2020.02.27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ရဲ့ အတွင်းရေးမှုးတစ်ဦးဖြစ်သူ ဦးမျိုးရန်နောင် သိန်း က အစ္စလာမ်ဘာသာဝင်ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်ခင်လှကို ဖွဘုတ်မှာ ဝက်သားဒုတ်ထိုးပေ့ချ် ကို Like ပေးရန် Invite လုပ်ရာကနေ ပြဿနာတက်နေတယ်လို့သိရပါတယ် ။ ဒီသတင်းကို ဒေါ်ခင်လှက သူမရဲ့ ဖွဘုတ်စာမျက်နှာမှာ အခုလိုရေးတင်ထားတာကိုတွေ့ရပါတယ် ။
ဦးမျိုးရန်နောင်သိန်းက တိုင်းပြည်ကို အုပ်ချုပ်ရေးနေတဲ့ ပါတီရဲ့ အဖွဲ့ဝင်တစ်ဦးဆိုတာ လူတိုင်းသိသလို၊ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လာရင် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သူများနဲ့ အတူရပ်တည်သူတစ်ဦးဆို တာလည်း လူတိုင်းလိုလိုသိကြတယ်။
ကျွန်မပြောချင်တာအဲဒါတော့ မဟုတ်ဘူး။ ကိုးကွယ်ယုံကြည်မှုက လူတိုင်းရဲ့ ပုဂ္ဂလိက ယုံကြည်မှုဖြစ်တယ်။ အဲဒီယုံကြည်မှုကို လူအများသိအောင် ကြေညာကြလို့ လူတွေကို ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင် စသည်ဖြင့် သိကြတယ်။
ကိုးကွယ်ယုံကြည်မှုနဲ့အတူ အစားအသောက် ရှောင်ကြတာကိုလည်း အပြန်အလှန် နားလည်မှုပေးကြ တယ်။ လူလိုနားလည်သူတွေကတော့ လူတစ်ဦးရဲ့ ကိုးကွယ်ယုံကြည်မှုကို ဘယ်လို လေးစားပြရမယ် ဆို တာကို နားလည်ကြတယ်။
ဦးမျိုးရန်နောင်သိန်းလို ပညာတတ်တစ်ယောက်ကတော့ အင်မတန် အောက်တန်းကျလွန်းပါတယ်။ ကျွန်မကို ဝက်သားဒုတ်ထိုး ဆိုတဲ့ Page ကို Like လုပ်ဖို့ Invitation ပို့တာကို မတော်တဆ ပို့လိုက်တယ်လို့ မထင်မြင်မိဘူး။
ဒါက တမင်သက်သက်ကို လူမဆန်စွာ ရိုင်းစိုင်းပြခြင်းသာ ဖြစ်တယ်။ သူ့ရဲ့ အောက်တန်းကျတဲ့ အပြုအမှုကို မိတ်ဆွေတွေသိအောင် ပို့စ်ရေးလိုက်ခြင်း ဖြစ်ပါတယ်။
www.innlaymedia.com | Inn Lay Media
No comments:
Post a Comment