Monday, October 21, 2019

လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်ဖြင့် မြန်မာအား အိုင်စီစီတွင် ဂမ်ဘီယာကအမှုဖွင့် တိုင်ကြားမည်

ELEVEN
Published 20 October 2019
Ref: Modernghana


ဘင်္ဂါလီမွတ်စလင်များ (မူရင်းတွင် ရို ဟင်ဂျာဟု ဖော်ပြ) အား လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွဲချက်များဖြင့် ဂမ်ဘီ ယာက မြန်မာအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ) တွင် အမှုဖွင့်တိုင်ကြားသွားမည် ဖြစ်ကြောင်း ဂမ်ဘီယာရှေ့နေချုပ်နှင့် တရားရေးဝန်ကြီး အဘူဘကားမာရင်းတမ်ဘာဒူက သည်ဟိဂ်၌ပြု လုပ်ခဲ့သော ဘင်္ဂါလီများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုဆိုင်ရာ သီးသန့်ဆွေးနွေးပွဲတွင် ကြေညာခဲ့ သည်ဟု Asia Justice Coalition က ထုတ်ပြန်ခဲ့သည်။

ဂမ်ဘီယာ တရားရေးဝန်ကြီးဌာန၏ ဥပဒေအဖွဲ့က အမှုဖွင့်မည့် ထိုစွဲချက်များသည် မြန်မာအာဏာပိုင် များအား အိုင်စီစီတွင် ပထမဆုံးအကြိမ် အမှုဖွင့်မှု ဖြစ်လာမည်ဖြစ်သည်။


အိုင်စီစီ၏ ရဝမ်ဒါဆိုင်ရာ ရှေ့နေများအဖွဲ့၏ အထူးလက်ထောက်အဖြစ် ထမ်းဆောင်ခဲ့ဖူး သော အဘူဘ ကားမာရင်းတမ်ဘာဒူက ၎င်း၏ ဥပဒေအဖွဲ့အား ယင်းကဲ့သို့ အမှုဖွင့်ရန် အောက်တိုဘာ ၄ ရက်က ညွှန် ကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ချိန်တွင် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အနံ့ဆိုးများကို မိုင်ပေါင်းများစွာကတည်းကပင် ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Asia Justice Soalition နှင့် Centre of Peace and Justice တို့က ဒါကာမြို့ရှိ BRAC တက္ကသိုလ်တွင် အောက် တို ဘာ ၁၈ ရက်၌ ထိုသီးသန့်ဆွေးနွေးပွဲကို ပူးတွဲကျင်းပခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */