Saturday, March 2, 2019

လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ကျော်အောင်လွင်၊
01 မတ်၊ 2019
 ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် Ms. Christine Burgener
 
လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ် ဆိုပေမယ့် လည်း နိုင်ငံရဲ့ငြိမ်း ချမ်းရေးကတော့ စိုးရိမ် နေရဆဲဖြစ်တယ်လို့ မကြာခင်ကပဲ မြန်မာပြည် ကနေပြန်လာခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် Ms. Christine Burgener က ပြောလိုက် ပါတယ်။ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ကို ပိုပြီးလုပ်ဆောင် ဖို့ လည်း သူကတိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ Ms.Burgener မနေ့ တုန်းက တင်ပြခဲ့တာနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ တုံ့ပြန်ချက်တွေအကြောင်း ကိုကျော်အောင် လွင်က ပြောပြပါလိမ့်မယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ၁၂ရက်ကြာခရီးစဉ်နဲ့ မြန်မာပြည်ကို သွားရောက် ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် Christine Schraner Burgener ရဲ့ ငါးကြိမ် မြောက် မြန်မာနိုင်ငံခရီးစဉ်က အတွေ့ အကြုံတွေကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ ဌာနချုပ် မှာ မနေ့က အစီရင်ခံခဲ့ပါတယ်။

စစ်အုပ်ချုပ်မှုအောက်မှာ အချိန် အတော်ကြာအောင် ရှိခဲ့တဲ့မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက် မှုတွေ ကို အကာအကွယ်ပေးနိုင်ရေးက ခက်ခဲနေတုန်းပဲဖြစ်ပြီး ငြိမ်းချမ်းရေးက အခုအထိ စိတ်မချရသေးဘူးလို့ မစ္စ Burgenerကပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ စစ်တပ်နဲ့ အရပ်ဖက်တင်းမာမှုတွေက နောက်နှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို အခြေပြုပြီး ရှိနေတာတွေ့ရပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာလည်း သတိထားကိုင်တွယ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ၁၀ စုနှစ်ချီပြီး ရှိခဲ့တဲ့ စစ်အုပ်ချုပ်ရေးရဲ့ အမွေ အနှစ် ဒဏ်ကြောင့် ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးအခြေအနေ ပြဿနာတွေရဲ့ ဒဏ်ကို မြန်မာနိုင် ငံက ခံနေရတာတွေ့ရပါတယ်။"

အခုလတ်တလောဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်တပ်နဲ့ မြန်မာစစ်တပ်တွေ အကြားက တိုက် ပွဲတွေကလည်း စိုးရိမ်ဖို့ကောင်းတယ်လို့ မစ္စဘူ ဂနာကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခ သည်တွေပြန် လာ ရေးနဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီတွေ ပေးရေးတွေ လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလုပ်ဆောင်ရေး ကိုလည်းတိုက်တွန်း တယ် လို့ မစ္စဘူဂါနာကဆိုပါတယ်။

"မြန်မာနိုင်ငံကို မကြာသေးမီက ကျမသွားရောက်ခဲ့ရာမှာ ခွဲခြားဆက်ဆံမှုအပေါ် လုံး၀ သည်းမခံတဲ့ ပေါ်လစီ ကျင့်သုံးလှုပ်ရှားမှုကို အထက်ကအစ အောက်အထိ ထောက်ခံအားပေး ကျင့်သုံးဖို့ ကျမ တိုက်တွန်း ခဲ့ပါ တယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ကော်မရှင်ရဲ့ အကြံပေးချက်တွေအားလုံးကိုလည်း ထိရောက်စွာ အကောင် အထည်ဖော်ရာမှာ မြန် မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်းဆောင်ရွက် ဖို့လည်း ကျမတိုက် တွန်းပါ တယ်။"

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် Karen Pierce ကတော့ မြန်မာနိုင်ငံမှာ အခုလို ဖြစ်နေတဲ့ ရေရှည် ပြဿနာတွေက မြန်မာစစ်တပ်ကြောင့်ပဲလို့ အပြစ်တင်ပါတယ်။

"ကျမတို့အနေနဲ့ ရှင်းရှင်းလင်းလင်းတင်ပြရမယ့် အချက် ၂ ချက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကာလကြာ ရှည် ဖြစ်ပွားနေတဲ့ ပြဿနာတွေရဲ့ အရင်းခံဟာ စစ်တပ်ကြောင့်ဆိုတဲ့ အချက်ပါပဲ။ လုံခြုံရေးကောင်စီရဲ့ ထုတ် ပြန် ချက်တွေမှာ ကျမတို့အားလုံးအနေနဲ့ သွေးစည်းညီညွှတ်စွာပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို လိုလားသူတွေနဲ့ အတူရပ်တည်တယ်ဆိုတဲ့ အချက်ပါပဲ။"

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် Wu Haitao ကတော့ ရခိုင်ပြည်နယ် အရေးဖြေရှင်းဖို့ အဆင့်သုံးဆင့် ပါတဲ့ ချဉ်းကပ်မှုနဲ့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

"တရုတ်နိုင်ငံအနေနဲ့ အဆင့် ၃ ဆင့်ပါဝင်တဲ့မူကို ကျင့်သုံးဖို့ ချမှတ်ထားပါတယ်။ အကြမ်းဖက်မှု ရပ်တန့်ဖို့ ဌာနေကို ဒုက္ခသည်တွေပြန်လာရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တရုတ်မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား အလွတ်သဘော သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ၂ ကြိမ်ကျင်းပခဲ့ရာမှာ အရေးကြီး သဘောတူညီမှု ၃ ချက်ကို ရရှိခဲ့ပါတယ်။"

ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကတော့ သူတို့အစိုးရက ရိုဟင်ဂျာ အရေးဆောင်ရွက်နေတဲ့ အဓိက အချက်သုံးခုကို တင်ပြပါတယ်။

"ရိုဟင်ဂျာပြဿနာဟာ လူသားချင်းစာနာမှုအကျပ်အတည်းအဖြစ် အင်ဒိုနီးရှားက ခံယူပြီး ကူညီဆောင်ရွက်မှုတွေလုပ် နေပါတယ်။ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးနဲ့ ချဉ်းကပ်ပြီး မြန်မာအစိုးရကိုရော ၊ ဘင်္ဂ လားဒေ့ရှ် အစိုးရကိုရောလုပ် ဆောင်နေပါတယ်။ အာဆီယံနိုင်ငံတွေအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူ အညီပေးရေး လုပ်ငန်း တွေကို ထောက်ခံဆောင်ရွက်နေတယ်။

ရခိုင်ပြည်နယ်တိုးတက်ဖွံ့ဖြိုးပြီး စီးပွားရေးကောင်းမွန်လာအောင် ရင်းနှီးမြုပ်နှံမှု တွေ ရခိုင်ပြည်နယ်အတွင်း လုပ် ကိုင်ကြရင် ဖြစ်ပွားနေတဲ့အကျပ်အတည်းတွေကို ပြေလည်အောင် ကူညီရာရောက်မယ်လို့ လည်း အင်ဒိုနီးရှားက ခံယူထားကြောင်း ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုစွမ်းကလည်း မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ပူးပေါင်း ဆောင် ရွက်မှုတွေကိုလုပ်ဆောင်နေကြောင်းပြောပါတယ်။

"ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရာမှာ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နေတယ်ဆိုတာ ကိုပြသတဲ့ အနေနဲ့ ကျနော်တို့က အထူးကိုယ်စားလှယ်ကို လက်ခံပါတယ်။

သူ့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို လုပ်ကိုင်နိုင်ဖို့ လိုအပ်တယ် ဒါတွေကိုလည်း ကျနော်တို့အကူအညီတွေ လည်းပေးနေ ပါတယ်။ သူ့ရဲ့ မနားမနေ တာဝန်ထမ်းဆောင်မှုကို ဘက်မလိုက်ပဲ မျှမျှတတဆောင် ရွက်ဖို့ လည်းလိုအပ်ပါတယ်။ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို အချိန်ကိုးလကြာ ကာလအတွင်း ငါး ကြိမ်မောက် သွားရောက်ခဲ့ပါတယ်။ နေပြည်တော်မှာ သူ့ရဲ့ ရုံးလည်း ဖွင့်လှစ်ထားပါတယ်။

ရခိုင်ပြည်နယ်ပြဿ နာဖြေရှင်းရာမှာ သူနဲ့အတူ မြန်မာအစိုးရက အပြည့်အဝပူးပေါင်းဆောင် ရွက်သွား မှာဖြစ်ပါတယ်။"

ဒီအခမ်အနားမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ပြောဆိုပါတယ်။ အခုအချိန်ထိ ကုလသ မဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို ဆွေးနွေးနေကြတုန်းပဲဖြစ်လို့ အပြည့် အစုံကို နောက်ပိုင်းမှာ ဆက်ပြီးတင်ပြသွားပါ့မယ်။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */