" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 8, 2020

ဘာတွေဆက်လုပ်ကြမလဲ – သရဝဏ်(ပြည်)

HEADLINE NEWS
2020-01-04
၂ဝ၁၉ သည် ထန်းလျက်ခဲ ကိုခွေးလျက်သကဲ့သို့ တဖြုတ်ဖြုတ် နှင့် ကုန်လွန်ခဲ့ချေပြီ။ ၂ဝ၂ဝ သည်ကား ကာရာ အိုကေဆိုင်မှ ဈေးဦး မပေါက်သေးသော အပျိုဖျန်းမလေး တစ်ယောက်ကဲ့သို့ ဆတ်ကော့လက် ကော့ဖြင့် အဝတ် သစ်အစားသစ်ကို ဆင်ယင်ကာ လူရှေ့သို့ထွက်ချလာခဲ့ ချေပြီ။၂ဝ၁၉ ကား လက်ပြထားရစ် ခဲ့လေပြီ။ ထိုအခါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကြီးဝယ် ၂ဝ၁၉ က မပြီးပြတ်ခဲ့သော တိုးလိုးတစ်လစ် ကိစ္စများ၊ ဘာမှမလုပ်ရ သေးဘဲ ၂ဝ၂ဝ နှစ်သစ်တွင်မှ စတင်လိုက်မည် ဟု အားခဲကြိမ်းဝါးထားသော ကိစ္စ များလည်း စတင်ရပေတော့ မည်။ ထိုအခါ ဘာတွေသည် လက်စမသတ် ခဲ့သလဲ၊ ဘာတွေသည် လတ်တလော အသစ် စတင်ဖို့ လိုပြီလဲဆို တာ လည်း စဉ်းစားမိလေသည်။ ၂ဝ၁၉ တွင် လက်စမသတ်နိုင်ဘဲ ၂ဝ၂ဝ သို့ခေါ် ယူလာ ခဲ့ရသော ကိစ္စများစွာအ နက် အသိသာအထင်ရှား ဆုံးကိစ္စမှာ ပြည် တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ် သည်။

 တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပဲဆိုဆို၊ ၂၁ ရာစုပင်လုံ ညီလာခံပဲဆိုဆို၊ ပြည်တွင်းစစ်ရပ်စဲ ရေးပဲပြော ပြော၊ လက်နက်ကိုင်သောင်း ကျန်းမှုချုပ်ငြိမ်းရေးပဲခေါ်ခေါ်၊ တစ် ယောက်ကိုတစ်ယောက် တစ်ဖွဲ့ကိုတစ်ဖွဲ့လက်နက် ကိုင်ပစ်ခတ်တိုက် ခိုက်ကြသောကိစ္စကား ရှေးယခင်က လည်းမရပ်၊ ယခုလည်းမရပ်၊ နောင်ကိုလည်းရပ်ဖို့မလွယ် ကြသော အရေး ကိစ္စကြီးဖြစ်ပေ၏။ ၂ဝ၂ဝ ကား ထိုငြိမ်းချမ်းရေးကိစ္စကြောင့် နာမည် အ ချောင်ပျက်ရချေဦးမည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ၂၁ ရာစုပင်လုံညီလာခံ ကြီးကို အားတက်သရော အားကြိုး မာန်တက် ဆောင် ရွက်နေပေသော် ငြားလည်း အကျိုးရလဒ်ကား နှေး ကွေးလေးလံလှသည်။ အရပ်သား အစိုးရကငြိမ်းချမ်း ရေးကို လိုလား သလောက်၊ အာပေါက်အောင်ပြောနေ သလောက် လက်နက်ကိုင်အဖွဲ့အချင်း ချင်း ကတော့ ယုံ ကြည်မှတွေပျောက် ဆုံးကာ ဆွေးနွေးလိုက်တိုက်ခိုက် လိုက်၊ အပစ်ရပ်လိုက်၊ ဆော်လဘန် တေ လိုက်ဖြင့် သံသ ရာလည်နေသည်။ တကယ်ဒုက္ခရောက်ကြတာက ကြား ကမြေစာပင်ပြည်သူလူထု၊ တကယ်အထိနာတာကတိုင်း ပြည်စီးပွားရေး။အမြတ်ထွက်နေတာက လက်နက်ကိုင် အဖွဲ့တွေ။ ဘာရည်ရွယ်ချက်၊ ညာ ရည်ရွယ်ချက်၊ ဘာ တာ ဝန်၊ ညာတာဝန် ဆိုတာတွေကို လူကြားအောင်ပြောကြ၊ ဝါဒဖြန့်ကြ၊ တကယ် တမ်းမှာတော့ လက်နက် ကိုင် ထားရတဲ့ အရသာကို နှစ်ခြိုက်နေကြတာဟာ ငြိမ်းချမ်းရေး မရတဲ့ အဓိကအ ချက်ပါပဲ။ ၂ဝ၂ဝ မှာ ဘယ်လိုလာမ လဲ ဆိုတာ စောင့် ကြည့်ရဦးမှာပါပဲ။ ငြိမ်းချမ်းရေး ချိုးဖြငှက်ကလေးက တော့ သေနတ် ကျည်ဆန်ဒဏ်၊ လောက် စာလုံးဒဏ်၊ လေသေနတ်ဒဏ်၊ လက်နက်ကြီးဒဏ် တွေကိုခံဖူးလို့ အလွယ်တကူနဲ့ရောက်လာမယ်လို့တော့မထင် ဘူး။

၂ဝ၂ဝ နှစ်ကုန်မှာရောက် လာတော့မှာကတော့ အထွေထွေရွေး ကောက်ပွဲကြီးပါပဲ။ သြော် အချိန်တွေ ကအကုန် မြန်လိုက်တာTime flies when you enjoy it ဆိုသလိုပဲ လုပ်ရင်းကိုင်ရင်းအချိန်တွေကကုန် သွားတော့ တာ ပါပဲ။ စာရေးသူမျက်စိ ထဲတော့ ၂ဝ၁၅ ရွေးကောက်ပွဲကြို ကာလတုန်းက မြို့အနှံ့၊ ရွာအနှံ့ ဟောပြောပွဲတွေ သွားခဲ့ကြ ရတာကို မနေ့တစ်နေ့ကလို ထင်မှတ်နေတုန်း ပါပဲ။ သြော် ငါးနှစ်ဆိုတဲ့အချိန်ဟာ ကုန်လွယ် လွန်း လှချည့်။ ဒါကို က ဒီမိုကရေစီထင်ပါရဲ့။ နဝတ၊ နအဖ စစ်အစိုးရလက်ထက်တုန်းကများ ဒီလူကြီးတွေ မြန်မြန်ဆင်းပါတော့၊ မြန် မြန်ပြုတ်ပါတော့ဆိုပြီး ဆုတောင်း လိုက်ရတာ တစ်ရက်ကုန်ဖို့၊ တစ်လ ကုန်ဖို့တယ် ကြာတာကလား။ တစ်နှစ် ကုန်ဖို့ဆိုတာကတော့ ကမ္ဘာပျက်မယ့် နေ့ကိုစောင့်ရသလောက်ကိုကြာတာ။

အဲဒီတုန်းကဆို မကြည့်ချင် မြင်ချင်ပါလျက်သားဆိုသလို ရုပ်မြင် သံကြားကိုဖွင့်လိုက်လို့ ညရှစ်နာရီ သတင်း လာ တာနဲ့ တီဗွီမင်းသားကြီး ခင်ညွန့်ပုံဟာ စစ်ယူဖောင်းကိုကော့ပျံ နေအောင်ဝတ်ထားတဲ့ပုံနဲ့ ပေါ်လာတော့တာပဲ။ ဟိုအဖွဲ့ရဲ့ဥက္ကဋ၊ ဒီအဖွဲ့ ရဲ့နာယက၊ ဟိုကော်မတီရဲ့ခေါင်းဆောင်၊ ဒီလုပ်ငန်းအဖွဲ့ရဲ့ လမ်းညွန် သူ၊ ဟိုဖွင့်ပွဲရဲ တာ ဝန်အရှိဆုံး၊ ဒီလုပ်ငန်းခွင်ရဲ့ အရေးအပါဆုံး။ တစ်နိုင်ငံလုံး ရှေ့တိုးနောက်ဆုတ် ယောက်ယက် ခတ်ပြီး လိုအပ် သည် များကိုညွန်ကြားနိုင်လွန်းသူ။ စသော စသော ထူးခြားဆန်းပြားထည်ဝါလှ တဲ့ဂုဏ်ပုဒ် ကြီးတွေနဲ့ ဖဲကြိုး ပေါင်း များစွာကို ကတ်ကြေးနဲ့ကိုက်ဖြတ်၊ ကန့်လန့်ကာပေါင်းများစွာRemote control ကြီး တကားကားနဲ့ ဖွင့်၊ လူလုံးတွေပြခဲ့ကြတာ။ အဲဒီ ခေတ်တုန်းက နှစ်တစ်နှစ်မြန်မြန်ကုန်ပါစေဆိုပြီး ဆုတောင်း ပမယ့် ကုန်ခဲ လိုက် တာ၊ ကြာလိုက်တာ။ အခုခေတ်မှာတော့ ဘာမှတောင်မနေလိုက်ရသေးဘူး လေးနှစ် ကျော် လို့ ငါးနှစ်အတွင်း တောင် ရောက်ပြီဆိုပဲ။ ကေင်းလေးစွ ကောင်းလေစွ။

၂ဝ၂ဝ ရွေးကောက်ပွဲကြီး တွင်မူကား မည်သူနိုင်မည် မည်သူ ရှုံးမည်ကိုအသာထား။ ထူးခြားမှု တစ်ခုကို တွေ့ရ၏။ ထိုအရာကား တပ်တွင်းမဲရုံများကို တပ်ပြင်ပနယ် မြေများသို့ ထုတ်တော့မည်ဆိုသော သတင်းပင် ဖြစ်ချေသည်။ မန္တလေး တိုင်းအတွင်းရှိ တပ်တွင်းမဲရုံ ၉၆ ရုံကို လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲ တွင် မဲရုံလေ့လာ စာင့်ကြည့် သူ များ လွယ်ကူစွာ လွတ်လပ်စွာ လေ့လာနိုင် ရန် တပ်ပြင်ပ သာမန်အရပ်သားများ မဲပေးရာ ဌာနများသို့ ပြောင်းရွေ့ နေရာ ချတော့မည်ဟု သိရပေ၏။ အခြား တိုင်းနှင့် ပြည်နယ်များတွင်လည်း အလားတူဆောင်ရွက်မည်ထင်သည်။ ဘာပဲဖြစ်ဖြစ် စာရေးသူကတော့ ထိုလုပ်ရပ်ကိုထောက်ခံသည်။တပ် နယ်မြေ ဆိုသည်မှာသွားရခက်သည်။လုံခြုံ ရေးတွေ၊ အစောင့်တွေ၊ အစစ် အဆေးတွေများသည်။ ဝင်ချင်တိုင်း ဝင် ထွက်ချင်တိုင်းထွက်၍မရ။ ဘာ ကြောင့် လဲ၊ ဘယ်သူနဲ့တွေ့ချင်လို့လဲ၊ ဘာလုပ်မှာလဲ၊ မှတ်ပုံတင်ပါလား၊ ယာဉ်မောင်းလိုင်စင်ပါလား၊ဘယ်ကိုတော့မသွား ရ၊ ဘယ်နေရာမှာ ခဏ စောင့်ဦး လူကြီးကိုမေးလိုက် ဦး မယ် စသည်ဖြင့် အကန့်အသတ်တွေရှိသည်ရွေးကောက် ပွဲတွင် မဲပေး သည့်နေရာဆိုတာ ၁ဝဝ ရာခိုင်နှုန်း ဝင်ရထွက်ရ လွတ်လပ်ပွင့်လင်းဖို့ လိုသည်။ မဲရုံတစ်ရုံကို လာ ကြည့် ဖို့ ကိစ္စ နာရီဝက်တစ်နာရီ အထက်ကို ခွင့်ပြုမိန့်တောင်းကာ စောင့်နေလို့ ဖြစ်သည်မဟုတ်။

 မဲရုံဖွင့်သည်မှ မဲရုံပိတ်ချိန်အထိ စောင့်ကြည့်အဖွဲ့ သား များ၊ သတင်းထောက်များသည် ဇယ်ဆက်သလို သွားကြ လာကြ စောင့်ကြည့် သတင်းယူကြရသည့် လုပ် ငန်း သဘာဝရှိသည်။ ထို့ကြောင့် တပ်တွင်းမဲရုံများ အပြင်ရွေ့ လိုက်တာ ကောင်းသည်။ အနည်းဆုံးအနေဖြင့် ကတော့ တပ်နှင့်ပြည်သူ တစ်သား တည်းဖြစ်သွားသည်။ ပြည်သူ လူထု က မဲပေးတော့လည်းဒီနေရာ၊ တပ်မ တော်သားတွေ၊ တပ်တွင်းနေမိသားစု တွေ မဲပေးတော့လည်းဒီနေရာ။ ထို့ ကြောင့် ဘယ်ပါတီနိုင် သည်ဖြစ် စေ၊ ဘယ်အဖွဲ့ကိုမဲပေးသည်ဖြစ်စေ ပြည် သူလူထု၏မျက်စိအောက်မှာ မဲ ပေး ကြသည်ဖြစ်၍ အရှံးအနိုင်မဲ ရလဒ်ကို သံသယဝင်စရာမရှိသလို စောဒက တက်စရာလည်း မရှိတော့ပါပေ။ ထို့ကြောင့် မန္တလေးသာမက မြန်မာ တစ်ပြည်လုံး၏ တပ်တွင်းမဲရုံများ တပ်အပြင်သို့ရွေ့ခြင်းကို ထောက်ခံပါ၏။ ထိုနေ့တွင် တပ်တွင်းနှင့် မဲရုံ ခေါက်တုံ့ခေါက်ပြန် သယ်ယူပို့ဆောင် ရေး ကိစ္စလေးကိုတော့ဖြင့် စီစဉ် ဆောင် ရွက် ရခြင်း အလုပ်ကိစ္စ ပိုလာ ပေလိမ့်မည်။ သို့သော် နိုင်ငံတော် အတွက် လိုအပ်၍ဆောင်ရွက်ရခြင်းဖြစ်ရာတပ်ဘက် က ဆောင် ရွက်ပေး နိုင်ပါလိမ့်မည်။

၂ဝ၂ဝ တွင် လုပ်စေချင် သောကိစ္စတစ်ခုလည်း ရှိသေး၏။ထိုအရာမှာ မြနန်းစံကျော် မန္တလေး နန်းတော်တည် ရှိ ရာ နန်းတော်ကြီးကို ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက် သို့ နန်းတော်ဝင်းကြီးတစ်ခုလုံး အ ပြည့်အဝပြန်လည် လွဲအပ်ပေးစေလို ခြင်းဖြစ်သည်။ ယခုအခါ မန္တလေး နန်းတွင်းသို့ ဝင်မည်ဆိုလျှင် ယဉ် ကျေးမှု ဝန်ကြီးဌာနက အ ပြည့်အဝ မပိုင်၊ နန်းတွင်းတွင် တပ်စွဲထားသော တပ်ကရှိနေသည်။ မန္တလေးနန်းတော် ဝင်း ကြီးတစ်ခုလုံးသည် တပ်ပိုင်မြေ လို ဖြစ်နေသည်။ ထိုအရာကို ပြည် သူလူထု ရွေးချယ်တင်မြှောက်သောဒီမိုကရေစီအစိုးရလက်ထက်  တွင် ပြန်လည်ပြုပြင်သင့်သည်။ နန်းတော် သည် စစ်တပ်နယ်မြေ မဖြစ်သင့်ပေ။

 ရှေးဟောင်းယဉ်ကျေးမှုဇုန် နယ်မြေ သာဖြစ်သင့်သည်။ ကာကွယ်ရေး ဝန်ကြီးဌာနသည် ထိုမန္တလေးနန်း တော် တပ်နယ်မြေကို ရှေးဟောင်းယဉ်ကျေး မှု ဝန်ကြီးဌာနသို့ ပြန်လည်လွဲပြောင်း ပေးအပ်သင့်ပါသည်။ ဒီကိစ္စကို တော့ နိုင်ငံတော်အစိုးရ၊ လွတ်တော်အမတ် များ တောင်းဆို၊ ညှိနှိုင်းအလုပ်လုပ် ရမည့်ကိစ္စဖြစ်ပေသည်။ ၂ဝ၂ဝ တွင် အကောင်အထည်ပေါ်လာပါက အ ကောင်းဆုံးဖြစ်လိမ့်မည်။

၂ဝ၂ဝ နှစ်ဆန်းပိုင်းတွင် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ ကြား ဖြတ်စီ ရင်ချက(Provisional Measures) ချ၊ မချ အမိန့်ထုတ်ပြန် ပေလိမ့်မည်။ ဂမ်ဘီယာနိုင်ငံက စွဲ ချက်နှစ်ခု ပြုလုပ် သည်ဖြစ်ရာ လူ မျိုးတုံးသတ်ဖြတ်မှုကို မြန်မာနိုင်ငံ ကကျူးလွန်ခဲ့သည်ဆိုခြင်းမှာ ပထမစွဲချက်ဖြစ်သည်။ အဓိက စွဲချက်လည်း ဖြစ်သည်။ ထိုစွဲချက်ကြီးကို စစ်ဆေး ရန်မှာ ကုလသမဂ္ဂထုံးစံအရ သုံးနှစ်မှ ဆယ်နှစ်အထိ ကြာ နိုင် ပေသည်။ ဒုတိယစွဲချက်ကတော့ လူမျိုးတုံး သတ်ဖြတ်မှုကြီးကို ှုဃဲ က စစ်ဆေး နေ သည့်ကာလအတွင်း အစ္စ လာမ် ဘာသာဝင်များ (သူတို့အခေါ် ရိုဟင် ဂျာများ)ကို ဆက်လက်မဖိနှိပ်စေရန် ကြားဖြတ်အစီအမံများ ချ မှတ် ပေးဖို့ ဖြစ်သည်။ ကြားဖြတ်အစီအမံဆိုသည် မှာ ဘင်္ဂါလီမူဆ လင်(သူတို့  အ ခေါ် ရိုဟင်ဂျာ)များကို ထပ်မံ မဖိ နှိပ်ဖို့ ဥပဒေအရတောင်းဆိုမှုများကို အာမခံ ချက် ပေးရခြင်းဖြစ်သည်။ ထို ကြား ဖြတ်အစီအမံများချ၊မချဆိုသည့် ကိစ္စ ကို ယခု ၂ဝ၂ဝ ဇန်နဝါရီလအတွင်း ICJ ကဆုံးဖြတ် ချက်ချ မည်ဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၉ ဒီဇင်ဘာ ၁ဝ၊ ၁၁၊ ၁၂ က ဖြစ်ပွားခဲ့သော အငြင်း ပွားမှုကိစ္စသည် ၂ဝ၂ဝ ဇန်နဝါရီတွင် အကောင်အထည် ပေါ်လာတော့မည်ဖြစ် သည်။ ထိုအမှုတွင် မြန်မာကို အနိုင်ပေးကာ ဂမ်ဘီ ယာက တောင်း ဆိုသော ကြားဖြတ်စီရင်ချက်ကို ပယ်ချပေး ဖို့ဆုံးဖြတ်လျှင် အကောင်း ဆုံးဖြစ်သည်။ မူလ အမှုကြီးဖြစ်သော လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ကို လည်းတရားရုံး က လက်မခံပယ်ချ ကြောင်း (ဂမ်ဘီယာ ကတရားစွဲခွင့် မရှိကြောင်း) ဆုံးဖြတ်လိုက်လျှင် သားရွေအိုးထမ်း ပြန် လာသည့်ကိန်း ဖြစ်ချေမည်။

သို့သော် လောကကြီးတွင် အခြို့အရာများသည် မျှော်လင့်သည့် အတိုင်း မဖြစ်သည့်သာဓကလည်းများစွာရှိတတ် ၏။ မျှော်လင့်ထားသည် နှင့်ဆန့်ကျင်ဘက်လည်း ဖြစ်လာနိုင်ပါသည်။ မျှော်လင့်ထားသည့် အတိုင်း ဖြစ်မလာဘဲ ဂမ်ဘီယာနိုင်ငံက တောင်းဆိုသည့်အတိုင်း ICJ က လိုက်လျောကာ ကြားဖြတ်စီရင်ခွင့် အမိန့်များ ချမှတ်ခံရပါက လည်း နိုင်ငံသူနိုင်ငံသား များသည် သွေးမဆူဘဲ တည်တည်ငြိမ် ငြိမ်ဖြင့် ဆုံး ဖြတ်ရင်ဆိုင်ကာ မြန်မာ တို့သည် လူရမ်းကားျမား၊ အရိုင်းအစိုင်း များမဟုတ်ကြောင်း၊ တရားဥပဒေနွင့် အညီ ဉာဏ်ပညာရှိ စွာနေထိုင်တတ်သည့် လူမျိုးများဖြစ်ကြောင်း ကမ္ဘာကို ပြသရပေမည်။ ထိုသို့ပြ သနိုင် ကြရ အောင်လည်း စိတ်ဓာတ်တွေမြင့်မားဖို့၊ ဗဟု သုတရှိကြဖို့၊ နိုင်ငံကြီးသားပီသ ကြဖို့၊ ဒီမိုကရေစီစနစ်ကို ယုံကြည် ကြဖို့၊ အစွန်းရောက်အမြိုးသားရေးစိတ်ဓာတ် တွေခေါင်းပြန်ထောင် မလာဖို့၊ ရင့်ကျက်တည် ငြိမ် ကြဖို့ လိုမည် ဖြစ်ပါကြောင်း။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */