက် ကေ တာ့ ဆေးရုံမှာပေါ့။ တစ်ယောက်ကတော့ သေသွားတယ်ပေါ့လေ။ အဲဒါနဲ့ပတ်သက်ပြီးတော့ အမှုဖွင့်ထား တယ်။ ခုတ်တဲ့သူ ဘယ်သူလဲ စစ်းဆေးမေးမြန်းတုန်းပေါ့။ ဒဏ်ရာရတဲ့ တစ်ယောက်ကလည်းမေးလို့ မရေ သးဘူး”
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ကြီးမောင်မောင်စိုးကလည်း သေနတ်နဲ့ ပစ်ခတ်တယ်ဆိုတာ သူမကြား မိကြောင်း၊ အချင်းချင်းရန်ဖြစ်လို့ ဓားနဲ့ထိုးရာကနေ ဒဏ်ရာရကြတာဖြစ်ကြောင်းနဲ့ ဒီမှုကို စုံစမ်းနေဆဲ ဖြစ် ကြောင်းပြောပါတယ်။
“ထိခိုက်ဒဏ်ရာရလို့ ဆေးရုံရောက်တာပဲသိတယ်။ ပစ်ခတ်တယ်ဆိုတာ မကြားမိဘူး။ ကျွန်တော်တို့ကဒဏ် ရာ ရတာတို့ သေဆုံးတာတို့နဲ့ပတ်သတ်ပြီးတော့ ဆေးစာထင်မြင်ချက် တောင်းရတယ်လေ။ ဆေးရုံမှာ ဆေးစာပို့ရတယ်။ စုံစမ်းစစ်ဆေးတာကတော့ ရဲကလုပ်ရတယ်။ ဘာဒဏ်ရာ ဘာဒဏ်ရာဆိုတာ ကျွမ်းကျင် သူတွေရဲ့ ထင်မြင်ချက် ယူရတာပေါ့နော်။ ထင်မြင်ချက်တွေကတော့ စစ်ဆေးဖော်ထုတ်ချက်တွေရမှ သိရ မှာ”
ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ အစိုးရနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ ပြောဆိုချက်တွေ ကွဲလွဲနေတာတွေနဲ့ ပတ် သက်လို့ ဒေသခံ မွတ်စလင်လူကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို RFA ဆက်လက် မေးမြန်းခဲ့ရာမှာ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းကိုသာ သူတို့သိထားကြတယ်လို့ ပြောဆိုကြပါတယ်။
ဒါပေမဲ့ သူတို့ရဲ့လုံခြုံရေးအရဆိုပြီး သူတို့ရဲ့အမည်ကို လျှို့ဝှက်ထားဖို့ ပြောဆိုကြပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေတဲ့ Fortify Right အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့ အမှုမှန်ပေါ်ပေါက် ဖို့ စုံစမ်းစစ်ဆေးဖို့လိုပြီး လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ ရဲတပ်ဖွဲ့နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ အမှုမှန်ေ ပါ်ပေါက်ဖို့ အခြေအနေ မမြင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။
"ပြည်ထဲရေးက ဒီအမှုကို သင်ခန်းစာယူပြီးတော့ ကောင်းမွန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မျက်မြင်သက်သေေ တွနဲ့ ပူးပေါင်းပြီးတော့ ဘယ်သူတွေ ကျူးလွန်လဲ၊ ကျူးလွန်သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့လိုတယ်၊ လက်ရှိ အခြေအနေအရ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်ဆိုလည်း ပြည်ထဲရေးကနေ လုပ်မှာဖြစ် တဲ့ အတွက် ယုံကြည်စိတ်ချရလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဖြစ်မယ်လို့တော့ မယုံကြည်ဘူးပေါ့နော်"
မနေ့ကဖြစ်စဉ်နဲ့ပတ်သက်လို့ အဖြစ်မှန်ပေါ်ပေါက်ဖို့ လွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်ဖို့ လုပ်ဖို့လိုအပ်တယ်လို့လည်း ဒေသခံတွေအကြားမှာ ပြောဆိုနေကြပါတယ်။
Link : Here
No comments:
Post a Comment