TheVoiceWeekly Journal
14-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၃
ဇော်မိုးလွင်
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် နယ်မြေများလာပါက စစ်တပ်လွှမ်းမိုးသော ပြည်နယ် အစိုးရနှင့် ပြည်နယ်လွှတ်တော်ဖြစ်လာနိုင်ကြောင်း ရခိုင်အမျိုးသားပါတီမှ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မ တီ အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က သုံးသပ်ပြောကြားသည်။
“ပြည်နယ်လွှတ်တော်ကတော့ ရှိနေမှာပဲ၊ ဘာကြောင့်လဲဆိုတော့ လုံခြုံမှုရှိတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ က မဖြစ်မနေလုပ်မှာပဲလေ။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၅ ရာခိုင်နှုန်းက ရှိနေပြီးသား။ ရွေးကောက်ပွဲ လုပ်ပြီး တက် လာတဲ့ ကိုယ် စားလှယ်တွေကလည်း ရှိနေမှာလေ။ ပြည်သူတွေတင်မြှောက်တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေဘက်က အားနည်းချက်ရှိခဲ့ရင်ကတော့ လွှတ်တော်နဲ့ အစိုးရဟာ တပ်မတော်က ဦးဆောင်တဲ့ အစိုးရဖြစ်လာနိုင်တယ်လို့မြင်တယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ် အနက် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက် တော်တ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ အမ်းနှင့် မြေပုံမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားကာ နေရပ်စွန့်ခွာထွက်ပြေး aနရ သည့် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်အမတ် ၄၇ နေရာတွင် ရခိုင် အမျိုးသားပါတီ ANP က ၂၃ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၉ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃ နေရာ အနိုင်ရရှိခဲ့ပြီး ကျန် အရေအတွက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်က ၁၂ နေရာ ရယူထားသည်။
ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးကိစ္စကို တွန်းတွန်းတိုက်တိုက်လုပ်ဆောင်နိုင်ခြင်းမရှိပါက ရွေးကောက်ပွဲကာလ တွင် တိုက်ပွဲ များပိုမိုပြင်းထန်လာနိုင်ကြောင်း၊ ရွေး ကောက်ပွဲကျင်းပနိုင်မည့် နယ်မြေများလည်းကျဉ်းမြောင်း သွားနိုင်ပြီး လွှတ်တော်နှင့် အစိုးရဖွဲ့သည့်နေရာတွင် အကျပ်အတည်းရင်ဆိုင်ရနိုင်ကြောင်း ဥပဒေပညာရှင် ဦးခင်မောင်မြင့်က သုံးသပ်ပြောကြားသည်။
“AA နဲ့တိုက်ပွဲတွေ မလျှော့ချနိုင် ဘူးဆိုရင် ဒီထက်ပိုကျယ်ပြန့်လာနိုင်တဲ့ အနေအထားရှိတယ်။ ဒီထက် ပိုကျယ်ပြန့် လာရင် မဲဆန္ဒနယ်တွေ ဒီထက်လျော့ကျလာမယ်။ လျော့ကျလာပြီး လွှတ်တော်ကိုယ်စားလှယ် မရွေးချယ်နိုင်ဘူးဆိုရင်တော့ လွှတ်တော်ဖွဲ့စည်းဖို့နဲ့ အစိုးရဖွဲ့စည်းဖို့ အကျပ်အတည်းတွေ့ပြီးတော့ ခက် ခက်ခဲခဲ ရုန်းကန်ရမယ့် အနေ အထားရှိတယ်။ လက်ရှိစစ်ရေးအနေအထားအရ ၁၇ မြို့ နယ်လုံးမှာ ပြည့် ပြည့်ဝ၀ ကျင်းပနိုင်လိမ့်မယ်လို့ မမြင်ဘူး” ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများက လုံခြုံရေးတာဝန်မယူနိုင်ပါဟု ဆုံးဖြတ်ချက်ပေးပို့လာပါက ရွေးကောက်ပွဲကျင်းပခြင်းကို ဖျက်သိမ်းနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“အခုဆိုရင် ၂၀၂၀ ဇန်နဝါရီ ဒုတိယ ပတ်ထဲအထိရောက်နေပြီ။ စစ်ပွဲရပ်တန့်ရေးအတွက် အစိုးရ၊ တပ်မ တော်နဲ့ AA တို့ ညှိနှိုင်းပြီးတော့ ကောင်းတဲ့အလားအလာ တစ်ခုကို တိတိကျကျ အဖြေရှာတည် ဆောက်နိုင် ဖို့လိုတယ်။ တိုက်ပွဲရပ်တန့်ရေးနဲ့ ငြိမ်းချမ်းဖို့၊ ပြည်သူလူထုတွေ ကိုယ့်ရပ်ကိုယ့်ရွာတွေမှာ စားဝတ်နေရေးလူ မှု ဘဝ အာမခံချက်ရှိဖို့ အရေးကြီးတယ်။ အခုဟာက မဲပေးမယ့် မဲဆန္ဒရှင်တွေက နေရပ် စွန့်ပြီး စစ်ဘေး aရှာင် စခန်းတွေမှာ နေနေရတယ်။ အဲဒါဆိုတော့ မဲဆန္ဒရှင်စာရင်း ဘယ်လိုကောက်မလဲ” ဟု ဦးထွန်းအောင် ကျော်က ဆိုသည်။
Link : Here
No comments:
Post a Comment