Thursday, December 5, 2019

ICJ အမှုရင်ဆိုင်ရေး မြန်မာပြောခွင့်ရ

VOA
05 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
မှတ်တမ်းဓာတ်ပုံ - ၂၀၁၄ ခုနှစ်က ခရိုအေးရှား - ဆားဗီယား အမှုကို ICJ မှာ ကြားနာမှုမှာ ဆားဗီးယား ကိုယ်စားလှယ် အဖွဲ့ဘက်ကတွေ့ရတဲ့ ဥပဒေပညာရှင် William Schabas (ဝဲမှယာ - ဒုတိယမြောက်) ။ ဓာတ်ပုံ - (AP Photo/Jiri Buller) 

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ် သက် ပြီး သတင်းမီဒီယာ တွေအနေနဲ့ နိုင်ငံခြားရေးဌာနက ဦးအောင်ကို ကို ဆက်သွယ် မေးမြန်းရမှာ ဖြစ် တယ်လို့ နိုင်ငံ တကာ ဥပဒေပညာရှင် ပါမောက္ခ William Schabas က ဗွီအိုအေကို အီးမေးလ်ကနေ တဆင့် ဗုဒ္ဓဟူးနေ့က အကြောင်းပြန်ပါတယ်။

မြန်မာနိုင်ငံက တရားရင်ဆိုင်တာမှာ ပါမောက္ခ Schabas ကို မြန်မာနိုင်ငံရဲ့ ဥပဒေ အကျိုးဆောင် အဖြစ် ငှား ရမ်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဗွီအိုအေက ပြီးခဲ့တဲရက်ပိုင်းမှာ ပါမောက္ခ Schabas ကို ဆက်သွယ်မေမြန်း ထားတဲ့ အပေါ် အခုလို အကြောင်းပြန်လာတာပါ။

အခု ဦးအောင်ကိုက ဘယ်သူဆိုတာ ပါမောက္ခ Schabas ရဲ့ အီးမေးလ်ထဲမှာ အတိအကျပြောမထားပါဘူး။ ဒါပေမယ့် ဦးအောင်ကိုကို ဆက်သွယ်နိုင်တဲ့ အီးမေးလ် လိပ်စာအဖြစ် ပေးထားတာမှာတော့ mmicj@mofa.gov.mm လို့ ဖော်ပြထားတဲ့ အတွက် မြန်မာ နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတဦးဖြစ်မယ်ဆို တာကတော့ သေချာပါတယ်။

ပါမောက္ခ Schabas ကတော့ မြန်မာအစိုးရက သူ့ကို ဘယ်လိုပုံစံမျိုးနဲ့ ငှားရမ်းထားတယ်ဆိုတာ အခုချိန်ထိ တရားဝင် ထုတ်ဖော် ပြောဆိုတာမရှိသေးပါဘူး။

တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံဘက်ကတော့ အမေရိကန် ဥပဒေအကျိုးဆောင်အဖွဲ့ Foley Hoag ကို ငှား ရမ်းထားတယ်ဆိုတာ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒီတရားစွဲဆိုမှုအတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ The Hague မြို့ ICJ တရားရုံးမှာ နှစ်ဘက် တင်ပြလျှောက်ထားဖို့ စီစဉ် ထားပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */