Tuesday, February 17, 2026

ICJ ကိစ္စနှင့် ပတ်သက်ပြီး အခြေခံအကြောင်းအရင်းများ၊ ရခိုင်မြောက်ပိုင်း၏ သမိုင်းရာဇဝင်နှင့် အချက်အလက်အမှန်များကို နိုင်ငံတကာ သိရှိနားလည်ရန်သာမက ပြည်တွင်းရှိ ပြည်သူများလည်း သိရှိထားရန် အရေးကြီး

 Popular News Journal

16 February 2026  


 ICJ ကိစ္စနှင့် ပတ်သက်ပြီး အခြေခံအကြောင်းအရင်းများ၊ ရခိုင်မြောက်ပိုင်း၏ သမိုင်းရာဇဝင်နှင့် အချက်အလက်အမှန်များကို နိုင်ငံတကာ သိရှိနားလည်ရန်သာမက ပြည်တွင်းရှိ ပြည်သူများလည်း သိရှိထားရန် အရေးကြီး


ICJ ကိစ္စများနှင့်ပတ်သက်ပြီး ပထဝီအကန့်သတ်များကြောင့် ဖြစ်ပေါ်လာသည့် လုံခြုံရေးနှင့်တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များသည် နိုင်ငံတကာ စင်မြင့်တွင် မြန်မာရပ်တည်ချက်ကို ခုခံရာ၌ မရှိမဖြစ်လိုအပ်သည့်အချက်လက်များ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၂ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောသည်။

အချက်အလက်အမှန်များကို နိုင်ငံတကာက သိရှိနားလည်စေရန် ကြိုးပမ်းရုံသာမက ပြည်တွင်းရှိပြည်သူများ အနေဖြင့် မိမိတို့နိုင်ငံ၏ ဖြစ်တည်မှုသမိုင်းများနှင့် ပထဝီဝင် အနေထားများကို မှန်မှန်ကန်ကန် သိရှိနားလည်ထားရန် အမျိုးသားအကျိုးစီးပွားအတွက်အရေးကြီးကြောင်း ဦးကိုကိုလှိုင်က ပြောသည်။

ယမန်နေ့က ကျင်းပသည့် ​နေပြည်တော်စာပေဝိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၏ သမိုင်းရာဇဝင်နှင့် ပထဝီတည်ရှိမှု အခြေအနေ သမိုင်းကြောင်းဆိုင်ရာ အလှည့်အပြောင်းနှင့် အငြင်းပွားမှုများသည် လက်ရှိကာလ ဖြစ်ရပ်များအပေါ်တွင်းသာ မမှီခိုဘဲ ဒေသတွင်း၏ နှစ်ပေါင်းများစွာကတည်းက ဖြစ်တည်ခဲ့သည့် သမိုင်းကြောင်းဆိုင်ရာ အလှည့်ပြောင်းများနှင့် တို-က်ရို-က်ဆက်စပ်နေကြောင်း လည်း ဦးကိုကိုလှိုင်က ပြောသည်။

စာပေဝိုင်းများတဆင့် ဗဟုသုတဖြန့်ဝေခြင်းနှင့် ယခုကဲ့သို့ စာပေဝိုင်းတွင် ဆွေးနွေးခြင်းတို့သည် စာပေဝါသနာရှင်များနှင့် ပညာရှင်များအကြားနိုင်ငံတကာရေးရာနှင့် သမိုင်းကြောင်းဆိုင်ရာ ဗဟုသုတများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

See less
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */