2019-12-09

အပြည်ပြည်ဆိုင်ရာတရားရုံးအိုင်စီဂျေမှာ မြန်မာနိုင်ငံ အပေါ် ဂမ်ဘီယာ နိုင်ငံက အမှုဖွင့်ထားတဲ့ အမှုကို ကြားနာဆုံးဖြတ်တဲ့အခါမှာ မြန်မာနိုင် ငံဘက်က ကိုယ်စားပြုခန့်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးတစ်ဦးကို ဂျာမန် နီနိုင်ငံကိုလုံးတက္က သိုလ်က ပါမောက္ခ တစ်ဦးကို ခန့်ထားလိုက်ပါတယ်။
အဲဒီပါမောက္ခ ကတော့ ပါမောက္ခClaus Kress ဆိုတဲ့ သူ ဖြစ်ပါတယ်။
အဲဒီတရားသူကြီး နေရာဟာ မြန်မာလိုပြောရရင် ရှောင်တခင် တရား သူကြီးလို့ ပြောရမယ်လို့ ဥပဒေပညာရှင် ဒေါက်တာမြင့်ဇံက ဘီဘီစီ ကို ပြောပါတယ်။
ဒီတရားသူကြီးဟာ မြန်မာနိုင်ငံ အတွက် ရပ်တည်မှာဖြစ်ပြီးတော့အပြည်ပြည် ဆိုင်ရာ တရားရုံးဆုံးဖြတ်ချက်တွေ မှာ မြန်မာနိုင်ငံ အ တွက်ခုခံ ပြီးကွဲလွဲ တဲ့အမြင်တွေ ရှိရင် သူကရေးပေးရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက် ကငှားရမ်းတဲ့ ရှေ့နေလိုဘဲ သူကို လည်း အခကြေးငွေ ပေးရဖို့ရှိတယ်လို့လည်း ဒေါက် တာမြင့်ဇံ က ပြောပါတယ်။
Claus Kress ဟာ နိုင်ငံတကာဥပဒေနဲ့ပြစ်မှုဆိုင်ရာဥပဒေပါမောက္ခလည်းဖြစ်ပါတယ်။ ဥပဒေပညာနဲ့ပတ် သက်တဲ့ စာအုပ်ပေါင်း ၁၅၀ ကျော် ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူဟာ ရန်ကုန်မြို့မြန်မာပလာဇာအနီးက လော်တီဟိုတယ်မှာ ပါမောက္ခ Claus Kress အခုနှစ် နိုဝင်ဘာ လ ၁၇ ရက်နေ့ ကလာရောက်ဟောပြောခဲ့တဲ့ ဗီဒီယို မှတ်တမ်းတစ်ခု ကို တော့ တွေ့ရပါတယ်။
မြန်မာနိုင်ငံ ကို လာရောက်ခဲ့ဖူးတယ် ဆိုတဲ့ သတင်းတွေ အပေါ် မှာတော့ ဥပဒေပညာရှင် ဒေါက်တာမြင့်ဇံ ကတော့ မှတ်ချက်ပေးခြင်းမရှိပါဘူး။
ဒါ့အပြင် တရားသူကြီး အဖွဲ့မှာ တစ်နိုင်ငံတည်းက တရားသူကြီး နှစ်ယောက်ကို ခန့်ထားခွင့် မရှိပါဘူး။
နိုင်ငံတကာ တရားရုံး အိုင်စီဂျေကို တရားသူကြီး ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
လက်ရှိ ဥက္ကဌကတော့ ဆိုမာလီယာ နိုင်ငံသား အဘဒ်ဒူကာဝီ အာမက် ယူနွတ် ဖြစ်ပါတယ်။
ပါမောက္ခClaus Kress ကို ရှောင်တခင် တရားသူကြီး နေရာ ကို မြန်မာဘက်က ခန့်လိုက်တယ်လို့ လည်း အပြည်ပြည်ဆိုင်ရာတရားရုံး ကဖော်ပြထားပါတယ်။
ရှောင် တခင်တရားသူကြီး ကတော့ မြန်မာ ကအဆိုပြုနိုင်သလို ဂမ်ဘီယာကလည်းတစ်ယောက် အဆိုပြု ထားပါတယ်။
မြန်မာ နဲ့ ဂမ်ဘီယာတို့ အမှုကို တရားသူကြီး၁၇ ဦး က ဆုံးဖြတ် စီရင်ချက် ချ ကြမှာ ဖြစ်ပါတယ်။
ရှောင် တခင်တရားသူကြီးတွေ ကတော့ ကျန်နိုင်ငံ အလိုက်ခန့်ထားတဲ့ တရားသူကြီးတွေနဲ့ မတူပါဘူး ကွာ ခြားပါတယ်။ရှောင် တခင်တရားသူကြီးတွေ က တော့သက်ဆိုင်ရာ အမှု ကိုပဲ ကိုင်တွယ်ရမှာ ဖြစ်ပြီးတော့ ဒီအမှု ပြီးတာနဲ့ သက်တမ်းကုန်မှာဖြစ်ပါတယ်။
အဲဒီနေရာ ဘယ်လောက် အရေးကြီးသလဲ
ဒီနေရာ ကနိုင်ငံ အတွက် ခုခံကာကွယ်ပေးမယ့်သူတွေ ဖြစ်ပေမယ့် အိုင်စီဂျေမှာ အင်မတန်မှ အရေးကြီး တယ်လို့တော့ ပြောလို့ မရဘူးလို့ဒေါက်တာမြင့်ဇံ ကပြောပါတယ် ။
သို့သော် သူကိုခန့်တဲ့နိုင်ငံ ဘက် က ဥပဒေနဲ့ အယူအဆတွေဘက် က ရပ်တည်မှာ ဖြစ်တယ်လို့ လည်း သူ က ရှင်းပြပါတယ်။
သူက ဒီအမှုနဲ့ ပတ်သက်လို မြန်မာဘက် ကငှားထားတဲ့ရှေ့နေလိုပဲ အမှုသွားအမှုလာ ကိုလေ့လာရမှာ ဖြစ် ပေ မယ့် သူတာဝန်က သေချာပြင်ဆင်ကြားနာပြီး တရားစီရင်ချက်တွေမှာ သူကိုခန့်တဲ့နိုင်ငံ ဘက် ကရပ် တည်ပြီး ရေးသားရ မှာ ဖြစ်ပါတယ်။
သူဘယ်လောက်မြန်မာကို ကူညီနိုင်မလဲ
မြန်မာဘက် က ငှားထားတယ်လို့ပြောတဲ့ရှေ့နေ ဝီလီယံရှားဘတ်စ် ကတော့ ဂျီနိုဆိုဒ် လို့ခေါ်တဲ့ လူသားများ အပေါ်မှာ ကျုးလွန်တဲ့ ရာဇဝတ်မှု နဲ့ပတ်သက်ပြီး အထူးပြုလေ့လာထားသူဖြစ်ပြီးတော့ ပါမောက္ခ Claus Kressဟာ ဂျီနိုဆိုဒ် ကျွမ်းကျင်သူတော့မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာရာဇ ဝတ် ဥပဒေတွေမှာ အထူးကျွမ်းကျင်သူဖြစ်တယ်လို့ လည်းဒေါက်တာမြင့်ဇံ ကပြောပါတယ်။
မြန်မာကို အမှုဖွင့်ထားတဲ့ ဂမ်ဘီယာကတော့ တောင်အာဖရိ ကကတရားသူကြီး ကုလသမဂ္ဂ လူ့ အခွင့်ရေး ဆိုင် ရာ မဟာမင်းကြီးတာဝန်ယူခဲ့သူ နာဗာသီမန်ပီလေး ကို ခန့်ထားပါတယ်။
"ဘယ်နိုင်ငံ ပဲဖြစ်ဖြစ် အရည်ချင်းရှိတဲ့ တရားသူကြီးကို ရွေးခန့်မှာပါ၊ ဂမ်ဘီယာကော မြန်မာ ကော အခုလို တရားသူကြီးတွေ ခန့်ထားလိုက်တော့ အနည်းဆုံးတစ်မဲ စီတော့ သေချာသွားပြီ"လို့ဒေါက်တာမြင့်ဇံက ပြော ပါတယ်။
Link : Here
No comments:
Post a Comment