Thursday, July 25, 2019

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ နိုင်ငံခြားရေးဝန်ကြီး ဌာန ဦးဆောင်ဆွေးနွေးမည်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-25
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ခြံစည်းရိုးနားမှာနေနေတဲ့ မွတ်စလင် ကလေးငယ်တွေကို တွေ့ရစဉ် Photo: RFA

                                        

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်ဆလင်ဒုက္ခသည်တွေကိုလာမယ့် စက်တင်ဘာလမှာသူတို့နေရပ်ပြန် နိုင် ဖို့အလား အလာရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။

မနက်ဖြန် ဇူလိုင်လ ၂၆ ရက်နေ့မှာလည်း မြန်မာကိုယ်စားလှယ်အဖွဲ့တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွား ရောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြမယ်လို့ အဲဒီ ခရီး စဉ်မှာပါဝင်သွားမယ့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကိုကိုနိုင် က RFA ကိုပြောပါတယ်။

ဒုက္ခသည်တွေနေရပ်ပြန်ဖို့အရေး ဆွေးနွေးဖို့ဖြစ်ပေမယ့်လည်း အသေးစိတ်ဘယ်လိုဆွေးနွေးကြမယ်ဆို တာတွေ ကိုတော့ ထည့်သွင်းပြောကြားတာမရှိခဲ့ပါဘူး။

ဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ဖို့ အစီအစဉ် စက်တင်ဘာလထဲမှာ စတင်ဖို့ မျှော်မှန်းထားပြီး ဒီလအစော ပိုင်းက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina တရုတ်ပြည်ကို သွားရောက်ခဲ့ပြီးတဲ့နောက် တိုးတက်ဖြစ် ထွန်းမှုတွေ ပိုမိုမြန်ဆန်လာခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါ တယ်။ဒုက္ခသည်တွေကို လုံခြုံချောမွေ့စွာ ပြန်ပို့နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်အရေး ကိစ္စအပေါ် ကြိုးပမ်းဆောင် ရွက် မှုတွေ မြှင့်တင်ဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေကတော့ သူတို့တောင်းဆိုချက်တွေဖြစ်တဲ့ နိုင်ငံသား ဖြစ်ခွင့်ရရေး၊ သူတို့ ရွာတွေဆီ ဘေးကင်းလုံခြုံစွာနဲ့ ပြန်ခွင့်ရရေးတို့ကို နှစ်နိုင်ငံအစိုးရဘက်က မလိုက်မလျောမချင်းနဲ့ လက်ရှိရခိုင်ပြည် နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေလို့ လုံခြုံရေးအာမခံချက် မရှိလို့ နေရပ်ပြန်ရေးမှာ မဖြစ်နိုင်သေးူဘူးလို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ် Photo: Aung Thain Kha/RFA 

ဘင်္ဂလားဒေရှ် ကော့ဆက်စ်ဘဇား တန်ကာလီကန် ဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုခင်မောင် က RFA ကို အခုလိုပြောပါတယ်။

‘’ကျွန်တော်တို့ အစိုးရကပြောနေတဲ့ တရားမဝင် NVC ကို မြန်မာအစိုးရက ရုပ်သိမ်းပေးရမယ်၊ ကိုယ့်ရွာ ကို ကိုယ်ပြန်နိုင်ခွင့်ရှိရမယ်၊ ကျွန်တော်တို့ကို နိုင်ငံသားပေးရမယ်၊ ခု ပြန်မယ့်နေရာက ငြိမ်းချမ်းမှုမရှိရင် ကျွန် တော် တို့က လုံခြုံမှုမရှိရင် ပြန်နိုင်မလား၊ အဓိက စိန်ခေါ်မှုက လုံခြုံမှုမရှိဘဲ ဘယ်လိုမှမဖြစ်နိုင်ဘူး’’

မြန်မာအစိုးရဖက်ကတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က မောင်တောဒေသမြောက်ပိုင်းဘက်ကို တပ်မတော် နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့လို့ ဒုက္ခသည်အတော်များများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ဆီ ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုတွေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာဖို့အတွက် မြန် မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေအတွက် နေအိမ်တွေဆောက်ပေးတာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ရခိုင်ပြည်နယ်က မြေပြင်အခြေအနေတွေဟာ ရိုဟင်ဂျာတွေ ပြန်လည်အခြေချနေထိုင်ဖို့ အ တွက် မသင့်တော်သေးဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်း ဘာဂနာ က ဇူလိုင် ၂၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁ဝ ရက်ကြာ လေ့လာရေးသွားရောက်ခဲ့ပြီးနောက် ဒါကာမြို့ကို ရောက်ရှိလာတဲ့ မစ္စဘာဂနာ က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ရှာဟီဒူလ်း ဟတ် ShahidulHaque နဲ့ တွေ့ဆုံရာမှာ ပြောဆို ခဲ့တာပါ။ မစ္စဘာဂနာ ဟာ ကော့ဇ်ဘဇား ဒေသက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို မနေ့က သွားရောက်ကြည့်ရှု ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကနေစပြီး ၁ ရက်ကို ၁၅၀ နှုန်းနဲ့ စုစုပေါင်း ဒုက္ခသည်၂၂၀၀ ကျော်ကို ပထမအသုတ်အနေနဲ့ ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံအစိုးရအကြား မူလကသဘောတူထားခဲ့ပေ မယ့်လည်း ခုချိန်ထိ ပြန်မလာနိုင်ကြသေးပါဘူး။

(RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြသည်)


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */