သန့်ဇင်ဦး
2019-11-12
ရန်ကုန်မြို့ ၆ မိုင်ခွဲမှာရှိတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ရုံးဆိုင်းဘုတ်ကို တွေ့ရစည်
Photo: RFA
Photo: RFA
မြန်မာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေ ပိုမိုအားကောင်းလာရေးနဲ့ လူ့အခွင့်အရေး ဥပဒေကို ပြင်ဆင်ဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ International Commission of Jurists ရဲ့ နောက်ဆုံးထုတ်အစီရင်ခံစာမှာ NLD အစိုးရကို တိုက်တွန်းလိုက်ပါ တယ်။
အစိုးရအနေနဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေကို အခုထက်ပိုအရည်အချင်းရှိပြီး လူထုကို ကိုယ်စား ပြု နိုင်တဲ့ သူတွေကိုပဲ ရွေးချယ်ခန့်အပ်ဖို့နဲ့၊ ၂ဝ၁၄ လူ့အခွင့်အရေးကော်မရှင်ဥပဒေပါ ကန့်သတ်ချက်တွေကို လည်း အမြန်ဆုံး ပြင်ဆင်သင့်နေပြီလို့ ဖော်ပြထားပါတယ်။
ICJ က အခုလို တိုက်တွန်းပေမယ့် လက်ရှိအာဏာရပါတီ NLD ရဲ့ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကတော့ လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ လို၊မလိုဆိုတာ နိုင်ငံရေးအခြေအနေအရ နိုင်ငံသားတွေက ဆုံးဖြတ်ပြီးလုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ရှုမြင်ပါတယ်။
"ဒါကတော့ ကျွန်တော်တို့ လူ့အခွင့်အရေးတစ်ခုပဲ ကြည့်လို့မရပါဘူး၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအ နေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံကနေပြီး ဇယားချထားတဲအတိုင်းဖြစ်နေတာပါခင်ဗျာ၊ အဲတော့ ဒီဘောင်ထဲမှာ လှုပ်ရှားရတဲ့ အတွက် လုပ်ဆောင်ရတဲ့သူတွေမှာလည်း အကန့်အသတ် တွေရှိတာ ဒါသဘာဝပါ၊ ကျွန် တော်တို့နိုင်ငံရဲ့ အ ခြေအနေအရတော့ ကျွန်တော်တို့နိုင်ငံသားတွေပဲ ဆုံးဖြတ်ပြီးလုပ်ရမှာပါ၊ ကျွန်တော် တို့ တကယ်လို့ လူ့အ ခွင့်အရေးကော်မရှင်အနေနဲ့ ပြန်လည်ဖွဲ့စည်းဖို့လိုရင် သက်ဆိုင်ရာအာဏာပိုင် တွေကနေ စဉ်းစားပြီးလုပ်ပါ လိမ့်မယ်၊ ကျွန်တော်တို့ကတော့ လူ့အခွင့်အရေးကို လေးစားတဲ့မူဝါဒကိုပဲ ဆုပ်ကိုင် ထားပါတယ်။ ပြန်လည် ဖွဲ့စည်းဖို့ လိုမလိုကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆုံးဖြတ် ရမယ့်ကိစ္စပါ"
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကတော့ ဥပဒေပြင်ဆင်ရေးကိစ္စတွေကို လုပ်နေပြီဖြစ်လို့ ဒီအစီအရင် ခံစာ အပေါ်ဘာမှမပြောလိုဘူးလို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
"အန်ကယ်တို့ဥပဒေအရလည်း ပြင်ဆင်ဖို့လုပ်နေပြီလေ၊ ပြန်လည် ဖွဲ့စည်းဖို့တွေကလည်း နိုင်ငံတော် သမ္မတ ရုံး က လုပ်နေပြီဆိုတော့ အန်ကယ်တို့က ဘာမှပြောစရာ မရှိတော့ဘူးပေါ့၊ ဒါတော့ သူတို့ အ မြင် ပေါ့လေ၊ အန်ကယ်တို့ လည်း လုပ်နိုင်သလောက်တော့ လုပ်နေတာပဲလေ၊ သူတို့ အမြင်ကို သူတို့ပြော တာ အန်ကယ် တို့က တော့ ပြောစရာတော့မရှိပါဘူး၊ လုပ်နိုင်သလောက်တော့ လုပ်နေကြတာပဲ၊ အန် ကယ် တို့လည်း။ ဥပဒေနဲ့ပတ်သက်လို့ ပြင်ဆင်သင့်တဲ့ အချက်တွေလည်း တင်ပြီးပြီ၊ ဆက်လုပ်တာတော့ အထက်ကလူကြီး တွေ အပိုင်းပေါ့နော်၊ ပြန်လည်ဖွဲ့စည်းဖို့ကတော့ အန်ကယ်တို့က လုပ်တာမဟုတ်ဘူး၊ သူတို့အထက်က လူ ကြီးတွေ သူတို့ဘာသာ လုပ်နေကြတာလေ၊ ဘယ်အခြေအနေ ရောက်နေ တယ် ဆိုတာတော့ မသိရ ဘူး ပေါ့နော်"
ကော်မရှင်ဟာ သတင်းမီဒီယာတွေမှာဖော်ပြနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဆောင် ရွက်ဖို့ ပျက်ကွက်နေပြီး ကျူးလွန်ခံခဲ့ရသူတွေကိုလည်း တစ်စုံတစ်ရာ ပြန်လည်ကုစားပေးဖို့ အားထားလို့ မရတဲ့ အခြေအနေဖြစ်နေတယ်လို့ ICJ ရဲ့ ဥပဒေအကြံပေး ရှောင်ဘိန်း က အစီရင်ခံစာမှာ ပြောထားပါတယ်။
ဒါ့အပြင် အရေးကြီးတဲ့ အမှုကိစ္စတွေမှာ အမြဲလိုလို ဝင်ရောက်ဆောင်ရွက်ခြင်း မရှိတာဟာ ကော်မရှင်မှာ နိုင်ငံတော်အဖွဲ့အစည်းတွေ အထူးသဖြင့် တပ်မတော်ကို ထိပ်တိုက်တွေ့နိုင်ဖို့ လုံလောက်တဲ့လွတ်လပ်မှု မရှိဘူးဆိုတာကို ပြသနေကြောင်းလည်း ရှောင်ဘိန်းက ဆိုပါတယ်။
ကော်မရှင်အဖွဲ့ဝင် ဦးယုယွင်အောင်ကတော့ ICJ ပြောသလိုမဟုတ်ဘဲ၊ သူတို့အနေ့ လက်ရှောင်နေတာ လည်း မရှိကြောင်းနဲ့၊ နောက်တွန့်နေတာလည်း မရှိဘူးလို့ ခုခံပြောဆိုပါတယ်။
"ထိပ်တိုက်တော့မရှောင်ဘူးကွဲ့၊ တပ်ကလူ့အခွင့်အရေးချိုးဖောက်တဲ့ဖြစ်စဉ်တွေဖြစ်ရင်လည်း အန်ကယ် တို့က ကာကွယ်ရေးဝန်ကြီးဌာနကို မကွယ်မထောက်အကြံပြုတာပဲလေ၊ အကြံပြုတဲ့အခါမှာ တပ်မတော် ကလည်းပဲ အဲဒီဟာတွေကိုလိုအပ်သလို အရေးယူပေးတာပဲ၊ တချို့အရာရှိတွေဆိုရင် တပ်ကထုတ်ပစ် လိုက်ပြီးတော့ ထောင်ချတဲ့အထိ သူတို့အရေးယူပေးတာပဲလေ၊ နောက်ပြီးတော့ ကလေးစစ်သားတို့ ဘာ တို့ ဆို ရင်လည်း အန်ကယ်တို့ပြောပြရင် တပ်က အရေးတယူဆောင်ရွက်ပေးပြီးတော့ ပြန်လွှတ်ပေးတာ တွေ လည်း ရှိတာပဲလေ၊ ကလေးစစ်သား စုဆောင်းတဲ့သူတွေကိုလည်း အရေးယူတာတွေရှိတာပဲလေ၊ အန်ကယ် တို့ကတော့ နောက်တွန့် နေတယ်လို့ တစ်ခုမှ မရှိပါဘူး၊ သူတို့ ဘယ်လိုဘာကိုကြည့်ပြီး မြင်နေ လည်းတော့ မသိဘူး"
ICJ ကတော့ ကော်မရှင်ဟာ တပ်မတော်ရဲ့ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရပြီး အသက်သေဆုံးခဲ့ရတဲ့ သတင်း ထောက် ကိုပါကြီးအတွက် တရားမျှတမှုရရှိအောင်ဆောင်ရွက်ပေးဖို့ တုံ့ဆိုင်းခဲ့သလို တပ်မတော်သားတွေရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေအတွက်လည်း အသံတိတ်နေခဲ့တယ်လို့ ထောက်ပြဝေဖန်ထားပါတယ်။
ICJ ရဲ့ အစီရင်ခံစာအပေါ်ကို လက်ရှိအစိုးရနဲ့ လွှတ်တော်က အရေးတကြီးနဲ့ ကော်မရှင်ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ မျှော်လင့်ကြောင်းကော်မရှင်ရဲ့ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေမှာ အရပ်ဖက် အဖွဲ့အစည်း အနေနဲ့ ပါဝင်လုပ်ဆောင်နေတဲ့ တက်ကြွလှုပ်ရှားသူ မသဉ္စာရွှန်းလဲ့ရည်က ဆိုပါတယ်။

"ဒီအစီရင်ခံစာကို ကျွန်မတို့ကတော့ MNHRC နဲ့ ပူးပေါင်း ဆောင် ရွက် နေတဲ့သူ အနေနဲ့ရော ကျွန်မတို့ အ ဖွဲ့အစည်း အနေ နဲ့ရော ဒါကိုကြိုဆို တယ်။ ဒီအချက်တွေကိုကြည့် ခြင်းအား ဖြင့် ကျွန်မတို့ လက်ရှိ အာ ဏာ ရတဲ့အစိုးရရော နောက်လွှတ်တော်ရော အရေး တကြီးနဲ့ MNHRC ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက် လာ နိုင်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ MNHRC လို့ပြောတဲ့ ဒီအမျိုး သား လူ့အခွင့်အရေးကော်မရှင် သက်တမ်း ကုန်ဆုံးသွား ခဲ့ပြီ ပေါ့နော်၊ စက်တင်ဘာလကတ တည်းက ဥပဒေအ ရဆိုရင်တော့ စက်တင်ဘာကျော်ပြီဆိုတာနဲ့ ကော်မရှင်အဖွဲ့ဝင်တွေကို အသစ် ပြောင်းရတော့မှာ၊ အခုအ ချိန် အထိကို အသစ်ပြောင်းမယ့် အရိပ် အယောင်လည်း ကျွန်မတို့မမြင်ရသေး သလို ဥပဒေ ပြင်ဆင်မယ့် အရိပ်အယောင်တွေလည်း လွှတ်တော် မှာ မတွေ့ရသေးတဲ့အခါမှာ ကျွန်မတို့ အရပ်ဘက် အဖွဲ့အစည်းတွေ က ဒါကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့် နေကြပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ လုပ် ဆောင်ချက်တွေက ကျွန်မတို့ ပြည် သူတွေအားလုံးအတွက် အရေးကြီး တဲ့လုပ်ရပ်တွေ ဖြစ်လာမှာ ဖြစ်တဲ့ အတွက်ကြောင့် ဒါကို စောင့်ကြည့် နေ ကြပါတယ်လို့ ပြောချင်ပါတယ်"
လူ့အခွင့်အရေးကော်မရှင်အနေနဲ့ နိုင်ငံထဲမှာ လူသားအားလုံးရဲ့လူ့အခွင့်အရေး တွေကို ပိုမိုအကာ အကွယ် ပေးပြီး မြှင့်တင်နိုင်ဖို့အတွက် အခြေခံဥပဒေနဲ့ ပြဌာန်းဥပဒေအရ အာမခံချက်တွေကို ရေးဆွဲပြဋ္ဌာန်းသင့် ကြောင်းလည်း အစီရင်ခံစာမှာပါရှိပါတယ်။
ကော်မရှင်ရဲ့သက်တမ်းဟာ စက်တင်ဘာလမှာ ကုန်ဆုံးသွားပြီဖြစ်ပေမယ့် အခုအချိန်ထိ အဖွဲ့ဝင်အသစ် တွေ ပြန် လည်ရွေးချယ်ဖို့လည်း မလုပ်ဆောင်နိုင်သေးပါဘူး။
ဒီအပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မချယ်ရီဇာဟောင်ကလည်း ကော်မရှင်ဟာ အစိုးရရဲ့ လွှမ်းမိုး ခြင်းကနေ ကင်းလွတ်တဲ့အဖွဲ့ ဖြစ်သင့်ကြောင်းနဲ့ လက်ရှိကော်မရှင်မှာတော့ အစိုးရကခန့်အပ်သူတွေ ပါ ဝင်နေတဲ့အတွက် လွတ်လပ်မှုဆိုတာ မတွေ့ရကြောင်းပြောပါတယ်။
"လူ့အခွင့်အရေးကော်မရှင်တွေဟာ အစိုးရရဲ့လွှမ်းမိုးမှုကနေ ကင်းကွာရမယ်"

"နိုင်ငံတစ်နိုင်ငံရဲ့လူ့အခွင့်အရေးကော်မရှင်တွေဟာဆိုလို့ရှိရင် အစိုးရရဲ့လွှမ်းမိုးမှုကနေ ကင်းကွာရမယ်၊ ပြီးရင်သူတို့မှာ လုပ်ပိုင်ခွင့်တွေရှိရမယ်၊ ဒါပေမဲ့ ဒီကျွန်မတို့ရဲ့ကော်မရှင်က အစိုးရဝန်ထမ်းဟောင်း တွေ ကြီး ပဲ၊ အဓိကကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန MOFA က ပင်စင်ယူထားတဲ့လူတွေ ပိုများတယ်လေ ဆိုတော့ ဘာ ပြောင်းမှာလဲ၊ ဒီအတိုင်းပဲ အတွေးအခေါ်တွေက ဒီအတိုင်းပဲလေ၊ ဥပမာဆိုလို့ရှိရင် လူရွေး ချယ်ရေး အပေါ်မှာ ပွင့်ပွင့်လင်းလင်း ပွင်းလင်းမြင်သာမှုရှိရှိနဲ့ တစ်နိုင်ငံလုံးတစ်တိုင်းပြည်လုံးကို ခေါ် ယူ ပြီးတော့မှ တကယ်ပဲ လူ့အခွင့်အရေးကို လှုပ်ရှားတဲ့သူ တကယ်ပဲ လူ့အခွင့်အရေး အကြောင်းကို နား လည် တဲ့လူ လူ့အခွင့်အရေး လုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိနေတဲ့လူတွေကို ခေါ်မယ်၊ ပြီးရင်ဒီဟာ တွေက တကယ်ပဲ ထိထိရောက်ရောက်လုပ်နိုင်တဲ့ အဖွဲ့တွေဆိုရင်တော့ ကိုယ်က ဒီထက်အများကြီး အားပးမှာပေါ့၊ ဒါပေမဲ့ သူကအစကတည်းက အစိုးရက သူ့လူတွေကို ပင်စင်ယူမယ့်လူတွေကို ထပ်ပြီး တော့ထောင်ထားတဲ့ အဖွဲ့လိုမျိုး ဖြစ်နေတယ်လေ၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင်ကို တစ်စက် မှ အယုံအကြည်မရှိဘူး"
ICJ ကထုတ်ပြန်လိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်ကို ချက်ခြင်းပြောင်းလဲနိုင်မယ့် အကြံပြု ချက်တွေက တော့ သမ္မတနဲ့ စိစစ်ရွေးချယ်ရေးအဖွဲ့ဟာ လူမျိုး၊ ဘာသာ၊ ဒေသ၊ ကျား၊မ နဲ့လိင်တိမ်းညွှတ်မှု စတဲ့ မူကွဲ ပြားမှုတွေကို ထည့်သွင်းရွေးချယ် စဉ်းစားသင့်တယ်လို့ ICJ က အကြံပြုထားပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေကို ရွေးချယ်တဲ့အခါ ပွင့်လင်းမြင်သာဖို့၊ ကော်မရှင်အဖွဲ့ဝင်တွေ လုပ်ပိုင်ခွင့်ကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ဖို့၊ အဖွဲ့ဝင်ရွေးချယ်ရေးလုပ်ငန်းစဉ် ပိုမိုအားကောင်းစေရေးအတွက် ဥပဒေ မှာ ထည့်သွင်းပြဌာန်း ရေးဆွဲဖို့၊ ကော်မရှင်ရဲ့လွတ်လပ်မှုကို အစိုးရသက်တမ်းအပြောင်းအလဲ ရှိ သည့်တိုင် စွက်ဖက်ပြင်ဆင်တဲ့ အနေအထား ကနေ ကာကွယ်ပေးမယ့် အာမခံချက်တွေ ပါဝင်သင့်ကြောင်း ICJ က အဆိုပြုထားပါတယ်။
LINK : Here
No comments:
Post a Comment