B B C
ဘီဘီစီ မြန်မာပိုင်း
08 ဒီဇင်္ဘာ2019
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ ပြန်ရန် ဒီကနေ့ ဒီဇင်ဘာ၈ရက်နေ့မနက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ဟာ နေပြည်တော်ကနေ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ကို အထူး လေယာဉ်နဲ့ထွက်ခွာသွားပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ လူမျိုးတုံး သတ်ဖြတ် ခံရမှုကို တားဆီးဖို့၊ အပြစ်ပေး အရေး ယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အမှုဖွင့်တရားစွဲခဲ့တာဖြစ်ပါ တယ်။
ဒီစွပ်စွဲချက်ကို ပြန်လည်ဖြေရှင်းဖို့အတွက် နယ်သာလန်နိုင်ငံကို ဒီကနေ့ ဒီဇင်ဘာ ၈ရက်နေ့မှာ စတင် ထွက် ခွာသွားတဲ့မြန်မာအဖွဲ့မှာ တပ်ဘက်က ကိုယ်စားလှယ်တစ်ဦးမှ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
မြန်မာ့တပ်မတော်အနေနဲ့ ဂမ်ဘီယာနိုင်ငံရဲ့စွပ်စွဲမှုကို သွားရောက်ဖြေရှင်းရာမှာ လိုအပ်ရင် တပ်ကိုယ်စား လှယ်တွေ လိုက်ပါဖို့ရှိတယ်လို့ အစောပိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားဖူးပါတယ်။
နိုဝင်ဘာ ၂၆ ရက် ရက်စွဲနဲ့ ဖွဲ့စည်းထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာခုံရုံး ICJ မှာ တရားရင်ဆိုင်တဲ့အခါ ဥပဒေ ကြောင်းအရ အထောက်အကူပြုနိုင်မယ့် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ထဲမှာ တော့ တပ်ဘက်ကကိုယ်စားလှယ် ၂ဦးပါဝင်တယ်လို့ သိရပါ တယ်။
အဲဒီအထူးအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်ပြီးတော့ နိုင်ငံခြားရေး၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့က ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အထူးအဖွဲ့မှာ ဘယ်နှစ်ဦးပါဝင်ပြီး ဘယ်လို လူပုဂ္ဂိုလ်မျိုးတွေပါတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ အသေးစိတ်မဖော်ပြခဲ့ပါဘူး။
ဒီဇင်ဘာ ၈ ရက်နေ့မှာသွားရောက်တဲ့ မြန်မာအဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဦးဆောင်ပြီး အဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက် ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ပြည်ထောင် စုရှေ့နေချုပ် ရုံးတို့က တာဝန်ရှိသူတွေလိုက်ပါသွားပါတယ်။
သည်ဟိတ်ဂ်ကိုသွားတဲ့အဖွဲ့မှာ တပ်ဘက်က ကိုယ်စားလှယ်တွေလိုက်ပါသွားခြင်းမရှိပေမဲ့လည်း တပ်အနေ နဲ့ လိုအပ်တာတွေကို ပြည်တွင်းကနေဆက်သွယ်ထောက်ပံ့ပေးဖို့ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန် ကြား ရေးအဖွဲ့ရဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
ဟိုဘက်မှာ လိုအပ်တာရှိရင် ရှေ့နေချုပ်ရုံးကခေါ်သွားတဲ့ ညွှန်ကြားရေးမှူးချုပ်တစ်ယောက်ပါတယ်။ သူက တဆင့် ဒီဘက်ကိုဆက်သွယ်မယ်လို့သိရတယ်။ ပြည်တွင်းမှာတော့ အကြိမ်ကြိမ်အစည်းအဝေးခေါ်ပြီး ဆောင်ရွက်ပြီးပြီ။ ဟိုဘက်မှာထပ်မံလိုအပ်လာရင် လိုအပ်တဲ့အချက်အလက်တွေအကြောင်းအရာတွေနဲ့ ပတ်သက်ရင်ဆက်သွယ်ဆောင်ရွက်ပါမယ်။''လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဘီဘီစီကိုပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ ၁၂ ရက်နေ့အထိ ၃ရက်တာ အတွင်း နှစ်နိုင်ငံ လျှောက်လဲကြမယ်ဂမ်ဘီယာနိုင်ငံရဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) ချမှတ်ပေးဖို့ လျှောက်ထားချက် နဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက နှုတ်နဲ့လျှောက်လဲ တင်သွင်းတာကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒီဇင်ဘာ ၁၀ ရက်၊ ၁၁ ရက် နဲ့ ၁၂ ရက်တို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ပထမရက် ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ ဂမ်ဘီယာက မနက် ၁ဝ နာရီကနေ နေ့လယ် ၁ နာရီထိ ထွက်ဆိုချက် ပေးရမှာ ဖြစ်ပြီး၊ ဒုတိယရက် ဒီဇင်ဘာ ၁၁ ရက်မှာတော့ အလားတူ အချိန် အတွင်းမှာပဲ မြန်မာက ထွက်ဆို ချက် ပေးဖို့ ICJ က သတ်မှတ်ထားပါတယ်။
ဒီဇင်ဘာ ၁၂ ရက်၊ ၃ ရက်မြောက်မှာတော့ နှစ်နိုင်ငံစလုံး ဒုတိယအကျော့ အနေနဲ့ ကိုယ်စီ ထွက်ချက်တွေ ပေးဖို့ ရှိတာမှာ ဂမ်ဘီယာက မနက် ၁ဝ နာရီကနေ ၁၁ ခွဲ၊ မြန်မာက ညနေ ၄နာရီခွဲကနေ ၆ နာရီထိ ထွက် ဆိုချက်တွေ ပေးရမယ်လို့ စီစဉ်ထားပါတယ်။
ဒီလိုလျှောက်လဲရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေ နဲ့ အဆိုပါ တရားရုံးမှာမြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ဦးဆောင်ကာကွယ် ပြောကြားသွားမှာဖြစ် တယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဘက်က ကာကွယ်လျှောက်လဲဖို့ နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ရှေ့နေ ကြီး တွေကို ငှားရမ်းထားပြီးဖြစ် တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက နိုဝင်ဘာလ ၂၃ ရက်နေ့ကပြောထားပါတယ်။
ဒါပေမယ့် ဒီကနေ့ ဒီဇင်ဘာ ၈ရက်နေ့အထိ မြန်မာဘက်က ငှားရမ်းထားတဲ့ရှေ့နေတွေက ဘယ်သူဘယ်ဝါ ဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။
ဂမ်ဘီယာနိုင်ငံဘက်ကတော့ ဖိုလီဟော့ဂ် Foley Hoag ဆိုတဲ့ အမေရိကန် ရှေ့နေ အဖွဲ့ကိုရွေးချယ်ထား ပါတယ်။
ဖိုလီဟော့ဂ်ဟာ ICJ အပါအဝင်၊ နိုင်ငံတကာ တရားရုံး၊ အနုညာတခုံရုံးတွေမှာ နိုင်ငံတွေကို ကိုယ်စားပြုပြီး ရှေ့နေလိုက်ပေးတဲ့ နေရာမှာ အထူးပြု ကျွမ်းကျင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
No comments:
Post a Comment