Sunday, November 24, 2019

ICJ အမှုမှာ အစိုးရဦးဆောင်မှုနောက် လိုက်နာမည်ဟု တပ်မတော်ပြောဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
24 နိုဝင်ဘာ၊ 2019
 နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်တွင် အောက်တိုဘာ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ အောက်တိုဘာ ၂၄၊ ၂၀၁၉)

ICJ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာခုံရုံးရဲ့ မြန်မာ့အရေး ကြားနာစစ်ဆေးမှုမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဦးဆောင်သွားရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပူးပေါင်းဆောင်ရွက် မှာဖြစ်သလို လိုအပ်တဲ့ အထောက်အထား အချက်အလက်တွေနဲ့လည်း ပံ့ပိုးကူညီသွားမယ်လို့ တပ်မတော် ပြောခွင့်ရသူတွေက ထပ်လောင်းပြောဆိုပါတယ်။ တပ်မတော်အနေနဲ့ အစိုးရ ဦးဆောင်မှုနောက်မှာ လိုက် နာဆောင်ရွက်သွားမှာဖြစ်တယ်လို့ တပ်မတော် စစ်ဥပဒေချုပ်ရုံးက ဗိုလ်ချုပ်သောင်းနိုင်က ဒီကနေ့ သတင်း စာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။


“ICJ ကတော့ State ကို ကိုယ်စားပြုပြီးတော့မှ စွဲတာဖြစ်တဲ့အတွက် ကျနော်တို့ ဒါနဲ့ပတ်သက်ပြီးတော့မှ အစိုးရရော တပ်မတော်ရော အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကျနော်တို့ကတော့ အခုဆိုရင် ICJ ကိုနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့နော် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ICJ မှာ သွားရောက်ရင်ဆိုင်မှာ ဖြစ်ပါတယ်။ တပ်မ တော်အနေနဲ့ကတော့ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ လိုက်နာပြီးတော့မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 
 
နိုင်ငံတော်အစိုးရက လိုအပ်လို့ရှိရင်လည်း ကျနော်တို့မှာရှိတဲ့ သက်သေခံ အထောက်အထား တွေ၊ စာရွက်စာတမ်း အထောက်အထားတွေနဲ့ လိုက်ပြီးတော့မှ ဆောင်ရွက်ပေးမှာလို့ ဖြေကြားလိုပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာစစ် တပ် ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးတွေအတွင်း လူမျိုးတုံးသုတ်သင်မှု Genocide တွေ ဖြစ်ခဲ့တယ်လို့ နိုင်ငံတ ကာ လူ့အခွင့်အရေးအဖွဲ့တွေ ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေက သုံးသပ်ထားကြတာပါ။

OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ကိုယ်စားပြုပြီးတော့ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ တရားရုံးမှာ တရားစွဲတင်ပါတယ်။ နှစ်နိုင်ငံလုံး လက်မှတ်ထိုးထားတဲ့ လူမျိုးတုံးသုတ်သင်မှု တားဆီးရေး ၁၉၄၈ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ကို မြန်မာဘက်က ချိုး ဖောက်တယ်ဆိုပြီး အမှုတင်ပါတယ်။

မြန်မာဘက်ကတော့ ဒါကို ချေပဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်သွားရောက်မယ်လို့ ထုတ်ပြန် ထားပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရဘက်က လွတ်လပ်တဲ့ စုံစမ်းရေးကော် မရှင်တရပ် ဖွဲ့စည်းထားသလို မြန်မာစစ်တပ်ကလည်း သီးခြား စုံစမ်းရေးခုံရုံးတရပ် ဖွဲ့ထားပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းတွေကနေ စုံစမ်းတွေ့ရှိချက် အစီရင်ခံစာတွေ၊ ထုတ်ပြန်ချက်တွေတော့ ထွက်မလာသေး ပါဘူး။

မြန်မာစစ်တပ်ကတော့ သူတို့အနေနဲ့ စုံစမ်းတွေ့ရှိချက်တွေအပေါ်မှာ တပ်မတော်အက်ဥပဒေအရ တိတိကျ ကျ အရေးယူသွားမှာဖြစ်သလို တပ်မတော် အက်ဥပဒေဟာလည်း နိုင်ငံတကာ စံနှုှုန်းစံထားတွေနဲ့ ကိုက် ညီတယ်လို့လည်း ဗိုလ်ချုပ်သောင်းနိုင်က ပြောပါတယ်။

ဒါပေမယ့်လည်း ရိုဟင်ဂျာတွေ အစုအပြုံလိုက် အသတ်ခံရတဲ့ အင်းဒင်အမှုမှာ တာဝန်ရှိတဲ့ တပ်မတော်သား တွေကို အပြစ်ပေးပြီး တနှစ်အတွင်းမှာပဲ ပြန်လွှတ်ပေးခဲ့တာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်တာတွေ ရင်ဆိုင်ခဲ့ရပါတယ်။

ဗိုလ်ချုပ်သောင်းနိုင်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တပ်မတော်ခုံရုံးရဲ့ အရေး ယူဆောင် ရွက်ချက်တွေကို နိုင်ငံတကာအနေနဲ့ ဆက်လက် စောင့်ကြည့်စေချင်တယ်လို့လည်း ပြောဆိုပါ တယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံတဲ့ မြန်မာအစိုးရကတော့ အခု ICJ ကိစ္စကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာ ကို‌ မနေ့ကတော့ သက်ဆိုင်ရာ နိုင်ငံတော်အဆင့် အကြီးအကဲတွေကို ခေါ်ယူရှင်းလင်းတာတွေ လုပ်ခဲ့ ပါတယ်။

ဒီနေ့မှာပဲ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမှာတော့ ICJ ကို သွားရောက်ဦးဆောင်ဖြေရှင်းမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူရှိတယ်ဆိုတဲ့ ဆန္ဒဖော်ထုတ်ပွဲတရပ် ပြုလုပ်ရာမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ပါတယ်။

 
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */