" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, July 18, 2019

ရခိုင်ပြဿနာ မြန်မာအစိုးရ တာဝန်ယူဖြေရှင်းဖို့ ကန် ဒုသမ္မတ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
18 ဇူလိုင်၊ 2019
အမေရိကန်ဒုသမ္မတ Mike Pence
 မြန်မာနိုင်ငံက လူနည်းစုရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမေရိကန်ပြည် ထောင်စုအနေနဲ့ မေ့ထားမှာမဟုတ်ပဲ၊ ဒီအတွက် တာဝန်ယူ တာဝန်ခံဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence ကပြောပါတယ်။ မြန်မာနိုင်ငံတွင်းကနေ ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီး ချင်းဘင်္ဂလာဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြရတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိတဲ့ မြန်မာစစ်တပ် ခေါင်းဆာင် လေးဦးကို အမေရိကန်က အရေးယူခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဖမ်းဆီးမှုတွေကိုထောက်ပြပြီး အဲဒီအစည်းအဝေးမှာ တတ်ရောက်နေတဲ့ ရိုဟင်ဂျာအမျိုးသမီးငယ် မဝေေ၀နုကို ချီးကျူးဂုဏ်ပြုပါတယ်။

သမ္မတ Trump အစိုးရ လက်ထက်မှာ ကမ္ဘာတဝှမ်း ဘာသာရေး လွတ်လပ်ခွင့် ဦးစားပေးအဖြစ် ဆောင်ရွက်နေပြီး၊ ကမ္ဘာတဝှမ်းက ဘာသာရေးဖိနှိပ်ခံရသူတွေနဲ့ ဖိနှိပ်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အေရးယူကိုင် တွယ် ဆောင်ရွက်နေတယ် လို့ဒုသမ္မတ Mike Pence က ပြောလိုက်ပါတယ်။ ဒီအတွက် တိုးတက် အောင်မြင်မှု အချို့ရှိပေမယ့် လုပ်ဆောင်စရာတွေ အများကြီးရှိနေတယ်လို့လည်း ပြောပါတယ်။ အီရန်၊ တူရ ကီ၊ ဗင်နီဇွဲလား က ဘာသာရေးဖိနှိပ်မှုတွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဘယ်လို အရေးယူ ကူညီ ဆောင်ရွက်မှုပေးနေတဲ့အကြောင်း ပြောပါတယ်။

ဒုသမ္မတ Mike Pence ဘာသာရေး လွတ်လပ်ခွင့်ကို အမေရိကန် နိုင်ငံခြားရေး မူဝါဒရဲ့ ဦးစားပေးတရပ် အေ နနဲ့ ဦးစီးဦးဆောင်ပြုနေသူဖြစ်ပါတယ်။ အမေရိကန်က ဦးဆောင်ကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ဝန်ကြီးအဆင့် နိုင်ငံတကာ အစည်းအဝေးမှာ မကြာသေးမီကပဲ ပြောဆိုသွားတာပါ။

မနေ့တုန်းကတော့ မြန်မာပြည်က ကချင်နဲ့ ရိုဟင်ဂျာကိုယ်စားလှယ်တွေ အပါအဝင် ကမ္ဘာတဝှမ်းက ဘာ သာရေးအရ ဖိနှိပ်ခံရသူ ၂၇ ဦးတို့ကို သမ္မတ Donald Trump က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး သူတို့ကြုံရတဲ့အြ့ဖစ်အပျက်တွေကို လက်ခံနားထောင် ခဲ့ပါတယ်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */