VOA
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
15 စက်တင်ဘာ၊ 2019
ရေကြီးနေတဲ့ ကူတူပလောင် ဒုက္ခသည်စခန်းထဲ ဖြတ်ကူးလာနေသည့် ရိုဟင်ဂျာကလေးမလေးတဦး။ (ဇူလိုင် ၄၊ ၂၀၁၈)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ ဒီသီတင်းပတ်အတွင်း မိုးသည်းထန်ပြီး ပိုင်ဆိုင်မှုတွေအားလုံး ရေ ထဲ မျောပါ ဆုံးရှုံးခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ကူညီ ထောက်ပံ့ဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဒီနှစ်အတွင်း အကြီးမားဆုံး ကယ်ဆယ်ရေးအစီအစဉ်ကို စတင်လိုက်ပါတယ်။ ဂျီနီဗာကနေ Lisa Schlein သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မိုးသည်းထန်တာကြောင့် ဒုက္ခသည်စခန်းတွေတွင်းမှာ အပျက်အစီးတွေ ရှိခဲ့ပြီး ပိုင်ဆိုင်မှုအားလုံး ရေထဲ မျောပါ ဆုံးရှုံးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၆,၀၀၀ အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ၂၄ နာရီအတွင်း စာနပ်ရိက္ခာ ထောက်ပံ့ခဲ့ပါတယ်။ ရေကြီးမှုကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့ရတဲ့ ဒေသခံပြည်သူ ၈၀၀ ကျော် ကိုလည်း စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ကြောင်း WFP က ပြောဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက် တိုဘာလအထိ ကြာမြင့်တဲ့ မုတ်သုံရာသီအတွင်း ရေကြီးလေ့ရှိတဲ့ အနိမ့်ပိုင်းနိုင်ငံ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မိုးရွာသွန်းမှုမှာတော့ မိုးရေချိန် အလွန်အကျွံများခဲ့ပြီး အပျက်အစီးတွေလည်း များခဲ့တာပါ။ ဒုက္ခသည်စခန်းတွေတွင်းမှာ ကြိုးစားပမ်းစား ရှာဖွေထားရတဲ့ မဖြစ်စလောက် ပိုင်ဆိုင်မှုလေး တွေ ဆုံးရှုံးရတဲ့ မိသားစုတွေရဲ့ ဝမ်းနည်းစရာ အခြေအနေကို ကိုယ်တိုင်တွေ့ကြုံရတဲ့ WFP ဝန်ထမ်းတဦးရဲ့ တင်ပြချက်ကို WFP ပြောခွင့်ရ Herve Verhoosel က ဗွီအိုအေကို ပြောပြပါတယ်။
“မိုးသည်းထန်ပြီး ရေစီးကြမ်းတာကြောင့် အိပ်ယာအဖြစ်သုံးတဲ့ အခင်းတွေရော၊ အိုးခွက်တွေရော အိမ်ထဲမှာ ရှိသမျှ အားလုံး မျောပါသွားခဲ့ပြီး မိသားစုတွေမှာ ရှိသမျှ ဆုံးရှုံးကုန်ကြပါတယ်။ အကုန်လုံးနီးပါး ဆုံးရှုံးကုန် တာပါ။ ချက်ပြုတ်စရာလည်း မရှိပါဘူး။ အိပ်စရာလည်း မရှိပါဘူး။ အဝတ်အထည်တွေလည်း ဆုံးရှုံးပါတယ်။ စခန်းထဲရောက်ပြီးမှ ကြိုးစားစုဆောင်းထားရတဲ့ ပစ္စည်းလေးတွေက တညတည်းနဲ့ ဆုံးရှုံးကုန်တဲ့ အခြေ အနေပါ။”
ရာသီဥတု ပြောင်းလဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မုတ်သုံရာသီနဲ့ မိုးရွာသွန်းမှု ပိုပြီး ပြင်းထန်လာတာပါ။ ရာသီဥတုကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေ သက်သာစေရေး အတွက် WFP က ဒုက္ခသည်တွေ၊ နောက် သူတို့ကို လက်ခံထားတဲ့ အိမ်ရှင် လူမှုအသိုင်းအဝိုင်းတွေနဲ့အတူ ဆောင်ရွက်နေတယ်လို့လည်း Verhoosel က ပြောပါတယ်။
WFP ဘက်က အဆိုးရွားဆုံး အခြေအနေကို ကြိုတင်တွက်ဆပြီး မုတ်သုံရာသီ မတိုင်ခင်ကတည်းက ဒုက္ခ သည်စခန်းတွေအတွင်း အဓိကကျတဲ့ နေရာတွေမှာ ရိက္ခာတွေ ကြိုပြီး သိုလှောင်ထားခဲ့ကြောင်း၊ အဲဒါ ကြောင့်လည်း လက်ရှိ အရေးပေါ် အခြေအနေကို အလျင်အမြန် တုံ့ပြန်ကိုင်တွယ်နိုင်တာလို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက ရိုဟင်ဂျာ ၇ သိန်းကျော်က အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာကြရသူတွေပါ။ မြန်မာဘက်က ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံမယ်လို့ အစိုးရက ပြောဆိုထားပေမယ့် သူတို့ကို ရိုဟင်ဂျာအဖြစ် အသိအ မှတ်မပြုပါဘူး။ ရိုဟင်ဂျာတွေဘက်ကတော့ နိုင်ငံသားဖြစ်ခွင့် အာမခံချက်နဲ့ ရိုဟင်ဂျာအဖြစ် အသိအ မှတ်ပြု ရေး တောင်းဆိုနေကြတာကြောင့် ဒုက္ခသည်တွေ ဌာနေပြန်ရေးက အခုအချိန်ထိ မရေမရာ ဖြစ်နေဆဲပါ။

Link : Here
No comments:
Post a Comment