" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 18, 2019

ကုလ အထူးကိုယ်စားလှယ် မောင်တောမြို့မှာ တွေ့ဆုံပွဲ တွေ ကျင်းပ

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-11-18
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ၂၀၁၈၊ အောက်တိုဘာ ၁၅ ရက်နေ့က မောင်တောမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်
Photo: RFA

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရ စ္စတင်းဘာဂနာဟာ မောင်တောမြို့ကို ဒီနေ့ သွားရောက်ပြီး ရခိုင်၊ ဟိန္ဒူ၊ မွတ်စလင် အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မောင်တောခရိုင်ရုံးမှာကျင်းပတဲ့ တွေ့ဆုံပွဲကို တတ်ရောက်ခဲ့တဲ့ ဟိန္ဒူဘာသာဝင် ဦးမောင်မောင်အေးကတော့ သူတို့ကို နေရာရွှေ့ပြောင်းပေးထားတဲ့ အောင်ဗလရွာမှာ စားဝတ်နေရေး၊ ရေ၊ မီး၊ လမ်း စတဲ့ အဆင် မပြေတာတွေကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။


ကုလအထူးကိုယ်စားလှယ်ဟာ ဒေသခံတွေ ကြုံတွေ့နေတဲ့ အခြေအတွေကိုသာ မေးမြန်းသွားခဲ့ပြီး တစ်စုံတရာ မှတ်ချက်ပြု ပြောဆိုခဲ့တာမရှိကြောင်းလည်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲအပြီးမှာ ကုလအထူးကိုယ်စားလှယ်ဟာ မောင်တောဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မစ္စဘာဂနာဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၈ ခုနှစ် ဧပြီလမှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

သူတာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်လေ့လာခဲ့ပြီး ဒီတစ်ခေါက်ခရီးစဉ် ဟာ စတုတ္ထအကြိမ်ဖြစ်ပါတယ်။

ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်တွေအတွင်း ဒုက္ခသည်တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ အာဏာပိုင်တွေနဲ့ ဒေသခံတွေကို တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်လေ့ရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */