Monday, August 17, 2020

ရိုဟင်ဂျာကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲဝင်ခွင့် ပယ်ချခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
17 သြဂုတ်၊ 2020
သက်နိုင်
            ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မဲဆန္ဒရုံတခုက မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)


လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရိုဟင်ဂျာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတဲ့ အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်း ထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် စစ်တွေခရိုင်နဲ့ မောင်တောခရိုင်တွေကနေ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ကြမယ့် ရိုဟင်ဂျာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦးထဲက ၄ ဦး ပယ်ချခံရတယ်လို့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးပါတီ အတွင်းရေးမှူးဦးကျော်စိုးအောင်က ပြောပါတယ်။

"စစ်တွေကတစ်ယောက် ပြီးတော့ နောက်ထပ်သုံးယောက် ပယ်ချခံရတယ်။ နောက်သုံးယောက်ကတော့ ပြည်သူ့ လွှတ်တော်တစ်ယောက်ရယ်၊ ပြည်နယ်လွှတ်တော် နှစ်ယောက်ရယ်၊ စုစုပေါင်း လေးယောက်ပေါ့။ အခုက ကျနော် တို့က အယူခံဝင်ဖို့ လုပ်နေတယ်။ အဆုံးအထိတော့ အယူခံဝင်ဖို့ လုပ်ထားတယ်။ ပြည်နယ်မှာအရင် ဝင်ပြီး တော့ ပြည်နယ်ကမရရင် နောက်တစ်ဆင့်တက်မှာပါ။"
ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့ နယ် တွေက ပြည်နယ်လွှတ်တော် ၂ နေရာနဲ့ ပြည်သူ့လွှတ်တော် ၃ နေရာအတွက် ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့အထဲက ပြည်သူ့လွှတ်တော် ၁ နေရာကလွဲလို့ ကျန် ၄ နေရာအတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့တာပါ။

စစ်တွေခရိုင်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ အဒူရော်ရှိ ကတော့၂၀၁၉ ခုနှစ်မှာ နိုင်ငံသားဖြစ်ပေမယ့်လည်း မိဖတွေက နိုင်ငံသားမဟုတ်တဲ့အတွက် ပယ်ချခဲ့တာလို့လည်း စစ်တွေခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစံရွှေလှက ပြောပါတယ်။

"ပယ်ချတဲ့ အကြောင်းအရင်းကတော့ သူ့ကို မွေးတဲ့ အချိန်မှာ သူ့အဖေ၊ အမေက နိုင်ငံသားမဖြစ်သေး တာကြောင့်မို့ ကျနော်တို့က ပယ်ချလိုက်ရတာ ဖြစ်တယ်။ သူကတော့ ၂၀၁၉ မှာ နိုင်ငံသားဖြစ်တယ်ဗျာ။"

ဒါအပြင့် မောင်တောခရိုင်မှာ တစ်သီးပုဂ္ဂလက တစ်ဦးအပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကနေ အမည်စာရင်းတင်သွင်းထားတဲ့ ရိုဟင်ဂျာလွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးထဲက ၃ ဦးကိုလည်း ဥပေ ဒနဲ့အညီ ပယ်ချရတာဖြစ်တယ်လို့ မောင်တောခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြော ပါတယ်။

"ပယ်ချရတယ်ဆိုတာကတော့ ကျနော်တို့ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ နဲ့ စိစစ်ရတာပါ။ အဲလိုစိစစ်တဲ့ အ ခါမှာ စောစောကပြောတဲ့ သူတွေက သူတို့ကို မွေးဖွားတဲ့အချိန်မှာ သူတို့ အဖေအမေတွေက နိုင်ငံသား မဖြစ်သေးလို့ပါပဲ။ ဥပဒေမှာလည်း အဲဒီအတိုင်းပဲဆိုထားပါတယ်။ ကျနော်တို့ကလည်း သူတို့က အာဂတတ ရားနဲ့ လုပ်တာလည်း မဟုတ်ပါဘူး။ ကျနော်တို့က ဥပဒေအတိုင်းပဲ လုပ်တာပါ။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ် တော် ရွေးကောက်ပွဲ ဥပဒေအခန်း ၅ မှာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေကို မွေးဖွားစဉ်က မိဘနှစ်ပါးလုံး မိနိုင်ငံသားဖြစ်ရမယ်ဆိုပြီး ပါဝင်တာလည်းဖြစ်ပါတယ်။

ပယ်ချခံရသူတွေထဲမှာတော့ မောင်တော်ခရိုင်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင် ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းလည်း ပါဝင်ပါတယ်။
 
"အဲတာ ဥပဒေနဲ့ အညီလား လုပ်ချင်လို့ လုပ်တာလား နိုင်ငံတော်ရဲ့ အစိုးရ ပေါ်လစီလားဆိုတာ စဉ်းစား စရာပဲပေါ့နော်။"

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကို ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ရွေးကောက် ပွဲမှာကိုယ်စားလှယ်လောင်းအမည် တင်သွင်းခဲ့ဖူးပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြု ခဲ့ပါဘူး။ ဒီတကြိမ်ရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်း ၅ ဦး အမည်စာရင်းတင်သွင်းထားပေမဲ့ တစ်ဦးသာ ရွေး ကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကြီးလေးတဲ့ လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲ ထားပြီး၊ လူနည်းစုတွေကို ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့ နိုင်ငံသားအခွင့်အရေးတွေ ပေးဖို့လည်း တိုက်တွန်း နေကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံတ ကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန် ခဲ့တာ မရှိကြောင်းနဲ့ အခြေခံအခွင့်အရေးတွေကိုလည်း ဥပဒေနဲ့အညီ ခံစားခွင့်ပြုထားကြောင်း ပြောဆိုထား ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */