Friday, December 13, 2019

ICJ တွင်မြန်မာကိုတရားစွဲထားမှုပယ်ဖျက်ပေးရန်ဒေါ်အောင် ဆန်းစုကြည်တောင်းဆို

DVB
By DVB
13 December 2019
လူမျိုးတုံးသတ်ဖြတ်မှု နိုင်ငံတကာသဘောတူညီချက်ကို ဖောက်ဖျက်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအ ပေါ် တရားစွဲထားတဲ့အမှုအား ဖယ်ရှားပယ်ဖျက်ပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပတဲ့ မြန်မာ နိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားတဲ့ အမှုကိစ္စ ဒုတိယအကြိမ် နှုတ်နဲ့ လျှောက်လဲရာမှာ ဒေါ်အာင်ဆန်းစုကြည်က အိုင်စီဂျေ တရားသူကြီးတွေကို တိုက်တွန်းပန်ကြားလိုက်တာပါ။

 ဒါ့အပြင် ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ လတ်တလောကြားဖြတ်အမိန့်တွေ ချမှတ်ပေးဖို့ ပန်ကြား လျှောက်လဲချက်တွေကို ပယ်ချပေးဖို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က တရားရုံးမှာ တောင်းဆိုသွားပါတယ်။

မတူကွဲပြားတဲ့ အသိုက်အဝန်းတွေကြားမှာ ပြန်လည်သင့်မြတ်ရေးရဖို့ ကြိုးစားနေရတာနဲ့ ပတ်သက်ပြီး ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တုန်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့မှာ မကြာသေးခင်က ဘော လုံးပွဲကျင်းပပုံကို ဓာတ်ပုံနဲ့တကွ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မြန်မာနိုင်ငံဟာ မတူကွဲပြားခြားနားမှုတွေ ကြီးကြီးမားမားရှိနေတယ်၊ အလားအလာတွေနဲ့ စိန်ခေါ်မှုတွေ လည်း ကြီးကြီးမားမားရှိတယ်၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အသိဉာဏ်ပညာနဲ့ တရားမျှတမှုရှိရမယ်၊ မြန်မာ နိုင်ငံရဲ့ ကွဲပြားခြားနားမှုကနေ ညီညွတ်မှုကို အကူအညီ အထောက်အပံ့ဖြစ်စေရမယ်၊ ပြည်သူတွေရဲ့ အလား အလာတွေကို ဖွံ့ဖြိုးတိုးတက်စေရမယ်၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖွံ့ဖြိုးဖို့အတွက် ဖြစ်စေရမယ် လို့ လည်းပြောပါတယ်၊

အေအေနဲ့ မြန်မာတပ်မတော်အကြား ဆက်ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးဟာ နိုင်ငံအ တွက် အလွန်အရေးကြီးသလို ရခိုင်မြောက်ပိုင်းမှာ ၂၀၁၆ ကနေ ၂၀၁၇ ခုနှစ်အထိဖြစ်ခဲ့တဲ့ ပြည်တွင်း လက် နက်ကိုင်ပဋိပက္ခမျိုးဖြစ်အောင် ပြန်ပြီး မီးမွှေးတာမျိုးမဖြစ်ဖို့လည်း အရေးကြီးတယ်လို့ ပြောသွားပါတယ်၊

မြန်မာနိုင်ငံဘက်က လျှောက်လဲချက်ပေးခဲ့တဲ့ ပါမောက္ခ ဝီလျှံရှာဘတ်စ်ကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ တဲ့ ဖြစ်စဉ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ဘူးလို့ နိုငငံတကာ ဖြစ်စဉ်တွေ ဥပဒေ အကိုးအကား တွေနဲ့ ရှင်းပြသွားသလို အရင်က အယ်လ်ဂျာဇီးယားသတင်းဌာန ကိုပြောခဲ့ဖူးတဲ့ ကိစ္စဟာလည်း သတင်း ထောက်က လိုရာစွဲပြီး ဖြတ်တောက် သတင်းတင်ပြ သွားတာဖြစ်တယ်၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက် တယ် လို့ မပြောခဲ့ဖူးဘူးလို့ ငြင်းဆိုသွားပါတယ်။

မြန်မာနိုင်ငံဘက်က အကျိုးဆောင်ရှေ့နေ ခရစ္စတိုဖာစတာကာကတော့ ဂမ်ဘီယာက မြန်မာကို တရားစွဲ ပိုင်ခွင့်မရှိသလို အိုင်စီဂျေတရားရုံးအနေနဲ့လည်း ဒီအမှုကို လက်ခံစီရင်ပိုင်ခွင့် မရှိတဲ့အကြောင်း ဥပဒေ ကြောင်းအရ တုံ့ပြန် ချေပသွားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မနေ့က ဒုတိယအကြိမ် နှုတ်နဲ့ လျှောက်လဲချက် တင်သွင်းရာမှာ ဂမ် ဘီယာအဖွဲ့ခေါင်းဆောင် တရားရေးဝန်ကြီး အဘူဘာကာ မာရီတာဗန်ဒူးက တော့ ကြားဖြတ်အမိန့် ချမှတ် ပေးဖို့ ပန်ကြားသွားခဲ့တာပါ။

အိုစီဂျေတရားရုံး သဘာပတိကတော့ မြန်မာအစိုးရကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြသွား ချက် တွေကို မှတ်သားထားမယ့်အကြောင်း၊ နှစ်နိုင်ငံကိုယ်စားလှယ်တွေနဲ့ အကျိုးဆောင် ရှေ့နေတွေကို ကျေး ဇူးတင်တဲ့ အကြောင်းပြောသွားပါတယ်။

ဒါ့အပြင် သက်သေအထောက်အထား အချက်အလက်တွေ လိုအပ်လို့ တရားရုံးက တောင်းခံလာပါက ဖြည့် ဆည်းပေးရမှာဖြစ်ပြီး ကြားဖြတ်အမိန့်ချမှတ်ပေးဖို့ တောင်းဆိုထားတဲ့အမှုကို သုံးသပ်ပြီးရင် တရားရုံးအနေနဲ့ အဆုံး အဖြတ်ကို အမြန်ဆုံး ကြေညာပေးသွားမယ်လို့ ပြောသွားပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုငငံကို တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့က တရားလို ဂမ် ဘီယာဘက်ကနေ ပထမအကြိမ် လျှောက်လဲခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံဘက်က ပြန်လည် လျှောက်လဲချေပခဲ့ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်မှာတော့ ဂမ်ဘီယာ နိုင်ငံက ဒုတိယအကြိမ် လျှောက်လဲချက် အရင်တင်သွင်းခဲ့ပြီးနောက် မြန်မာဘက်က ဒုတိအကြိမ် ပြန်လည်ချေပ လျှောက်လဲချက်တင်သွင်းခဲ့ပြီး တရားခွင်ကို အဆုံးသတ်ခဲ့ပါတယ်။

သည်ဟိတ်ဂ်မြို့ရှိ အိုင်စီဂျေတရားရုံးရှိရာ ငြိမ်းချမ်းရေးနန်းတော်ရှေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံဝန်းရံတဲ့အနေနဲ့ ပြည်တွင်းပြည်ပက မြန်မာတွေ လာရောက်ခဲ့ကြသလို အိုင်စီဂျေမှာ တရားစွဲတာကို ထောက်ခံသူတချို့ လာရောက်ခဲ့ကြပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */