" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 18, 2019

တရားစွဲဆိုခံလိုက်ရတဲ့ နိုင်ငံတော်

The Voice
18-Nov-2019

လူတွေမှာ အသက်တစ်ရာမနေရ၊ အမှုတစ်ရာပွေရ ဆိုသလို အမှုအခင်း တရားတဘောင်တစ်ခုခု ရင်ဆိုင်ရလို့ ရုံးပြင်ကနားရောက်ရပြီဆိုရင်တော့ ကိုယ်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တရားသူကြီးရဲ့ နောက်ဆုံးစီရင်ချက်မချမီ အချိန်အထိတော့ စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ အမှုကို ရင်ဆိုင်ကြရစမြဲပါ။ ဒါ့ကြောင့် (ဖြစ်နိုင်ရင်) ဘယ် သူကမှ အမှုအခင်း၊ တရားတဘောင်တွေကို မဖြစ်လိုကြ၊ ရှောင်လွှဲလိုကြတယ်။ မတတ်သာတဲ့ အဆုံးကျမှပဲ တ ရားရုံးကို မဖြစ်မနေသွားကြရတယ်။

ဒါက လူတစ်ဦးချင်းမှာ ကြုံရတတ်တဲ့ ဖြစ်စဉ်ပါ။ လူတွေတစ်ယောက်နဲ့တစ်ယောက်။ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု မကျေနပ်လို့၊ (နစ်နာလို့) တရားစွဲဆိုကြတာ မဆန်းပေမယ့် ကမ္ဘာ့နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ် နိုင်ငံကို တ ရားစွဲဆိုတဲ့ ဖြစ်စဉ်ကတော့ ဖြစ်တောင့်ဖြစ်ခဲလို့ဆိုရမယ့် ရှားပါးဖြစ်စဉ်ပါ။ ခု ဒီဖြစ်စဉ်တစ်ခု မကြာမီက ဖြစ်ခဲ့ပါပြီ။
တရားစွဲဆိုခံလိုက်ရတဲ့ နိုင်ငံက တခြားမဟုတ်ပါဘူး။ မြန်မာနိုင်ငံပါ။ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ အချုပ် အ ခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်လာပြီးနောက်ပိုင်း မြန်မာ့သမိုင်းမှာတော့ ဒီဖြစ်ရပ်ဟာ ပထမဦးဆုံး အကြိမ်ပါပဲ။ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကို အခြားနိုင်ငံတစ်ခုက အခုလိုတရားစွဲဆိုလိုက်တဲ့ အပေါ် အင်မ တန် စိတ်ထိခိုက် ခံစားရပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိခဲ့တယ်။

အားလုံးသိကြတဲ့အတိုင်း ဒီရက်ထဲမှာ မြန်မာနိုင်ငံနဲ့ မြန်မာအစိုးရကို တရားစွဲဆိုမှု သုံးခုဆက်တိုက် ဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံးတစ်ခုက အာဖရိက အနောက်ပိုင်း ဂမ်ဘီယာနိုင်ငံက (OIC) လို့ခေါ်တဲ့ နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ (အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးကောင်စီ) ကိုယ်စား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ နိုင်ငံ တကာတရားရုံး (International Court of Justice) က မြန်မာနိုင်ငံရဲ့ လူမျိုးတုံးပြစ်မှု နဲ့ပတ်သက်  ပြီး အရေးယူပေးဖို့ တရားစွဲဆိုခဲ့ရာမှာ ICJ က အမှုကို စစ်ဆေးဖို့ လက်ခံလိုက်တာပဲ ဖြစ်တယ်။

သိပ်မကြာခင်မှာပဲ အာဂျင်တီးနားနိုင်ငံ တရားရုံးတစ်ခုကလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ (၎င်းတို့ရဲ့ အသုံး အ နှုန်း) တွေအပေါ် မြန်မာအစိုးရက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး အာဂျင်တီးနား လှုပ်ရှားတက် ကြွသူများနဲ့ ဘင်္ဂါလီလှုပ်ရှားတက်ကြွသူတွေက တရားစွဲဆိုမှုကို စစ်ဆေးဖို့ လက်ခံလိုက်တယ်။ နောက် ဆုံးတစ်ခုက တော့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (International Criminal Court) က ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ဘင်္ဂါလီ ၇၄၀၀၀၀ ကို နိုင်ငံက ထွက်ပြေးသွားတဲ့အထိ ဘင်္ဂါလီတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုနဲ့ပတ်သက်ပြီး စုံးစမ်းစစ်ဆေးဖို့ သဘောတူလိုက်တာဖြစ်တယ်။

ဒီဖြစ်ရပ်သုံးခုဟာ နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၄ ရက်အတွင်း ဆက်တိုက်ဖြစ်ခဲ့တာပါ။ အားလုံးသိကြတဲ့အတိုင်း ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီပြဿနာဟာ ခုချိန်ထိ မပြီးပြတ်သေးပါဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ၊ ဥရောပသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မှာ မကြာခဏ ဆွေးနွေးပြီး ပြစ်တင်ဝေဖန်နေခဲ့ တာလည်း ကြာပါပြီ။ ခုတော့ ICJ လို ICC လို နိုင်ငံတကာတရားရုံးကို အမှုစွဲတင်တဲ့အထိ ဖြစ်သွားပါပြီ။ အမှုကိုလည်း တ ရားရုံးက လက်ခံလိုက်ပြီဖြစ်လို့ သည်ဟိဂ်မြို့တရားရုံးမှာ အမှုကို ရင်ဆိုင်ရပါတော့မယ်။

အာဂျင်တီးနားတရားရုံးက လက်ခံလိုက်တဲ့ တရားစွဲဆိုမှုမှာဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် ဒေါ် အောင်ဆန်းစုကြည်နာမည်ပါ အမည်စာရင်းထဲ ပါဝင်နေတာတွေ့ရတယ်။ နိုဘယ်လ်ဆုရှင်တစ်ဦးကို လူ့အ ခွင့်အရေးချိုးဖောက်မှုနဲ့ ပထမဦးဆုံး တရားစွဲဆိုမှုလို့တောင် ဆိုနေကြတယ်။ ပြီးခဲ့တဲ့ရက်အတွင်း နေပြည် တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီတရားစွဲဆိုမှုတွေအနက် ICJ လို့ခေါ်တဲ့ နိုင်ငံတကာတရားရုံးက စွဲဆိုမှုအပေါ်သာ ဥပဒေကြောင်းအရ ရင် ဆိုင်ဖြေရှင်းသွားမယ်လို့ ပြောဆိုလိုက်ပြီး ICC နဲ့ အာဂျင်တီနားတရားရုံးရဲ့ စွဲဆိုမှုတွေကိုတော့ တရားမဝင် လို့ ဖြေရှင်းမှာမဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံတစ်ခုမဟုတ်တဲ့အတွက် ICC က ဒီကိစ္စကို စီရင်ပိုင်ခွင့်မရှိဘူးလို့ ငြင်းဆို ထားတယ်။ ICC (International Criminal Court) နိုင်ငံတကာ ရာဇဝတ် တရားရုံးကတော့ မြန်မာနိုင်ငံဟာ ICC လက် မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၁၂၂ နိုင်ငံထဲမှာ မပါဝင်ပေမယ့် ဘင်္ဂလားဒေ့ရှ်က ပါဝင်နေတဲ့ အတွက် ဒီတရားစွဲဆိုမှုကို စစ်ဆေးဖို့ လက်ခံသဘောတူလိုက်တာဖြစ်တယ်လို့ ဆိုတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ငြင်းဆိုထားပြီးဖြစ်သလို ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး မိမိတို့ကိုယ်တိုင်ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးအဖွဲ့နဲ့ ဒီပြဿနာကို ဖြေရှင်းနေတယ်လို့ တုံ့ပြန်ထားပါတယ်။

ဒီတော့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံက ICJ ကစွဲဆိုထားတဲ့ အမှုတစ်ခုနဲ့သာ ပတ်သက်ပြီး မဖြစ်မနေ တ ရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။ International Court of Justice (နိုင်ငံတကာ တရားရုံး) ရဲ့ တရားစီရင်မှု ကို တော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက မဖြစ်မနေ လက်ခံကြရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက ဒီတရားရုံးက နိုင်ငံအချင်းချင်း ဖြစ်ပွားတဲ့ အငြင်းပွားမှုအမျိုးမျိုး၊ ပြဿနာအမျိုးမျိုးကို လက်ခံဖြေရှင်းနေခဲ့ တာပါ။ မြန်မာနိုင်ငံအရေးမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ ထောက်ခံမှုနဲ့ အမှုကို စီရင်ဖို့ လက်ခံလိုက်တာဖြစ်တယ်။

မြန်မာနိုင်ငံသမိုင်းမှာတော့ ခုလိုလူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံတကာခုံရုံးတစ်ခုအထိ ရောက်ရတာ ဒီတစ်ကြိမ်သာ ရှိပါသေးတယ်။ ICJ ကို ကမ္ဘာ့တရားရုံးလို့လည်း ခေါ်တယ်။ ဒီရုံးရဲ့ ဆုံးဖြတ် ချက်တွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီထံတင်ပြပြီး လိုအပ်သလို အရေးယူဆောင်ရွက်မယ်လို့သိရ တယ်။ ICJ ရဲ့ ရာဇ ဝင်ကို ကြည့်လိုက်တော့ စတင်ဖွဲ့စည်းပြီး ၁၉၄၇ ခုနှစ်ကနေ ၂၀၁၉ အထိ အမှုပေါင်း ၁၇၈ မှု ရှိခဲ့ရာမှာ တချို့အမှုတွေက ဒီအတိုင်း မပြီးမပြတ်နဲ့ ရှိနေတာတွေ့ရတယ်။ ဒီအထဲ မှာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ပြစ် မှု (Genocide) နဲ့ပတ်သက်ပြီး ဘော့စနီးယား၊ ဟာဇီဂိုဗီးနားက ဆားဘီးယားကို တရားစွဲဆိုတဲ့ တစ်မှုသာ ရှိခဲ့တယ်။ တချို့အမှုတွေက နယ်မြေအငြင်းပွားမှုတွေဖြစ်ပြီး တရားရုံးက ဖြေရှင်း ပေးခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ တချို့အမှုတွေ ( ဥပမာ- အမေရိကန် က ၁၉၈၄ ခုနှစ်မှာ နိုက်ကရာဂွါနိုင်ငံထဲ ဝင်ရောက်ကျူးကျော်တဲ့ကိစ္စ) ကျတော့ ဆုံးဖြတ်ချက် မတွေ့ရဘူး။ အလားတူ ဂျေရုဆလင်ကို အမေရိကန် သံရုံး ပြောင်းရွှေ့ဖွင့်တဲ့ကိစ္စ ပါလက်စတိုင်းက တရားစွဲဆိုထားတာ ရှိပေမယ့် ခုထိအဖြေမထွက်သေးဘူး။

နိုင်ငံတကာတရားရုံး (ICJ) ရဲ့ ဖွဲ့စည်းပုံအရ ဒီတရားရုံးမှာ ဥက္ကဋ္ဌ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက တရား သူကြီး ၁၅ ဦးပါဝင်ပါတယ်။ တိုက်ကြီးများအလိုက် နိုင်ငံကိုယ်စားပြုတရားသူကြီးတွေ ပါဝင်ရာမှာ အာရှက တရုတ်၊ ဂျပန်နဲ့ အိန္ဒိယက တရားသူကြီးတွေ ပါဝင်တာ တွေ့ရတယ်။ လက်ရှိ ICJ ဥက္ကဋ္ဌက ဆိုမာလီ ယာ နိုင်ငံသား အဗ္ဗဒူကာဝီ အာမက်ယူဆွတ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး စဉ်းစားမိတာတစ်ခု က OIC ကိုယ်စား တရားစွဲဆိုတာက ဂမ်ဘီယာနိုင်ငံဖြစ်သလို ICJ ဥက္ကဋ္ဌကလည်း OIC အဖွဲ့ဝင် ဆိုမာလီ ယာ နိုင်ငံသား ဖြစ်နေတဲ့ကိစ္စပါ။ တရားစီရင်မှုမှာ ဘယ်လောက်အထိ တည့်မတ်မှန်ကန်မလဲဆိုတာကတော့ စောင့်ကြည့်ရပါမယ်။

ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ICJ မှာ အမှုရင်ဆိုင်ရနိုင်တယ်ဆိုတာ အစောကြီးထဲက သိထားပြီး ကြိုတင်ပြင်ဆင် မှုတွေ လုပ်ထားပါတယ်လို့တော့ ဦးဇော်ဌေးက ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဟာ နိုင်ငံတကာခုံရုံးအထိ တရားစွဲဆိုခံရတာကတော့ အင်မတန် ရုပ်ဆိုးလှပါတယ်။ ဒီတရား စွဲ ဆိုမှုဟာ နိုင်ငံအစိုးရကိုသာမဟုတ်။ အဲဒီနိုင်ငံသားတွေကိုပါ သိက္ခာကျ အမည်းစက်ထင်စေပါတယ်။

ဘင်္ဂါလီအရေးအခင်းမှာ ကိုယ့်နိုင်ငံဘက်က ထိရောက်တဲ့ သတင်းအချက်အလက်အမှန် မြန်မြန်ဆန်ဆန် မပေးနိုင်ခဲ့တာကလည်း ဒီပြဿနာကို ကြီးထွားစေခဲ့တယ်။

ICJ သမိုင်းကို ကြည့်လိုက်ရင် တရားစွဲဆိုခံရတဲ့နိုင်ငံ၊ အမှုအခင်း ဖြစ်ကြတဲ့နိုင်ငံတွေဟာ အာဖရိက၊ လက် တင်အမေရိကနဲ့ နိုင်ငံငယ်တွေသာများကြတယ်။ အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက်တို့လို နိုင်ငံကြီးတွေ ပါဝင်ပတ်သက် တဲ့ မှုခင်းတွေမှာတော့ နိုင်ငံကြီးတွေဘက်က အမြဲမှန်နေသလို ဖြစ်နေတာတွေ့ရတယ်။ မြန်မာ နိုင်ငံဟာ အာဖရိကက နိုင်ငံငယ်တစ်နိုင်ငံ မဟုတ်သလို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒီလို နိုင်ငံ တစ်နိုင်ငံက နိုင်ငံတကာ တရားရုံးမှာ ခုလိုတရားစွဲဆို ခံလိုက်ရတဲ့အပေါ်မှာတော့ (နိုင်ငံသား တစ် ဦးအနေနဲ့) အင်မတန် ဝမ်းနည်းစိတ်မကောင်း ဖြစ်မိကြောင်းပါ။

ချစ်ဝင်းမောင် (၁၇ - ၁၁ -၂၀၁၉)

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */