မြန်မာ့အလင်း သတင်းစာ
၁၁ ရက် ဇွန်လ ၂၀၁၉
နေပြည်တော် ဇွန် ၁၀
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့သည် (၂၃) ကြိမ်မြောက် စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဇွန် ၄ ရက်တွင် ရန်ကုန်မြို့မှ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်။
၁၁ ရက် ဇွန်လ ၂၀၁၉
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့သည် (၂၃) ကြိမ်မြောက် စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဇွန် ၄ ရက်တွင် ရန်ကုန်မြို့မှ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေ ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးဆက် အောင်နှင့် မြန်မာသံရုံး၊ မော်စ ကိုမြို့မှ သံအမတ်ကြီး ဦးကိုကိုရှိန်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ တွင် ဇွန် ၆ ရက်မှ ၈ ရက်အထိ ကျင်းပ သည့် (၂၃)ကြိမ်မြောက် စိန့်ပီတာစဘတ် စီးပွား ရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၇ ရက် မွန်းလွဲ ၂ နာရီတွင် (၂၃) ကြိမ်မြောက် စိန့်ပီတာစဘတ် စီးပွားရေး ဖိုရမ်၏ “Plenary Session” သို့ ပါဝင် တက်ရောက်ကြသည်။
မိန့်ခွန်းပြောကြား
Plenary Session တွင် ရုရှား သမ္မတ Mr. Vladimir Putin ၊ တရုတ် သမ္မတ Mr. Xi Jinping ၊ ဘူဂေး ရီး ယားသမ္မတMr. Rumen Radev၊ အာမေးနီးယန်းဝန်ကြီးချုပ် Mr. Nikol Pushinyan ၊ ဆလိုဗက်ကီး ယား ဝန်ကြီးချုပ် Mr. Peter Pellegrini နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် Mr. Antonia Guterres တို့က မိန့်ခွန်းပြောကြားကြသည်။ မိန့်ခွန်း ပြောကြားပြီးနောက် အမေးအဖြေ ဆွေးနွေးပွဲကို နှစ် နာရီကြာမျှ ဆွေးနွေး ဖြေကြားမှုများ ပြုလုပ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ ညနေ ၄ နာရီတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Sergey Lavrov အား ရုရှားဖက်ဒရေး ရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံသည်။ ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား စီးပွားရေးတိုးမြှင့်ရေးနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ အာဆီယံ- ရုရှား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
တစ်ဖက်နိုင်ငံအနေဖြင့်ပူးပေါင်းဆောင်ရွက်မှုမရှိ
ထို့အပြင် ပြည်ထောင်စုဝန်ကြီး သည် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး အစိုးရသစ်တာဝန် ယူပြီး ချိန်မှ စ၍ ရခိုင်အရေးကိစ္စကို ဖြေရှင်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဖြစ်သူ မစ္စတာ ကိုဖီအာ နန် ဦးဆောင်သည့် ရခိုင် ပြည်နယ် အကြံပေးကော်မရှင်တို့ကို ဖွဲ့စည်းထူထောင်ခဲ့ပါကြောင်း၊ ARSA အ ကြမ်း ဖက်အဖွဲ့၏ တိုက်ခိုက်မှုများသည် အစိုးရ၏ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် စည်ပင်ဖွံ့ဖြိုးရေး ဆောင် ရွက်မှုများကို သွေဖည်စေရန် ရည်ရွယ်ဆောင်ရွက်နေ ခြင်း ဖြစ်ပါကြောင်း၊ လူဦးရေအဆမတန် များပြား လှသော ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိရာ တရားမ ဝင် ရွှေ့ပြောင်း သွားလာမှုသည် ရှေးယခင်ကတည်းက ရှိခဲ့ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ အကြား နေရပ် စွန့်ခွာ သူ များပြဿနာ သည် ယခုမှမဟုတ်ဘဲ ယခင်က လည်း နှစ်ကြိမ်ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ နှစ် ကြိမ် တွင် ပြဿနာကို နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုဖြင့် ကျေနပ်စွာဖြေရှင်း ခဲ့ကြကြောင်း၊ ယခုပြဿနာတွင်လည်း လက် ရှိနှစ်နိုင်ငံ သဘောတူညီချက် အတိုင်း မြန်မာနိုင်ငံဘက်မှ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော်လည်း တစ်ဖက်နိုင်ငံ အနေဖြင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်မှု မရှိပါကြောင်း၊ မြန်မာနိုင် ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် အိမ်နီးချင်း နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်သွား ရန် ဆန္ဒရှိပါကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စတွင် အာဆီယံနှင့်လည်း ပူးပေါင်းဆောင် ရွက်လျက် ရှိ ပါ ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ဆောင်ရွက်ထားရှိမှုများ၊ ပြင်ဆင်မှုများ နှင့်ပတ်သက်၍ အာဆီယံ AHA Centre မှ စနစ်တကျ အချက်အလက် ကောက် ခံပြီး၊ ကနဦး လေ့လာဆန်းစစ် ချက်စာတမ်းကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ ဆန်းစစ်ချက်သည် မြန်မာနိုင်ငံ၏ ဆောင် ရွက် ထားရှိမှုများအပေါ် သက်သေ ခံနိုင်ပါကြောင်း၊ ယခုအချိန်အထိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့ အ ကြား နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည် ရောက်ရှိလာသည့် နေရပ်စွန့်ခွာသူများ မရှိသေး ပါကြောင်း ဆွေးနွေးပြောကြား သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး H.E.Mr. Sergey Lavrov က ရခိုင်ကိစ္စဖြေရှင်းရန်အတွက် မြန်မာနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ သဘော တူညီချက်ချုပ် ဆိုမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် ကိစ္စတွင် အာဆီယံ၏ပူးပေါင်းဆောင် ရွက် နေမှုနှင့် UNDP ၊ UNHCRတို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခြင်းတို့ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရ၍ ဝမ်း မြောက် ပါကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင်ဖွဲ့စည်း တည်ထောင်မှုကို တန်ဖိုးထား ပါကြောင်း ဖြင့် ပြောကြားခဲ့သည်။
ရပ်တည်မဲပေးမှုများအတွက်ကျေးဇူးတင်ရှိ
နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရန်ကိစ္စကို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာ အောင်မြင်မှု ရ ရှိ မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတကာအနေဖြင့်လည်း နှစ်နိုင်ငံ အကြား စီစဉ်ထားရှိမှုများ အောင်မြင်ရန် အတွက် ပံ့ပိုးပေးသင့်သည်ဟုလည်း ခံယူကြောင်းဖြင့် ပြောကြားပြီး နိုင်ငံတကာမျက် နှာစာတွင် ရုရှား ဖက် ဒရေးရှင်းအနေဖြင့် အလေးထား သည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ရပ်တည် မဲပေးမှုများ အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြား ခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုရှိန်နှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြောင်း သတင်းရ ရှိသည်။
သတင်းစဉ်
No comments:
Post a Comment