" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 21, 2019

ရေကြီးမှု ဖြစ်နိုင်ခြေများတဲ့ကျွန်းကို ပြောင်းရွှေ့ဖို့ ရိုဟင်ဂျာ ထောင်နဲ့ချီ သဘောတူလို့ဆို

SBS
21 October 2019
An October 15, 2018 photo showing a structure constructed on Bhashan Char island as it is being prepared for the relocation of Rohingya refugees Source: Getty


ဘင်္ဂလားဒေ့ရှိနိုင်ငံမှာ ရောက်ရှိနေတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဘင်္ဂလားပင်လယ်အော် မှာ ရှိတဲ့ ကျွန်းတစ်ကျွန်းဆီကို ပြောင်းရွှေ့နေထိုင်ကြဖို့ သဘောတူထားကြပြီလို့ တနင်္ဂနွေနေ့မှာပဲ ဘင်္ဂ လား ဒေ့ရှ် အစိုးရ အရာရှိက ပြောပါတယ်။

အဲဒီကျွန်းဟာ ရေကြီးမှုဒဏ် ခံရလေ့ရှိတဲ့နေရာ ဖြစ်လို့ စိုးရိမ်မကင်းမှုတွေ ဖြစ်နေပေမယ့် ရိုဟင်ဂျာ ဒုက္ခသည် ထောင်နဲ့ချီက အဲဒီနေရာသစ်ကို ပြောင်းရွှေ့နေထိုင်ဖို့ သဘောတူကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းလောက်ကို အဲဒီနေရာမှာ ပြောင်းရွှေ့နေ ချင် တာဖြစ်ပြီး အခုလောလောဆယ် စခန်းတွေမှာ ရိုဟင်ဂျာ အယောက် တစ်သန်းနဲ့ ပြည့်ကြပ်နေတဲ့အတွက် ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကဒုက္ခသည် စခန်းတွေမှာ အရင်ကတည်းက ရိုဟင်ဂျာ အယောက် (၂၀၀၀၀၀) နှစ်သိန်း ရှိနေပြီးသားဖြစ်ပေမယ့် ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းမှုတွေ လုပ် ပြီးနောက်ပိုင်း ရိုဟင်ဂျာ (၇၄၀၀၀၀) ခုနှစ်သိန်း လေးသောင်းကျော် ထပ်မံရောက်ရှိလာတဲ့အတွက် နေရာထိုင်ခင်း အခက် အခဲ ဖြစ်နေကြရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည် ဆိုင်ရာ ကော်မရှင်နာ Mahbub Alam ရဲ့ အဆိုအရ လူတွေပြောင်းရွှေ့နေ ထိုင်မယ့် ကျွန်းကို ကြီးကြပ်ဖို့အတွက် အမှုထမ်းတွေကို မကြာခင် ရက်ပိုင်းအတွင်း စေလွတ်တော့မှာ ဖြစ် တယ်လို့ ပြောပါတယ်။

အခုလောလောဆယ် ရိုဟင်ဂျာ အယောက် ၆၀၀၀-၇၀၀၀ လောက်က Bhashan Char ကျွန်းမှာ ပြောင်း ရွှေ့နေထိုင်ဖို့ သဘောတူကြပြီး ပြောင်းရွှေ့နေထိုင်လိုသူ ဦးရေက တဖြေးဖြေး ပိုများလာနေတယ်လို့ သူက AFP သတင်းကို ပြောသွားခဲ့ပါတယ်။

ဒုက္ခသည်တွေကို ဘယ်အချိန် စတင်ရွှေ့ပြောင်းမလဲ ဆိုတာကို မပြောသေးပေမယ့် နေရာသစ် ဆောက် လုပ်ရေးမှာ ပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ် ရေတပ် အရာရှိတစ်ဦးကတော့ ဒီဇင်ဘာလကစပြီး လူတွေကို ပြောင်း ရွှေ့မယ့်အနေအထားရှိပြီး တစ်ရက်မှာ အယောက် ၅၀၀ နှုန်းနဲ့ ပြောင်းရွှေ့နိုင်တယ်လို့ ပြောပါတယ်။

အဲဒီကျွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်မကနေ လှေနဲ့သွားရင် တစ်နာရီ ခရီးသာရှိပြီး အဲဒီနေရာကို လူတွေ ကို ပို့ဆောင်ဖို့ အစိုးရက အရင်နှစ်ကတည်းက ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

A Nov. 17, 2018 file photo of Balukhali refugee camp near Cox's Bazar, in Bangladesh EPA

လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဲဒီကျွန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကမှ ပေါ်လာတဲ့ကျွန်း ဖြစ် လို့ မိုးရာသီအတွင်းမှာ ဖြစ်တတ်တဲ့ ကြမ်းတမ်းတဲ့ မုန်တိုင်းဒဏ်တွေကို ခံနိုင်ရည် ရှိချင်မှ ရှိမယ်လို့ သတိပေး ထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းက အဲဒီကျွန်းရှိရာ Meghna မြစ်မှာ ဝင်ရောက်ခဲ့လို့ လူပေါင်း သိန်းချီ သေဆုံးခဲ့ရတာမျိုး ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေကို ပြောင်းရွှေ့နေထိုင်စေမယ့် Bhashan Char ကျွန်းကို ရိုဟင်ဂျာ ခေါင်းဆောင်တွေ စေ လွတ်ပြီး နေရေးထိုင်ခင်းတွေကို သွားရောက် လေ့လာခိုင်းမှာ ဖြစ်တယ်လို့လည်း Mr Alam က ပြောပါ တယ်။

လုံခြုံရေးအရ ရေလှိုင်းလုံးတွေကို ကာနိုင်အောင် သုံးမီတာ အမြင့်ရှိတဲ့ အကာအကွယ်တွေ တည်ဆောက် ထားသလို အရေးပေါ်မှာ လိုအပ်မယ့် အစားအသောက်တွေကိုလည်း လနဲ့ချီစာ လုံလောက်အောင် ဂိုဒေါင် မှာ လောင်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၅၀ အရွယ် ကလေး ၄ ယောက်ရဲ့ဖခင် Nur Hossain ရဲ့အဆိုအရ သူနဲ့ သူ့မိသားစုက Bhashan Char ကျွန်းမှာ ပြောင်းရွှေ့နေထိုင်ဖို့ သဘောတူထားပြီလို့ ပြောပြပြီး အဲဒီနေရာထိုင်ခင်းတွေရဲ့ ဗီဒီယိုကို တွေ့မြင်ခဲ့ရပြီလို့ ပြောပါတယ်။

ကျနော်ကတော့ ရွှေ့ပြောင်းနေထိုင်ဖို့ သဘောတူထားပါတယ်။ Leda ဒုက္ခသည် စခန်းမှာ လူတွေ တအား ပြည့်ကြပ်လွန်းနေပါပြီ။ အစားအသောက်နဲ့ နေရေထိုင်းရေးတွေမှာ အခက်အခဲရှိတယ်လို့ သူက AFP သတင်းကို ပြောသွားခဲ့ပါတယ်။

အခုလောလောဆယ် ကုလသမဂ`ဂဖက်က ထုတ်ဖော်ပြောဆို တာမျိုး မလုပ်သေးပါဘူး။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ ကုလသမဂ`ဂ ကိုယ်စားလှယ်တွေ မကြာခင် သတင်းပတ်တွေအတွင်း နေရာသစ် ကို သွားရောက်လေ့လာဖို့ မျှော်လင့်ထားတဲ့အကြောင်း ပြောဆိုထားပါတယ်။
SOURCE AFP - SBS

Link :https://www.sbs.com.au/language/burmese/erkiim-phciungekhmaattaiknkiu-epaangerphiu-riuhnggaa-ethaangnaikhii

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */