B B C
ဘီဘီစီ မြန်မာပိုင်း
12 October 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အနီးမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးပေါ်က လူ ၃၁ ယောက်ကို အေအေလက် နက်ကိုင်တွေ ဖမ်းခေါ်သွားခဲ့တယ်လို့ အစိုးရ စစ်တပ်ကပြောပါတယ်။
ဘီဘီစီ မြန်မာပိုင်း
12 October 2019
မြောက်ဦးမြို့ အလွန် ထမရာဇ်ကျေးရွာအနီးမှာ အောက်တိုဘာ ၁၁ ရက်၊ သောကြာနေ့တုန်းက မန္တလေး-စစ်တွေသွား ရွှေပြည်တန်ဘတ်စ်ကားကို အေအေလက်နက်ကိုင်တွေက ထိန်းချုပ်ပြီး လူတွေကို ခေါ်သွားခဲ့ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပါတယ်။
ဖမ်းခေါ်ခံသွားရတဲ့ လူတွေထဲ မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင် ၁၉ ယောက်လည်း ပါဝင်နေပါတယ်။ သူတို့ဟာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ ဆီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကနေ သင်တန်းဆင်းလာကြတဲ့သူတွေ ဖြစ်ပါတယ်။
- ကားဂိတ်မှူးနဲ့ကျောက်သမားတွေပါဝင်နေတဲ့ မန္တလေးမှာဖမ်းမိတဲ့ အေအေ အဖွဲ့
- ဘူးသီးတောင်မြို့ စစ်တပ် တပ်မ သွားလမ်းရှိ NLD ရုံးအနီး မိုင်းပေါက်ကွဲမှုဖြစ်
- ယိုးတရုပ်ကူးတို့ဆိပ်မှာ မိုင်းခွဲတိုက်ခိုက်မှု ဖြစ်၊ ဒေသခံတွေ စိုးရိမ်နေကြရ
စုစုပေါင်း လူ ၃၁ ယောက်ကို ဖမ်းခေါ်သွားတဲ့ အေအေအဖွဲ့နောက် တပ်မတော် စစ်ကြောင်းက နောက်ကနေ လိုက်နေတယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။
ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အေအေအဖွဲ့ဘက်ကို မေးမြန်းဖို့ ကြိုးစားနေပေမယ့် အခုထက်ထိ အဆက်အ သွယ် မရသေးဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒေသခံတွေ အပြောအရလည်း မြောက်ဦးမြို့နယ်နဲ့ မဟာမုနိကြား လမ်းတလျှောက်က ရွာတွေမှာ အစိုးရတပ် စစ်ကြောင်းတွေ ဝင်ရောက်နေတယ်လို့ သိရပါတယ်။
ပေါက်တောပြင်၊ အုတ်ဖိုကန် စတဲ့ ရွာတွေအနီး အစိုးရတပ်တွေ လှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းတွေကို ရွာခံတွေဆီကနေ သိထားရတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း ပြောပါတယ်။
ဒီအခြေအနေမှာပဲ မိုင်းကွဲမှုတွေလည်း ပေါ်ပေါက်လာပါတယ်။ တောင်ဖြူဆည်နဲ့ လက္ကာဘက်မှာ မိုင်း တွေကွဲကြောင်း ကြားသိထားရတယ်လို့ လက်ရှိ မြေပြင် အခြေအနေနဲ့ ပတ်သက်ပြီး ဦးထွန်းသာစိန်က ပြောပါတယ်။
ဒါ့ကြောင့် ရွာတွေကနေ လူတွေ ထွက်ပြေး ရှောင်တိမ်းကြတာမျိုးတွေလည်း ရှိနေတယ်လို့လည်း ဦးထွန်းသာစိန်က ဆိုပါတယ်။

ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း
အခုလို အေအေဘက်က လူတွေဖမ်းဆီး၊ အစိုးရတပ်က နောက်ကနေလိုက်နဲ့ အခြေအနေ ရှုပ်ထွေးနေပြီး ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
တခါ၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့ အောက်တိုဘာ ၁ဝ ရက်နေ့တုန်းကလည်း ဘူးသီးတောင် မြို့နယ်ထဲမှာ အစိုးရစစ်တပ်ယာဉ်တန်းကို အေအေတွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပေမယ့် လူနဲ့ မော်တော်ယာဉ်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဉ်မှာတော့ အဝေးကထိန်းချုပ် ဖောက်ခွဲနိုင်တဲ့ မကွဲသေးတဲ့ မိုင်း ၄ လုံးကို အသက်မဲ့အောင်လုပ်ပြီး သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
အေအတွေဟာ ရပ်ရွာတွေထဲ အရပ်သားတွေ အသွင်နဲ့ ဝင်ရောက်နေတယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်ထဲ ရေးထားပြီး စစ်ယာဉ်တန်းတွေကို မိုင်းဆွဲတာမျိုး၊ တပ်စခန်းတွေကို ဝင်တိုက်တာမျိုးတွေ အေအေတွေဘက်က လုပ်နေတယ်လို့ ဆိုထားပါတယ်။
Link : Here

No comments:
Post a Comment