လွတ်လပ်တဲ့ အာရှအသံ
2019-07-25
Photo: Tomorrow News Journal
ရခိုင်တပ်တော် AA အဖွဲ့ကို ရန်ပုံငွေရှာဖွေထောက်ပံ့နေတယ်ဆိုပြီး စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးခံရပြီး မြန်မာ နိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့ ရခိုင်လူမှုရေးအသင်း (စင်္ကာပူ) အဖွဲ့ခေါင်းဆောင်တွေ အပါအဝင် ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အဖွဲ့ဝင်တွေကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ မနက်ဖြန်ရုံး ထုတ် စစ်ဆေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မအေးမြတ်မွန်ရဲ့ ဖခင် ဦးကျော်မောင် ကတော့ မရမ်းကုန်း မြို့နယ် တရားရုံးမှာ မနက်ဖြန်ရုံးထုတ်စစ်ဆေးမယ် ဆိုတဲ့သတင်းတွေကို အွန်လိုင်းပေါ် မှာတွေ့နေ တာကြောင့် တွေ့ဆုံခွင့်ရဖို့ မိသားစုဝင်တချို့ မနက်ဖြန် ရားရုံးမှာ သွားရောက်စောင့်ဆိုင်းမယ်လို့ RFA ကို ပြောပါတယ်။
ဒါပေမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက မနက်ဖြန် ရုံးထုတ်မယ်ဆိုတဲ့ကိစ္စကို တရားဝင် အကြောင်းကြားလာ တာ မရှိသေးကြောင်းလည်း ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို မနက်ဖြန်မှာ ရုံးထုတ်ဖို့ ရှိ၊ မရှိ မရမ်းကုန်းမြို့နယ် တရားရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုလို့မရကြောင်း ဖုန်းလက်ခံဖြေကြား သူ က ပြောပါတယ်။
မရမ်းကုန်းမြို့နယ် ရဲစခန်းကို ဒီနေ့နေ့လယ်က ဆက်သွယ်ရာမှာလည်း ရုံးထုတ်စစ်ဆေးမယ့်ကိစ္စနဲ့ပတ် သက်လို့ လုံခြုံရေးဆောင်ရွက်ပေးဖို့ တရားဝင် အကြောင်းကြားစာ ပေးပို့ထားတာမရှိသေးကြောင်း တာဝန် ကျ ရဲအရာရှိက RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးကို ဆက်သွယ်ရာမှာ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ ရခိုင်လူမှုရေးအသင်း(စင်္ကာပူ)က အဖွဲ့ခေါင်းဆောင်တွေဖြစ် တဲ့ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး(ခ) မောင်ပန်၊ ကိုဟိန်းဇော်တို့ ၃ ဦးကို အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က/ခ/ဂ) တွေနဲ့ တရားစွဲထားတာလို့လည်း သိရပါတယ်။
အလားတူ ရခိုင်လူမှုရေးအသင်း (စင်္ကာပူ)က မအေးမြတ်မွန်၊ ကိုတင်လိူင်ဦး၊ ကိုရဲကျော်ထက်နဲ့ ကိုမြတ် လင်း ဦး တို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (ခ/ဂ) တို့နဲ့ ရုံးထုတ်စစ်ဆေးမှာ ဖြစ် ကြောင်း အွန်လိုင်းမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment