" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 8, 2020

အာရှတွင် ၂၀၂၀ အတွင်း အဆိုးဆုံးအခြေအနေသို့ ရောက် ရှိသွားနိုင်သော ပဋိပက္ခများ

BNI
Wednesday, January 08, 2020
Development Media Group
မောင်ဖြိုး
 ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးသတင်းစာဖြစ်သော ဂျပန်အခြေစိုက် Nikkei Asian က ၂၀၂၀ ခုနှစ်အတွင်းတွင် အာ ရှဒေသ၌ အဆိုးဆုံးအခြေအနေအထိ ပေါက်ကွဲလာနိုင်ခြေရှိသော ပဋိပက္ခများကို ခန့်မှန်းသုံးသပ် ဖော်ပြ ထားရာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများလည်း ပါဝင်လျက်ရှိသဖြင့် DMG စာဖတ်ပရိ သတ်အတွက် ကောက်နုတ်ဘာသာပြန်ဆိုကာ ဖော်ပြလိုက်ပါသည်။

မြောက်ကိုရီးယားက အမေရိကန်စစ်အခြေစိုက်စခန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းအမေရိကန်နှင့် မြောက်ကို ရီးယားတို့၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွင် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန် သည် ၎င်းတောင်းဆိုထားသည့်အတိုင်း အမေရိကန်တို့ဘက်မှ မလိုက်လျော သဖြင့် ပို၍ ရန်လိုလာဖွယ်ရှိနေ သည်။

ထိုမှတစ်ဆင့် နောက်ဆက်တွဲအနေဖြင့် အဆင့်ဆင့် ဆက်လက်ဖြစ်ပွားလာနိုင်သည်မှာ - မြောက်ကိုရီးယား က ၎င်း၏ကတိကိုချိုးဖောက်ပြီး တိုက်ချင်းပစ်ဒုံးကျည်များ ပြန်လည်ပစ်လွှတ်လာပြီး အမေရိကန်တို့ဘက် မှလည်း ပြန်လည်တုံ့ပြန်သည့် အနေဖြင့် ပြင်းထန်သော စီးပွားရေးပိတ်ဆို့များချမှတ်ခြင်း၊ တောင်ကိုရီး ယား နှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများလုပ်ဆောင်ခြင်း နှင့် ဒေသတွင်း မဟာဗျူဟာမြောက်နေရာများသို့ ၎င်း၏ တပ်များစေ လွှတ်ခြင်း တို့ကို လုပ်ဆောင်လာမည်ဖြစ်သည်။

ထို့နောက်တွင် မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုများ လုပ်ဆောင်ခြင်းဖြစ်စေ၊ တောင်ကိုရီးယား အ နောက်ဘက်ကမ်းခြေရှိ ကျွန်းတစ်ကျွန်းကို ဗုံးကြဲပြီး လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်က ၎င်းလုပ်ဆောင် ခဲ့သည့် အတိုင်း အရပ်သားများနှင့် စစ်သားများကို သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်လာနိုင်သည်။ ယင်းအခြေ အနေမှတစ် ဆင့် ပဋိပက္ခများ ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ထရမ့်က တောင်ကိုရီးယားရှိ အမေရိကန်များကို အရေးပေါ်ပြန် လည်ကယ်ဆယ်ရာမှ တောင်ကိုးရီးယား စတော့ဈေးကွက် ထိုးကျလာဖွယ်ရှိသည်။ တောင်ကို ရီးယားသမ္မတက အထူးသံတမန်တစ်ဦး မြောက်ကိုရီးယားသို့ စေလွှတ်လျှင်လည်း ယင်းသံတမန်ကိုမြောက် ကိုရီးယားက ဓားစာခံ အဖြစ် ဖမ်းဆီးထိန်းသိမ်းလိုက်ဖွယ်သာ ရှိသည်။

နောက်ဆုံးအခြေအနေတွင် အမေရိကန်က မြောက်ကိုရီးယားနျူကလီးယားစခန်းကိုတိုက်ခိုက်လာနိုင်ပြီးမြောက် ကိုရီးယားကလည်း ဂျပန်၊ သို့မဟုတ် တောင်ကိုရီးယားရှိ အမေရိကန်စစ်စခန်းတစ်ခုခုကို တိုက်ခိုက် ရန် ရွေးချယ် လာနိုင်ဖွယ်ရှိနေသည်။

အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲ အခြေအနေအဆိုးဘက်သို့ ဦးတည်သွားခြင်းအမေရိကန်နှင့် တရုတ်တို့ ၏ ကုန်သွယ်ရေးသဘောတူညီမှုအတွက် ပထမအဆင့်သဘောတူညီမှုကို လက် မှတ်ရေးထိုးနိုင်တော့မည် ဖြစ် သော်လည်း အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြေငြိမ်းမှုရတော့ မည် ဟု တထစ်ချမှတ်ယူနိုင်ခြင်း မရှိ သေးဘဲ အခြေအနေမှာ အဆိုးဘက်သို့ အချိန်မရွေးရောက်သွားနိုင်ဖွယ် ရှိ နေသေးသည်။နှစ်နိုင်ငံကြားကုန်သွယ် ရေးနှင့်ပတ်သက်၍ တစ်စိတ်တစ်ပိုင်း သဘောတူညီမှုများ ရရှိထား သော်လည်း ယင်းအပေါ် ရင်းနှီးမြုပ်နှံသူ များ က ယုံကြည်မှုမရှိသေးဘဲ သံသယဖြင့် စောင့်ကြည့်နေဆဲဖြစ် သည်။ အရေးကြီးသည့် နိုင်ငံတော်ထောက်ပံ့ငွေနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကာကွယ်မှုကဲ့သို့သော အ ရေးကိစ္စများအပေါ်တွင် ရင်းနှီးမြုပ်နှံသူများက အယုံအ ကြည်မရှိ ဖြစ်နေခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ကုန် သွယ်ရေးသဘောတူညီမှုဆိုင်ရာ ဆွေးနွေးမှုများသည်နောက် ကြောင်းပြန်လှည့်သွားပြီး ကုန်သွယ်ရေး စစ် ပွဲသို့ ဦးတည်သွားပြီး နှစ်နိုင်ငံစလုံးသာမက ကမ္ဘာ့စီးပွားရေးအထိပါ ပျက်ကပ်ကြုံလာနိုင်ဖွယ် ရှိနေခြင်းဖြစ် သည်။

ထိုင်ဝမ်ရေလက်ကြား တင်းမာမှုအတွင်း အမေရိကန်ပါဝင်လာခြင်းထိုင်ဝမ်တွင် တရုတ်ပြည်မကြီး မှ ခွဲထွက်ရေး ဘက်သို့ယိမ်းသော လက်ရှိသမ္မတ ဆိုင်ယိဝမ်သည် ဇန်နဝါရီ ရွေးကောက်ပွဲ၌ ပြန်လည်အနိုင်ရရန် အခြေအနေ ကောင်းနေသည်။ ၎င်း၏ဒုတိယသက်တမ်းတွင် တရုတ်တို့ ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သော ခွဲထွက်ရေး လှုပ်ရှားမှုများ လုပ်ဆောင်လာပါက ထိုင်ဝမ်ကျွန်းဆွယ် ပဋိပက္ခမှာ အခြေအနေပိုဆိုးလာနိုင်ပြီး အဆိုးဆုံးအနေ နှင့် ယင်းပဋိပက္ခတွင် အမေရိကန်က စစ်ရေးအရ ပါ ဝင်ပတ်သက်လာဖွယ်ပင် ရှိနေသည်။

တရုတ်၏ကြွေးမြီပြဿနာများမှ ဆင့်ကဲရိုက်ခတ်မှုများ ရှိလာနိုင်ခြင်းစီးပွားရေးအရ ကမ္ဘာ့ဒုတိယအင်အားအကြီး ဆုံးဖြစ်သော တရုတ်နိုင်ငံတွင် ကြွေးမြီဆပ်ရန် ပျက်ကွက် မှု များ မှာ စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေပြီး ၂၀၁၉ ခုနှစ်တွင် အစိုးရနှင့်ချိတ်ဆက်နေသော စီးပွားရေး လုပ် ငန်းကြီးများမှ ကြွေးမြီဆပ်ရန် ပျက်ကွက်မှုများမှာ အနည်းဆုံး ၂၇ ခုအထိ ရှိခဲ့သည်။ ထိုကဲ့သို့ကြွေး မြီ ဆပ် ရန် ပျက်ကွက်မှုများက ဘဏ်များကို အကျပ်အတည်း ဆိုက်စေလျက်လည်းရှိသည်။

၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကြွေးမြီဆပ်ရန်ပျက်ကွက်မှုမှာ စံချိန်တင်မြင့်တက်သွားနိုင်ပြီး ထိုမှတစ်ဆင့်စီးပွား ရေးအရ ဆင့်ကဲ ရိုက်ခတ်မှုများ ပြင်းထန်စွာဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသည်။

ထိုင်းနိုင်ငံတွင် ဆန္ဒပြသမားများက ဝန်ကြီးချုပ်ပရာယွတ်ကိုဖြုတ်ချရန်ကြိုးစားလာခြင်းစစ်ခေါင်းဆောင်ဟောင်း ထိုင်းဝန်ကြီးချုပ် ပရာရွတ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၎င်းဝန်ကြီး ချုပ် ဖြစ် လာသည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်ကာလအတွင်း ပြိုင်ဘက်ကင်း ရပ်တည်လာနိုင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ယင်းအခြေအနေမှာ အပြောင်းအလဲဖြစ်လာနိုင်ဖွယ် ရှိနေသည်။

ဝန်ကြီးချုပ်ပရာရွတ်နှင့် ၎င်း၏မဟာမိတ်များက ဖိနှိပ်ထားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသည့် ကြား မှ အတိုက်အခံပါတီမှာ လူထုကြား အင်အားကောင်းလာလျက်ရှိပြီး ပရာရွတ်၏ အာဏာသက်တမ်းအတွင်း အင် အား အကြီးဆုံး ဆန္ဒပြပွဲတစ်ခုပင် ဘန်ကောက်မြို့၌ ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။

လာမည့် ဇန်နဝါရီ ၁၂ ရက်တွင် ပြုလုပ်မည့် အာဏာရှင်ဆန့်ကျင်ရေး ပြေးပွဲတွင် လူထောင်ပေါင်းများစွာ ပါဝင် ဆင်နွှဲဖွယ်ရာရှိနေသည်။ လူထုကြားတွင် လက်ရှိအစိုးရအပေါ် အမှန်တကယ်ဒေါသထွက်မှုများ ရှိနေကြောင်း အတိုက်အခံပါတီ ခေါင်းဆောင်က ပြောကြားထားသည်။

ပြင်းထန်လာသည့်ဆန္ဒပြပွဲများက အိန္ဒိယစီးပွားရေးကို ထိခိုက်လာခြင်းအိန္ဒိယနိုင်ငံတွင် မွတ်ဆလင်များကိုခွဲခြား ဆက်ဆံရာရောက်သော နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲအတည်ပြုလိုက်ပြီးနောက်တွင် ဆန္ဒပြပွဲ များပေါ်ပေါက်လာခဲ့ကာ ယခုအချိန်တွင် တစ်နိုင်ငံလုံး အ တိုင်းအတာအထိ ပျံ့နှံ့လာလျက် ရှိသည်။

ထိုဆန္ဒပြပွဲများကြောင့် ပြည်တွင်းစီးပွားရေးကဏ္ဍကို ထိခိုက်လျက်ရှိပြီဖြစ်သလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင် ရောက်မှုကိုလည်း တုံ့ဆိုင်းစေလျက်ရှိသည်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အိန္ဒိယနိုင်ငံကို ဖိအား ပေးနိုင် ရန် ပြင်ဆင်မှုများ ရှိလာနေပြီဖြစ်ခြင်းကြောင့် နိုင်ငံတကာအလယ်တွင် အိန္ဒိယနိုင်ငံ၏ ငြိမ်းချမ်းသော ပုံရိပ်မှာ လည်း ထိခိုက်လာဖွယ်ရာရှိနေသည်။ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်း၊ပြည်ပအခြေအနေ အရပ်ရပ်တွင် ထိခိုက်ကျဆင်းလာနိုင်ခြေ ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်မီ ပဋိပက္ခအသစ်များ ထပ်မံဖြစ်ပွားခြင်းမြန်မာနိုင်ငံတွင် ၂၀၂၀ နိုဝင်ဘာ၌ ရွေးကောက်ပွဲများကျင်းပရန် ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် လက်ရှိအာဏာရ NLDပါတီသည် ပြည်တွင်း၌ လူထုထောက်ခံမှု မြင့်မားနေဆဲဖြစ်သော်လည်း နိုင်ငံ တကာအသိုင်းအဝိုင်း အလယ်တွင်မူ ပြစ်တင်ရှုံ ချမှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် မွတ် ဆလင် (မူရင်းတွင် ရိုဟင်ဂျာ ဟုဖော်ပြ) များအပေါ် စစ်တပ်၏ ရက်ရက်စက်စက်သတ်ဖြတ်မှုများနှင့် ပတ် သက်ပြီး သူမ၏ရပ်တည်မှုကြောင့် ထိုကဲ့သို့နိုင်ငံတကာအ သိုင်းအဝိုင်း၏ ဝိုင်းဝန်းပြစ်တင်မှုကို ရင်ဆိုင် နေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေ၌ ပဋိပက္ခများ အဆိုးဆုံးအခြေအနေထိ ပေါက်ကွဲဖြစ်ပေါ်လာ နိုင်ခြေရှိ သည် မှာ ရခိုင် နှင့် ရှမ်းပြည်နယ်တို့တွင်ဖြစ်ပြီး အကယ်၍ ရွေးကောက်ပွဲမတိုင်မီတွင် အဓိကရုဏ်းများနှင့် ပဋိပ က္ခများ ဖြစ်ပွားနေမည်ဆိုပါက ယင်းဒေသတို့တွင် ရွေးကောက်ပွဲကို ဖျက်သိမ်းရလိမ့် မည်ဖြစ် သည်။

"အခြေအနေတွေက ပိုဆိုးလာဖို့ပဲ ရှိတယ်။ ရခိုင်တွေအားလုံးက ၂၀၂၀ မှာ ပဋိပက္ခတွေ ပေါက်ကွဲပေါ်ပေါက် လာ နိုင်ခြေတိုးလာပြီး မရေရာတဲ့ ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ယုံမှတ်ထားကြပါတယ်" ဟုမြန်မာ့အရေးလေ့ လာသုံးသပ်သူ ဒေးဗစ်မတ်သီယေဆင် က သုံးသပ်ထားသည်။

ထိုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာပါက ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်မှာ နိုင်ငံတကာအလယ်တွင် ထပ်မံ ကျဆင်းလာနိုင်ပြီး အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ မွတ်ဆလင် ဒုက္ခသည် ၇၀၀၀၀၀ ကျော်၏ နေရပ်ပြန်ရေးတို့မှာလည်း ကြန့်ကြာဖွယ်ရာရှိနေသည်။

(Nikkei Asian Review တွင်ဖော်ပြထားသော Asia's flashpoints: What could go wrong in 2020 ဆောင်းပါးကို ကောက်နုတ်ဘာသာပြန်ပါသည်။)
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */