VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်၊ရဲမင်းထွန်း
14 နိုဝင်ဘာ၊ 2019
သူကိုယ်တိုင်လည်း ၁၉၉၄ ခုနှစ်က ICTR -international Criminal Tribunal for Rwanda ရဝမ်ဒါ ဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ဥပဒေရေးရာ အထူးအကြံပေး လုပ်ခဲ့တာပါ။ အခု မြန်မာကို အမှုတင်ရာမှာ လည်း လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ တားဆီးရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ အထူးကျွမ်းကျင်တဲ့ နိုင်ငံတကာ ရှေ့နေအဖွဲ့ကလည်း သူ့ကို ကူညီပေးနေတာပါ။ ပုံမှန်အားဖြင့် ဒီလိုအမှုမျိုး ကြားနာစစ်ဆေး တာမျိုး ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ICJ နိုင်ငံတကာ တရားရုံးအနေနဲ့ ဂမ်ဘီယာကို စွဲချက်ကို ကိုင်တွယ်ဖို့ရှိမရှိ ကျမတို့ မသိရသေးပါဘူး။ ဒါပေမယ့် စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ အနေနဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်ဆိုရင် အခြားနိုင်ငံက တရားစွဲနိုင်တယ်လို့ ပြဌာန်းထားတာပါ။ ဂမ်ဘီယာရော မြန်မာပါ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထား ကြပါတယ်။
မအင်ကြင်းနိုင်။ ။ မြန်မာအစိုးရဘက်က တရားဝင်တုန့်ပြန်ပြောဆိုတာမျိုး မရှိပေမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကတော့ တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့ တုန့်ပြန်ထားတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။
Christina Fink ။ ။ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက် တွေကို မြန်မာအစိုးရက တလျှောက်လုံး ငြင်းပယ်လာတာပါ။ အစွန်းရောက် အကြမ်းဖက်တွေရဲ့ အန္တရာယ် ကို ပြန်ပြီး တိုက်ခိုက်ခြေမှုန်းတာ ဖြစ်တယ်လို့ပဲ သူတို့က တုန့်ပြန်ပြောဆိုခဲ့တာပါ။ ဒါပေမယ့် နယ်မြေရှင်း လင်းရေး စစ်ဆင်ရေးတွေမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတာ များပြားလှတဲ့ သက် သေအထောက်အထားတွေက ပြနေပါတယ်။ ရွာတွေကို မီးရှို့ဖျက်စီးတာ၊ အမျိုးသမီးတွေကို အတင်းအဓ မ္မပြုကျင့်တာ၊ ကလေးတွေကို သတ်ပစ်တာ စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ပြင်းထန်လှတဲ့ လူ့အခွင့် အ ရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူးလို့ ICJ တရားရုံးမှာ မြန်မာအစိုးရ အနေနဲ့ ချေပပြောဆိုရာမှာ ခက်ခဲလိမ့်မယ်လို့ ကျမထင်ပါတယ်။
မအင်ကြင်းနိုင်။ ။ ICJ က အမှုကို လက်ခံပြီဆိုရင် လက်ငင်း ချက်ချင်း ထိရောက်မှုတွေ ဘာတွေဖြစ်လာမ လဲရှင့်။
Christina Fink ။ ။ တကယ်လို့များ တရားရုံးက အမှုကို လက်ခံခဲ့မယ်ဆိုရင် နောက်ဆုံး စီရင်ချက်ချဖို့ ထိ ဆိုရင် နှစ်များစွာကြာအုံးမှာပါ။ ဒါပေမယ့် ဂမ်ဘီယာ အမှုစွဲတင်ထားတဲ့ အထဲမှာ ရိုဟင်ဂျာတွေ အပေါ် ရက် စက်ကြမ်းကြုတ်မှုတွေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ မြန်မာကို တရားရုံး အမိန့်ထုတ် ပြန်ဖို့ ICJ ကို တောင်းဆိုထားပါတယ်။ ဒါကြောင့် ICJ တရားရုံးက အမှုကို လက်ခံပြီးဆိုတာနဲ့ ဒီလိုအမိန့် ထုတ်ပြန်မယ့် ကိစ္စဟာ ဦးစွာ အကျိုးသက်ရောက်မှု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအနေနဲ့ တရား ရုံးအမိန့်ကို မဖြစ်မနေ လိုက် နာဖို့ ဆိုတဲ့ ယန္တရားမျိုး ICJ လက်ထဲမှာ မရှိပါဘူး။ ဒါပေမဲ့လည်း ရိုဟင်ဂျာတွေ ကို နိုင်ငံသားဖြစ်ခွင့် အပြည့်အဝ ပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူအပြစ်ပေးဖို့ တပ်မ တော်နဲ့ မြန်မာ အရပ်သား အစိုးရအပေါ်မှာ ဖိအားတွေ ပိုပြီးပေးဖို့ နိုင်ငံတကာဘက်က ပူးပေါင်းဆောင် ရွက်လာနိုင်ဖို့ ရှိပါတယ်။
မအင်ကြင်းနိုင်။ ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရရဲ့ ဂုဏ်သိက္ခာ နိုင်ငံတာကာ မှာ ဘယ်လောက်ထိ ထိခိုက်နေသလဲလို့ မြင်ပါလဲ။
ကိုရဲမင်းထွန်း ။ ။ ICJ ရဲ့ ဆုံးဖြတ်ချက် တစ်ခုခုကြောင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပိုပြီး ဖြစ် လာနိုင်ပါသလား။ ဘယ်လို မြင်ပါသလဲ။
Priscilla Clapp ။ ။အမေရိကန် အထက်လွှတ်တော်မှာ လူများစု ခေါင်းဆောင် Mitch McConnell ရှိနေသ ရွေ့တော့ သိပ် စိုးရိမ်စရာ ကောင်းတဲ့ ဒဏ်ခတ်ပိတ်ဆိုမှုတွေ အမေရိကန်နိုင်ငံ ဘက်က လုပ်လိမ့်မယ် မ ထင်ဘူး။ နိုင်ငံတကာ အဆင့်မှာတော့ ရိုဟင်ဂျာနဲ့ ဆက်စပ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေက ရှိနေပြီးသားပါ။ စောင့်ကြည့်ရမှာက လူတစ်ဦးချင်း အပေါ် ဒဏ်ခတ်ဖို့ ကြိုးပမ်းနေတဲ့ ICC က လုပ်ဆောင်ချက်ကတော့ စောင့်ကြည့်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ် အဆင့်မြင့် အရာရှိတွေ အပေါ် ဘယ်လို ဆက်လက် ဆောင်ရွက်မလဲ မသိကြသေးပါဘူး။ ဒဏ်ခတ်မှုတွေက တစ်နိုင်ငံလုံး အပေါ်ထက် လူ ပုဂ္ဂိုလ် တစ်ဦးချင်းအပေါ် ချမှတ်တာတွေ ပိုပြီး တွေ့ရမယ်လို့ ထင်ပါတယ်။
ကိုရဲမင်းထွန်း ။ ။အခုလို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ မှာ အမှုတင်တာကြောင့် မြန်မာနိုင်ငံ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် နေတာတွေကို ထိခိုက်နိုင်ပါသလား။
Priscilla Clapp ။ ။ဒါကို သိပ် ကြီးကြီးကျယ်ကျယ်ကြီးလို့ မထင်မိပါဘူး။ ပြည်တွင်းက ပြုပြင်ပြောင်းလဲရေး က ပြည်တွင်းက လိုအပ်ချက်အရ သွားနေ ရတာ ဆိုတော့ တိုင်းပြည် ပြင်ပမှာ ဘာပဲဖြစ်ဖြစ် သူ့ဘာသာသူ ဆက်သွားနေမှာပါ။ ဒါပေမဲ့ ပြည်တွင်း နိုင်ငံရေးမှာ ရှိနိုင်ပါတယ်။ ပြောရရင် ရွေးကောက်ပွဲ နိုင်ငံရေးမှာ သက် ရောက်မှု ရှိနိုင်တယ်။ လက်ယာ အစွန်းရောက်ဝါဒီတွေက ဒါဟာ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံ အပေါ် မမျှမတ ဆက်ဆံတာရဲ့ နောက်ထပ် ဥပမာ တစ်ခုပဲလို့ ပြောကြလိမ့်မယ်။
ကိုရဲမင်းထွန်း ။ ။ ဒီလို အမှုတင်တာတွေ အောင်မြင်သွားမယ် ဆိုရင်ကော အခု လက်ရှိ ရိုဟင်ဂျာအရေးကို ပြီးပြတ် ဖြေရှင်းသွားနိုင်မယ်လို့ ထင်ပါသလား။ ။
Priscilla Clapp ။ ။ကျွန်မ အသက်ရှင်နေသေးတဲ့ အချိန်အတွင်းတော့ ဖြေရှင်းနိုင်မယ်လို့ မထင်ပါဘူး။ အခြေခံ ကိစ္စက ဗမာလူမျိုးစု ကြီးစိုးထားတဲ့ ပြဿနာနဲ့ အခြေအနေပါ။ လူများစုရဲ့ စိတ်ဓါတ်နဲ့ အတွေးအ ခေါ်တွေ မပြောင်းလဲ နိုင်သရွေ့ ဖြေရှင်းဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် မြန်မာ အများစု ဘယ်လို သဘောထားကြတယ် ဆိုတာက အရေးကြီးတဲ့ အဆင့်မှာ မရှိဘူးလို့ ထင်ပါတယ်။
မူဆလင် အများစု နေရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်မှု နောက်ပိုင်း ဘင်္ဂ လားဒေရှ့်ဘက် ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ကတော့ အခုအချိန်ထိ ဌာနေမပြန်နိုင်သေး ပါဘူး။ ဘင်္ဂ လားဒေရှ့်နဲ့ မြန်မာကြား နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ကြိုးပမ်းချက်တွေကလည်း အထ မမြောက် သေးပါဘူး။ မြန်မာ အစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံ သလို ဒုက္ခသည်တွေ နိုင်ငံ သား ဖြစ်ရေးကလည်း ဥပဒေ အတိုင်း ဆောင်ရွက်ရမယ်လို့ အခိုင်အမာ ရပ်တည်ထားချက်က ဒုက္ခသည် တွေ ဌာနေပြန်ရေးမှာ အဓိက အခက်အခဲ တခု ဖြစ်နေတာပါ။
အင်ကြင်းနိုင်၊ရဲမင်းထွန်း
14 နိုဝင်ဘာ၊ 2019
နယ်သာလန်နိုင်ငံ The Haque မြို့က နိုင်ငံတကာ တရားရုံး ICJ
လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေး ဆိုင်ရာ စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ တရားစွဲဆိုခံရမှုက ဘယ်လောက် ထိခိုက်နိုင်ပါသလဲ ဆိုတာကို George Washington တက္က သိုလ် နိုင်ငံတကာ ရေးရာ ပါမောက္ခ Christina Fink ၊ နောက် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး အကြီး အကဲဟောင်း Priscilla Clapp တို့ကို ဗွီအိုအေက ဆက်သွယ် မေးမြန်း ထားပါတယ်။ ဒီလို တရားစှဲဆိုမှုဟာ ဘယျလောကျ အရေးကွီးလဲ ဆိုတာကို မအင်ကြင်းနိုင်က မေးမြန်းတဲ့ အခါမှာ George Washington တက္က သိုလ် နိုင်ငံတ ကာ ရေးရာ ပါမောက္ခ Christina Fink က အခုလို စပြောပါတယ်။
Christina Fink ။ ။ အမှုကို စွဲတင်တဲ့နိုင်ငံဟာ အနောက် အာ ဖရိက က နိုင်ငံငယ်လေးဖြစ်တဲ့ ဂမ်ဘီယာ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံငယ်လေး တနိုင်ငံအနေနဲ့ ဘာကြောင့် အခြားတနိုင်ငံကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲဖို့ လုပ်သလဲဆိုတဲ့ အ ကြောင်းအရင်းတွေရှိပါတယ်။ ပထမတချက်က သူတို့မှာ သိ သာထင်ရှားတဲ့ နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပေး ထားတာ ရှိနေပါတယ်။ အဖွဲ့ဝင် နိုင်ငံပေါင်း ၅၀ ကျော်ပါဝင် တဲ့ OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ထောက်ခံမှု အပြည့်အ၀ ရထားပါတယ်။ ဒုတိယ တ ချက်ကတော့ ဥပဒေရေးရာ ကျွမ်းကျင်သူရှိနေပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးက ဒီအမှုကို ဦးဆောင်ဦးရွက်ပြုနေသူ ဖြစ်ပါတယ်။
သူကိုယ်တိုင်လည်း ၁၉၉၄ ခုနှစ်က ICTR -international Criminal Tribunal for Rwanda ရဝမ်ဒါ ဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ဥပဒေရေးရာ အထူးအကြံပေး လုပ်ခဲ့တာပါ။ အခု မြန်မာကို အမှုတင်ရာမှာ လည်း လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ တားဆီးရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ အထူးကျွမ်းကျင်တဲ့ နိုင်ငံတကာ ရှေ့နေအဖွဲ့ကလည်း သူ့ကို ကူညီပေးနေတာပါ။ ပုံမှန်အားဖြင့် ဒီလိုအမှုမျိုး ကြားနာစစ်ဆေး တာမျိုး ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ICJ နိုင်ငံတကာ တရားရုံးအနေနဲ့ ဂမ်ဘီယာကို စွဲချက်ကို ကိုင်တွယ်ဖို့ရှိမရှိ ကျမတို့ မသိရသေးပါဘူး။ ဒါပေမယ့် စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ အနေနဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်ဆိုရင် အခြားနိုင်ငံက တရားစွဲနိုင်တယ်လို့ ပြဌာန်းထားတာပါ။ ဂမ်ဘီယာရော မြန်မာပါ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထား ကြပါတယ်။
မအင်ကြင်းနိုင်။ ။ မြန်မာအစိုးရဘက်က တရားဝင်တုန့်ပြန်ပြောဆိုတာမျိုး မရှိပေမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကတော့ တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့ တုန့်ပြန်ထားတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။
Christina Fink ။ ။ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက် တွေကို မြန်မာအစိုးရက တလျှောက်လုံး ငြင်းပယ်လာတာပါ။ အစွန်းရောက် အကြမ်းဖက်တွေရဲ့ အန္တရာယ် ကို ပြန်ပြီး တိုက်ခိုက်ခြေမှုန်းတာ ဖြစ်တယ်လို့ပဲ သူတို့က တုန့်ပြန်ပြောဆိုခဲ့တာပါ။ ဒါပေမယ့် နယ်မြေရှင်း လင်းရေး စစ်ဆင်ရေးတွေမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတာ များပြားလှတဲ့ သက် သေအထောက်အထားတွေက ပြနေပါတယ်။ ရွာတွေကို မီးရှို့ဖျက်စီးတာ၊ အမျိုးသမီးတွေကို အတင်းအဓ မ္မပြုကျင့်တာ၊ ကလေးတွေကို သတ်ပစ်တာ စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ပြင်းထန်လှတဲ့ လူ့အခွင့် အ ရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူးလို့ ICJ တရားရုံးမှာ မြန်မာအစိုးရ အနေနဲ့ ချေပပြောဆိုရာမှာ ခက်ခဲလိမ့်မယ်လို့ ကျမထင်ပါတယ်။
မအင်ကြင်းနိုင်။ ။ ICJ က အမှုကို လက်ခံပြီဆိုရင် လက်ငင်း ချက်ချင်း ထိရောက်မှုတွေ ဘာတွေဖြစ်လာမ လဲရှင့်။
Christina Fink ။ ။ တကယ်လို့များ တရားရုံးက အမှုကို လက်ခံခဲ့မယ်ဆိုရင် နောက်ဆုံး စီရင်ချက်ချဖို့ ထိ ဆိုရင် နှစ်များစွာကြာအုံးမှာပါ။ ဒါပေမယ့် ဂမ်ဘီယာ အမှုစွဲတင်ထားတဲ့ အထဲမှာ ရိုဟင်ဂျာတွေ အပေါ် ရက် စက်ကြမ်းကြုတ်မှုတွေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ မြန်မာကို တရားရုံး အမိန့်ထုတ် ပြန်ဖို့ ICJ ကို တောင်းဆိုထားပါတယ်။ ဒါကြောင့် ICJ တရားရုံးက အမှုကို လက်ခံပြီးဆိုတာနဲ့ ဒီလိုအမိန့် ထုတ်ပြန်မယ့် ကိစ္စဟာ ဦးစွာ အကျိုးသက်ရောက်မှု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအနေနဲ့ တရား ရုံးအမိန့်ကို မဖြစ်မနေ လိုက် နာဖို့ ဆိုတဲ့ ယန္တရားမျိုး ICJ လက်ထဲမှာ မရှိပါဘူး။ ဒါပေမဲ့လည်း ရိုဟင်ဂျာတွေ ကို နိုင်ငံသားဖြစ်ခွင့် အပြည့်အဝ ပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူအပြစ်ပေးဖို့ တပ်မ တော်နဲ့ မြန်မာ အရပ်သား အစိုးရအပေါ်မှာ ဖိအားတွေ ပိုပြီးပေးဖို့ နိုင်ငံတကာဘက်က ပူးပေါင်းဆောင် ရွက်လာနိုင်ဖို့ ရှိပါတယ်။
မအင်ကြင်းနိုင်။ ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရရဲ့ ဂုဏ်သိက္ခာ နိုင်ငံတာကာ မှာ ဘယ်လောက်ထိ ထိခိုက်နေသလဲလို့ မြင်ပါလဲ။
Priscilla Clapp ။ ။ မြန်မာနိုင်ငံက ငြင်းမှာပါ။ လူမျိုးတုန်း သတ်ဖြတ်မှု ဘယ်သူ့အပေါ်မှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းပါလိမ့် မယ်။ ဒါကြောင့် ဒီ အခြေအနေမှာ တားဝရမ်းက လက် တွေ့ ကျကျ ဘယ်လောက် ဆောင်ရွက်နိုင်မလဲ မသိပါဘူး။ တားဝ ရမ်း ထုတ်တယ်ဆိုတော့ ဖြစ်ပြီးသွားတဲ့ကိစ္စကို ဘယ်လို ရပ် ဆိုင်းရ မလဲ။ ပြောင်းလဲမှုတွေ လုပ်ရမယ်ဆိုရင်လည်း အစိုးရ ပုံသဏ္ဍာန်ကို ပြောင်းလဲရမှာလား။ ဥပဒေတွေ ပြောင်းလဲပစ်ရမယ် ဆိုရင်တော့ လူနည်းစု အားလုံးအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိပါလိမ့်မယ်။ မြန်မာနိုင်ငံက ဥပဒေတွေက လူနည်းစုတွေ အပေါ် ခွဲခြားဆက် ဆံ မှုတွေ အများကြီး ရှိနေတယ်။ ရိုဟင်ဂျာတွေ အပေါ် ထားရှိတဲ့ ဥပဒေတွေကတော့ အဆိုးဆုံးပါပဲ။
ကိုရဲမင်းထွန်း ။ ။ ICJ ရဲ့ ဆုံးဖြတ်ချက် တစ်ခုခုကြောင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပိုပြီး ဖြစ် လာနိုင်ပါသလား။ ဘယ်လို မြင်ပါသလဲ။
Priscilla Clapp ။ ။အမေရိကန် အထက်လွှတ်တော်မှာ လူများစု ခေါင်းဆောင် Mitch McConnell ရှိနေသ ရွေ့တော့ သိပ် စိုးရိမ်စရာ ကောင်းတဲ့ ဒဏ်ခတ်ပိတ်ဆိုမှုတွေ အမေရိကန်နိုင်ငံ ဘက်က လုပ်လိမ့်မယ် မ ထင်ဘူး။ နိုင်ငံတကာ အဆင့်မှာတော့ ရိုဟင်ဂျာနဲ့ ဆက်စပ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေက ရှိနေပြီးသားပါ။ စောင့်ကြည့်ရမှာက လူတစ်ဦးချင်း အပေါ် ဒဏ်ခတ်ဖို့ ကြိုးပမ်းနေတဲ့ ICC က လုပ်ဆောင်ချက်ကတော့ စောင့်ကြည့်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ် အဆင့်မြင့် အရာရှိတွေ အပေါ် ဘယ်လို ဆက်လက် ဆောင်ရွက်မလဲ မသိကြသေးပါဘူး။ ဒဏ်ခတ်မှုတွေက တစ်နိုင်ငံလုံး အပေါ်ထက် လူ ပုဂ္ဂိုလ် တစ်ဦးချင်းအပေါ် ချမှတ်တာတွေ ပိုပြီး တွေ့ရမယ်လို့ ထင်ပါတယ်။
ကိုရဲမင်းထွန်း ။ ။အခုလို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ မှာ အမှုတင်တာကြောင့် မြန်မာနိုင်ငံ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် နေတာတွေကို ထိခိုက်နိုင်ပါသလား။
Priscilla Clapp ။ ။ဒါကို သိပ် ကြီးကြီးကျယ်ကျယ်ကြီးလို့ မထင်မိပါဘူး။ ပြည်တွင်းက ပြုပြင်ပြောင်းလဲရေး က ပြည်တွင်းက လိုအပ်ချက်အရ သွားနေ ရတာ ဆိုတော့ တိုင်းပြည် ပြင်ပမှာ ဘာပဲဖြစ်ဖြစ် သူ့ဘာသာသူ ဆက်သွားနေမှာပါ။ ဒါပေမဲ့ ပြည်တွင်း နိုင်ငံရေးမှာ ရှိနိုင်ပါတယ်။ ပြောရရင် ရွေးကောက်ပွဲ နိုင်ငံရေးမှာ သက် ရောက်မှု ရှိနိုင်တယ်။ လက်ယာ အစွန်းရောက်ဝါဒီတွေက ဒါဟာ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံ အပေါ် မမျှမတ ဆက်ဆံတာရဲ့ နောက်ထပ် ဥပမာ တစ်ခုပဲလို့ ပြောကြလိမ့်မယ်။
ကိုရဲမင်းထွန်း ။ ။ ဒီလို အမှုတင်တာတွေ အောင်မြင်သွားမယ် ဆိုရင်ကော အခု လက်ရှိ ရိုဟင်ဂျာအရေးကို ပြီးပြတ် ဖြေရှင်းသွားနိုင်မယ်လို့ ထင်ပါသလား။ ။
Priscilla Clapp ။ ။ကျွန်မ အသက်ရှင်နေသေးတဲ့ အချိန်အတွင်းတော့ ဖြေရှင်းနိုင်မယ်လို့ မထင်ပါဘူး။ အခြေခံ ကိစ္စက ဗမာလူမျိုးစု ကြီးစိုးထားတဲ့ ပြဿနာနဲ့ အခြေအနေပါ။ လူများစုရဲ့ စိတ်ဓါတ်နဲ့ အတွေးအ ခေါ်တွေ မပြောင်းလဲ နိုင်သရွေ့ ဖြေရှင်းဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် မြန်မာ အများစု ဘယ်လို သဘောထားကြတယ် ဆိုတာက အရေးကြီးတဲ့ အဆင့်မှာ မရှိဘူးလို့ ထင်ပါတယ်။
မူဆလင် အများစု နေရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်မှု နောက်ပိုင်း ဘင်္ဂ လားဒေရှ့်ဘက် ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ကတော့ အခုအချိန်ထိ ဌာနေမပြန်နိုင်သေး ပါဘူး။ ဘင်္ဂ လားဒေရှ့်နဲ့ မြန်မာကြား နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ကြိုးပမ်းချက်တွေကလည်း အထ မမြောက် သေးပါဘူး။ မြန်မာ အစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံ သလို ဒုက္ခသည်တွေ နိုင်ငံ သား ဖြစ်ရေးကလည်း ဥပဒေ အတိုင်း ဆောင်ရွက်ရမယ်လို့ အခိုင်အမာ ရပ်တည်ထားချက်က ဒုက္ခသည် တွေ ဌာနေပြန်ရေးမှာ အဓိက အခက်အခဲ တခု ဖြစ်နေတာပါ။
Link : Here
No comments:
Post a Comment