လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-08-16
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်း အပါအဝင် ကိုယ်စားလှယ်လောင်း သုံးဦးကို ရခိုင် ပြည်နယ် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက် ပါတယ်။
မြန်မာဌာန | သတင်းများ
2020-08-16
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ သြဂုတ် ၁၄ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ် Photo: RFA
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်း အပါအဝင် ကိုယ်စားလှယ်လောင်း သုံးဦးကို ရခိုင် ပြည်နယ် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက် ပါတယ်။
မိဘတွေမှာ နိုင်ငံသားကတ်မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘူးသီးတောင်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင် မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီက သုံးဦးကို ခရိုင်ကော်မရှင်က ပယ်ချလိုက်တာလို့ ဦးကျော်မင်းက ပြောပါတယ်။
သူတို့ကို ပယ်ချတာနဲ့ ပတ်သက်ပြီး မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်မြင့်ကို RFA က ဆက်သွယ်မေးမြန်းရာမှတော့ သူတို့မိဘတွေဟာ မွေးဖွားချိန်က နိုင်ငံသား မဖြစ်တာကြောင့် ပယ်ချရ တာဖြစ်ပြီး ရွေး ကောက်ပွဲဥပဒေပုဒ်မ ၁၀ နဲ့ ငြိစွန်းတာကြောင့်လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာက ဝင်ရောက်အရွေးခံမယ့် ဦးကျော်မင်း၊ ပြည်နယ်အမှတ် ၁ က ဦးအောင်လှ၊ ပြည်နယ်အမှတ် ၂ က ဦးစောမြင့်တို့ကိုလည်း မိဘတွေဟာ မွေးဖွားချိန်က နိုင်ငံသား မဟုတ်ဘူးဆိုပြီး ပယ်ချလိုက်တာလို့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။
လွှတ်တော် ကိုယ်စားလှယ်လောင်း လျှောက်ထားမှု အပယ်ခံရတာနဲ့ ပတ်သက်ပြီး ပြည်နယ် ရွေးကောက် ပွဲကော် မရှင်ကို အယူခံဝင်သွားမယ်လို့ ဦးကျော်မင်းက RFA ကို ပြောပါတယ်။
မောင်တောခရိုင်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း လေးဦး ဝင်ပြိုင် ဖို့ လျှောက် ထားရာမှာ တစ်ဦးသာ မိဘတွေမှာ နိုင်ငံသားကတ်ရှိတာကြောင့် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စား လှယ်လောင်း လျှောက်လွှာတင်ထားတဲ့ ဦးအဓူရော်ရှိကို စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ် စား လှယ်လောင်း အဖြစ်ကနေ ပယ်ချခဲ့ပါတယ်။
Link : Here

No comments:
Post a Comment