B B C
ဘီဘီစီ မြန်မာပိုင်း08 ဒီဇင်္ဘာ 2019
နိုဘယ်လ်ငြိမ်းချမ်းရေးဆုချီးမြှင့်ပြီး ၂၁ နှစ်အကြာမှ ဆုကို လက်ခံရယူနိုင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ အခုလာမယ့် ဒီဇင်ဘာ ၁၀ ရက် ဆို ဒီနေ့သတ်မှတ်ခဲ့တာ ၇၁ နှစ်ရှိပါပြီ။
လွန်ခဲ့တဲ့ ၂၈ နှစ်က အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်း လှုပ် ရှားမှုတွေကြောင့် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။
အခု ၂၀၁၉၊ ဒီဇင်ဘာ ၁၀ ရက်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဟာ လူမျိုးတုံးသတ်ဖြတ်တဲ့စွပ်စွဲချက်ကို ချေ ဖျက်ဖို့ နိုင်ငံတကာတရားရုံးကြားနာမှုမှာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ရင်ဆိုင်ဖြေရှင်းမှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူတွေဘာကိုစိုးရိမ်သလဲ
၂၀၁၇ နယ်မြေရှင်းလင်းရေးမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာ သိန်းနဲ့ချီထွက်ပြေး
ဒေါ်အောင်ဆန်းစုကြည် ကို အဲဒီတရားခွင်ကို ကိုယ်တိုင်မသွားရောက်သင့်ဘူးလို့ ပြည်တွင်းလူ့အခွင့်အရေး လှုပ် ရှားသူတွေက ထောက်ပြကြပါတယ်။ အခုလို ကိုယ်တိုင်သွားရောက်မယ့်အပေါ် ထောက်ခံဆန္ဒဖော် ထုတ်တာတွေရှိသလို သတိပြုဆောင်ရွက်ဖို့ တိုက်တွန်းတဲ့ ကြေညာချက်ထုတ်ပြန်တာ တွေရှိနေပါတယ်။
လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတစ်ယောက်အနေနဲ့ နိုင်ငံတကာတရားခွင်မှာ လူမျိုးတုံး သတ် ဖြတ် မှု စွပ်စွဲချက်ကို ဖြေရှင်းဖို့ သွားရောက်ရတဲ့ မှတ်တမ်း မဝင်စေချင်ဘူးလို့ အကြံပြုသူတွေလည်း ရှိပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်တဲ့ကိစ္စဟာ တရားဥပဒေကြောင်းအရ အကျိုးရှိဖို့ နည်းမယ် လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်းက ပြောပါတယ်။
"တရားခွင်မှာ လျှောက်လဲချက်ပေးသင့်တာက ဥပဒေပညာနားလည်တဲ့ ရှေ့နေမျိုးတွေပါ။ ဒါမျိုး သူကိုယ် တိုင်သွားတဲ့ကိစ္စက အချက်နှစ်ချက် ဖြစ်နိုင်ပါ တယ်။ တစ်မျိုးက နိုင်ငံတကာရဲ့ဖိအားကို သူကိုယ်တိုင် ထွက် ရပ်ပြီးဖြေရှင်းချင်တာ၊ နောက်တစ်ခုက ဒီအခွင့်အရေးကိုယူပြီး ပြည်တွင်းထောက်ခံမှုနဲ့ တပ်နဲ့ ရင်ကြားစေ့ ဖို့အတွက် နိုင်ငံရေးအကွက်ရွှေ့တာလည်း ဖြစ်နိုင်ပါတယ်" လို့ နယ်သာလန်အစိုးရက ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် ကျူးလစ်လူ့အခွင့်အရေး ဆုရှင်ကိုသက်ဆွေဝင်းက ပြောပါတယ်။
ပြစ်မှုကျူးလွန်တဲ့သူတွေကို ကာကွယ်ပြောဆိုပြီး တရားမျှတမှုအတွက် မရပ်တည်မှာကိုလည်း ကမ္ဘာက စိုးရိမ်နေတယ်လို့ဆို
လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုတဲ့ အချက်အလက်တွေကို နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ နိုင်ငံ တကာက စွပ်စွဲမှုတွေကို ဖြေရှင်းဖို့အတွက် ခက်ခဲတဲ့အနေအထားဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကို ကာ ကွယ်ပြောဆိုပြီး တရားမျှတမှုအတွက် မရပ်တည်မှာကိုလည်း ကမ္ဘာက စိုးရိမ်နေတယ်လို့ သူက ဆက်ပြော ပါတယ်။
"ကမ္ဘာက လူသတ်မှုကို လူသတ်မှုလို့ မြင်နေကြပြီး တရားမျှတမှုအတွက် တောင်းဆိုနေကြတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာက ဘာသာမတူလို့ လူမျိုးမတူ လို့ ကျူးကျော်သူတွေမို့လို့ သူတို့က စတိုက်လို့ စတဲ့ ဆင်ခြေမျိုးစုံနဲ့ လူသတ် မှုတွေကို ရှောင်ရှားဖို့ ကြိုးစားနေကြတယ်" လို့ သူက ဆိုပါတယ်။
နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ခံပြီးသွားတဲ့အပေါ် ကြိုဆိုတယ်၊ ဖြစ်သင့်တယ်ဆိုပေမယ့် ဒီလိုဖြစ်သင့်ဖြစ်ထိုက်တဲ့လုပ်ရပ်တွေကို လုပ်ဖို့ နောက်ကျခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ မသဉ္ဇာရွှန်း လဲ့ရည်က ပြောပါတယ်။
တရားစွဲတော့မှ သွားတာထက် နိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ ဆိုးရွားနေပြီဆိုရင် တာဝန်ပျက်ကွက် တယ်လို့ ခံယူပြီး တရားစွဲတဲ့ အထိ မစောင့်ဘဲ ပြည်တွင်းရော နိုင်ငံတကာမှာပါ ဖြေရှင်းခဲ့ သင် တယ်လို့ လူ ငယ်အရေးလှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ သူက ဆိုပါ တယ်။
"ပြည်သူကို တာဝန်ခံပြီးတော့ တောင်းပန်သင့်တာတောင်းပန်ရမယ်။ ရှင်းပြသင့်တာ ရှင်းပြရမယ်။ ဒါတွေ အကုန်ပျက်ကွက်ခဲ့တဲ့အပြင်ကုလသမဂ္ဂညီ လာခံမှာစကားပြောခွင့်ရခဲ့တယ်။(ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဒုသမ္မတဦးဟင်နရီဗန်ထီးယူနဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောက်ပြောကြား သည်။) Fact-Finding Mission မြန်မာပြည်လာမယ့်ကိစ္စရပ်တွေ၊ ရန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်တဲ့ကိစ္စရပ် တွေ ဒါတွေ အားလုံးဟာ လက်ရှိ အိုင်စီဂျေက ဆင့်ခေါ်တဲ့ကိစ္စရပ်တွေမှာ ညွှန်းကိန်းတွေအနေနဲ့ ပါသွား တာ။ ဒါက ကျွန်မတို့နိုင်ငံအတွက် နစ်နာသွားတယ်။ ဒါပေမဲ့ ဘာမှမလုပ်တာထက်စာရင် ခုလိုမျိုး လူရှေ့ သူရှေ့မှာ နိုင်ငံတကာမီဒီယာတွေရှေ့မှာ ကမ္ဘာ့အကောင်းဆုံးတရားမျှတမှုရှာဖွေတဲ့နေရာမှာ သွားထွက် ဆိုခြင်း သည် နိုဘယ်ဆုရှင်တစ်ယောက်ရဲ့ ရပ်တည်ချက်ကို ပိုပြီးရှင်းရှင်းလင်းလင်းမြင်သာလာလိမ့်မယ်လို့ မြင်တယ်" လို့ သူက ဆိုပါတယ်။
ပြည်တွင်းမှာရော ပြည်ပမှာပါ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲတွေကို အစိုးရတွေကိုယ်တိုင်တက်ပြီး ဆက်တိုက်လုပ်လာကြတာက နိုင်ငံတကာ အမြင်မှာ မြန်မာတွေဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု လွန်ကဲနေကြ တယ်လို့ မြင်လာတာမျိုးတွေ ရှိနိုင်တယ်လို့ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းတွေ ပေးတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုဆုဖြစ်တဲ့ လောကသာရဆုကိုလည်း ရရှိထားတဲ့ကိုသက်ဆွေဝင်းက ပြောပါတယ်။

ထောက်ခံပွဲတွေကို တရားခွင်ကြားနာမှုစတဲ့နေ့မှာ မြို့ကြီးအချို့မှာ လုပ်ဖို့ရှိ
နိုင်ငံတော်နဲ့ လူပုဂ္ဂိုလ်ကို ရောထွေးပြီး ဒီပုဂ္ဂိုလ်သာလျှင် နိုင်ငံတော်ဖြစ်တယ်ဆိုတာမျိုး လုပ်လာတဲ့ ကမ်ပိန်း တွေလည်း နေရာတိုင်းမှာ တွေ့နေရတယ်လို့ သူက ဆိုပါတယ်။
"ကမ္ဘာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်တဲ့သူတွေလို့ အချက်အလက်ကိုင်ပြီး ပြောနေတာကို ကိုယ်တွေက ဘာ အချက်အလက်မှ မပြနိုင်ဘဲ တစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ ပြောစကားနောက်မှာ တစ်အုပ်ကြီး လိုက်နေကြတာ။ ဒီပြသနာက မြန်မာပြည်တွင်းမှာ အကွဲအပြဲတွေ အများကြီး ပိုဖြစ်စေ သလို ခဏနဲ့ပြီးသွား မယ့်ကိစ္စလည်း မဟုတ်ပါဘူး" လို့ နယ်သာလန်အစိုးရက ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် ကျူးလစ် လူ့အခွင့်အရေး ဆုရှင်လည်း ဖြစ်တဲ့ ကိုသက်ဆွေဝင်းက ပြောပါတယ်။
နိုင်ငံရေးအရ တပ်နဲ့ ရင်ကြားစေ့ရေးဆိုတဲ့ သုံးသပ်ချက်တွေရှိထားသလို ဒီကိစ္စကြောင့် ဒေါ်အောင်ဆန်း စုကြည်အတွက် ပြည်တွင်း ထောက်ခံပွဲတွေလုပ် လာကြတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် လူထုရဲ့ ကရုဏာကို ရရှိပြီး ဒါက ရွေးကောက်ပွဲကိုလည်း အများကြီး အကျိုးသက်ရောက်စေ တယ်လို့ဆိုပါတယ်။
ဘယ်လိုပုံစံ ရပ်တည်ထွက်ဆိုမယ်ဆိုတာတော့မသိရသေးပေမယ့် လူ့အခွင့် အရေးရှုထောင့်က ကြည့်ရင် တော့ နိုင်ငံတွင်းလူ့အခွင့်အရေးအခြေအနေပေါ် အမြတ်ထုတ်တာမျိုး စဉ်းစားချက်ရှိခဲ့ရင်တော့ လုံးဝမဖြစ် သင့်တဲ့တွေးခေါ်မှုလို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
ဘာကြောင့် ကိုယ်တိုင်သွားတာလဲ
အိုင်စီဂျေတရားသူကြီးအဖွဲ့မှာ တရားသူကြီး ၁၅ ဦးရှိပြီး ဒုဥက္ကဌက တရုတ်နိုင်ငံက တရားသူကြီး ရွှဲဟန်ချင်း ဖြစ်ပါတယ်။
အစိုးရကတော့ ဒါနဲ့ပတ်သက်လို့ နိုဝင်ဘာ ၂၀ မှာ တရားဝင်ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ အတိုင်ပင်ခံဟာ နိုင်ငံ ခြားရေးဝန်ကြီးအဖြစ်နဲ့ ကိုယ်တိုင် ဦးစီးဆောင်ရွက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေဘက်ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ခံ တာ၊ တရားစီရင်ရေးကို အကျိုးသက်ရောက် စေဖို့မဟုတ်ဘဲ နိုင်ငံတကာတရားရုံးမှာ သွားရောက်ရင်ဆိုင် ဖြေရှင်းမယ့် နိုင်ငံ့ခေါင်းဆောင်ကို ထောက်ခံအားပေးတာဖြစ်တယ်လို့ တုံ့ပြန်ပြောကြား ကြပါတယ်။
အိုင်စီဂျေအရ နိုင်ငံတွေကနေ ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုဆောင်ရွက်ရမယ်လို့ သတ်မှတ်ချက် ရှိ ထားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက်ကိစ္စတုန်း ကလည်း အေးဂျင့်တွေကို ခန့်ထားတာရှိခဲ့တယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်က အစိုးရရုပ်သံက ပြုလုပ်တဲ့ အိုင်စီဂျေ စကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။
အိုင်စီဂျေစကားဝိုင်းမှာ တွေ့ရတဲ့ ဒေါ်လှမျိုးနွယ်(ဝဲမှ ဒုတိယမြောက်) နဲ့ ရှေ့နေချုပ်ရုံးညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦး
"အရေးကြီးတဲ့အချက်က နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်အနေနဲ့ သွားရောက်ပြီး ဒီအမှုဖွင့်တဲ့နေ့မှာ မိန့် ခွန်း ဒါမှမဟုတ် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန် နိုင်တယ်။ ဒီလိုထုတ်ပြန်ခြင်းက ဘာကိုပြသလဲဆိုတော့ ကျွန်မတို့နိုင်ငံအနေနဲ့ ခိုင်မာစွာရပ်တည်ထားတဲ့ မိမိနိုင်ငံရဲ့ ရပ်တည်ချက်အဆင့်ကို ကမ္ဘာကို သိအောင် ပြောကြားတဲ့အခွင့် အရေးကို ယူတဲ့သဘောပဲ" လို့ ဒေါ်လှမျိုးနွယ်က ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးလို အဆင့်မြင့်သူတစ်ယောက်က နိုင်ငံတကာတရားရုံးမှာ ပြောကြားတဲ့ ထုတ်ပြန်မှုဟာအပြည် ပြည်ဆိုင်ရာဥပဒေသဘောတရားအရ ဥပဒေအကျိုးသက်ရောက်မှုတွေရှိပြီး တရားရုံးက ဆုံးဖြတ် ချက်ကို စဉ်းစားတဲ့အခါမှာ ဒီအချက်က အရေးပါပြီး အထောက်အကူဖြစ်စေတယ်လို့ နိုင်ငံ တကာတရား ရုံးတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ခဲ့တဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီး သူက ဆိုပါတယ်။
Link : Here

No comments:
Post a Comment