Thursday, May 9, 2019

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း ပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပ

မြန်မာ့အလင်း သတင်းစာ
ရန်ကုန် မေ ၇


ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်း ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့နှင့် သ တင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်း နှင့် မွန်းလွဲပိုင်းတို့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ဆက် လက် ကျင်းပသည်။

တက်ရောက်

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်း၊ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ လွှတ်တော် ကိုယ် စား လှယ်များ၊ မောင်တောဒေသ စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်များ၊ ရခိုင် ပြည်နယ်ဆိုင် ရာ အကြံ ပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များနှင့် အကြံပေးဘုတ်အဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူးရုံး (AHA Centre) တို့မှ ကိုယ်စားလှယ် များ တက်ရောက် ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲများကို ကျင်းပရာ လူမှုသဟဇာတ မျှတရေး အတွက် အရေးပါမှုကဏ္ဍအစီအစဉ်၏ သဘာပတိအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဦးဆောင် ဆွေးနွေးသူအဖြစ် ကွဲပြားခြားနားမှုနှင့် အမျိုးသား ရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေး အဖွဲ့-(CDNH) ညွှန်ကြားရေးမှူး ဒေါက်တာကျော်ရင်လှိုင်၊ ပြန်လည် ဆွေးနွေးသူအဖြစ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးတို့က ဆောင်ရွက်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်း ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ အစီအစဉ်၏ သဘာပတိအဖြစ် ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဦးဆောင် ဆွေးနွေးသူများအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းတို့ ဆောင်ရွက်ပြီး ပြန်လည်ဆွေးနွေးသူ အဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒေါက်တာသာလှရွှေတို့က ဆောင်ရွက်ခဲ့ ကြသည်။

တက်တက်ကြွကြွ ပါဝင်ဆွေးနွေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေးပွဲ နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် နှစ်ရက်တာကာလ အတွင်း ကျင်းပပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ၏ ကဏ္ဍ (၅)ခုစလုံးတွင် တက် တက်ကြွကြွ ပါဝင်ဆွေးနွေးပေးခဲ့ ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင် ပြည်နယ်ဆိုင်ရာ ကော်မတီကော် မရှင် အသီး သီးမှ အဖွဲ့ဝင်များ၊ ပညာရှင်များ၊ အချိန်ပေး တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များ အား လုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း၊ ဆွေးနွေးမှုများကို အနှစ်ချုပ်ပါက အားလုံးသည် ဆောင်ရွက် ခဲ့သည့် လုပ်ငန်းများအပေါ် အောင် မြင်မှု များ၊ ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှု များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေး ခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ ပြန်လည် သုံးသပ်ခြင်း အစီအစဉ်ကြောင့် လွန်ခဲ့ သော တစ်နှစ်ခွဲ ကာ လ အတွင်း အကောင် အထည်ဖော်ဆောင် ရွက်ရမည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို ပြန်လည် သုံးသပ် ဆွေးနွေးနိုင်ခဲ့ကြပါ ကြောင်း၊ ယခုလို ဆွေးနွေးမှုကြောင့် ဆောင်ရွက်ဆဲ ၊ ဆောင်ရွက်ပြီး အခြေ အနေများတွင် အောင်မြင်မှုမရှိခဲ့သော လုပ်ငန်းများကို သင်ခန်းစာယူပြီး နောင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ တွင် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးနိုင် ခဲ့ ပါကြောင်း။

ဆွေးနွေးပွဲမျိုးမှာ ပထမဦးဆုံးဖြစ်

ယနေ့ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များကို နည်းလမ်း မျိုးစုံနှင့် အကောင်အထည် ဖော် ဆောင်ရွက်နေကြသည့် ကော်မတီဝင် များနှင့် အကြံပြုအဖွဲ့ဝင်များအားလုံး ပါဝင်သုံးသပ် ဆွေးနွေးခဲ့ကြပါကြောင်း၊ ပုံမှန်အားဖြင့် ကော်မတီ၊ ကော်မရှင် အလိုက်သာ အစည်းအဝေးများ ဆောင်ရွက်လေ့ရှိပြီး အတူတကွ ပေါင်းစုံ စုစည်းသုံးသပ်ဆွေးနွေးကြသည့် ယခုလို ဆွေးနွေးပွဲမျိုးမှာ ပထမဦးဆုံး ဖြစ်ပါ ကြောင်း၊ ဆွေးနွေးပွဲတွင်ပါဝင် တက်ရောက်သူများက ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပါဝင်ဆွေးနွေးကြသည့် အ တွက် ဆွေးနွေးပွဲမှ ရရှိလာသည့်အကြံ ပြု ဆွေးနွေးချက်များသည် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ် များကို များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ဆွေးနွေးအကြံပြုချက် များအားလုံးကို မှတ်တမ်း တင် ထား ရှိပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ် ငန်းစီမံချက်များနှင့် တိုးတက်ဖြစ်ပေါ် မှုများကို သက် ဆိုင် ရာ အဖွဲ့အစည်း များအား ပြန်လည်မျှဝေပေးသွားမည် ဖြစ်ပြီး ယခုပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ နှင့် ပတ် သက်၍ သတင်းမှန်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် မီဒီယာ များသို့ ဖြန့်ဝေနိုင်ရန် သတင်းစာ ရှင်း လင်းပွဲကို ဆွေးနွေးပွဲအပြီး ဆက်လက်ကျင်းပမည်ဖြစ်ပါကြောင်း။

ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်

 
ရခိုင်ပြည်နယ်အတွင်း အချိန်ကာလ အားဖြင့် နှစ်ပေါင်းများစွာ အမြစ်တွယ်နေ သည့် ပြဿနာများ၊ အကျပ် အ တည်းများ ကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက် ရေးသည် ခက်ခဲသော်လည်း မိမိတို့၏ အဓိက ဦး စားပေးတာဝန်ယူဆောင်ရွက် နေသော လုပ်ငန်းဖြစ်၍ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့စိုက်ထုတ်လုပ်ဆောင်ပါက အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ပြန်လည်ရှင်းလင်းဖြေကြား

ထို့နောက် ရခိုင်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ် လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏ သတင်းစာ ရှင်းလင်းပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင် ရွက်ရေး ကော်မတီ၏ အကြံပေးဘုတ်အဖွဲ့ဝင် Rt. Hon. Lord Darzi of Denham နှင့် Emergency Response And Assessment Team (ERAT)မှMr. ArnelCapili တို့က ဆောင်ရွက် ကြပြီး တက်ရောက် လာကြသော သတင်း မီဒီယာသမားများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */