2019-12-08
ချင်းတိုင်းရင်းသားတွေ ICJ ကိစ္စဘယ်လိုရပ်တည်ရမလဲ (အပိုင်း-၁)
မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတဲ့အပေါ်မှာ အထူးသဖြင့်ချင်း တိုင်းရင်းသားတွေ ဘယ်လိုသဘောထားနဲ့ ရပ်တည်သင့်သလဲဆိုတာကို လူ့အခွင့်အရေး တက်ကြွလှုပ် ရှား သူတစ်ဦးဖြစ်တဲ့ မိုင်ချယ်ရီဇာဟောင်ကို Zalen Media ကမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။
မေး။ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာ အစိုးရ နဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ပဲ တရားစွဲဆိုတာမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးပြည်သူတွေကို တရားစွဲတယ်လို့ပြောကြတာမှန်လာ။
ဖြေ။ နိုင်ငံတကာတရားရုံး (ICJ)ရဲ့ သဘောသဘာဝက တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ပြဿနာဖြစ်တဲ့ချိန်မှာ နိုင်ငံ တကာတရားရုံး (ICJ)မှာ တင်လေ့ရှိတယ်။ အနီးစပ်ဆုံး ဥပမာတစ်ခုပြောရရင် ထိုင်း နဲ့ ကမ္ဘောဒီးယားနိုင်ငံကြား က စေတီဟောင်းကို ထိုင်းကလည်း သူပိုင်၊ ကမ္ဘောဒီးယားကလည်း သူပိုင်ဆိုပြီး လုကြတယ်။ အဲ့ဒါကို နိုင်ငံတကာတရားရုံး (ICJ)မှာ တင်ပြတယ်။ တစ်နိုင်ငံရဲ့ ပင်လယ်ရေပိုင်နက်ပေါ်မှာ အခြားနိုင်ငံက စစ်သင်္ဘောတွေစစ်ရေးလေ့ကျင့်တဲ့ချိန်မှာ နိုင်ငံတကာတရားရုံး (ICJ)ကို တင်ကြလေ့ရှိတယ်။ နိုင်ငံတကာ တရားရုံး (ICJ)ကို ၁၉၄၅ ခုနှစ် ကုလသမဂ္ဂဖွဲ့စည်းတဲ့ချိန်မှာ စတင်ဖွဲ့စည်းတယ်။ ICJ ဖွဲ့စည်းရခြင်းရဲ့ရည်ရွယ် ချက်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံပြဿ နာဖြစ်တဲ့ချိန်မှာ ချက်ချင်းစစ်ပွဲမဖြစ်ပဲ ပြဿနာဖြေရှင်းလို့ရအောင် တည် ထောင်ခြင်းဖြစ်တယ်။ ကာလကြာလာတော့ နယ်စပ်ပြဿနာတစ်ခုထဲမဟုတ်တော့ဘဲ တစ်နိုင်ငံက နိုင်ငံတ ကာ သဘောတူစာချုပ်ကိုလက်မှတ်ထိုးပြီး စာချုပ်အတိုင်းအကောင်အထည်မဖော်ရင်လည်း နိုင်ငံတကာ တရားရုံး မှာတင်ပြကြတယ်။ ဒါကြောင့် နိုင်ငံတကာတရားရုံး (ICJ)ကိုလွယ်လွယ်နဲ့သဘောပေါက်နိုင်အောင် ဆိုရင် တစ်နိုင်ငံတစ်နိုင်ငံကြားပြဿနာဖြေရှင်းတဲ့နေရာဖြစ်တယ်။ အခု ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ တ ရား စွဲဆိုတာဟာ တစ်နိုင်ငံလုံးကပြည်သူတွေကို တရားစွဲဆိုတာမဟုတ်ဘဲ မြန်မာနိုင်ငံက လူသားမျိုး တုံး သတ်ဖြတ်မှုကာကွယ်ရေး သဘောတူစာချုပ်ကို ၁၉၅၆ ခုနှစ် ဇူလိုင်လမှာ အတည်ပြုပြီး လက်မှတ်ထိုး ထား တယ်။ အဲ့ဒီစာချုပ်အတိုင်း တာဝန်မကျေဘူး၊ အကောင်အထည်မဖော်ဘူး။ အဓိက ရိုဟင်ဂျာတွေပေါ် အစိုး ရ ရဲ့ ပေါ်လစီဟာ လူသားမျိုးတုံးသတ်ဖြတ်မှုစာချုပ်အတိုင်း အကောင်အထည်မဖော်လို့ဆိုပြီး တရားစွဲဆို တာဖြစ်တယ်။ ဒါကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေကို တရားစွဲဆိုတာမဟုတ်ဘဲ မြန် မာ နိုင်ငံက လက် မှတ်ထိုးထားတဲ့ သဘောတူစာချုပ်အတိုင်း အကောင်အထည်မဖော်တဲ့ပေါ် စွဲဆိုတာဖြစ်တယ်။ ဘာကြောင့် လဲဆိုရင် ၂၀၁၇ ခုနှစ် ရခိုင်မှာဖြစ်တဲ့ကိစ္စမှာ အစိုးရတာဝန်ယူထားတဲ့ NLD အစိုးရက သူ့လက်ထက်မှာ ဖြစ် ပွားတာဖြစ်တဲ့တွက် အခင်းဖြစ်တဲ့ချိန် အစိုးရရဲ့ တာဝန်ဖြစ်တယ်။ ပြည်သူနဲ့လုံးဝမဆိုင်ဘူး။ ပြည်သူတွေကို အဲ့လို တရားစွဲဆိုလို့မရဘူး။ ပြည်သူလူထုအားလုံးက သေနတ်ကိုင်ပြီး လူမသတ်ဘူး။ ပြည်သူလူထုအား လုံးကို တရားစွဲဆိုတယ်ဆိုတာ အစိုးရရဲ့ ဝါဒဖြန့်ချီမှုသာဖြစ်တယ်။
မေး။ ကရင်တော်လှန်ရေးတပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်တဲ့ချိန်မှာ ဖြတ်လေးဖြတ်နဲ့ အစိုးရကတိုက်ကြ တယ်ဆိုတာလည်းသိရတယ်။ ဘာကြောင့် ကရင်တွေ ကချင်တွေနဲ့ ပြဿနာဖြစ်တဲ့ချိန်မှာ အစိုးရကို နိုင်ငံ တကာတရားရုံး (ICJ) ကိုမတင်ကြတာလဲ။ တင်ပြတဲ့သူမရှိတာလာ၊ ဘာကြောင့် အခုမှ နိုင်ငံတကာတရားရုံး (ICJ) ကိုတင်ရတာလဲ။
ဖြေ။ ဒီမေးခွန်းလည်းမေးသင့်တဲ့မေးခွန်းပါ။ ကရင်၊ ကချင်၊ ရှမ်းတွေ ခံစားနေတဲ့ချိန်မှာ အထူးသဖြင့် ကရင် တွေ ၁၉၉၄-၅ ဝန်းကျင် မနေပလောသွားတိုက်တုန်းက အများကြီးသေကျေကြတယ်။ ကရင်နီမှာလည်း သေတယ်။ တစ်ရွာလုံးမီးရှို့တာတို့ အခု ရခိုင်ပြည်နယ်မှာ ကြုံသလိုကြုံခဲ့ဖူးတယ်။ အဲ့ဒီတုန်းက မြန်မာနိုင် ငံဟာ တပ်မတော်အစိုးရဖြစ်တဲ့တွက် နိုင်ငံတကာက မြန်မာပြည်မှာဘာဖြစ်တယ်ဆိုတာ မသိနိုင်ဘူး။ အဲ့ဒီ တုန်းက မိုဘိုင်းလ်ဖုန်းလည်းမရှိသလို ဂြိုလ်တုနဲ့ဓာတ်ပုံရိုက်လို့လည်းမရသေးဘူး။ ဒါကြောင့် အဲ့ဒီတုန်းက တစ်ကမ္ဘာလုံးကပြည်သူတွေ လန့်သွားစေမယ်၊ စိတ်ဆိုးစေလောက်အောင် သက်သေမရှိခဲ့ဘူး။ ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ မြန်မာနိုင်ငံလည်း ပိုလွတ် လပ်လာတယ်။ ဆက်သွယ်ရေးပစ္စည်းတွေလည်းရှိလာတော့ ဘာမှဖုံးကွယ်လို့မရတော့ဘူး။ ဘယ်လိုပဲအစိုးရ ဘူးခံ ငြင်းနေပေမယ့်လည်း ဂြိုလ်တုကနေ အကုန်လုံးမြင် လို့ရတယ်။ BBC, Aljazira တွေကအကုန်မြင်နိုင်တယ်။ ပြီးတော့ ဒရုန်းကင်မရာနဲ့လည်း ရိုက်နိုင်တော့ ဘာ တစ်ခုမှ ဖုံးကွယ်လို့မရတော့တာကြောင့် အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုမြင်နိုင်တယ်။ အရင်ကတော့ အဲ့လိုမျိုးမရှိတော့ လူ့အခွင့်အရေးချိုးဖောက်မှုရှိတယ်ဆိုတာသိပေမယ့် တရားစွဲဆိုတဲ့ထိမရောက် ဘူး ပေါ့နော်။ ပြီးတော့ Genocide ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာ လူကိုသွားသတ်တယ်ဆိုတာ Genocideရဲ့ အဓိ ပ္ပာယ်ဖွင့်ဆိုချက်အများကြီးထဲက တစ်ခုပဲဖြစ်တယ်။ တခြားအဓိပ္ပာယ်ဖွင့်ဆိုချက်အများကြီးရှိတယ်။ ဥပမာ လူမျိုးတစ်မျိုးကို မုန်းတီးအောင် ဆန္ဒပြတာ၊ ကိုးကွယ်တဲ့ဘာသာအုပ်စုတစ်ခုကိုသတ်အောင် အားပေးတာ တို့၊ အဲ့လိုမျိုးကြုံလာမယ်ဆိုတာသိပေမယ့် ဘာမှမလုပ်တာတို့ ဒါတွေဟာ Genocide ရဲ့ အဓိ ပ္ပာယ်ဖွင့် ဆို ချက်ထဲမှာ အကုန်ပါတယ်။ ကရင်တွေနဲ့ပြဿနာဖြစ်တုန်းကတော့ အဲ့ဒါတွေအကုန်လုံးမပါခဲ့ဘူး။ သူတို့ ကို တော့ ရန်ကုန်မှာ ကရင်တွေမလိုချင်ဘူး၊ အကုန်သေပါစေ၊ အကုန်လုံးထွက်ပြေးပါစေ ဆိုပြီး ဆန္ဒပြကြ တာ မရှိဘူး။ ရိုဟင်ဂျာအမှုမှာဆိုရင် သူတို့ကိုအလိုမရှိ ဆိုပြီး ဆန္ဒပြကြတယ်။ ဒီနိုင်ငံကနေ အကုန်လုံး ထွက် ပြေးကြဆိုပြီး ဆန္ဒပြကြတယ်။ ဒါကြောင့် နိုင်ငံတကာက ဒါဟာ Genocide လို့သတ်မှတ်လို့ရအောင် အချက် အလက်တွေဖြစ်သလို ဒါကြောင့်လည်း Genocide လို့ခေါ်ဆိုခြင်းဖြစ်တယ်။ နိုင်ငံရေး၊ ငွေကြေး၊ မီဒီယာ ကနေ အားပေးတာလည်း Genocide ထဲအကျုံးဝင်သွားခြင်းဖြစ်တယ်။ အိမ်ရှင်နဲ့ ဧည့်သည် ဇာတ်လမ်း လည်းရိုက်တယ်။ soft power သုံးပြီး အစိုးရ နဲ့ တပ်မတော်က ဝါဒဖြန့်ချီကြတာ နိုင်ငံတကာကသိတယ်။ ဒါကြောင့် Genocide ဖြစ်တယ်လို့ခေါ်တာ။ ကရင်တွေ တခြားလူမျိုးတွေကြုံတွေ့တာ အဲ့ဒီအဆင့်ထိမ ဟုတ် ဘဲ သူတို့က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း လို့ခေါ်တယ်။ ဒါကြောင့် Genocide လို့မသတ်မှတ် တာ ဖြစ်တယ်။
မေး။ အခု ချင်းပြည်နယ် ဖလမ်းမြို့မှာ ICJ ကိုသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ထောက်ခံတယ်ဖို့ စီစဉ်နေတယ်။ အရင်တုန်းက ချင်းပြည်နယ်လည်း တပ်မတော်အစိုးရခေတ်တုန်း လက်ဝါးကားတိုင်ဖြို လဲ တာတို့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေလည်းကြုံခဲ့ကြတယ်။ အခု ICJ ပွဲကို ဖလမ်းမြို့ပေါ်က ခရစ် ယာန်ဘာသာရေးအဖွဲ့အစည်းက ဦးဆောင်ပြီးလုပ်မယ့်အပေါ်မှာ ဘယ်လိုမြင်တာလဲ။ တိုင်းရင်းသားတွေ ကြုံခဲ့တဲ့ကိစ္စတွေကော ICJ မှာစစ်ဆေးမလာ။
ဖြေ။ ICJ တရားရုံးှမှာ တိုင်းရင်းသားတွေ ကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေ ပါမလာ၊ မပါဘူးလာဆိုတာထက် ICJ တရားရုံးမှာ တိုင်းရင်းသားတွေသတ်နေတဲ့၊ ဖိနှိပ်နေတဲ့ လူတွေကို ဒီလိုမလုပ်ကြနဲ့တော့လို့ သတိပေးဖို့နဲ့ ကြေညာဖို့က ပိုအရေးကြီးတယ်။ တိုင်းရင်းသားတွေကိစ္စ ပါခြင်း မပါခြင်း ဆိုတာထက် တိုင်းရင်းသားတွေ အကုန်လုံး ဖိနှိပ်နေတဲ့ ဗမာအစိုးရ နဲ့ ဗမာစစ်တပ်ခေါင်းဆောင်တွေ ICJ တရားရုံထိရောက်သွားတာ ကျမ တို့ပိုဝမ်းသာရမယ်။ ဥပမာ မြွေပွေးတစ်ကောင်က လူတွေကို တစ်ယောက်ပြီးတစ်ယောက် ကိုက်သတ်နေ ပေမယ့် ဘယ်သူမှ အဲ့ဒီမြွေပွေးကိုမသတ် နိုင်ကြဘူးဆိုပါစို့။ အဲ့ဒီမြွေပွေးကို တစ်ခြားလူတစ်ယောက် လာ ရိုက်သတ်တာ ပိုအရေးကြီးတယ်။ မဟုတ်ဘူးလာ။ ကျမတို့ ကိစ္စတွေမပါလို့ ကမ္ဘာက ရိုဟင်ဂျာကိုပဲ ဂရုစိုက် တယ်ဆိုတာမျိုးက စိတ်ဓာတ်ကျဉ်းမြောင်းတဲ့သူ နဲ့ နက်နက်နဲနဲမစဉ်းစားတတ်လို့ပြောတာဖြစ်တယ်။ သေ ချာစဉ်းစားရင် စစ်အစိုးရကို သေနတ်နဲ့တော်လှန်တယ်၊ ဒီမိုက ရေစီအော်တယ်။ လမ်းပေါ်ထွက် ဆန္ဒပြ ကြ တယ်။ ရွေးကောက်ပွဲကျင်းပပေးပါဆိုပြီး နည်းလမ်းအမျိုးမျိုးနဲ့ တော်လှန်ပေမယ့် ဗမာအုပ်ချုပ်ရေးကို မတော်လှန်နိုင်ဘူး။ ဒါကြောင့် နိုင်ငံတကာက ဒီလိုမလုပ်ကြတော့နဲ့လို့ သတိပေးရင် ဝမ်းသာရမှာ။
အဲ့ဒါက ပထမအချက်။ ဒုတိယချက်ကတော့ ကရင်၊ ကချင်၊ ရှမ်းတွေကတော့ ဘုံရန်သူကိုသိတော့ ခုလိုချိန် မှာ ICJ ကိုထောက်ခံတယ်ဆိုပြီး နိုင်ငံခြားမှာ ဆန္ဒပြနေကြတယ်။ ချင်းတိုင်းရင်းသားတွေက ဒီလိုမျိုး အချိန် မှာမထွက်ပဲ စစ်တပ်ကိုပဲ ထောက်ခံချင်ကြတယ်။ ဗမာတွေပဲ ထောက်ခံလေ့ရှိတယ်။ အဲ့ဒါတော့ ကျမတို့ အသိတွေနှိုးကြားဖို့လိုတယ်။ တိုင်းရင်းသားတွေကြားမှာ မျက်နှာငယ်ရတယ်။ ချင်းပြည်နယ်လည်း ခုချိန်ထိ ဖွံ့ဖြိုးမှုအနိမ့်ဆုံးဖြစ်နေရတာလဲ respect မပေးကြလို့။ သူတို့ကြိုက်သလို ခိုင်းလို့ရတယ်လို့ယူဆပြီး ဘယ် aတာ့ မှ respect မပေးကြဘူး။ အဲ့ဒါကောင်းကောင်းလေး ပြန်စဉ်းစားရမယ်။
တတိယချက်မှာ ဘာသာရေးအဖွဲ့အစည်းတွေက ဒီလိုမျိုးကိစ္စမှာ ပါဝင်လာတာ တော်တော်လေးအံ့သြ တယ်။ ဘာကြောင့်လဲဆို သခင်ယေရှုသွန်သင်ချက်မှာ အားနည်းတဲ့သူတွေ ဖိနှိပ်ခံရတဲ့သူတွေ အစော် ကား ခံရတဲ့သူတွေပေါ် ရပ်တည်ပေးဖို့၊ အမှန်တရားပေါ်အမြဲတမ်းရပ်တည်ဖို့ သွန်သင်တဲ့ကြားက ဒီလို ကျမ တို့ မျက်စိရှေ့မှာ ဒုက္ခခံစားနေရတဲ့လူမျိုးရှိနေတဲ့ချိန်မှာ သူတို့ဘက်မရပ်တည်ပဲ ဖိနှိပ်သူတွေဘက်ရပ်တည် တာက ခရစ်ယာန်ယုံကြည်ချက်ဖြစ်မယ်လို့ မယူဆဘူး။ သခင်ယေရှုက ပတ်ဝန်းကျင်လူတွေရဲ့ ဘေးဖယ်ခံ ရတဲ့သူတွေဘက်က ဘယ်ချိန်မဆိုရပ်တည်ပေးတယ်။ ခုတော့ ဘာသာရေးသွန်သင်ဆုံးမမှုနဲ့ ဗြောင်းပြန် လုပ်နေကြတယ်။ ဘာကြောင့် အာဏာရှိတဲ့ အစိုးရကို ဖားချင်ကြတာလဲ။
ချင်းတိုင်းရင်းသားတွေ ICJ ကိစ္စဘယ်လိုရပ်တည်ရမလဲ (အပိုင်း၂)
မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတဲ့အပေါ်မှာ အထူးသဖြင့် ချင်းတိုင်း ရင်းသားတွေ ဘယ်လိုသဘောထားနဲ့ ရပ်တည်သင့်သလဲဆိုတာကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မိုင်ချယ်ရီဇာဟောင်ကို Zalen Media ကမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။
မေး။ အခု မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးပေါ်တင်တဲ့သူ ဂမ်ဘီယာနိုင်ငံက မွတ်စလင်ဘာသာ ကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီး သူ့နောက်မှာမွတ်စလင်အဖွဲ့အစည်းဖြစ်တဲ့ OIC ရှိတဲ့တွက်ကြောင့် သူတို့ရဲ့ရည်ရွယ် ချက်ကို သတိထားသင့်တယ်လို့ပြောကြတဲ့ပေါ် ဘယ်လိုသုံးသပ်ထားတာလဲ။
ဖြေ။ မွတ်စလင်ဘာသာကိုးကွယ်တဲ့သူဖြစ်လို့ ဒီဟာလုပ်တာမဟုတ်ဘူး။ ခရစ်ယာန်ဘာသာဝင်တွေ ဒုက္ခ ရောက်ရတဲ့ချိန်မှာ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့နိုင်ငံတွေကို အကူအညီတောင်းလေ့ရှိတယ်။ အဲ့ဒါက သ ဘာဝကျတယ်။ မွတ်စလင်ဘာသာဝင်နိုင်ငံဖြစ်လို့ဆိုတာ သိပ်အရေးကြီးတယ်လို့မမြင်ဘူး။ အခု ဂမ်ဘီ ယာ နိုင်ငံလည်း ကျမတို့ မြန်မာနိုင်ငံလို အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံဖြစ်ခဲ့တာကြောင့် ကျမတို့နိုင်ငံ သားတွေ လို ဒုက္ခအမျိုးမျိုးကြုံတွေ့ခဲ့ကြတယ်။ အခုလို လူနည်းစုတွေခံစားနေတာမကောင်းဘူးဆိုပြီး အခု ဂမ်ဘီယာရဲ့ တရားဥပဒေစိုးမိုးရေးဝန်ကြီးလည်း ရဝမ်ဒါနိုင်ငံအမှုမှာ တရားသူကြီး လုပ်ခဲ့ဖူးတယ်။ ကမ္ဘာမှာ အခုလို ဖိနှိပ် တာမကောင်းဘူးဆိုပြီး လက်ခံတဲ့သူတွေဖြစ်တယ်။
အရေးကြီးတာက အခု နယ်သာလန် နဲ့ ကနေဒါနိုင်ငံက ဂမ်ဘီယာနိုင်ငံကိုထောက်ခံနေကြပြီ။ အခုလို ICJ မှာတင်ဖို့ တခြားနိုင်ငံတွေလည်းပြင်ဆင်နေကြတယ်။ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ဘယ်သူတင်မလဲဆိုပြီး စဉ်းစားနေကြတဲ့ချိန်မှာ ဂမ်ဘီယာဆိုတဲ့ နိုင်ငံသေးသေးလေးက တင်လာတာဖြစ်တယ်။ ဒီမတိုင်ခင် ခရစ် ယာန်နိုင်ငံတွေက ICJ တင်ဖို့ အများကြီးပြင်ဆင်နေကြပြီ။ ဂမ်ဘီယာက မတင်ရင်တောင်မှ သူတို့ကတင် မှာပဲ။
မေး။ အခု မြန်မာနိုင်ငံကို ICJ မှာတင်တော့ နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးဘာတွေ ရှိလာနိုင်လဲ။
ဖြေ။ ပြောဖို့ခက်တယ်။ ဘာလို့လဲဆိုရင် ICJ အမှုဆိုတာ လပေါင်းများစွာ နှစ်များစွာကြာလေ့ရှိတယ်။ ဘာ ဖြစ် လို့လဲဆိုရင် general assembly ကခန့်တဲ့ တရားသူကြီး (၁၅)ယောက်ရှိပြီး အမှုစွဲတဲ့နိုင်ငံ နဲ့ အမှုစွဲခံရတဲ့ နိုင်ငံက တရားသူကြီး တစ်ယောက်စီဌားခွင့်ရှိတော့ အဲ့ဒီနှစ်ယောက်နဲ့ အားလုံး (၁၇)ယောက်ရှိတယ်။ အခု လည်း ဂမ်ဘီ ယာက တရားသူကြီး တစ်ယောက်ဌားပြီ။ မြန်မာကလည်း တစ်ယောက်ဌားပြီ။ အထူးသဖြင့် တရားသူကြီး (၁၅) ဦးက နိုင်ငံတကာက အမှုများစွာကိုင်တော့ မြန်မာနိုင်ငံအမှုတစ်ခုကိုပဲ နေ့တိုင်းအချိန်ပေး မစဉ်းစားနိုင်ဘူး။ ဒါကြောင့် သက်သေတွေအများကြီးလိုတော့ အချိန်တော်တော်ကြာအုံးမယ်။
တရားသူကြီးတွေက ဆုံးဖြတ်တဲ့ချိန်မှာ သူတို့ကြည့်ရမှာက မြန်မာအစိုးရရဲ့ ပေါ်လစီ၊ ဥပဒေ လုပ်ထားတဲ့ အပေါ် ဒီလို လူမျိုးတုံးသတ်ဖြတ်မှုအခြေနေထိရောက်အောင် လုပ်ခဲ့တာတွေကို ကြည့်မယ်။ ပြီးတော့ လူမျိုး တုံးသတ်ဖြတ်မှုမရောက်အောင် တားဆီးတဲ့ ဥပဒေလုပ်ထားတာဘာရှိလဲဆိုတာ ကြည့်မယ်။ အဲ့ဒါ တရားသူ ကြီးတွေအလုပ်ဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံက Genocide သဘောတူစာချုပ် ချိုးဖောက်တယ်လို့ မြင်ရင် ICC မှာအမှုကို လွဲပြောင်း တာလည်းဖြစ်နိုင်တယ်။ ကုလသမဂ္ဂမှာလည်း အမှုလွှဲပြောင်းတာဖြစ်နိုင်တယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ မသိနိုင်သေးဘူး။ ဘာဖြစ်လို့လည်းဆို ခိုင်လုံတဲ့သက်သေကောင်း ကောင်း ဘယ်လောက်ရှိလဲ၊ မြန်မာဘက်က ဘယ်လောက် ပြန်လည်ချေပနိုင်မလဲဆိုတာမသိဘူး။
မေး။ ICJ မှာအမှုဖွင့်ခံရတဲ့နိုင်ငံဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်လာနိုင် လာ။ ပြည်သူတွေ စီးပွားရေးမှာ ဒီထက်မက အကြပ်အတည်းဖြစ်လာနိုင်လာ။
ဖြေ။ ဒီလိုမျိုးဖြစ်လာတဲ့ချိန်မှာ ခင်ဗျားလည်း ဒေါ်လာသန်းချီတန်တဲ့ ကုမ္ပဏီပိုင်ရှင်ဖြစ်မယ်ဆိုရင် ခုလို ပြဿနာဖြစ်နေတဲ့ နိုင်ငံမှာ ခင်ဗျားငွေကြေးတွေ မြှုပ်နှံချင်မလာ။ လူတွေ ဒုက္ခဖြစ်နဲ့ပေမယ့် အစိုးရက ဘာ မှ ဂရုမစိုက်ဘူး။ လူ့အခွင့်အရေးချိုးဖောက်နေတာသိပေမယ့် ဘယ်သူအရေးမယူဘူး။ လမ်းပေါ်တက် လာပြီး ထောက်ခံလာကြတယ်။ ဆုတောင်းပေးကြတယ်။ ဒီလိုမျိုးဖြစ်တဲ့နိုင်ငံကို ဘယ်စီးပွားရေးသမားကမှ စိတ်မ ဝင်စားကြဘူး။ အခုလို အော်နေတာက ရင်းနှီးမြှုပ်နှံသူတွေ ပြန်ကြပါလို့ အော်နေတာနဲ့ အတူတူပဲ။ ဒါကြောင့် ချင်းတိုင်းရင်းသားတွေကတော့ဘယ် သူမှ လမ်းပေါ်ထွက် မထောက်ခံစေချင်ဘူး။ ချင်းပြည်နယ်က အရမ်းခက်ခဲတယ်။ ရင်းနှီးမြှုပ်နှံသူတွေများများဝင်လာစေချင်တယ်။ ဒီလိုမျိုးချိန်မှာ ဘယ်သူမှ လာရဲမှာမ ဟုတ်ဘူး။ ခုလိုပြဿနာဖြစ်တဲ့ နိုင်ငံကို ခရီးသွားလာရေးကုမ္ပဏီတွေကလည်း အဲ့ဒီနိုင်ငံကိုသွားပါလို့ ဘယ် သူ မှ မကြော်ငြာရဲဘူး။ ဒါကြောင့် စီးပွားရေးမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိနေတယ်။ အကြီးအကျယ် ထိတာလဲဖြစ်နိုင်တယ်။ အခု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့က ICJ မှာ နိုင် ရင်တောင်မှ နိုင်ငံတကာ စီးပွားရေးသမားတွေရဲ့အမြင်မှာတော့ ကျမတို့နိုင်ငံက လူသတ်ရင်တောင်ဘာမှ ဂရုမစိုက်တဲ့နိုင်ငံလို့မြင်တော့ တော်တော်နစ်နာတယ်။

အခု ဥရောပမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ထောက်ခံဆန္ဒပြပွဲလုပ်ဖို့စီစဉ်နေကြတော့ ကျမတို့ သိဖို့ က ဒိန်းမတ်၊ နော်ဝေနိုင်ငံက ချင်းတိုင်းရင်းသားတွေ ဘယ်သူမှ မထွက်လာကြနဲ့။ ဘာကြောင့်လဲဆို ဥရောပနိုင်ငံတွေက နာဇီဟစ်တလာကြောင့် ဂျူးတွေ၊ ပိုလန်တွေ၊ ဂျစ်ပစီလူမျိုးတွေသတ်နေတုန်းက ခုလို မျိုးပဲ။ ဟစ်တလာ အသက် ရှည်ပါစေလို့ အော်နေကြတာပဲ။ ဒါပေမယ့် စစ်ရှုံးတော့ ဟစ်တလာလုပ်ခဲ့တာ အရမ်းရက်စက်တာသိကြတယ်။ အရင်ပတ်စနေနေ့က ဂျာမနီခေါင်းဆောင် မာကယ်က သြစတင်း မှာသွား ပြီး နောက်တစ်ကြိမ် ဒီလိုမဖြစ်စေရဘူးလို့ကတိပေးနေရတယ်။ ဒါကြောင့် အခုလို အစုလိုက်အပြုံလိုက် လူသတ်မှုမှာ ဥရောပနိုင်ငံသားတွေက အရမ်းအကဲစပ်လွန်းတယ်။
မေး။ ICJ မှာ မြန်မာက နိုင်ရင်ဘယ်လိုဖြစ်လာမလဲ။ မြန်မာ ရှုံးရင်ကော ဘာတွေဆက်ဖြစ်လာနိုင်လဲ။
ဖြေ။ ICJ က မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုမရှိဘူးလို့ ဆုံးဖြတ်ရင်တောင် ICC လည်းရှိသေးတယ်။ Universal Juridiction လည်းရှိသေးတယ်။ ပြီးတော့ လူ့အခွင့်အရေးကောင်စီက WWIM ရှိသေးတယ်။ အများကြီးကျန်သေးတယ်။ အဲ့ဒါတွေကို မြန်မာအစိုးရက ငွေကြေးအများကြီးအကုန်ခံပြီး ဖြေရှင်းနေရမလာ။ ရှေ့နေဌားခ၊ တရားသူကြီးဌားခတွက် ဒေါ်လာအများကြီး နိုင်ငံတော်ပိုက်ဆံသုံးနေတယ်လေ။ ဒါထက် ချင်း၊ ရခိုင်၊ ရှမ်းပြည် နယ်က ဒုက္ခသည်တွေကူညီဖို့ သုံးမလာ။ အမှုနိုင်ရင်တောင် နိုင်ငံတကာရဲ့ ပြစ်ဒဏ်ပေးမှု ကနေ ဘယ်သူမှ မလွတ်နိုင်တော့ဘူး။ တစ်နည်းမဟုတ် တစ်နည်းနဲ့ လိုက်လာမှာပဲ။ ဒါကြောင့် အခုလို ထောက်ခံနေတဲ့သူတွေကလည်း သိထားသင့်တယ်။
ပြီးတော့ ဒီအမှုမှာ မြန်မာနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှုသဘောတူစာချုပ် ချိုးဖောက်တယ်လို့ ဆုံးဖြတ်ရင် ဒီလို ထပ်မဖြစ်အောင် ဒါတွေလုပ်ရမယ်လို့ အမိန့်ထုတ်တာလည်းဖြစ်နိုင်တယ်။ ပြန်လည်ပြုပြင်ပျိုးထောင်ရေး အတွက် အမိန့်ထုတ်တာလည်းဖြစ်နိုင်တယ်။ အဲ့ဒါကတော့ တော်တော်ဝေးသေးတယ်။ အခုချိန်ပြောလို့မ ရသေးဘူး။
မေး။ တပ်မတော်နဲ့ လူတစ်ချို့ပြောနေတာက ကျနော်တို့နိုင်ငံထဲက အရေးကို ပြည်ပနိုင်ငံတွေက စီရင် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ပြောကြတယ်။ မြောက်ကိုးရီးယားကလည်း ပြည်တွင်းက လူ့အခွင့်အရေးကိစ္စကို ဝင်ရောက်မစွက်ဖက်ဖို့ မြန်မာဘက်ကနေ ပြောနေတယ်။ အဲ့ဒီအပေါ်မှာကော ဘယ်လိုမြင်တာလဲ။
ဖြေ။ မြန်မာနိုင်ငံဟာ စစ်ဖိနပ်အောက်ရှိတဲ့ချိန်မှာ လူအမြောက်အများထောင်ချခံရတယ်။ လူတွေအများကြီး ပြည်ပကိုထွက်ခွာကြတယ်။ လူအများကြီး ဒုက္ခသည်စခန်း ရောက်ကြတယ်။ အဲ့ဒီချိန်တုန်းက နိုင်ငံတကာမှာ အကူအညီတောင်းကြတယ်။ လူသားချင်းစာနာထောက်ထားမှုနဲ့ အကူအညီတောင်းကြတယ်။ အခုလည်း ရိုဟင်ဂျာတွေ ဒုက္ခရောက်တဲ့ချိန်မှာ လူသားချင်းစာနာထောက်ထားမှုရှုထောင့်နဲ့ နိုင်ငံတကာက စာနာ ထောက် ထားမှုပြနေတာပါ။ ကျမတို့ ခံစားနေတဲ့ကာလမှာ နိုင်ငံတကာကကြည့်ရှုတယ်။ ဒါက ပြည်ပကနေ ဝင်ရောက်စွက်ဖက်မှုမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း သူထောင်ကျနေတဲ့ကာလမှာ နိုင်ငံတကာ က စာနာလို့ ထောင်ကနေလွတ်မြောက်နိုင်အောင် တက်တက်ကြွကြွလှုပ်ရှားကြတယ်။ အမျိုးမျိုးနဲ့ မြန်မာ စစ်တပ်အစိုးရကို ဖိအားပေးတယ်။ အခုတော့ သူက ဘာမှမဖြစ်သလိုနေပြတော့ နိုင်ငံတကာက ဒုက္ခခံစား နေတဲ့သူတွေဘက်က စာနာလာကြတာဖြစ်တယ်။ ဒါကြောင့် ဘယ်သူဘယ်ဝါလို့မဟုတ်တော့ဘဲ လူသား ဆိုတာ လူသားပါပဲဆိုတဲ့အမြင်နဲ့ ကမ္ဘာကကြည့်နေတယ်။
ပြီးတော့ လူသားမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေး သဘောတူစာချုပ်ကို ဘယ်သူကမှ ဖိအားမပေး ဘဲ ကျမတို့နိုင်ငံက လက်မှတ်သွားထိုးတယ်။ ကျနော်တို့နိုင်ငံလည်း လူသားမျိုးတုံးသတ်ဖြတ်မှုမဖြစ်အောင် ကျနော်တို့လည်း လုပ်ပါမယ်လို့ လက်မှတ်သွားထိုးတာဖြစ်တယ်။ အဲ့ဒီလက်မှတ်သွားထိုးတဲ့စာချုပ်အတိုင်း အကောင်အထည်မဖော်ဘူးလို့ အခုစွပ်စွဲလာတာဖြစ်တယ်။ ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ခဲ့လို့ စွပ်စွဲတာဖြစ်တယ်။ ခုလို လူသားချင်းစာနာထောက်ထားမှုနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေ ခေတ်စားလာတဲ့အကြောင်းရင်းက ကုလသမဂ္ဂကိုစတင်တည်ထောင်တဲ့ ၁၉၄၅ ခုနှစ်ကာလမှာ ဟစ်တလာ နာဇီတွေက လူအမြောက်အများ သတ်ဖြတ်ပြီး ဒုက္ခပေးတော့ ဒီလိုမျိုးထပ်မဖြစ်အောင် ဆိုပြီးစတင် တာဖြစ် တယ်။ လူ့အခွင့်အရေးစာချုပ်၊ လူသားမျိုးတုံးသတ်ဖြတ်မှုစာချုပ်တို့ စာချုပ်တော်တော် များပေါ်ပေါက်လာ တယ်။ ဒီလိုမျိုး ဖြစ်ပွားလာတဲ့ နိုင်ငံတွေကို ဝေဖန်ရှုတ်ချကြတာပဲ။ မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ဘူး။ အဲ့ဒါတွေကို ကြိုတင်ကာကွယ်တာမဟုတ်ပဲ ခင်ဗျားတို့နဲ့ ဘာမှမပတ်သက်ဘူးဆိုတာက ကလေးတွေ အငြင်းအခုန်ဖြစ်တာနဲ့ တူတယ်။ ကြိုက်သလို လူသတ်မယ်၊ ကြိုက်သလောက် ရိုက်မယ်၊ ကျမ အိမ်ထောင်ရေး ပဲ နင်တို့လာ မစွက်ဖက်နဲ့လို့ပြောတာနဲ့ အတူတူပဲ။ ဥပမာ မိသားစုတစ်ခုမှာ ယော ကျ်ားဖြစ်သူက ဇနီးကို နေ့ တိုင်းသွေးထွက်သံယိုဖြစ်အောင်ရိုက်တယ်။ အိမ်နီးနားချင်းတွေက ကြည့်ပဲကြည့်နေမယ်ဆိုရင် ဘာမှမဖြန့်ဖြေ ပဲနေတာနဲ့အတူတူပဲ။ အခုကမ္ဘာမှာ အဲ့သလိုမျိုးမဟုတ်တော့ဘူး။ ဥပမာ မိသားစုတစ်စုမှာ ယောကျ်ားက သွေးထွက်သံယိုဖြစ်အောင်နေ့တိုင်းရိုက်နေရင် အိမ်နီးနားချင်းတွေက ရဲကိုဖုန်းဆက်ခေါ်မလာ တစ်ခုခုလုပ် ရတဲ့ခေတ်ဖြစ်နေပြီ။
မေး။ နောက်ဆုံးမေးခွန်းအနေနဲ့ အခုလူတစ်ချို့ပြောနေကြတာက မြန်မာနိုင်ငံမှာ အုပ်ချုပ်သူ နှစ်မျိုးရှိ တယ်။ အစိုးရ နဲ့ တပ်မတော်ပေါ့။ တပ်မတော်ရဲ့လုပ်ရပ်အပေါ် အစိုးရက သွားပြီးတော့ပြောလို့မရဘူး။ ဒါကြောင့် တပ်မတော်ကိုမထောက်ခံရင်တောင် အစိုးရကိုတော့ ထောက်ခံသင့်တယ်လို့ပြောကြတယ်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုမြင်တာလဲ။
ဖြေ။ ကျမက ဥပဒေပညာရှင်မဟုတ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံတော်ဆိုတာက အစိုးရ ကိုဆိုလိုတာ။ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိနိုင်တယ်။ အစိုးရကို ထောက်ခံရင်ပဲဖြစ်ဖြစ်၊ မထောက်ခံရင် လည်းဖြစ်ဖြစ် လူ့အခွင့်အရေးရှုထောင့်နဲ့ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု ဒါမှမဟုတ်၊ လူသား မျိုးတုံးသတ်ဖြတ်မှု ဒါမှမဟုတ် Ethnic Cleansing ဒါမှမဟုတ် အစုလိုက်အပြုံလိုက်လူသတ်မှု တစ်ခုခုဖြစ် လာရင် ဘယ်သူကပဲ လုပ်လုပ် အဲ့ဒီလိုဖြစ်ပွားတဲ့ကာလက တာဝန်ယူတဲ့အစိုးရက တာဝန်ရှိတယ်။ ဘာ ကြောင့် လဲဆိုရင် ဒီလိုမျိုးဖြစ်လာတာကို ထောက်ပြဖို့နဲ့ အရေးယူရမယ့်သူက အစိုးရဖြစ်တယ်။ အခုကတော့ အစိုးရက အရေးမယူပဲ ထောက်ခံတယ်လို့ပြောတော့ အစိုးရနဲ့ တပ်မတော်က အတူတူလောက်ဖြစ်သွား တယ်။ ဒါပေမယ့် အစိုးရက သေနတ်ကိုင်ပြီး လူကိုသွားသတ်လာဆို မသတ်ဘူး။ လူသတ်တဲ့သူတွေက ဘာမှမသိသေးတဲ့ကလေးကိုတောင် မီးနဲ့ရှို့၊ ခြေလက်ဖြတ်တာ၊ သက်ကြီးအရွယ်နဲ့ ကလေးတွေထိ မုဒိမ်း ကျင့်တဲ့ထိ ဖြစ်တာကို ဥပဒေအရ ဘာမှအရေးမယူတာဟာ အစိုးရက သူလုပ်သင့်လုပ်ထိုက် တာကိုမလုပ် တာပဲ။ ဒါပေမယ့် ထောက်ခံချင်တဲ့သူတွေကတော့ အကြောင်းပြချက်အမျိုးမျိုးရှာပြီး ထောက်ခံကြမှာပဲ။ ကျမကလည်း သွားပြီးတော့ မထောက်ခံကြနဲ့လို့ သွားပြောလို့မရဘူး။ ဒါက သူတို့ရဲ့ အခွင့် အရေးပဲ။ ဒါပေ မယ့် ကောင်းကောင်းစဉ်းစားတွေးခေါ်တတ်တဲ့သူတွေက ထောက်ခံကြမယ်မထင်ဘူး။
ချင်းတိုင်းရင်းသား တွေ ICJ ကိစ္စဘယ်လိုရပ်တည်ရမလဲ (အပိုင်း၂)
မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတဲ့အပေါ်မှာ အထူးသဖြင့် ချင်းတိုင်းရင်းသားတွေ ဘယ်လိုသဘောထားနဲ့ ရပ်တည်သင့်သလဲဆိုတာကို လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မိုင်ချယ်ရီဇာဟောင်ကို Zalen Media ကမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။
မေး။ အခု မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးပေါ်တင်တဲ့သူ ဂမ်ဘီယာနိုင်ငံက မွတ်စလင်ဘာသာကိုး ကွယ် တဲ့နိုင်ငံဖြစ်ပြီး သူ့နောက်မှာမွတ်စလင်အဖွဲ့အစည်းဖြစ်တဲ့ OIC ရှိတဲ့တွက်ကြောင့် သူတို့ရဲ့ရည်ရွယ် ချက်ကို သတိ ထားသင့်တယ်လို့ပြောကြတဲ့ပေါ် ဘယ်လိုသုံးသပ်ထားတာလဲ။
ဖြေ။ မွတ်စလင်ဘာသာကိုးကွယ်တဲ့သူဖြစ်လို့ ဒီဟာလုပ်တာမဟုတ်ဘူး။ ခရစ်ယာန်ဘာသာဝင်တွေ ဒုက္ခ ရောက်တဲ့ချိန်မှာ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့နိုင်ငံတွေကို အကူအညီတောင်းလေ့ရှိတယ်။ အဲ့ဒါက သ ဘာဝကျတယ်။ မွတ်စလင်ဘာသာဝင်နိုင်ငံဖြစ်လို့ဆိုတာ သိပ်အရေးကြီးတယ်လို့မမြင်ဘူး။ အခု ဂမ်ဘီယာ နိုင်ငံလည်း ကျမတို့ မြန်မာနိုင်ငံလို အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံဖြစ်ခဲ့တာကြောင့် ကျမတို့နိုင်ငံသားတွေလို ဒုက္ခအမျိုးမျိုးကြုံတွေ့ခဲ့ကြတယ်။ အခုလို လူနည်းစုတွေခံစားနေတာမကောင်းဘူးဆိုပြီး အခု ဂမ်ဘီယာ ရဲ့တရားဥပဒေစိုးမိုးရေးဝန်ကြီးလည်း ရဝမ်ဒါနိုင်ငံအမှုမှာ တရားသူကြီး လုပ်ခဲ့ဖူးတယ်။ ကမ္ဘာမှာ အခုလို ဖိနှိပ်တာမကောင်းဘူးဆိုပြီး လက်ခံတဲ့သူတွေဖြစ်တယ်။
အရေးကြီးတာက အခု နယ်သာလန် နဲ့ ကနေဒါနိုင်ငံက ဂမ်ဘီယာနိုင်ငံကိုထောက်ခံနေကြပြီ။ အခုလို ICJ မှာတင်ဖို့ တခြားနိုင်ငံတွေလည်းပြင်ဆင်နေကြတယ်။ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ဘယ်သူတင်မလဲ ဆိုပြီး စဉ်းစားနေကြတဲ့ချိန်မှာ ဂမ်ဘီယာဆိုတဲ့ နိုင်ငံသေးသေးလေးက တင်လာတာဖြစ်တယ်။ ဒီမတိုင်ခင် ခရစ် ယာန်နိုင်ငံတွေက ICJ တင်ဖို့ အများကြီးပြင်ဆင်နေကြပြီ။ ဂမ်ဘီယာက မတင်ရင်တောင်မှ သူတို့ကတင် မှာပဲ။
မေး။ အခု မြန်မာနိုင်ငံကို ICJ မှာတင်တော့ နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးဘာတွေ ရှိလာနိုင်လဲ။
ဖြေ။ ပြောဖို့ခက်တယ်။ ဘာလို့လဲဆိုရင် ICJ အမှုဆိုတာ လပေါင်းများစွာ နှစ်များစွာကြာလေ့ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် general assembly ကခန့်တဲ့ တရားသူကြီး (၁၅)ယောက်ရှိပြီး အမှုစွဲတဲ့နိုင်ငံ နဲ့ အမှုစွဲ ခံရတဲ့ နိုင်ငံက တရားသူကြီး တစ်ယောက်စီဌားခွင့်ရှိတော့ အဲ့ဒီနှစ်ယောက်နဲ့ အားလုံး (၁၇)ယောက်ရှိတယ်။ အခုလည်း ဂမ်ဘီယာက တရားသူကြီး တစ်ယောက်ဌားပြီ။ မြန်မာကလည်း တစ်ယောက်ဌားပြီ။ အထူး သ ဖြင့် တရားသူကြီး (၁၅)ဦးက နိုင်ငံတကာက အမှုများစွာကိုင်တော့ မြန်မာနိုင်ငံအမှုတစ်ခုကိုပဲ နေ့တိုင်းအ ချိန်ပေး မစဉ်းစားနိုင်ဘူး။ ဒါကြောင့် သက်သေတွေအများကြီးလိုတော့ အချိန်တော်တော်ကြာအုံးမယ်။
တရားသူကြီးတွေက ဆုံးဖြတ်တဲ့ချိန်မှာ သူတို့ကြည့်ရမှာက မြန်မာအစိုးရရဲ့ ပေါ်လစီ၊ ဥပဒေ လုပ်ထားတဲ့ အပေါ် ဒီလို လူမျိုးတုံးသတ်ဖြတ်မှုအခြေနေထိရောက်အောင် လုပ်ခဲ့တာတွေကို ကြည့်မယ်။ ပြီးတော့ လူ မျိုးတုံးသတ်ဖြတ်မှုမရောက်အောင် တားဆီးတဲ့ ဥပဒေလုပ်ထားတာဘာရှိလဲဆိုတာ ကြည့်မယ်။ အဲ့ဒါ တ ရားသူကြီးတွေအလုပ်ဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံက Genocide သဘောတူစာချုပ် ချိုးဖောက် တယ် လို့ မြင်ရင် ICC မှာအမှုကို လွဲပြောင်းတာလည်းဖြစ်နိုင်တယ်။ ကုလသမဂ္ဂမှာလည်း အမှုလွှဲပြောင်းတာဖြစ်နိုင် တယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ မသိနိုင်သေးဘူး။ ဘာဖြစ်လို့လည်းဆို ခိုင်လုံတဲ့သက်သေ ကောင်း ကောင်းဘယ်လောက်ရှိလဲ၊ မြန်မာဘက်က ဘယ်လောက် ပြန်လည်ချေပနိုင်မလဲဆိုတာမသိဘူး။
မေး။ ICJ မှာအမှုဖွင့်ခံရတဲ့နိုင်ငံဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်လာနိုင် လာ။ ပြည်သူတွေ စီးပွားရေးမှာ ဒီထက်မက အကြပ်အတည်းဖြစ်လာနိုင်လာ။
ဖြေ။ ဒီလိုမျိုးဖြစ်လာတဲ့ချိန်မှာ ခင်ဗျားလည်း ဒေါ်လာသန်းချီတန်တဲ့ ကုမ္ပဏီပိုင်ရှင်ဖြစ်မယ်ဆိုရင် ခုလို ပြ ဿနာဖြစ်နေတဲ့ နိုင်ငံမှာ ခင်ဗျားငွေကြေးတွေ မြှုပ်နှံချင်မလာ။ လူတွေ ဒုက္ခဖြစ်နဲ့ပေမယ့် အစိုးရက ဘာမှ ဂရုမစိုက်ဘူး။ လူ့အခွင့်အရေးချိုးဖောက်နေတာသိပေမယ့် ဘယ်သူအရေးမယူဘူး။ လမ်းပေါ်တက်လာပြီး ထောက်ခံလာကြတယ်။ ဆုတောင်းပေးကြတယ်။ ဒီလိုမျိုးဖြစ်တဲ့နိုင်ငံကို ဘယ်စီးပွားရေးသမားကမှ စိတ်မ ဝင်စားကြဘူး။ အခုလို အော်နေတာက ရင်းနှီးမြှုပ်နှံသူတွေ ပြန်ကြပါလို့ အော်နေတာနဲ့ အတူတူပဲ။ ဒါကြောင့် ချင်းတိုင်းရင်းသားတွေကတော့ ဘယ်သူမှ လမ်းပေါ်ထွက် မထောက်ခံစေချင်ဘူး။ ချင်းပြည်နယ်က အရမ်းခက်ခဲတယ်။ ရင်းနှီးမြှုပ်နှံသူတွေများများဝင်လာစေချင်တယ်။ ဒီလိုမျိုးချိန်မှာ ဘယ်သူမှ လာရဲမှာမ ဟုတ် ဘူး။ ခုလိုပြဿနာဖြစ်တဲ့ နိုင်ငံကို ခရီးသွားလာရေးကုမ္ပဏီတွေကလည်း အဲ့ဒီနိုင်ငံကိုသွားပါလို့ ဘယ် သူမှ မကြော်ငြာရဲဘူး။ ဒါကြောင့် စီးပွားရေးမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိနေတယ်။ အကြီးအကျယ်ထိ တာလဲဖြစ်နိုင်တယ်။ အခု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့က ICJ မှာ နိုင်ရင် တောင်မှ နိုင်ငံတကာ စီးပွားရေးသမားတွေရဲ့အမြင်မှာတော့ ကျမတို့နိုင်ငံက လူသတ်ရင်တောင်ဘာမှ ဂရုမ စိုက်တဲ့နိုင်ငံလို့မြင်တော့ တော်တော်နစ်နာတယ်။
အခု ဥရောပမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ထောက်ခံဆန္ဒပြပွဲလုပ်ဖို့စီစဉ်နေကြတော့ ကျမတို့ သိဖို့က ဒိန်းမတ်၊ နော်ဝေနိုင်ငံက ချင်းတိုင်းရင်းသားတွေ ဘယ်သူမှ မထွက်လာကြနဲ့။ ဘာကြောင့်လဲဆို ဥရောပနိုင်ငံတွေက နာဇီဟစ်တလာကြောင့် ဂျူးတွေ၊ ပိုလန်တွေ၊ ဂျစ်ပစီလူမျိုးတွေသတ်နေတုန်းက ခုလို မျိုးပဲ။ ဟစ်တလာ အသက် ရှည်ပါစေလို့ အော်နေကြတာပဲ။ ဒါပေမယ့် စစ်ရှုံးတော့ ဟစ်တလာလုပ်ခဲ့တာ အရမ်းရက်စက်တာသိကြတယ်။ အရင်ပတ်စနေနေ့က ဂျာမနီခေါင်းဆောင် မာကယ်က သြစတင်းမှာ သွား ပြီး နောက်တစ်ကြိမ် ဒီလိုမဖြစ်စေရဘူးလို့ကတိပေးနေရတယ်။ ဒါကြောင့် အခုလို အစုလိုက် အပြုံလိုက်လူ သတ်မှုမှာ ဥရောပနိုင်ငံသားတွေက အရမ်းအကဲစပ်လွန်းတယ်။
မေး။ ICJ မှာ မြန်မာက နိုင်ရင်ဘယ်လိုဖြစ်လာမလဲ။ မြန်မာ ရှုံးရင်ကော ဘာတွေဆက်ဖြစ်လာနိုင်လဲ။
ဖြေ။ ICJ က မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုမရှိဘူးလို့ ဆုံးဖြတ်ရင်တောင် ICC လည်းရှိသေးတယ်။ Universal Juridiction လည်းရှိသေးတယ်။ ပြီးတော့ လူ့အခွင့်အရေးကောင်စီက WWIM ရှိသေးတယ်။ အ များကြီးကျန်သေးတယ်။ အဲ့ဒါတွေကို မြန်မာအစိုးရက ငွေကြေးအများကြီးအကုန်ခံပြီး ဖြေရှင်းနေရမလာ။ ရှေ့နေဌားခ၊ တရားသူကြီးဌားခတွက် ဒေါ်လာအများကြီး နိုင်ငံတော်ပိုက်ဆံသုံးနေတယ်လေ။ ဒါထက် ချင်း၊ ရခိုင်၊ ရှမ်းပြည် နယ်က ဒုက္ခသည်တွေကူညီဖို့ သုံးမလာ။ အမှုနိုင်ရင်တောင် နိုင်ငံတကာရဲ့ ပြစ်ဒဏ်ပေးမှုက နေ ဘယ်သူမှ မလွတ်နိုင်တော့ဘူး။ တစ်နည်းမဟုတ် တစ်နည်းနဲ့ လိုက်လာမှာပဲ။ ဒါကြောင့် အခုလို ထောက်ခံနေတဲ့သူတွေကလည်း သိထားသင့်တယ်။
ပြီးတော့ ဒီအမှုမှာ မြန်မာနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှုသဘောတူစာချုပ် ချိုးဖောက်တယ်လို့ ဆုံးဖြတ်ရင် ဒီလိုထပ်မဖြစ်အောင် ဒါတွေလုပ်ရမယ်လို့ အမိန့်ထုတ်တာလည်းဖြစ်နိုင်တယ်။ ပြန်လည်ပြုပြင်ပျိုးထောင် ရေးအတွက် အမိန့်ထုတ်တာလည်းဖြစ်နိုင်တယ်။ အဲ့ဒါကတော့ တော်တော်ဝေးသေးတယ်။ အခုချိန်ပြော လို့မရသေးဘူး။
မေး။ တပ်မတော်နဲ့ လူတစ်ချို့ပြောနေတာက ကျနော်တို့နိုင်ငံထဲက အရေးကို ပြည်ပနိုင်ငံတွေက စီရင် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ပြောကြတယ်။ မြောက်ကိုးရီးယားကလည်း ပြည်တွင်းက လူ့အခွင့်အရေးကိစ္စကို ဝင်ရောက်မစွက်ဖက်ဖို့ မြန်မာဘက်ကနေ ပြောနေတယ်။ အဲ့ဒီအပေါ်မှာကော ဘယ်လိုမြင်တာလဲ။
ဖြေ။ မြန်မာနိုင်ငံဟာ စစ်ဖိနပ်အောက်ရှိတဲ့ချိန်မှာ လူအမြောက်အများထောင်ချခံရတယ်။ လူတွေအများကြီး ပြည်ပကိုထွက်ခွာကြတယ်။ လူအများကြီး ဒုက္ခသည်စခန်း ရောက်ကြတယ်။ အဲ့ဒီချိန်တုန်းက နိုင်ငံတကာမှာ အကူအညီတောင်းကြတယ်။ လူသားချင်းစာနာထောက်ထားမှုနဲ့ အကူအညီတောင်းကြတယ်။ အခုလည်း ရိုဟင်ဂျာတွေ ဒုက္ခရောက်တဲ့ချိန်မှာ လူသားချင်းစာနာထောက်ထားမှုရှုထောင့်နဲ့ နိုင်ငံတကာက စာနာ ထောက် ထားမှုပြနေတာပါ။ ကျမတို့ ခံစားနေတဲ့ကာလမှာ နိုင်ငံတကာကကြည့်ရှုတယ်။ ဒါက ပြည်ပကနေ ဝင်ရောက်စွက်ဖက်မှုမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း သူထောင်ကျနေတဲ့ကာလမှာ နိုင်ငံတ ကာ က စာနာလို့ ထောင်ကနေလွတ်မြောက်နိုင်အောင် တက်တက်ကြွကြွလှုပ်ရှားကြတယ်။ အမျိုးမျိုးနဲ့ မြန်မာ စစ်တပ်အစိုးရကို ဖိအားပေးတယ်။ အခုတော့ သူက ဘာမှမဖြစ်သလိုနေပြတော့ နိုင်ငံတကာက ဒုက္ခခံစား နေတဲ့သူတွေဘက်က စာနာလာကြတာဖြစ်တယ်။ ဒါကြောင့် ဘယ်သူဘယ်ဝါလို့မဟုတ်တော့ဘဲ လူသား ဆိုတာ လူသားပါပဲဆိုတဲ့အမြင်နဲ့ ကမ္ဘာကကြည့်နေတယ်။
ပြီးတော့ လူသားမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေး သဘောတူစာချုပ်ကို ဘယ်သူကမှ ဖိအား မပေး ဘဲ ကျမတို့နိုင်ငံက လက်မှတ်သွားထိုးတယ်။ ကျနော်တို့နိုင်ငံလည်း လူသားမျိုးတုံးသတ်ဖြတ်မှုမဖြစ်အောင် ကျနော်တို့လည်း လုပ်ပါမယ်လို့ လက်မှတ်သွားထိုးတာဖြစ်တယ်။ အဲ့ဒီလက်မှတ်သွားထိုးတဲ့စာချုပ်အတိုင်း အကောင်အထည်မဖော်ဘူးလို့ အခုစွပ်စွဲလာတာဖြစ်တယ်။ ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ခဲ့လို့ စွပ်စွဲတာဖြစ်တယ်။ ခုလို လူသားချင်းစာနာထောက်ထားမှုနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေ ခေတ်စားလာတဲ့အကြောင်းရင်းက ကုလသမဂ္ဂကိုစတင်တည်ထောင်တဲ့ ၁၉၄၅ ခုနှစ်ကာလမှာ ဟစ်တလာ နာဇီတွေက လူအမြောက်အများ သတ်ဖြတ်ပြီး ဒုက္ခပေးတော့ ဒီလိုမျိုးထပ်မဖြစ်အောင်ဆိုပြီးစတင်တာဖြစ် တယ်။ လူ့အခွင့်အရေးစာချုပ်၊ လူသားမျိုးတုံးသတ် ဖြတ်မှုစာချုပ်တို့ စာချုပ်တော်တော်များပေါ် ပေါက်လာ တယ်။ ဒီလိုမျိုး ဖြစ်ပွားလာတဲ့ နိုင်ငံတွေကို ဝေဖန်ရှုတ်ချကြတာပဲ။ မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ဘူး။ အဲ့ဒါတွေကို ကြိုတင်ကာကွယ်တာမဟုတ်ပဲ ခင်ဗျားတို့နဲ့ ဘာမှမပတ် သက်ဘူးဆိုတာက ကလေးတွေ အငြင်းအခုန်ဖြစ်တာနဲ့ တူတယ်။ ကြိုက်သလို လူသတ်မယ်၊ ကြိုက်သလောက် လောက် ရိုက်မယ်၊ ကျမ အိမ်ထောင်ရေးပဲ နင်တို့လာ မစွက်ဖက်နဲ့လို့ပြောတာနဲ့ အတူတူပဲ။ ဥပမာ မိသားစုတစ်ခုမှာ ယောကျ်ားဖြစ်သူက ဇနီးကို နေ့တိုင်းသွေးထွက်သံယိုဖြစ်အောင်ရိုက်တယ်။ အိမ်နီးနားချင်းတွေက ကြည့်ပဲကြည့်နေမယ်ဆိုရင် ဘာ မှမဖြန့်ဖြေပဲနေတာနဲ့အတူတူပဲ။ အခုကမ္ဘာမှာ အဲ့သလိုမျိုးမဟုတ်တော့ဘူး။ ဥပမာ မိသားစုတစ်စုမှာ ယော ကျ်ားက သွေးထွက်သံယိုဖြစ်အောင်နေ့တိုင်းရိုက်နေရင် အိမ်နီးနားချင်းတွေက ရဲကိုဖုန်းဆက်ခေါ်မလာ တစ် ခုခုလုပ်ရတဲ့ခေတ်ဖြစ်နေပြီ။
မေး။ နောက်ဆုံးမေးခွန်းအနေနဲ့ အခုလူတစ်ချို့ပြောနေကြတာက မြန်မာနိုင်ငံမှာ အုပ်ချုပ်သူ နှစ်မျိုးရှိ တယ်။ အစိုးရ နဲ့ တပ်မတော်ပေါ့။ တပ်မတော်ရဲ့လုပ်ရပ်အပေါ် အစိုးရက သွားပြီးတော့ပြောလို့မရဘူး။ ဒါကြောင့် တပ်မတော်ကိုမထောက်ခံရင်တောင် အစိုးရကိုတော့ ထောက်ခံသင့်တယ်လို့ပြောကြတယ်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုမြင်တာလဲ။
ဖြေ။ ကျမက ဥပဒေပညာရှင်မဟုတ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံတော်ဆိုတာက အစိုးရ ကိုဆိုလိုတာ။ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိနိုင်တယ်။ အစိုးရကို ထောက်ခံရင်ပဲဖြစ်ဖြစ်၊ မထောက်ခံရင် လည်းဖြစ်ဖြစ် လူ့အခွင့်အရေးရှုထောင့်နဲ့ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု ဒါမှမဟုတ်၊ လူသား မျိုးတုံးသတ်ဖြတ်မှု ဒါမှမဟုတ် Ethnic Cleansing ဒါမှမဟုတ် အစုလိုက်အပြုံလိုက်လူသတ်မှု တစ်ခုခုဖြစ် လာရင် ဘယ်သူကပဲ လုပ်လုပ် အဲ့ဒီလိုဖြစ်ပွားတဲ့ကာလက တာဝန်ယူတဲ့အစိုးရက တာဝန်ရှိတယ်။ ဘာ ကြောင့်လဲဆိုရင် ဒီလိုမျိုးဖြစ်လာတာကို ထောက်ပြဖို့နဲ့ အရေးယူရမယ့်သူက အစိုးရဖြစ်တယ်။ အခုကတော့ အစိုးရက အရေးမယူပဲ ထောက်ခံတယ်လို့ပြောတော့ အစိုးရနဲ့ တပ်မတော်က အတူတူလောက်ဖြစ် သွား တယ်။ ဒါပေမယ့် အစိုးရက သေနတ်ကိုင်ပြီး လူကိုသွားသတ်လာဆို မသတ်ဘူး။ လူသတ်တဲ့သူတွေက ဘာ မှမသိသေးတဲ့ကလေးကိုတောင် မီးနဲ့ရှို့၊ ခြေလက်ဖြတ်တာ၊ သက်ကြီးအရွယ်နဲ့ ကလေးတွေထိ မုဒိမ်းကျင့် တဲ့ထိ ဖြစ်တာကို ဥပဒေအရ ဘာမှအရေးမယူတာဟာ အစိုးရက သူလုပ်သင့်လုပ်ထိုက်တာကိုမလုပ်တာပဲ။ ဒါပေမယ့် ထောက်ခံချင်တဲ့သူတွေကတော့ အကြောင်းပြချက်အမျိုးမျိုးရှာပြီး ထောက်ခံကြမှာပဲ။ ကျမက လည်း သွားပြီးတော့ မထောက်ခံကြနဲ့လို့ သွားပြောလို့မရဘူး။ ဒါက သူတို့ရဲ့ အခွင့် အရေးပဲ။ ဒါပေမယ့် ကောင်းကောင်းစဉ်းစားတွေးခေါ်တတ်တဲ့သူတွေက ထောက်ခံကြမယ်မထင်ဘူး။
Link : Here
No comments:
Post a Comment