Thursday, December 5, 2019

ICJ မှာစွဲဆိုခံရမှုအပေါ် အမြင်ကွဲလွဲကြတာ ဘာကြောင့်လဲ

VOA 
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
05 ဒီဇင်ဘာ၊ 2019  
 မှတ်တမ်းဓာတ်ပုံ - EBO ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေနဲ့ ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - AFP
 
လူမျိုးတုန်း သတ်ဖြတ်မှုကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနို်င်ငံအပေါ် ဂမ် ဘီယာနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆို ထားတဲ့ကိစ္စကို မြန်မာနိုင်ငံက တိုင်းရင်းသား လက် နက် ကိုင် အင်အားစုတွေကြားမှာ မတူ ကွဲပြားတဲ့ သဘောထားတွေနဲ့ တုန့်ပြန် နေကြပါတယ်။ ဒီလို ကွဲလွဲတဲ့ သဘောထားတွေဟာ သူတို့ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှု တချို့ ရှိသလို တချို့ကလည်း သူတို့ ကိုယ်တိုင် ကြုံတွေ့ရတဲ့ ခံစားမှုနဲ့ ဆက်စပ်နေတယ်လို့ မြန်မာနိုင်ငံအရေး တက်ကြွလှုပ်ရှား သူလည်း ဖြစ် ဘယ်လ်ဂျီယံ အခြေစိုက် Euro-Burma ရုံးရဲ့ အမှုဆောင်ညွန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဦးဟန်ညောင် ဝေက ဆိုပါတယ်။
မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ ဦး ဟန်ညောင်ဝေက အခုလိုစတင်ပြောပါတယ်။

ဦးဟန်ညောင်ေ၀ ။ ။ အဲဒီနေရာမှာ ပြောလို့ ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုလို့ ရှိရင် လက်နက်ကိုင် အဖွဲ့ ဆိုတာကလည်း အမျိုးစုံ ရှိပါတယ်။ တချို့ လက်နက်ကိုင် အဖွဲ့က လူမျိုးရေး လက်နက်ကိုင်ထားတာ ရှိ တယ်။ တချို့က လည်း စီးပွားရေးနဲ့ ကိုင်ထားတဲ့ အဖွဲ့တွေ ရှိတယ်။ ဆိုတော့ ကျနော် မြင်တာကတော့ အခု လို အဖြေတွေ မတူတာ ဘာကြောင့်လဲ ဆိုရင်တော့ တချို့က ကောင်းကောင်း မလေ့လာဘူး။ အစိုးရ ပြောပြ တဲ့ အတိုင်း ဒီဟာက မူဆလင် ကိစ္စ ဖြစ်တယ်၊ ဒီဟာက မြန်မာနိုင်ငံကို တိုက်ခိုက်နေတယ် ဆိုတဲ့ဟာကိုဘဲ လက်ခံပြီးတော့မှ အစိုးရ လုပ်တဲ့ဟာ ထောက်ခံတယ် ဆိုပြီး ပြောတဲ့ လူတွေလည်း ရှိပါတယ်။ တချို့ က လည်း အခုလိုမျိုး ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ နေရာမှာ အခွင့်အရေးတွေ ရထားတဲ့ အဖွဲ့တွေ ရှိတယ်။ ပုဂ္ဂိုလ်တွေ ရှိတယ်။ သူတို့က ဒီဟာကို မဆုံးရှုံးချင်ဘူး။ ဒီ အစိုးရကို မထောက်ခံရင် ငြိမ်းချမ်းရေး ပျက် သွား မယ်။ ပျက်သွားရင် အကျိုးစီးပွား ပျက်သွားမယ် ဆိုတဲ့ အဖွဲ့လည်း ရှိပါတယ်။

ဒါပေမယ့် တကယ် လေ့လာတဲ့ အဖွဲ့အစည်း တွေက သူတို့ မြင်မှာက ဘာလဲ ဆိုရင် အခု ဖြစ်နေတဲ့ ကိစ္စက မူဆလင် ကိစ္စဘဲ မဟုတ်ဘူး။ ဒီဟာက တပ်မတော် အနေနဲ့ ဒီ နိုင်ငံတကာ ရှိတဲ့ တရားဥပဒေတွေကို မလိုက် နာဘဲနဲ့ တိုင်းရင်း သားကို တိုက်တဲ့ အချိန်မှာ ဘယ်လို ဆိုးခဲ့တယ်။ ဘယ်လို ဥပမာ အမျိုးသမီးတွေကို မုဒိမ်း ကျင့်တာ ဒါ ရိုးနေပြီ။ ဒါ သူတို့ တကယ်လုပ်တယ်။ ဆိုတော့ ဒီဟာတွေက ပေါ်လာမယ် ဆိုတော့ ဒီဟာတွေ ထောက်ခံတယ်ပေါ့။

မအင်ကြင်းနိုင် ။ ။ ဦးဟန်ညောင်ဝေရဲ့ သဘောထား အမြင်ရော ဘယ်လို ရှိပါလဲရှင့်။

ဦးဟန်ညောင်ေ၀ ။ ။ ကျနော့် အနေနဲ့ကတော့ ရစရာလည်း မရှိဘူး။ ရှုံးစရာလည်း မရှိဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီဟာ ဝင်လုပ်တဲ့ နေရာမှာ တရားမျှတဖို့ လူ့အခွင့်အရေးကို လိုက်နာဖို့၊ ဒီမိုကရေစီ ဖြစ်လာဖို့ ကျနော် လုပ်ခဲ့ပါတယ်။ ဆိုတော့ အခုလို နိုင်ငံတကာ တရားရုံးမှာ တရားစွဲလာတော့ ကျနော့် အနေနဲ့ မြင်တာက ကောင်းတယ်။ ဘာကြောင့်လဲ ဆိုရင် တိုင်းရင်းသား ဘက်က ကြည့်မယ်ဆိုရင် တပ်မတော် အနေနဲ့ ဖိနှိပ် ထား တာ လူထုကို မောင်းထုတ်ထားတာ၊ လူထုကို ဖိနှိပ်ထားတာ များပြီ။ ဒါပေမယ့် ဘယ်သူမှ ဂရုမစိုက် ခဲ့ဘူး။ ဒီကိစ္စကို တရားရုံးတင်ဖို့ ကြိုးစားလည်း ဘယ်သူမှ မအောင်မြင်ခဲ့ဘူး။ အခုလို တရားရုံး ရောက်လာ တော့ တပ်မတော်က တကယ် ဘယ်လို ရှိတယ်၊ အကျင့် ဘယ်လို ရှိခဲ့တယ် ဆိုတာ ပေါ်လွင်လာမယ်။ ဒါက ပြည်တွင်းမှာဘဲ မဟုတ်တော့ဘူး။ နိုင်ငံတကာက အကုန်လုံး သိမယ်။ ဆိုတော့ ဒီဟာက အခွင့်အရေး ကောင်းဘဲ။ ကျနော်တို့က ဒီမိုကရေစီ တကယ် လိုလားရင် ကျနော်တို့ နိုင်ငံကို ကာကွယ်မယ့် တပ်က ဘယ် လို အဆင့်အတန်း ရှိသင့်တယ်၊ ဘယ်လို လေ့ကျင့်သင့်တယ်။ ဘယ်လို စည်းကမ်း ရှိသင့်တယ်ဆိုတာ အ ကုန် ပေါ်လာမယ်။ ဆိုတော့ ကျနေ်ာ့ အနေနဲ့ မြင်တာ ဒီမိုကရေစီ အတွက်ဆိုရင်တော့ တကယ် ကောင်းတဲ့ အခွင့်အရေး တခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မအင်ကြင်းနိုင် ။ ။ မြန်မာ အစိုးရဘက်က လူမျိုးတုံး သတ်ဖြတ်မှု အရေးမှာ အထူးကျွမ်းကျင်တဲ့ နိုင်ငံတကာ ဥပဒေ ပညာရှင် ပါမောက္ခ William Schabas ကို ရှေ့နေလိုက်ဖို့ ငှားလိုက်တဲ့ ကိစ္စမှာ ဟို ဘယ်လို မြင်ပါလဲ ရှင့်။

ဦးဟန်ညောင်ေ၀ ။ ။ အဲဒီ ပုဂ္ဂိုလ်ရဲ့ ရပ်တည်မှု ပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတကာမှာ ဆိုရင် တရားရုံး ရောက်ရင် ဘယ်လောက် ဆိုးတဲ့လူ ဖြစ်ဖြစ် တကယ် အပြစ်ရှိတယ်ဆိုတာ တရားသူကြီးက မဆုံးဖြတ်ခင်မှာ ရှေ့နေကောင်းကောင်း ရှိသင့်တယ်ဆိုတဲ့ အယူအဆ ရှိတယ်။ အဲဒီဟာကြောင့် သူက ဝင်ပြီးတော့မှ မြန်မာ ပြည်ဘက် ငြင်းမယ်ဆို ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အခွင့်အရေး ကိစ္စနဲ့ လုပ်လာတဲ့ ရှေ့နေတ ယောက် ဖြစ်တော့ သူက ဝင် ငြင်းမယ်ဆိုတာကတော့ တကယ် ထူးဆန်းတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီ တ ရားစွဲတဲ့ နိုင်ငံရော သူတို့ရဲ့ ရှေ့နေရော သူတို့က အချက်အလက် တကယ် ပြည့်စုံရင်တော့ ဒီလူက ဘာ ကြောင့် အစိုးရဘက် နေပြီး ငြင်းမလဲ ဆိုတဲ့ဟာ စဉ်း စားစရာ ဖြစ်တယ်။ ဒါပေမယ့် ကျနော် ပြောတဲ့ အတိုင်း ဘဲ တရားမျှတအောင် ငြင်းပေးမယ်ဆိုတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ICJ တရားရုံးမှာ အမှုကို ကြားနာတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ ခုခံ ချေပမယ့် အပေါ်မှာရော ဦးဟန်ညောင်ဝေရဲ့ အမြင် ဘယ်လို ရှိပါ လဲရှင့်။

ဦးဟန်ညောင်ေ၀ ။ ။ ကျနော် တယောက်တည်း အမြင်ကတော့ နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့တော့ တာဝန် ရှိတယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် ဒီအမှုက ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆိုင်ဘူး။ NLD နဲ့ မဆိုင်ဘူး။ တကယ် ပြောမယ်ဆိုရင်။ တပ်မတော်ဘက်က ဆိုင်တဲ့ ကိစ္စ ဖြစ်တယ်။ သူက သွားငြင်းပေးမယ် တပ်မတော် ကို ကာကွယ် ပေးမယ်ဆိုရင် ဒါက သင့်တော်သလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒေါ်အောင်ဆန်းစုကြည် အဲလိုမျိုး သူ ထွက်ဆိုမယ့် ကိစ္စ ပြည်တွင်း နိုင်ငံရေး အရ အပေး အယူ လုပ်တာမျိုး ရှိနိုင်တယ်လို့ သုံးသပ်ချက်တွေလည်း ထွက်လာပါတယ်။ အဲဒီ အပေါ်မှာရော ဦးဟန် ညောင်ေ၀ ဘယ်လို မြင်ပါလဲရှင့်။

ဦးဟန်ညောင်ေ၀ ။ ။ အပေးအယူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော့် အမြင်မှာက ကျွေးလိုက်တာဘဲလို့ ကျနော် မြင်တယ်။


 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */