VOA
ဦးသိန်းထိုက်ဦး
12 ဒီဇင်ဘာ၊ 2019
မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ်။ သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ပြသနိုင်ခဲ့တဲ့အတွက် ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ ICJ နိုင်ငံတကာ တရားရုံးက ချမှတ်မယ်လို့ ယုံကြည်တဲ့အကြောင်း ဂမ်ဘီယာ တရားရေး ဝန်ကြီး Abubacarr Tambadou က ဒီနေ့ ကြားနာပွဲအပြီး ပြောဆိုသွားပါတယ်။ ဒီအကြောင်းကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
Gambia နိုင်ငံရဲ့ ဒီကနေ့ICJ နိုင်ငံတကာ တရားရုံးချေပချက်တွေထဲမှာ အဓိကအားဖြင့်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကြံရွယ်ချက် မရှိကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောကြားချက်တွေကို ပြန်လည်ချေပခြင်း၊ဒုတိယ တချက်ကတော့ ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးကို ICJ မှာ တင်ပြနိုင်ခွင့် မရှိဘူးဆိုတဲ့ Prima Facie လိုအပ်ချက်တွေအကြောင်း ထပ်မံ ချေပသွားပါတယ်။ နောက်ဆုံးကတော့ ကြားဖြတ်အရေးယူလုပ်ဆောင်ချက်များ လိုအပ်ကြောင်း ထပ်မံချေပချက်တွေ ပါဝင်ပါတယ်။ ဂမ်ဘီယာ တရားရေး ဝန်ကြီး Abubacarr Tambadou ကတော့ ယုံကြည်မှု အပြည့်ရှိတဲ့အကြောင်း ကြားနာပွဲအပြီး သတင်းထောက်တွေကို သူကပြောသွားခဲ့တာပါ။
"ဒါကတော့ နောက်ထပ် တရက်အတွက်ပါပဲ။ ဒါပေမဲ့မြန်မာဘက်ကနေ အကြမ်းဖက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရေရှည်မှာ ဆက်ပြီး ပေါ်ပေါက်လာမယ့် လုပ်ရပ်တွေ ရပ်ဆိုင်းဖို့နဲ့ သက်သေ အထောက်အထားတွေကို မဖျောက်ဖျက်ဖို့ သေချာအောင် တရားရုံးက အမိန့်ချမှတ်ရေးအတွက် ကျနော်တို့ ဒီမှာ ရှိနေတာပါ။"
မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်တွေ မနေ့ကတင်ပြသွားတဲ့ အထဲမှာ မြန်မာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အကြမ်းဖက်သမား၊ နောက်အရပ်သား ခွဲခြားမှုမရှိဘဲနဲ့ စစ်တပ် ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အင်အားအလွန်အကျွံသုံးပြီးတော့ ကိုင်တွယ်ခဲ့တာတွေကို မြန်မာနိုင်ငံကိုယ်စားလှယ်ဘက်က ယတိပြတ် ငြင်းခဲ့တာ မရှိဘူးဆိုပြီးတော့ Gambia ဘက်ကထောက်ပြပါတယ်။ နောက် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြသလို ရိုဟင်ဂျာတွေအပေါ်မှာ ခွဲခြားဆက်ဆံတာ အမုန်းတရား ကြီးထွားအောင်လှုံ့ဆော်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ နောက်သူတို့ရဲ့ ကျေးရွာတွေကို မီးရှိူ့ပြီးတော့ လူနေမှုဘဝတွေကို ပျက်စီးအောင် ဖျက်စီးတာတွေ ဒါတွေကို Gambia ဘက်က အဓိက ထောက်ပြပါတယ်။
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ပြောတာက ၂ နိုင်ငံအကြား သဘောတူညီချက်နဲ့ ဒုက္ခသည်ပြန်လည် လက်ခံရေးကိစ္စတွေကို လုပ်ဆောင်နေတဲ့ အချိန်မှာ ဘယ်လိုလုပ်ပြီးတော့ လူမျိုးတုံးသတ်ဖြတ်ဖို့ မြန်မာဘက်က ရည်ရွယ်ချက် ရှိမလဲဆိုပြီးတော့ မေးခွန်းထုတ်သွားတာပါ။ ဒါပေမဲ့လည်း Gambia ဘက်ကတော့ ဒီ ဒုက္ခသည် ပြန်လည်လက်ခံရေးအခြေအနေက လုံးဝမအောင်မြင်ဘူး ဆိုတာကို အဓိက ထောက်ပြသွားပါတယ်။ အထူးသဖြင့် မြန်မာတပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့အလုပ်တွေ လုပ်တယ်။ သူပုန်တွေကို နှိမ်နင်းတယ်ဆိုပြီးတော့ ကလေးငယ်တွေ၊ အမျိုးသမီးတွေကို သတ်ဖြတ်ပြီးတော့ ရေထဲ ပစ်ချတာမျိုး ရက်ရက်စက်စက် အဓ္ဓမကျင့်တာမျိုးတွေ လုပ်ခွင့်မရှိဘူးဆိုပြီးတော့လည်း ဂမ်ဘီယာ တရားရေး ဝန်ကြီးက ပြောသွားခဲ့တာပါ။
နောက်မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့နာမည်ကို အသိအမှတ် မပြုပါဘူး။ ဒီလိုအသိအမှတ်မပြုတဲ့ ကိစ္စကိုလည်း အဓိက လူ့အခွင့်အရေးချိုးဖောက်မှုတခုအဖြစ် ဂမ်ဘီယာ တရားရေး ဝန်ကြီး က ထောက်ပြပါတယ်။
နောက်ပြီးတော့ ဒီရိုဟင်ဂျာ ဒုက္ခသည်အနေနဲ့ မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုလို့ရှိရင်လည်း လုံခြုံမှုရှိတယ်လို့ မခံ စားရတဲ့အကြောင်းနဲ့ သူတို့အနေနဲ့ နိုင်ငံသား ဖြစ်ခွင့် မရှိတဲ့ ကိစ္စတွေကို အဓိက ထောက်ပြပါတယ်။ ဒီနေ့ ကြားနာပွဲအပြီး သတင်းထောက်တွေကို ပြောတဲ့နေရာမှာတော့ သူက အခုလို ထပ်ပြောပါတယ်။
"ကျနော်တို့ဘက်က ယုံကြည်မှု မရှိဘူးဆိုရင် ဒီနေရာကို ကျနော်တို့ မလာပါဘူး။ ဒီတရားရုံးမှာ အမှန်တရားအတွက် တရားမျှတမှုအတွက် မပြောင်းလဲဘဲ လုပ်နိုင်စွမ်းတွေ ရှိတယ်ဆိုတာကို ယုံကြည်မှု အပြည့် ရှိပါတယ်။"
ဂမ်ဘီယာ တရားရေး ဝန်ကြီး က မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်ဖို့ ပျက် ကွက်ခဲ့တဲ့ ကိစ္စကို အဓိက ပြောပါတယ်။ ဒီ မြန်မာနိုင်ငံဘက်က လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုးလွန်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ လုပ်နေတဲ့ ကိစ္စတွေက သူတို့ သက်သက် စွပ်စွဲတာ မဟုတ်ဘူးဆိုပြီးတော့လည်း အဓိက ထောက်ပြသွားတာပါ။ သတင်းထောက်တွေကို ပြောတဲ့ အခါမှာ သူက အခုလိုထပ်ပြီးတော့ ပြောသွားပါသေးတယ်။
"ဒီနေ့ ကျနော်တို့ ဆက်ပြီး ထောက်ပြနေတာက လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တယ်ဆိုတာနဲ့၊ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာပါ။ ဒါက ကျနော်တို့တင်ပြောတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ သီးခြားလွတ်လပ်တဲ့ အခြေတကျ ဖြစ်နေတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့တွေကိုယ်တိုင်ကလူမျိုးတုံးသတ်ဖြတ်ခဲ့တယ်၊ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ် ဆိုတာကို ပြောနေတာပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးကိုယ်တိုင်ကလည်း အလားတူ ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်ကိုယ်တိုင်လည်း ဒီလို အလားတူ ကောက်ချက်ချခဲ့တာပါ။ ဒီတော့ ကျနော်တို့ ပြောနိုင်သလောက် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ သတ်ဖြတ်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့၊ မငြင်းနိုင်တဲ့ အထောက်အထားတွေ တွေ့နေရပါတယ် ဆိုတာပါ။"
ဒီလူမျိုးတုံးသတ်ဖြတ်မှု အခြေအနေတွေကို ဆက်ပြီးတော့ လှုံဆော်စေမယ့် အခြေအနေကို ပိုဆိုးသွားစေမယ့် အခြေအနေကို တားမြစ်ဖို့အတွက် ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ Provisional Measure လို့ခေါ်တဲ့ ဒီအစီအစဉ်တွေ ICJ နိုင်ငံတကာ တရားရုံးက ချမှတ်မယ်ဆိုပြီးတော့ Gambia ကိုယ်စားလှယ်တွေက တော်တော်လေးယုံကြည်မှုရှိနေတဲ့ပုံတွေ့ရပါတယ်။ ဒီအစီအမံတွေက ဘယ်လောက်ထိ ထိရောက်မှု ရှိသလဲဆိုတာနဲ့ ပတ် သက်လို့တော့ နိုင်ငံတကာ မှာ အငြင်းပွားမှုတွေ ရှိပါတယ်။ ကော်ဆိုပို ကိစ္စမှာ ဆိုလို့ရှိရင် ဒီသတင်းပတ်အနည်း ငယ်အတွင်းမှာ ချမှတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံအတွင်းမှာတော့ ဘယ်နှစ်ပတ် အတွင်းမှာ ချမယ်ဆိုတာ မသိသေးပါဘူး။
ဥပမာအားဖြင့် ၁၉၆၂ ခုနှစ်က ထိုင်းနဲ့ Cambodia နယ်မြေအငြင်းပွားတဲ့ ပရဝိဟာရ ဟိန္ဒူ ဘုရားကျောင်း ကိစ္စမှာ ဆိုလို့ရှိရင် ဒီ ICJ က နေပြီးတော့ ဒီလိုပဲ ကြားဖြတ် စီမံချက်တွေနဲ့ တားမြစ်ခဲ့ဖူးတာတွေ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့နှစ်က နုတ်ထွက်သွားတော့လည်း အီရန်ဘက်က လျှောက်လဲချက်အရ အမေရိကန်ပြည် ထောင်စုကို အကန့်အသတ်နဲ့ ယာယီ ဒီလို ကြားဖြတ်အစီအစဉ်တွေ ချမှတ်ခဲ့တာတွေ ရှိပါတယ်။
ဒီတော့လည်း အခု မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လောက်ကြာမယ်ဆိုတာကို လူတွေက စိတ်ဝင်စားနေကြပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုံး သတ်ဖြတ်မှု မရှိဘူး၊ ရည်ရွယ်ချက် မရှိဘူး၊ ဒီလူမျိုးတုံးသတ်ဖြတ်မှု မလုပ်ခဲ့ဘူးဆိုတဲ့ ချေပချက်တွေ ဘယ်လိုထပ်ပြီးတော့ အထောက်အထားတွေနဲ့ ထပ်ပြီးတော့တင်ပြမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

Link : Here
No comments:
Post a Comment