Thursday, July 25, 2019

ရိုဟင်ဂျာတွေ စက်တင်ဘာ ပြန်နိုင်ဖွယ်ရှိလို့ ဘင်္ဂလား ဒေ့ရှ်ဝန်ကြီး ပြောကြား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-25
ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ကို တွေ့ရစဉ် Photo: AK Abdul Momen's FB 

 ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင် က သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ပြန်ပို့ရေး အစီအစဉ်ကို လာမယ့် စက်တင်ဘာလလောက်မှာ စတင်နိုင်ဖွယ်ရှိတယ်လို့ ပြော ကြား လိုက်ပါတယ်။ ဒါကာမြို့မှာ သတင်းထောက်တွေနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာမှာ သူက အခုလို ပြောခဲ့ တာပါ။
ဝန်ကြီးချုပ် ရှိတ် ဟာစီနာ တရုတ်ပြည်ကို သွားရောက်ခဲ့ပြီးနောက်မှာ လုပ်ငန်းစဉ်တွေက ပိုပြီး မြန်မြန်ဆန် ဆန် ဖြစ်လာခဲ့ပါတယ်၊ ရိုဟင်ဂျာတွေ ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့ မိတ်ဆွေနိုင်ငံအားလုံးထံက အေ ကာင်းမြင်တဲ့ စကားတွေကို အားရစရာကြားနေရပါတယ်လို့လည်း သူက ပြောပါတယ်။ ဝန်ကြီး မိုမန်ဟာ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်နဲ့ အမေရိကန် လွှတ်တော်အမတ်တွေကို ဒီလအတွင်း သွားရောက်တွေ့ ဆုံ ပြီး ဒါကာမြို့ကို အခုရက် ပိုင်း ပြန်ရောက်လာတာပါ။ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ ရခိုင်ပြည်နယ်ပြန်လည် သွားရောက်ရေးအတွက် ပိုမိုကြိုးပမ်းကြဖု့ိ နိုင်ငံတကာကို တိုက်တွန်းခဲ့ကြောင်းနဲ့ လာမယ့် စက်တင်ဘာ လ ကျင်းပမယ့် ကုလသမဂ္ဂ အထွေ ထွေ ညီလာခံမှာ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်ငံ တ ကာ က အပြစ်တင်ဝေဖန်မယ့် အလားအလာ မတွေ့ရဘူးလို့လည်း သူက ပြောပါတယ်။

ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးနေဆန်းလွင်ကတော့ ရိုဟင်ဂျာတွေ နောက်တကြိမ် အခုလို အဖြစ်ဆိုးမျိုး မကြုံတွေ့ရဖို့နဲ့ သူတို့နေရပ်မှာ လူလိုသူလို ပြန်လည်နေထိုင်ရဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာရော ကမ္ဘာတခုလုံးမှာပါ တာဝန်ရှိတယ်လို့ ပြောကြားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */