VOA
ဗွီအိုအေ (မြန်မာဌာန)
03 ဇူလိုင်၊ 2020
မအေးအေးမာ
03 ဇူလိုင်၊ 2020
မအေးအေးမာ
"Husen maungdaw gang" လူကုန်ကူးဂိုဏ်း ကို စစ်ဆင်းရေးလုပ်ပြီး ဖမ်းဆီးလာတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၃၊ ၂၀၂၀)
ရိုဟင်ဂျာတွေကို လူကုန်ကူးနေတဲ့ Husen maungdaw gang လူကုန်ကူးဂိုဏ်းဝင်တွေကို မလေးရှားနိုင်ငံမှာ တရားရုံးတင်စစ်ဆေးတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပါမယ်။
"Husen maungdaw gang" လူကုန်ကူးဂိုဏ်း ကို စစ်ဆင်းရေးလုပ်ပြီး ဖမ်းဆီးလာတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၃၊ ၂၀၂၀)
မလေးရှားနိုင်ငံ တရားရုံးမှာ ရုံးတင်စစ်ဆေးခံရတဲ့ "Husen maungdaw gang" လူကုန်ကူးဂိုဏ်းဝင် ၁၆ ယောက်မှာ ရိုဟင်ဂျာ ၁၂ ဦးနဲ့မလေး ရှားနိုင်ငံသား ၄ ဦးတို့ ပါဝင်ပြီး ထူးခြားတာက Kedah လူဝန်မှုကြီးကြပ် ရေး အရာရှိ Mohammad Jafnizal ဆိုသူလည်း ပါဝင်နေတာပါ။ သူတိုကိုတော့ မလေးရှားတရားရုံးကနေ ဇူလိုင် ၂ ရက်နေ့က စတင်စွဲချက်တင်ခဲ့ပါတယ်။
အမှုစွဲခံရတဲ့ လူကုန်ကူးဂိုဏ်းဝင်တွေဟာ မြန်မာနိုင်ငံကနေ လှေစီးပြေး ဒုက္ခသည်တွေကို မလေးရှားနိုင်ငံကို ကုန်းလမ်း၊ ရေလမ်းနည်းမျိုးနဲ့စီစဉ်ခေါ်ထုတ်ပေးနေတာ ဖြစ်တယ်လို့ Pinang Crime Investigation Department ပီနံဆိုင်ရာ မှုခင်းဖေါ်ထုတ်စစ်ဆေးရေး အရာရှိ Sahabudin Bin Abd Manan က သတင်း ထောက်တွေကို မလေးရှားဘာသာနဲ့ ထုတ်ဖေါ် ပြောဆိုသွားခဲ့ပါတယ်။
မလေးရှားအာဏာပိုင်တွေအနေနဲ့ အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး Husen maungdaw gang လူကုန်ကူးတဲ့ ဂိုဏ်းကို ဖမ်းဆီးရာမှာ အဖွဲ့ဝင် ၂၁ ယောက်ဖမ်းမိပြီး ၁၆ ယောက်ကတော့ လှေစီးပြေး ရိုဟင်ဂျာတွေကို နည်းပေါင်းစုံနဲ့ ခိုးသွင်းနေတာကြောင့် ရုံးတင်ခဲ့ရတာဖြစ်ကြောင်း မလေးရှားဘာသာနဲ့ ပြောသွားတာပါ။
အင်ဒိုနီးရှား Aceh ကမ်းခြေနားရောက် ရိုဟင်ဂျာဒုက္ခသည်လှေ ကမ်းကပ်ခွင့်ရဖို့ စောင့်ဆိုင်းနေ
အခု စွဲချက်တင်ခံရသူတွေကိုတော့ မလေးရှားဆိုင်ရာ လူကုန်ကူးမှုဥပဒေ 130 V (1) အရ တရားစွဲခဲ့ပြီး အမှုကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုရင် ထောင်ဒဏ်အနှစ် ၂၀ ထက်မနည်း အပြစ်ဒဏ်တွေကျခံရမှာ ဖြစ်ပါတယ်။
မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin
မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး မြန်မာ ဘက်က ပြန်လည်လက်ခံမယ်လို့ ပြောထားပါတယ်။
Link : Here
No comments:
Post a Comment