ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဥပဒေရေးရာ ကော်မတီက ပြုလုပ်တဲ့ နိုင်ငံတကာ အကြမ်းဖက်ဝါဒတိုက် ဖျက်ရေး အစည်းအဝေးမှာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်း ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင်၊ အခုနှစ် ၂ဝ၁၉ မေနဲ့ ဇူလိုင်လတွေထဲမှာပဲ အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS နဲ့ ဆက်စပ်နေတယ်လို့ သံ သယရှိရတဲ့ အာဆာ အဖွဲ့ဝင်တချို့ကို မလေးရှား အာဏာပိုင်တွေ ဖမ်းမိခဲ့တာကိုကြည့်ရင် နိုင်ငံတကာ အ ကြမ်းဖက် ကွန်ရက်ထဲ အာဆာ ပါဝင်နေတာ ငြင်းလို့ မရတဲ့ အချက်ပဲ ဆိုပြီး ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။
တခါ၊ ဦးဟောက်ဒိုဆွမ်း အာရုံစိုက်ပြောတဲ့အထဲ ဘင်္ဂလားဒေ့ရှ်ထဲက ဒုက္ခသည် စခန်းတွေထဲမှာ အဆာ အ ဖွဲ့တွေ လှုပ်ရှားနေတယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
ဦးဟောက်ဒိုဆွမ်းကိုးကားတာကတော့ ဂျာမနီ အခြေစိုက် နိုင်ငံတကာ သတင်းဌာန တစ်ခု ဖြစ်တဲ့ Deutsche Welle DW က လောလောလတ်လတ် ထုတ်ထားတဲ့ သတင်း ဖြစ်ပါတယ်။
DW ရဲ့ အသေးစိတ် စုံစမ်း ဖော်ထုတ်မှုထဲမှာ ဒုက္ခသည်စခန်းတွေထဲ လှုပ်ရှားနေတဲ့ အာဆာ အဖွဲ့ဝင် သုံး ထောင့်ငါးရာကျော် ရှိတယ်လို့ ဆိုထားပါတယ်။
မြန်မာပြည်ဘက် ပြန်ဝင်ချင်တယ်လို့ ပြောသူတွေကို သတ်ဖြတ်ပစ်တာမျိုး အထိ အဲဒီ အာဆာ အဖွဲ့ဝင်တွေ က လုပ်ဆောင်နေတယ်လို့ DW ရဲ့ သတင်းကို ကိုးကားပြီး ဦးဟောက်ဒိုဆွမ်းက ပြောတာ ဖြစ်ပါတယ်။
- ကုလသမဂ္ဂစုံစမ်းရေး ယန္တရားကို မြန်မာလက်ခံမှာမဟုတ်
- ရိုဟင်ဂျာအရေး တာဝန်ခံမှု နိုင်ငံတကာဘက်ကလည်း ယူဖို့လိုတယ်လို့ မြန်မာပြော
- အာဆာ တိုက်ခိုက်မှု - မောင်တောမြောက်ပိုင်း အာဆာရဲ့ စစ်ရေးဆောင်ရွက်ချက် ပေါ်ပေါက်လာပြန်
ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ် မြန်မာ နှစ်နိုင်ငံကြား ဒုက္ခသည် လွှဲပြောင်းရေး အစီအစဉ် အထမမြောက်နိုင် ဖြစ် နေရတဲ့ အကြောင်းတွေထဲ အာဆာရဲ့ ခြိမ်းခြောက်မှုလည်း အဓိကနေရာမှာ ပါဝင်နေတယ်လို့ ဦးဟောက် ဒိုဆွမ်းက ဆိုပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ ဥပဒေရေးရာကော်မတီမှာ ဦးဟောက်ဒိုဆွမ်း ပြောခဲ့တာတွေ အတွက် ဘယ်လို သက်သေ အထောက်အထားတွေ ရှိလို့လည်း ဆိုပြီး ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
"အိန္ဒိယထောက်လှမ်းရေး အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်တွေ အပြင်၊ ဒုက္ခသည်တွေ ကိုယ်တိုင်ရဲ့ ထွက်ဆို ချက်တွေလည်း ရှိတယ်။ မြန်မာပြည်ဘက် မပြန်ဖို့ အခြိမ်းခြောက်ခံရတယ် ဆိုပြီး အထူးသဖြင့် ဟိန္ဒူဘာသာ ဝင်တွေဆီကနေ ကြားရတယ်။ မြန်မာဘက်မှာ ရှိနေတဲ့ သူတို့ရဲ့ မိသားစု အသိုင်းအဝိုင်းတွေက လှမ်းပြီးပြော တာမျိုးတွေ ရှိတယ်။ ပြီးတော့ Deutsche Welle လို အနောက်နိုင်ငံ သတင်းဌာနကလည်း အာဆာတွေ သုံး ထောင့်ငါးရာလောက် ဒုက္ခသည်စခန်းတွေထဲ လှုပ်ရှားနေတဲ့ အကြောင်း အသေးစိတ် ဖော်ထုတ် ရေးထား တာ ရှိတယ်လို့ " ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပါတယ်။
ဒီတော့ တစ်သန်းဆိုတဲ့ လူပမာဏကို အာဆာ သုံးထောင့်ငါးရာ အင်အားက တကယ်တမ်း လွှမ်းမိုးချုပ်ကိုင် ထားနိုင်ပါ့မလား၊ တသွေးတသံတမိန့် အာဏာတည်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ဆိုပြီး ဘီဘီစီက ဦး ဟောက်ဒိုဆွမ်းကို မေးပါတယ်။
ဦးဟောက်ဒိုဆွမ်း တုံ့ပြန် ဖြေဆိုတာကတော့ …
"လူ ၇ သိန်း၊ ၁ သန်း အစုလိုက်ကြီး တခါတည်း ပြန်လာဖို့ ဆိုတာ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နှစ်နိုင်ငံ သဘောတူထားတာကလည်း အသုတ်လိုက် အသုတ်လိုက် လွှဲပြောင်းဖို့ လက်ခံဖို့ပဲ ဖြစ်တယ်။ ကျွန် တော်တို့ဘက်က စိစစ်လက်ခံတာတွေ၊ နေရာချပေးတာတွေ၊ လုံခြုံရေး စောင့်ရှောက်ပေး နိုင်တာတွေ ပေါ် မူတည်ပြီး အစုလိုက်အစုလိုက် လက်ခံမှာ ဖြစ်တယ်။"
"လွှဲပြောင်းလက်ခံဖို့ ရက်သတ်မှတ်ခဲ့ကြတဲ့ နောက်ဆုံးတခေါက်တုန်းကလည်း လူ သုံးထောင်ကျော် စာရင်း ကို ဖြစ်တယ်။ အဲဒီလောက် အရေအတွက်နဲ့ အဲဒီ စာရင်းထဲ ဘယ်သူတွေ ပါဝင်လဲ ဆိုတာ အာဆာတွေ သိ မှာပဲ။" ဆိုပြီး ဦးဟောက်ဒိုဆွမ်း ဖြေဆိုပါတယ်။
တခါ၊ အာဆာအဖွဲ့ဟာ စတင် သက်ဝင်လှုပ်ရှားလာကတည်းက မြန်မာပြည်ဘက်ခြမ်းမှာ အမြဲတမ်း အခြေ စိုက်တဲ့ စခန်းမျိုး မထားရှိဘူးလို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။-
ဘင်္ဂလားဒေ့ရှ်ဘက်မှာ အခြေစိုက်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို ထိုးဖောက် ဝင်ရောက်၊ ဒေသခံ မွတ် ဆလင်တွေကို သိမ်းသွင်း၊ စစ်သင်တန်းတွေ ပေးတာမျိုး လုပ်တာ ဖြစ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ကုလ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာ အကြမ်းဖက် ကွန်ရက်နဲ့ ချိတ်ဆက်နေတဲ့ အဖွဲ့အစည်းတစ်ခု ဘင်္ဂလားဒေ့ရှ်ထဲအခြေ စိုက် လှုပ်ရှားနေကြောင်း မြန်မာအနေနဲ့ ခိုင်ခိုင်မာမာ သိထားရင် ဘင်္ဂလားဒေ့ရှ် အစိုးရကို မြန်မာဘက်က တရားဝင် ပြောတာမျိုး မလုပ်ဘူးလားလို့ ဦးဟောက်ဒိုဆွမ်းကို ဘီဘီစီက မေးပါတယ်။
လောလောလတ်လတ် အထွေထွေ ညီလာခံ ကျင်းပနေတုန်းမှာပဲ တရုတ်က ကြားဝင်ပြီး မြန်မာ၊ ဘင်္ဂလား ဒေ့ရှ် ၊ တရုတ် သုံးပွင့်ဆိုင် အစည်းအဝေးတစ်ရပ် အလွတ်သဘော နယူးယောက်မှာ လုပ်ထားပါတယ်။ အဲဒီ အစည်း အဝေးမှာလည်း ဘင်္ဂလားဒေ့ရှ်ကို အာဆာအကြောင်း ထပ်ပြောခဲ့တယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆို ပါတယ်။
" ကျွန်တော်တို့ ထပ်ပြောပါတယ်။ သူတို့ဘက်က တုံ့ပြန်တာကတော့ ….သူတို့ သုံးနေကြ စကားရှိပါတယ်။အကြမ်း ဖက် အဖွဲ့တိုင်း အပေါ် Zero Tolerance မူ ကိုင်စွဲတယ်လို့ သူတို့က အမြဲပြောပါတယ်။ အကြမ်း ဖက် အဖွဲ့ ဆိုရင် လုံးဝ သည်းမခံဘူး၊ လက်မခံဘူးတဲ့ မူပေါ့။ သူတို့က အာဆာအဖွဲ့ သူတို့ထဲ မရှိဘူးလို့ မပြော ဘူး။ သူတို့နယ်မြေမှာ အကြမ်းဖက် အဖွဲ့ဆိုရင် ခွင့်မလွှတ်ဘူး ဆိုတာလောက်ပဲ သူတို့က ပြောတယ်" လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်ဝါဒ ခေါင်းထောင်မထဖို့ မြန်မာ အစိုးရက ကိုင်တွယ်တဲ့အခါ မတူကွဲပြားတဲ့ အသိုင်း အဝိုင်းတွေကြား နားလည် သည်းခံမှု ပိုရှိနိုင်ရေးကို အာရုံစိုက် လုပ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။
ဘာသာပေါင်းစုံ ယဉ်ကျေးမှု ပေါင်းစုံ ထိတွေ့ဆက်ဆံ ဖလှယ်ကြတဲ့ စကားပြောပွဲတွေ ပြုလုပ်တာကို မြန်မာ အစိုးရက အားပေးတယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောရင်းမှာပဲ၊ လုံခြုံရေးအရဆိုရင်လည်း နိုင်ငံတကာ ရဲ တပ်ဖွဲ့ အင်တာပို၊ အာဆီယံ ရဲတပ်ဖွဲ့နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ကြား ပူး ပေါင်း ဆောင်ရွက်နေတယ်လို့ လည်း ဆိုပါတယ်။
Link : Here



No comments:
Post a Comment