" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 24, 2019

ICJ မှာ မြန်မာက ရင်ဆိုင်မယ့် အစီအစဉ်တွေက ဘာတွေလဲ

B B C 
ဘီဘီစီ မြန်မာပိုင်း
24 နိုဝင်ဘာ2019
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ တရားစွဲဆိုခံရတာနဲ့ ပတ်သက်တဲ့ အရေးကိစ္စ တွေကို ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ အစီစဉ်တွေကို နိုဝင်ဘာလ ၂၃ ရက်နေ့ကထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်တယ်လို့ လည်းထုတ်ပြန်ပါတယ်။

ဒါအပြင် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာ ကတရားစွဲဆိုချက်ကို တုံ့ပြန်ဖို့ မြန်မာနိုင်ငံက နိုင်ငံတ ကာ က ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ရှေ့နေကြီးတွေကို ငှားရမ်းထားပြီးဖြစ် တယ်လို့ နိုင်ငံတော်အတိုင် ပင် ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက နိုဝင်ဘာလ ၂၃ ရက်နေ့ကပြောပါတယ်။

ဒါပေမယ့် နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ရှေ့နေကြီးတွေက ဘယ်သူလဲဆိုတာကိုတော့ ထုတ်ပြောတာမျိုးမရှိသေးပါဘူး ။ အလားတူအိုင်စီဂျေ တရားရုံးမှာ မြန်မာဘက်က တင်သွင်းလို့ရတဲ့ တရား သူကြီးအဖြစ် ဘယ်သူ့ကို အဆိုပြုထားတယ်ဆိုတာကလည်း မသိရသေးပါဘူး။

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားတက္ကသိုလ်က ဥပဒေ ပါရဂူဘွဲ့ရထားတဲ့ ဒေါက်တာ အင်ဒရူး ငွန် ကျုံးလျန်ကတော့ မြန်မာဘက်က ထုတ်ပြန်တဲ့ အစီစဉ်တွေဟာ ဂမ်ဘီယာလောက် အပြည့်အစုံထုတ်ပြန် တာ မတွေ့ရဘူးလို့လည်း ဘီဘီစီကို ပြောပါတယ်။

 ဘယ်အချက်ကြောင့်မြန်မာကတရားစွဲခံရတာလဲ

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ရဲ့ လူမျိုးတုံး သတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ဆိုင် ရာ ကွန်ဗင်းရှင်းကို ၁၉၄၉ က ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး တော့ ၁၉၅၆ မတ်လ ၁၄ ရက် ကအသက် ဝင်ခဲ့ ပါတယ် ။

ဂမ်ဘီယာကလည်း ဒီသဘောတူချက်မှာ လက်မှက်ထိုးထားပြီးတော့ သူက နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စ လာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဘက်နိုင်ငံတွေရဲ့ လျှောက်ထားချက်တွေကို ၃ ရက်တာ ကြားနာ သွား မယ်လို့ ICJ ဘက်က ရုံးချိန်းရက်တွေ ထုတ်ပြန်ထားပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲ ချက်တွေမှာ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာတဲ့ လူမျိုးစုအပေါ်မှာဖိနှိပ် ဆက်ဆံ တာတွေကို ဆယ်စုနှစ် ပေါင်းများစွာပြုလုပ်ခဲ့တာ ၊ လူမျိုးစုတွေတရားဝင်ရပိုင်ခွင့်တွေကိုပေးဖို့ ငြင်း ဆန်ခဲ့တာ ၊သူတို့ကို ဆန့်ကျင်တဲ့ အမုန်းတရားတွေကို ဝါဒဖြန့်ခဲ့တာ၊ အစုအဖွဲ့တစ်ခုအဖြစ် ပစ်မှတ်ထားပြီး အစုလိုက်၊ အပြုံ လိုက် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်တာတွေပါဝင်တယ်လို့လည်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ရာဇဝတ်မှု ကာကွယ်ခြင်းနဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ဆိုင်ရာ ကွန်ဗင်းရှင်း ကို သဘောတူထားတဲ့ ပဋိညာဉ်ကို ချိုးဖောက်လို့ ဂမ်ဘီယာက စွဲတာပါလို့လည်း ဒေါက်တာ အင်ဒရူး ငွန် ကျုံး လျန်က ပြောပါတယ်။
မြန်မာကဘာတွေပြင်ထားပြီလဲ
 
မြန်မာက တော့ နိုဝင်ဘာလ ၂၃ ရက်နေ့က တော့အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်ကာ ပြန်လည် တုံ့ပြန်ရန် စီစဉ်ထားမှုတွေကို ပြန်ရှင်းခဲ့ပါတယ် ။

ဂမ်ဘီယာကတော့ သူတို့ရဲ့ရှေ့နေချုပ်က နိုင်ငံတော်ကို ကိုယ်စားပြုမယ်၊ အမေရိကန်ရှေ့နေအဖွဲ့တွေက အထောက်ကူပြုမယ်။ နောက် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစီရင်ရင် သူတို့နိုင်ငံက အဆိုပြုခွင့်ရှိတဲ့ တရားသူကြီးကို တောင်အာဖရိကက ဥပဒေပညာရှင်ကို အဆိုပြုထားတယ်လို့ ဒေါက်တာအင်ဒရူး ငွန်ကျုံး လျန်က ပြောပါတယ်။

မြန်မာဘက်ကတော့ နိုဝင်ဘာလ ၂၃ ရက်က နာမည်ကြီးရှေ့နေတွေငှားထားတယ်လို့ ပြောထားပြီးတော့ နိုင်ငံက အဆိုပြုခွင့်ရှိတဲ့ တရားသူကြီးဘယ်သူဆိုတာလည်း မသိရသေးပါဘူး။

လူမျိုးတုံး သတ်ဖြတ်တဲ့အမှု နဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ ရှေ့နေလိုက်တဲ့ ရှေ့နေ ၁ဝ ဦးသာ ရှိပြီး အဲဒီ ထဲကမှ ၅ ဦးက ထူးချွန်သူတွေ ဖြစ်တယ်၊ အဲဒီ ၅ ဦးထဲက ၂ ဦးကို မြန်မာဘက်က ငှားရမ်းထားတယ်လို့ တာဝန်ရှိသူတွေက ရှင်းပြခဲ့တယ် လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဝန်ကြီးက ပြောပါတယ်။

ဒေါက်တာအင်ဒရူး ငွန်ကျုံးလျန် ကတော့ ဟိုဘက်က ဘာတွေစီစဉ်ထားတယ်ဆိုတာ ရှင်းရှင်းလင်း လင်း သိရပေမယ့် မြန်မာဘက်ကတော့ မသိရသေးတဲ့ အခြေအနေပါ ၊ ဘာဖြစ်လို့လဲတော့ ကျွန်တော်မသိဘူး လို့လည်းပြောပါတယ်။

အမှုက ဘယ်လောက်ကြာနိုင်လဲ
 
ဒီလိုနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့ ICJ ကအမှုတွေကို ကြည့်ရင် ၅ နှစ်ကနေ ၁၅ နှစ်ပတ်ဝန်းကျင် ကြာလေ့ရှိတယ်လို့လည်း ဒေါက်တာအင်ဒရူး ငွန်ကျုံးလျန်က ပြောပါတယ်။

"အခုချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ အမှုတွေလည်းရှိတယ် ၊လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက် နေ့အထိ နှစ်ဘက် ကြားနာတာပါ၊ မြန်မာဘက်က အဲဒီရက်သွားပြီး တုံ့ပြန်လိုက်တာနဲ့ အဖြေက တခါတည်း ထွက်လာဖို့ရာ မရှိဘူး"လို့ သူကရှင်းပြပါတယ်။

အဓီကကတော့ ဂမ်ဘီယာက စွပ်စွဲသလို အချက်တွေဟာ မြန်မာနိုင်ငံက မလုပ်ခဲ့ပါဘူးဆိုတာမျိုးကို အ ထောက်အထားနဲ့ ရှင်းရမှာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာတရားရုံးမှာဖြစ်ဖြစ် ပြည်တွင်းတရားရုံးမှာ ဖြစ်ဖြစ် အမှုဖွင့်တရားစွဲတာနဲ့ အပြစ်ရှိတာမဟုတ်ဘူး၊ အခုချိန်ကတော့ မြန်မာက စွပ်စွဲခံတဲ့ အဆင့်ပဲရှိသေးတယ်၊ မကျူးလွန်ဘူးဆိုတာကို တချိန်တည်းမှာ ပြန်ပြီး တုံ့ပြန်နိုင်ဖို့ လိုတယ်လို့ ထင်တယ်လို့ ဒေါက်တာအင်ဒရူး ငွန်ကျုံးလျန်က ပြောပါတယ်။

မြန်မာဘက် က ရှုံးသွားခဲ့ရင်ဘာဖြစ်မလဲ

ICJ မှာ တရားစွဲခံရပါက တစ်ဖက်အမှုသည်နိုင်ငံ ကို တရားရုံးမှာ သွားရောက်အမှုရင်ဆိုင်ခြင်းမရှိရင်၊ ဒါမှမ ဟုတ် အမှုကို ကာကွယ်ချေပခြင်းမရှိရင် အခြားတစ်ဖက်အမှုသည်နိုင်ငံကို အနိုင်ပေးဆုံးဖြတ်ဖို့ တရားရုံးကို တောင်းဆိုနိုင်တယ် လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ကလည်း နိုဝင် ဘာလ ၂၃ ရက်နေ့ ကရှင်းလင်းခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာဘက်က ရင်ဆိုင်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့နေရာမှာ လူတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်တာမျိုး တခုတည်းမဟုတ် ဘဲနဲ့ နေရပ်စွန့်ခွာတဲ့ လူမျိုးစုအပေါ်မှာ ဖိနှိပ်ဆက်ဆံတာတွေကို ဆယ်စုနှစ် ပေါင်းများစွာ ပြုလုပ်ခဲ့တာ ၊ လူ မျိုးစု တွေတရားဝင် ရပိုင်ခွင့်တွေကိုပေးဖို့ ငြင်းဆန်ခဲ့တာ ၊သူတို့ကို ဆန့်ကျင်တဲ့ အမုန်းတရားတွေကို ဝါဒဖြန့် ခဲ့ တာတွေဟာလည်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်တယ်ဆိုပြီး မြန်မာဘက် ကို ဂမ်ဘီယာစွဲဆိုထားတဲ့ အချက်တွေမှာ ပါပါတယ်။

မြန်မာဘက်ကတော့ ဒီစွပ်စွဲချက်တွေ မဟုတ်ကြောင်း အထောက်အထားတွေနဲ့ ပြရမှာ ဖြစ်ပါတယ်။

ဒီအမှုတွေပြီးသွားလို့ အဆုံးအဖြတ်ကျလာရင် နောက်ဆက်တွဲကိစ္စတွေက ဘယ်သူမှ ခန်မှန်းလို့မရတဲ့ ကိစ္စ တွေဖြစ်တယ်၊ အရင်က အမှုတွေကို ကြည့်ပြီး ပုံသေပြောလို့လည်း မရဘူးလို့ ဒေါက်တာအင်ဒရူး ငွန်ကျုံး လျန်က ပြောပါတယ်။

တပ်မတော်ဘက်ကတော့''အစိုးရရဲ့ ညွှန်ကြားချက်နဲ့ပဲ ကျွန်တော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်'' လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

"ဂမ်ဘီယာက တရားစွဲတယ်ဆိုတာ မြန်မာနိုင်ငံကို တရားစွဲတာ၊ တပ်မဟုတ်ဘူး၊ အစိုးရမဟုတ်ဘူး၊ လွှတ် တော် မဟုတ်ဘူး၊ ခင်ဗျားမဟုတ်ဘူး၊ ကျွန်တော်မဟုတ်ဘူး၊ မြန်မာနိုင်ငံသားအားလုံးကို စွဲတာ၊ ဒေါ်အောင် ဆန်းစုကြည် ရင်ဆိုင်တယ် ဆိုတာလည်း မြန်မာနိုင်ငံကိုယ်စားပြုရင်ဆိုင်တာ၊ ကျွန်တော်က အစိမ်းရောင် မို့လို ဂမ်ဘီယာနဲ့မဆိုင်ဘူး၊ အနီရောင်မို့ ဆိုင်တယ် ဆိုတဲ့ အတွေးတွေဝင်နေရင်တော့ ခံဖို့သာပြင်ပေတော့ "လို့ သူကပြောပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */