" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, July 18, 2019

သမ္မတ Trump နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ဘာသာရေးနှိပ် ကွပ်ခံရသူတွေထဲ မြန်မာနိုင်ငံက ၄ဦး ပါဝင်

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam  

နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးနှိပ်ကွပ်မှုကနေ ထွက်ပြေးလွတ်မြောက်လာ ကြသူပေါင်း ၂၇ ဦးကို အေ မ ရိကန်သမ္မတ Donald Trump က အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံက လေးဦးလည်း ပါဝင်ပြီး မြန်မာစစ်တပ်အနေနဲ့ ဘာသာရေးအရ ခွဲခြား ဖိနှိပ်မှုတွေ ကို ဆက်လက် ကျူးလွန်နေကြောင်း အမေရိကန်သမ္မတ Trump ကို တင်ပြခဲ့ကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။



အမေရိကန်နိုင်ငံခြားရေးဌာနက ဦးစီးပြီး ၀ါရှင်တန်ဒီစီမှာ ဇူလိုင်လ ၁၆-၁၈ ရက်နေ့ ထိသုံးရက်ကြာ ကျင်းပေ န တဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ၀န်ကြီးများအ ဆင့် အစည်းအဝေးရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးဖိနှိပ် ခံရမှုမှာ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသူပေါင်း ၂၇ ဦးကို မနေ့ ဗုဒ္ဓဟူးနေ့က သမ္မတ Donald Trump က အိမ်ဖြူတော်ကို ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။

အခုလို တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ သမ္မ Trump က- ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး အခြေခံအချက်ဖြစ်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလေးပေးကြိုးပမ်းဆောင်ရွက်နေတာကို ပြသတဲ့အနေနဲ့ ဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“လူတွေအနေနဲ့ နိုင်ငံတွင်းမှာ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်မရဘူးဆိုရင် ကျန်ရှိတဲ့ အခွင့်အေ ရးတွေ ဆုံးရှုံးရဖို့ အန္တရာယ်ရှိပြီး၊ လွတ်လပ်မှုဆိုတာလည်း အဓိပ္ပါယ် မရှိတော့ပါဘူး။ ဒါကြောင့် အမေရိ ကန် ပြည်ထောင်စုအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ထောက်ခံအားပေးဖို့ မနားမနေ ကြိုးပမ်းသွား မှာ ဖြစ် ပါတယ်။ ဒီနေ့ လာရောက်ကြတဲ့ လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒုက္ခတွေ အများကြီး ဖြတ်ကျော် ခံရသူတွေဖြစ်တဲ့အတွက် ချီးကျူးပါတယ်။ ဂုဏ်ယူပါတယ်။ ကျနော့်အနေနဲ့ အမြဲရပ်တည်ပေးသွားမှာ ဖြစ် ပါတယ်။”

ကမ္ဘာတ၀ှမ်းက ဘာသာရေးဖိနှိပ်ခံရသူတွေကို အိမ်ဖြူတော် ဖိတ်ခေါ်တွေ့ဆုံရာမှာလည်း သူတို့ရဲ့ ကြောက် မက်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ၊ ခံစားချက်တွေကို သမ္မတ Trump က မေးမြန်းခဲ့ သလို သူတို့ဘက်ကလည်း ပြန်လည် ပြောကြားခွင့်ရခဲ့ပါတယ်။ အဲဒီထဲမှာ- သမ္မတနဲ့ အနီးဆုံးရှိနေပြီး ပထ မ ဆုံးပြောခွင့်ရတဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ်က ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ KBC ကချင်နှစ် ချင်းအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေ ပြီး၊မြန်မာစစ်တပ်ကနေ ခရစ်ယာန်တွေကို နှိပ်ကွက်မှုတွေ ရှိနေတဲ့အကြောင်း အခုလိုပြောပါတယ်။

“ကျနော်က မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင် Baptist ခရစ်ယာန်ကျောင်းကပါ။ မြန်မာနိုင်ငံမှာ ကျနော်တို့ ခရစ်ယာန်တွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိပ်ကွပ်နေပါတယ်။ ဘာသာရေးကို လွတ်လပ်စွာ ကိုး ကွယ်ဖို့ အခွင့်အရေးလည်း သိပ်မရကြပါဘူး။ ဒါ့အပြင် တိုင်းရင်း လက်နက်ကိုင် တပ်တွေက မြန်မာ အစိုး ရ ကို ခုခံတိုက်ခိုက်နေရပါတယ်။ ဒါ့ကြောင့် အမေရိကန်အစိုးရအနေနဲ့ တိုင်းရင် လူနည်းစုတွေကို ဦး စားပေးပြီး တိုင်းရင်သားခေါင်းဆောင်တွေကိုဒီမိုကရေစီ၊ ဖက်ဒရယ်လစ်ဇင် အောင်မြင်ရေးအတွက် အကူ အညီပေးဖို့ သိပ်ကို အရေးကြီးပါတယ်။ မနေ့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အတွက်လည်း သိပ်ကို ကျေးဇူးတင်ပါတယ်။”

Dr. Samson Hkalam နဲ့အတူ သမ္မတ Trump ဖိတ်ကြားခဲ့သူတွေထဲ- ကချင်ပြည်နယ်မှာရှိတဲ့ Baptist ဘုရား ရှစ်ခိုးကျောင်းတွေကို မြန်မာစစ်တပ်က ဗုံးခွဲဖျက်စီးခဲ့တာတွေကို သတင်းထောက်တွေကို လိုက်လံပြသခဲ့ တဲ့ အတွက် စစ်တပ်က ဖမ်းဆီး ထောင်ချခဲ့တဲ့ ကချင် Baptist သင်းအုပ်ဆရာ နှစ်ဦးထဲက တဦးဖြစ်သူ လန်ဂျော် ဂမ်ဆိုင်းလည်းပါဝင်ပါတယ်။

နောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအ တွင်း အသက်မသေ လွတ်မြောက်လာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေ ထိုင်နေ သူလည်းဖြစ်၊ ဒုက္ခသည်တွေအရေးဆောင်ရွက်နေတဲ့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဌ Mohib Ullah လည်း သမ္မတ Trump နဲ့ တွေ့ဆုံ သူတွေထဲမှာ ပါဝင်ပါတယ်။ သူဟာ မတ်လ (၁၉)ရက်နေ့က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ရိုဟင်ဂျာဒုက္ခသည်တွေအရေး တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ Mohib Ullah ဟာ ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ် ရုက္ခဗေဒ ဘွဲ့ရ၊ အထက်တန်းကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Mohib Ullah က သမ္မတ Trump နဲ့တွေ့ဆုံစဉ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အမေရိကန်အစိုးရရဲ့ ကူ ညီဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့လည်းအခုလို မေးခဲ့ပါတယ်။

“ကျနော်က Bangladesh ဒုက္ခသယ်စခန်းက Rohingya တဦးပါ။ Rohingya ဒုက္ခသည် အများစုဟာ ဌါနေကို အမြန်ဆုံးပြန်ချင်ကြပါတယ်။ ဒါ့ကြောင့်ကျနော်တို့ကို ကူညီဖို့အမေရိကန်ရဲ့ အစီအစဉ်ကို သိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။”

သမ္မတ Trump နဲ့ တွေ့ဆုံခွင့်ရခဲ့သူတွေထဲမှာ ရိုဟင်ဂျာ မွတ်စလင် အသိုင်းအ၀ိုင်းအတွက် နိုင်ငံတကာက အာရုံစိုက်လာအောင် စည်းရုံးလှုပ်ရှားနေသူလည်းဖြစ် အင်းစိန်အကျဉ်းထောင်မှာ နှစ်ပေါင်းများစွာ အကျဉ်း ကျခဲ့သူလည်းဖြစ်ပြီး Women’s Peace Arakan နဲ့ Justice for Women အဖွဲ့တွေကို တည်ထောင်ခဲ့သူ လည်းဖြစ်တဲ့ မဝေေ၀နုလည်း ပါဝင်ပါတယ်။

မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ သိရီလင်္ကာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်၊ ဆူ ဒန်၊ ရီမင်၊ အီရီထရီးယား၊ တူရကီ စသဖြင့် နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးနှိပ်ကွပ်မှုကြောင့် အသက်မေ သပဲ လွတ်မြောက်လာသူပေါင်း ၂၇ ဦးကို သမ္မတ ထရမ့် ဖိတ်ခေါ်တွေ့ဆုံသူတွေထဲ- အီရတ် နိုင်ငံက IS စစ်သွေးကြတွေရဲ့ နှိပ်ကွက်မှုကိုခံခဲ့ရပြီး အသက်မသေလွတ်မြောက်လာတဲ့ ၂၀၁၈ခုနှစ် နိုဘယ်ငြိမ်း ချမ်း ရေးဆုရှင် Yezidi အမျိုးသမီး Nadia Murad လည်းပါဝင်ခဲ့ပြီး Yezidi တွေ နေရပ်ပြန်ရေး အမေရိကန်က အ ကူအညီပေးဖို့လည်း သမ္မတ Trump ကိုတောင်းဆိုခဲ့ပါတယ်။ 
လင်.၊https://burmese.voanews.com/a/president-trump-met-27-survivors-of-religius-persecution-in-17-different-countries/5005158.htm

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */